Sun. Nov 28th, 2021

Zawgyi

ပရိသတ္ႀကီးတို႔ကို ဒီတခါေျပာျပေပးခ်င္တာကေတာ့ ထူးျခားတဲ့ မိဘမဲ့ေဂဟာေလး တစ္ခုအေၾကာင္းပါ။အဆုံးထိဖတ္ၾကည့္ေပးေနာ္

သေဘာက်လြန္းတဲ့ မိဘမဲ့ ေဂဟာေလးတစ္ခုမို႔ပါ။အဲ့ဒီမိဘမဲ့ေဂဟာမွာဦးစီးတဲ့ ဘုန္းဘုန္းကငယ္႐ြယ္ၿပီး ေခတ္အျမင္လည္းရွိတယ္။

ကေလးေတြကိုၾကည့္လိုက္ျပန္ရင္လည္း ေပ်ာ္႐ႊင္တက္ႂကြေနၾကတာပဲ။ကေလးေတြကိုေကြၽးတာက ဘူေဖးအဝစား အမုန္းဆြဲစနစ္

ရံဖန္ရံခါငါးကင္စားတယ္ ဘာဘီက်ဴးလုပ္စားၾကတယ္တဲ့ အထိမ္းအမွတ္ေန႔ေတြဆို ေပ်ာ္ပြဲစားလုပ္ၾကတယ္ အစားအေသာက္ေတြကေတာ့ အလွ်ံအပယ္ပဲ။

အဲ့ဒီေဂဟာေလးမွာပဲ စာေတြသင္ေပးတဲ့အျပင္ ကေလးေတြအတြက္ ဂီတသင္တန္းရွိတယ္ အဆို၊အတီး၊အကဆရာေတြကိုပါေခၚၿပီး

ေသေသခ်ာခ်ာသင္တာ ကေလးေတြကတကယ္တီးတတ္ ဆိုတတ္တယ္။တူရိယာပစၥည္းေတြလည္း စုံေနတာပဲ။

အခုေဆာက္လုပ္ေနတဲ့ သုံးထပ္ေဆာင္ႀကီးၿပီးရင္ အေပၚထပ္မွာကေလးဇာတ္သဘင္ေလး ေထာင္ထားမလို႔တဲ့။ကေလးေတြရဲ႕

စိတ္ဒဏ္ရာေနရာမွာ အႏုပညာနဲ႔အစားထိုးမယ္တဲ့ေလ။ကေလးေတြပဲ ဆိုတီးကခိုင္းလို႔ကေတာ့ ကိုင္းေဟးလားေမာင္႐ို႕ဝါးပဲ။

ခုလည္းဆိုင္ကယ္အစုတ္ေတြ ဝယ္စုေနျပန္တယ္တဲ့ ဘာလုပ္မလို႔လဲဘုန္းဘုန္းဆိုေတာ့ ကေလးေတြကို ဝပ္ေရွာ့သင္ေပးမလို႔တဲ့

ဆိုင္ကယ္ၿပီးရင္ ကားျပင္သင္ေပးမယ္တဲ့။ကြန္ပ်ဴတာခန္းမွာလည္း တကယ္လက္ေတြ႕ အသုံးခ်သင္တန္းေတြ

ကေလးေတြဉာဏ္မီသေလာက္ သင္ေပးတာကိုေတြ႕ရတယ္။ေရွ႕သုံးေလးလေလာက္ဆိုရင္ေတာ့ ကေလးေတြကိုယ္တိုင္လုပ္တဲ့ ဖိတ္စာ၊

ဗီႏိုင္း၊ကြန္ပ်ဴတာ စာစီစာ႐ိုက္ဆိုင္ေလးဖြင့္ေတာ့မယ္တဲ့။ေဂဟာတစ္ၿခံလုံးမွာ ပန္းေတြစိုက္ပ်ိဳးထားတာ စိတ္ကိုေအးခ်မ္းေနေရာပဲ။

သစ္ခြေတြဆိုတာလည္း အမ်ားႀကီးရယ္။အခုမႈိစိုက္မလို႔တဲ့ ၿခံလည္းထပ္ဝယ္ၿပီးခ်ဲ႕ထားတယ္။အသီး၊အ႐ြက္ေတြ

စိုက္မလို႔တဲ့ ကေလးေတြကို အပင္ခ်စ္တတ္ေအာင္ရယ္၊စားဖို႔စရိတ္ကာမိေအာင္ရယ္တဲ့။အာဇာနည္ကိုးဦးရဲ႕

အေၾကာင္းကိုလည္း ကေလးေတြရင္ထဲ ထည့္ေပးထားတာကို ေတြ႕ရတယ္။

အမႈိက္ေတြကို စည္းနဲ႔ကမ္းနဲ႔သူ႔အကန႔္နဲ႔သူ စြန႔္ပစ္တာကိုလည္းေတြ႕ခဲ့ရတယ္။ေန႔လည္ခင္းေကာ္ဖီေသာက္တဲ့ ေနရာေလးကလည္း

စိတ္ခ်မ္းသာစရာေလး။အိမ္သာဆိုရင္လည္း အီးအီးပါၿပီးရင္ ျပန္ေတာင္မထြက္ခ်င္ဘူး အိမ္သာေလးကသာယာလို႔ေလ။

ကေလးေတြအဝတ္ေလွ်ာ္ဖို႔ အဝတ္ေလွ်ာ္စက္လည္းရွိတယ္။ေဆာင္းတြင္းအတြက္ ေမြ႕ယာ၊ေစာင္ အလုံအေလာက္ရွိတယ္။

ကစားစရာအလုံအေလာက္ရွိတယ္။ညေနဘက္ဆိုကေလးေတြ စက္ဘီးေတြထြက္နင္းၾကတယ္။ပရိသတ္ႀကီးတို႔ ဒီေဂဟာကိုသြားရင္

စိတ္အားငယ္ေနတဲ့ ကေလးေတြကို ေတြ႕ရမွာေတာ့မဟုတ္ဘူး။ေမ်ာက္ရႈံးေအာင္ေဆာ့ေနတဲ့ ေပ်ာ္ေနၾကတဲ့ကေလးေတြကိုပဲ

ေတြ႕ျမင္ၾကရမွာ။ဒါေၾကာင့္ႀကိဳက္တယ္၊ေႂကြတယ္ ကြၽန္ေတာ္လႉတယ္ ဒါမ်ိဳးေဂဟာကို ဘာေလာက္ပဲလႉလႉ ေျပာင္ေျပာင္ေရာင္ေရာင္ျဖစ္မလာတဲ့

မိဘမဲ့ေဂဟာေတြကို လႉမယ့္အစားကြၽန္ေတာ္ကေတာ့ ဒီလိုေဂဟာေတြကိုပဲ ေ႐ြးလႉပါတယ္။ပရိသတ္ႀကီးတို႔လည္းလႉခ်င္ရင္

ဘုန္းဘုန္းအေကာင့္ကို ဆက္သြယ္ၿပီးလႉႏိုင္ပါတယ္။ဘုန္းဘုန္းရဲ႕KBZ ဘဏ္အေကာင့္လည္း တင္ေပးထားပါတယ္။

ကိုယ္တိုင္သြားလႉခ်င္ရင္ေတာ့ ပဲခူးၿမိဳ႕၊ဆည္ေျမာင္းလမ္းဆုံနားက တိုင္းရင္းေဆး႐ုံသြားတဲ့လမ္းမွာ ဘုန္းဘုန္းရဲ႕မိဘမဲ့ေဂဟာေလး

ရွိပါတယ္။အရွင္ကုသလ၊ရပ္ကြက္ႀကီး(၇/၂)ပဲခူး၊အလင္းစစ္ပညာဒါနခြဲ(၁) နတ္သွ်င္ေနာင္(၃)လမ္း၊ဥႆၿမိဳ႕သစ္

ကိုယ္တိုင္သြားၾကည့္ႏိုင္ရင္ ပိုၿပိီးစိတ္ခ်မ္းသာမွာျဖစ္ပါ​တယ္ေနာ္။ျမန္မာႏိုင္ငံမွာက ငတ္ျပတ္စုတ္ျပတ္ ဒုကၡေရာက္ေနပါတယ္ဆိုတဲ့

မိဘမဲ့ေဂဟာပိုစ့္ေတြကို ဝိုင္းရွယ္ၾကၿပီး ဒီလိုစည္းနဲ႔ကမ္းနဲ႔ ကေလးေတြကို ျပည့္ျပည့္စုံစုံ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ထားတဲ့

ေဂဟာအေၾကာင္းကိုက်ေတာ့ လူစိတ္ဝင္စားမႈ နည္းပါတယ္။ဒီအၾကာင္းကို သိတဲ့အခါ တခ်ိဳ႕ေသာေဂဟာေတြဟာ

ကေလးေတြကိုေကာင္းေအာင္မထားေတာ့ဘဲ စုတ္တီးစုတ္ဖတ္နဲ႔ပဲ ထားၾကေတာ့တယ္။တကယ္မရွိဆင္းရဲေနတဲ့ ေဂဟာေတြလည္း ရွိၾကမွာပါ

အဲ့ဒီလိုဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။ဒီလိုယဥ္ေက်းမႈကို ကြၽန္ေတာ္တို႔ဝိုင္းဝန္းတြန္းလွန္ၾကပါစို႔လို႔ ေျပာခ်င္ပါတယ္။

ပရိသတ္ႀကီးတို႔လည္း အလႉအတန္းေလးမ်ားျပဳခ်င္ရင္ သြားလႉလို႔ရေအာင္ ေဖာ္ျပေပးလိုက္ရပါတယ္။credit

Unicode

ပရိသတ်ကြီးတို့ကို ဒီတခါပြောပြပေးချင်တာကတော့ ထူးခြားတဲ့ မိဘမဲ့ဂေဟာလေး တစ်ခုအကြောင်းပါ။အဆုံးထိဖတ်ကြည့်ပေးနော်

သဘောကျလွန်းတဲ့ မိဘမဲ့ ဂေဟာလေးတစ်ခုမို့ပါ။အဲ့ဒီမိဘမဲ့ဂေဟာမှာဦးစီးတဲ့ ဘုန်းဘုန်းကငယ်ရွယ်ပြီး ခေတ်အမြင်လည်းရှိတယ်။

ကလေးတွေကိုကြည့်လိုက်ပြန်ရင်လည်း ပျော်ရွှင်တက်ကြွနေကြတာပဲ။ကလေးတွေကိုကျွေးတာက ဘူဖေးအဝစား အမုန်းဆွဲစနစ်

ရံဖန်ရံခါငါးကင်စားတယ် ဘာဘီကျူးလုပ်စားကြတယ်တဲ့ အထိမ်းအမှတ်နေ့တွေဆို ပျော်ပွဲစားလုပ်ကြတယ် အစားအသောက်တွေကတော့ အလျှံအပယ်ပဲ။

အဲ့ဒီဂေဟာလေးမှာပဲ စာတွေသင်ပေးတဲ့အပြင် ကလေးတွေအတွက် ဂီတသင်တန်းရှိတယ် အဆို၊အတီး၊အကဆရာတွေကိုပါခေါ်ပြီး

သေသေချာချာသင်တာ ကလေးတွေကတကယ်တီးတတ် ဆိုတတ်တယ်။တူရိယာပစ္စည်းတွေလည်း စုံနေတာပဲ။

အခုဆောက်လုပ်နေတဲ့ သုံးထပ်ဆောင်ကြီးပြီးရင် အပေါ်ထပ်မှာကလေးဇာတ်သဘင်လေး ထောင်ထားမလို့တဲ့။ကလေးတွေရဲ့

စိတ်ဒဏ်ရာနေရာမှာ အနုပညာနဲ့အစားထိုးမယ်တဲ့လေ။ကလေးတွေပဲ ဆိုတီးကခိုင်းလို့ကတော့ ကိုင်းဟေးလားမောင်ရို့ဝါးပဲ။

ခုလည်းဆိုင်ကယ်အစုတ်တွေ ဝယ်စုနေပြန်တယ်တဲ့ ဘာလုပ်မလို့လဲဘုန်းဘုန်းဆိုတော့ ကလေးတွေကို ဝပ်ရှော့သင်ပေးမလို့တဲ့

ဆိုင်ကယ်ပြီးရင် ကားပြင်သင်ပေးမယ်တဲ့။ကွန်ပျူတာခန်းမှာလည်း တကယ်လက်တွေ့ အသုံးချသင်တန်းတွေ

ကလေးတွေဉာဏ်မီသလောက် သင်ပေးတာကိုတွေ့ရတယ်။ရှေ့သုံးလေးလလောက်ဆိုရင်တော့ ကလေးတွေကိုယ်တိုင်လုပ်တဲ့ ဖိတ်စာ၊

ဗီနိုင်း၊ကွန်ပျူတာ စာစီစာရိုက်ဆိုင်လေးဖွင့်တော့မယ်တဲ့။ဂေဟာတစ်ခြံလုံးမှာ ပန်းတွေစိုက်ပျိုးထားတာ စိတ်ကိုအေးချမ်းနေရောပဲ။

သစ်ခွတွေဆိုတာလည်း အများကြီးရယ်။အခုမှိုစိုက်မလို့တဲ့ ခြံလည်းထပ်ဝယ်ပြီးချဲ့ထားတယ်။အသီး၊အရွက်တွေ

စိုက်မလို့တဲ့ ကလေးတွေကို အပင်ချစ်တတ်အောင်ရယ်၊စားဖို့စရိတ်ကာမိအောင်ရယ်တဲ့။အာဇာနည်ကိုးဦးရဲ့

အကြောင်းကိုလည်း ကလေးတွေရင်ထဲ ထည့်ပေးထားတာကို တွေ့ရတယ်။

အမှိုက်တွေကို စည်းနဲ့ကမ်းနဲ့သူ့အကန့်နဲ့သူ စွန့်ပစ်တာကိုလည်းတွေ့ခဲ့ရတယ်။နေ့လည်ခင်းကော်ဖီသောက်တဲ့ နေရာလေးကလည်း

စိတ်ချမ်းသာစရာလေး။အိမ်သာဆိုရင်လည်း အီးအီးပါပြီးရင် ပြန်တောင်မထွက်ချင်ဘူး အိမ်သာလေးကသာယာလို့လေ။

ကလေးတွေအဝတ်လျှော်ဖို့ အဝတ်လျှော်စက်လည်းရှိတယ်။ဆောင်းတွင်းအတွက် မွေ့ယာ၊စောင် အလုံအလောက်ရှိတယ်။

ကစားစရာအလုံအလောက်ရှိတယ်။ညနေဘက်ဆိုကလေးတွေ စက်ဘီးတွေထွက်နင်းကြတယ်။ပရိသတ်ကြီးတို့ ဒီဂေဟာကိုသွားရင်

စိတ်အားငယ်နေတဲ့ ကလေးတွေကို တွေ့ရမှာတော့မဟုတ်ဘူး။မျောက်ရှုံးအောင်ဆော့နေတဲ့ ပျော်နေကြတဲ့ကလေးတွေကိုပဲ

တွေ့မြင်ကြရမှာ။ဒါကြောင့်ကြိုက်တယ်၊ကြွေတယ် ကျွန်တော်လှူတယ် ဒါမျိုးဂေဟာကို ဘာလောက်ပဲလှူလှူ ပြောင်ပြောင်ရောင်ရောင်ဖြစ်မလာတဲ့

မိဘမဲ့ဂေဟာတွေကို လှူမယ့်အစားကျွန်တော်ကတော့ ဒီလိုဂေဟာတွေကိုပဲ ရွေးလှူပါတယ်။ပရိသတ်ကြီးတို့လည်းလှူချင်ရင်

ဘုန်းဘုန်းအကောင့်ကို ဆက်သွယ်ပြီးလှူနိုင်ပါတယ်။ဘုန်းဘုန်းရဲ့KBZ ဘဏ်အကောင့်လည်း တင်ပေးထားပါတယ်။

ကိုယ်တိုင်သွားလှူချင်ရင်တော့ ပဲခူးမြို့၊ဆည်မြောင်းလမ်းဆုံနားက တိုင်းရင်းဆေးရုံသွားတဲ့လမ်းမှာ ဘုန်းဘုန်းရဲ့မိဘမဲ့ဂေဟာလေး

ရှိပါတယ်။အရှင်ကုသလ၊ရပ်ကွက်ကြီး(၇/၂)ပဲခူး၊အလင်းစစ်ပညာဒါနခွဲ(၁) နတ်သျှင်နောင်(၃)လမ်း၊ဥဿမြို့သစ်

ကိုယ်တိုင်သွားကြည့်နိုင်ရင် ပိုပြိီးစိတ်ချမ်းသာမှာဖြစ်ပါ​တယ်နော်။မြန်မာနိုင်ငံမှာက ငတ်ပြတ်စုတ်ပြတ် ဒုက္ခရောက်နေပါတယ်ဆိုတဲ့

မိဘမဲ့ဂေဟာပိုစ့်တွေကို ဝိုင်းရှယ်ကြပြီး ဒီလိုစည်းနဲ့ကမ်းနဲ့ ကလေးတွေကို ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင်ထားတဲ့

ဂေဟာအကြောင်းကိုကျတော့ လူစိတ်ဝင်စားမှု နည်းပါတယ်။ဒီအကြာင်းကို သိတဲ့အခါ တချို့သောဂေဟာတွေဟာ

ကလေးတွေကိုကောင်းအောင်မထားတော့ဘဲ စုတ်တီးစုတ်ဖတ်နဲ့ပဲ ထားကြတော့တယ်။တကယ်မရှိဆင်းရဲနေတဲ့ ဂေဟာတွေလည်း ရှိကြမှာပါ

အဲ့ဒီလိုဆိုရင်တော့ တစ်မျိုးပေါ့။ဒီလိုယဉ်ကျေးမှုကို ကျွန်တော်တို့ဝိုင်းဝန်းတွန်းလှန်ကြပါစို့လို့ ပြောချင်ပါတယ်။

ပရိသတ်ကြီးတို့လည်း အလှူအတန်းလေးများပြုချင်ရင် သွားလှူလို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။credit