Zawgyi

ပရိတ္သတ္ႀကီးေရ…အႏုပညာေလာကမွာ ဇာတ္လမ္းတြဲမ်ားစြာ႐ိုက္ကူးၿပီး ႏႈတ္ခမ္းနီမေလးေတြရဲ႕အခ်စ္ေတြကို

အျပည့္အဝသိမ္းပိုက္ထားႏိုင္တဲ့သူကေတာ့ မင္းသားေခ်ာသာထက္ဉာဏ္ေဇာ္ပဲျဖစ္ပါတယ္ေနာ္..။

သ႐ုပ္ေဆာင္ပီျပင္ပိုင္ႏိုင္လြန္းတဲ့ သာထက္ဉာဏ္ေဇာ္ဟာဆိုရင္ မမွီဝဲနဲ႔ကင္းေအာင္ေနဆိုတဲ့ဇာတ္လမ္းတြဲမွာ ဒိုက္ဆိုတဲ့ကာ႐ိုက္တာနဲ႔

ပါဝင္ခဲ့တာျဖစ္ၿပီး ကာ႐ိုက္တာဝင္ေအာင္ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္တဲ့အတြက္ ဇာတ္လမ္းတြဲျပသေနခ်ိန္မွစတင္ၿပီး ပရိတ္သတ္အားေပးမႈကို

ခိုင္ခိုင္မာမာရရွိခဲ့တာျဖစ္ၿပီး ဇာတ္လမ္းတြဲပီးသြားခ်ိန္မွာလည္း သူကို ဒိုက္ဆိုၿပီး ပရိတ္သတ္ေတြရဲ႕ပါးစပ္ဖ်ားမွာ ဆြဲထင္ခဲ့တာပဲျဖစ္ပါတယ္…။

သာထက္ဉာဏ္ေဇာ္ဟာဆိုရင္ လက္ရွိျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီးေတာ့လည္း ျပည္သူလူထုနဲ႔အတူ

တစ္သားတည္းအမွန္တရားဘက္ကရပ္တည္ခဲ့တာပဲျဖစ္ပါတယ္။ ေႏြဦးေတာ္လွန္ေရးရဲ႕လူထုလႈပ္ရွားမႈမွာတက္တက္ႂကြႂကြပါဝင္ခဲ့

သာထက္ဉာဏ္ေဇာ္ကစားဝတ္ေနေရးအခက္အခဲျဖစ္ေနတဲ့ျပည္သူေတြကိုလည္းသူတတ္ႏိုင္သေလာက္လႉဒါန္းေထာက္ပံ့ေပးေနတာကို

လည္းေတြ႕ရပါေသးတယ္ေနာ္..။ မေန႔ကေတာ့ တကၠသိုလ္ စတုတၳႏွစ္နဲ႔ မဟာတန္းမ်ား ျပန္လည္ဖြင့္လွစ္ေနၾကၿပီ ျဖစ္ပါတယ္။

ျပည္သူမ်ားကလည္း က်ဆုံးသြားခဲ့တဲ့ သူရဲေကာင္းေတြကို ငဲ့ညႇာေသာအားျဖင့္ ေက်ာင္းမတက္ၾကဖို႔ Campaign ေတြ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။

မေန႔ညကလည္း သာထက္ဉာဏ္ေဇာ္ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ အျခားအရာမ်ားအားလုံး ပုံမွန္လည္ပတ္ေအာင္

လုပ္ယူေနၾကတာေၾကာင့္ အကြက္ထဲေရာက္မသြားဖို႔ အေရးႀကီးေၾကာင္းေျပာျပလာတာ ျဖစ္ပါတယ္။

သူကလည္း ” ေက်ာင္းေတြျပန္ဖြင့္ၾကမယ့္ ကိစၥေတြ ၊ တျခားေသာ အရာေတြ အားလုံးပုံမွန္ျပန္လည္ပတ္လာေအာင္

အတင္းႀကီး လုပ္ယူေနၾကတဲ့ အာဏာ႐ူး တစ္စုရဲ႕ အကြက္ထဲကို ေရာက္မသြားဖို႔အေရးႀကီးပါတယ္။

ကြၽန္ေတာ္တို႔ေတြ အမ်ားႀကီးေလွ်ာက္လွမ္းခဲ့ၾကၿပီးၿပီကြၽန္ေတာ္တို႔ရဲ႕ အေရွ႕မွာ အသက္ေပးလိုက္ရေသာ သူရဲေကာင္းေတြ ၊ CDMကို

အေသအလဲ ေတာင့္ခံ‌ေနရေသာ အနယ္နယ္အရပ္ရပ္က သူေတာ္ေကာင္းေတြ ၊ ေထာင္ထဲမွာအရာအားလုံးရင္းၿပီး ေပးဆပ္ေနေသာ

ႏိုင္ငံရဲ႕ အဖိုးတန္ေသာ သူေတြအားလုံးကို အားနာေပးၾကပါ။ ေက်ာင္းေတြကို အတင္းႀကီး လုပ္ယူၿပီး တက္ခိုင္းမယ့္ကိစၥဟာ မိဘနဲ႔

ကေလးေတြကိုအနည္းနဲ႔အမ်ား မိသားစုတိုင္း ျပႆနာျဖစ္ၾကမယ့္ ကိစၥပါ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေက်ာ္ကိုေက်ာ္လႊားႏိုင္ရမယ္။

ေဘးၾကပ္နံၾကပ္နဲ႔ ဒီလိုေတြခက္ခဲရင္ဆိုင္ ေပးဆပ္ေနရတာကိုက ” ႏိုင္ငံေရးပါ ” ။အတန္းေတြတစ္တန္းၿပီး တစ္တန္းတက္ ဂုဏ္ထူးေတြ

ဘြဲ႕ေတြရတာ ပညာမဟုတ္ဘူး ပညာဆိုတာ အမွား အမွန္ ကို ခြဲျခားသိျမင္ၿပီးအေကာင္း အဆိုးကို ဆင္ျခင္သုံးသပ္ႏိုင္တာ ”

ပညာေနာ္ ” #FOR_DEMOCRACY #THNZLOVERS🧭” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ဟာ

ပုံမွန္အတိုင္းျဖစ္ေသးတာမဟုတ္တာေၾကာင့္ ေသြးမေအးသြားၾကဖို႔ တိုက္တြန္းလိုက္ပါရေစေနာ္။

Unicode

ပရိတ်သတ်ကြီးရေ…အနုပညာလောကမှာ ဇာတ်လမ်းတွဲများစွာရိုက်ကူးပြီး နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တွေကို

အပြည့်အဝသိမ်းပိုက်ထားနိုင်တဲ့သူကတော့ မင်းသားချောသာထက်ဉာဏ်ဇော်ပဲဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ပီပြင်ပိုင်နိုင်လွန်းတဲ့ သာထက်ဉာဏ်ဇော်ဟာဆိုရင် မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့ဇာတ်လမ်းတွဲမှာ ဒိုက်ဆိုတဲ့ကာရိုက်တာနဲ့

ပါဝင်ခဲ့တာဖြစ်ပြီး ကာရိုက်တာဝင်အောင်ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့အတွက် ဇာတ်လမ်းတွဲပြသနေချိန်မှစတင်ပြီး ပရိတ်သတ်အားပေးမှုကို

ခိုင်ခိုင်မာမာရရှိခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွဲပီးသွားချိန်မှာလည်း သူကို ဒိုက်ဆိုပြီး ပရိတ်သတ်တွေရဲ့ပါးစပ်ဖျားမှာ ဆွဲထင်ခဲ့တာပဲဖြစ်ပါတယ်…။

သာထက်ဉာဏ်ဇော်ဟာဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူလူထုနဲ့အတူ

တစ်သားတည်းအမှန်တရားဘက်ကရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့လူထုလှုပ်ရှားမှုမှာတက်တက်ကြွကြွပါဝင်ခဲ့

သာထက်ဉာဏ်ဇော်ကစားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ပြည်သူတွေကိုလည်းသူတတ်နိုင်သလောက်လှူဒါန်းထောက်ပံ့ပေးနေတာကို

လည်းတွေ့ရပါသေးတယ်နော်..။ မနေ့ကတော့ တက္ကသိုလ် စတုတ္ထနှစ်နဲ့ မဟာတန်းများ ပြန်လည်ဖွင့်လှစ်နေကြပြီ ဖြစ်ပါတယ်။

ပြည်သူများကလည်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို ငဲ့ညှာသောအားဖြင့် ကျောင်းမတက်ကြဖို့ Campaign တွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

မနေ့ညကလည်း သာထက်ဉာဏ်ဇော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခြားအရာများအားလုံး ပုံမှန်လည်ပတ်အောင်

လုပ်ယူနေကြတာကြောင့် အကွက်ထဲရောက်မသွားဖို့ အရေးကြီးကြောင်းပြောပြလာတာ ဖြစ်ပါတယ်။

သူကလည်း ” ကျောင်းတွေပြန်ဖွင့်ကြမယ့် ကိစ္စတွေ ၊ တခြားသော အရာတွေ အားလုံးပုံမှန်ပြန်လည်ပတ်လာအောင်

အတင်းကြီး လုပ်ယူနေကြတဲ့ အာဏာရူး တစ်စုရဲ့ အကွက်ထဲကို ရောက်မသွားဖို့အရေးကြီးပါတယ်။

ကျွန်တော်တို့တွေ အများကြီးလျှောက်လှမ်းခဲ့ကြပြီးပြီကျွန်တော်တို့ရဲ့ အရှေ့မှာ အသက်ပေးလိုက်ရသော သူရဲကောင်းတွေ ၊ CDMကို

အသေအလဲ တောင့်ခံ‌နေရသော အနယ်နယ်အရပ်ရပ်က သူတော်ကောင်းတွေ ၊ ထောင်ထဲမှာအရာအားလုံးရင်းပြီး ပေးဆပ်နေသော

နိုင်ငံရဲ့ အဖိုးတန်သော သူတွေအားလုံးကို အားနာပေးကြပါ။ ကျောင်းတွေကို အတင်းကြီး လုပ်ယူပြီး တက်ခိုင်းမယ့်ကိစ္စဟာ မိဘနဲ့

ကလေးတွေကိုအနည်းနဲ့အများ မိသားစုတိုင်း ပြဿနာဖြစ်ကြမယ့် ကိစ္စပါ ဒါပေမယ့် ကျွန်တော်တို့ ကျော်ကိုကျော်လွှားနိုင်ရမယ်။

ဘေးကြပ်နံကြပ်နဲ့ ဒီလိုတွေခက်ခဲရင်ဆိုင် ပေးဆပ်နေရတာကိုက ” နိုင်ငံရေးပါ ” ။အတန်းတွေတစ်တန်းပြီး တစ်တန်းတက် ဂုဏ်ထူးတွေ

ဘွဲ့တွေရတာ ပညာမဟုတ်ဘူး ပညာဆိုတာ အမှား အမှန် ကို ခွဲခြားသိမြင်ပြီးအကောင်း အဆိုးကို ဆင်ခြင်သုံးသပ်နိုင်တာ ”

ပညာနော် ” #FOR_DEMOCRACY #THNZLOVERS🧭” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ

ပုံမှန်အတိုင်းဖြစ်သေးတာမဟုတ်တာကြောင့် သွေးမအေးသွားကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။