Tue. Dec 7th, 2021

Zawgyi

လူတိုင္းလိုလို ခ်မ္းသာခ်င္ၾကပါတယ္။ ခ်မ္းသာေအာင္လည္း အခ်ိန္တိုင္း ႀကိဳးစားေနၾကပါတယ္။

ဒါေပမယ့္ ဘာလို႔ လူတိုင္းမခ်မ္းသာတာလဲ။ အခ်ိဳ႕ကေတာ့ ဘဝေပးကုသိုလ္ဆိုၿပီးေျပာၾကပါလိမ့္မယ္။

ဒါေပမယ့္ တကယ္ေတာ့ မဟုတ္ပါဘူး။ မခ်မ္းသာရျခင္း အေၾကာင္းအရင္းကေတာ့ အေျခခံလိုအပ္ခ်က္ေလးေတြကိုေတာင္ မျပဳျပင္ႏိုင္လို႔ပါ။

ေအာက္ပါ အခ်က္ေတြထဲက တစ္ခ်က္ခ်က္ကို သင္လုပ္ေနၿပီဆိုရင္ေတာ့ သင္ခ်မ္းသာဖို႔ဆိုတာ အေတာ္ေလးကိုျဖစ္ႏိုင္ေခ်နည္းသြားပါၿပီ။

(၁) သင္ဟာ ပိုက္ဆံစုျခင္းကို အရမ္းဝါသနာပါၿပီး ပိုက္ဆံပိုမရွာႏိုင္ဘူး။

ပိုက္ဆံစုျခင္းက ခ်မ္းသာဖို႔ႀကိဳးစားတဲ့ေနရာမွာ အေရးႀကီးပါတယ္။ ဒါေပမယ့္ ပိုက္ဆံစုတာခ်ည္းပဲ အာ႐ုံစိုက္ေနလို႔ မရပါဘူး။

စုတာကိုပဲ အာ႐ုံစိုက္ေနရင္ သင္လက္ရွိရေနတဲ့ပိုက္ဆံထက္ ဘယ္လိုထပ္ရွာရမလဲကို သင္စိတ္မဝင္စားႏိုင္ေတာ့ပါဘူး။

အကယ္၍ ခ်မ္းသာတဲ့သူေတြလိုေတြးမယ္ဆိုရင္ သင္ပိုက္ဆံကုန္သြားမွာကို စိတ္မပူသင့္ေတာ့ပါဘူး။ ပိုက္ဆံပိုရွာႏိုင္ေအာင္ပဲ ဂ႐ုစိုက္သင့္ပါတယ္။

(၂) သင္ရင္းႏွီးျမဳပ္ႏွံျခင္း မလုပ္ေသးဘူး။

ပ်မ္းမွ်အားျဖင့္ ခ်မ္းသာသူေတြဟာ သူတို႔ဝင္ေငြရဲ႕ ၂၀% ကိုျပန္လည္ရင္းႏွီးျမဳပ္ႏွံပါတယ္။ တကယ္ေတာ့ ဘဝမွာ ေစာေစာရင္းႏွီးျမဳပ္ႏွံႏိုင္ေလ

ေကာင္းေလေလပါပဲ။ အမ်ားႀကီးမရင္းႏွီးႏိုင္ရင္ေတာင္ ေျဖးေျဖးခ်င္းကစလို႔ရပါတယ္။ ဒါေပမယ့္ စီးပြားေရးလုပ္ငန္းတစ္ခုခုေပၚမွာ

ရင္းႏွီးမျမပ္ႏွံႏိုင္ေသးရင္ သင့္ကိုယ္သင္တိုးတက္ေအာင္ အရင္ရင္းႏွီး ျမဳပ္ႏွံပါ။ လစာထဲက အနည္းငယ္ကိုဖယ္ၿပီး သင့္အရည္အခ်င္းေတြ

တိုးတက္ေအာင္ ျပဳလုပ္တဲ့ေနရာမွာ သုံးစြဲပါ။

(၃) တည္ၿငိမ္တဲ့လစာဝင္ေငြေပၚမွာ သင္သာယာေနတယ္။

သာမန္လူေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕အခ်ိန္အတြက္ ေငြေပးေခ်ျခင္းကို ခံယူလိုေလ့ရွိပါတယ္။ ဥပမာ တစ္လကို ဘယ္ေလာက္၊

တစ္ပတ္ကို ဘယ္ေလာက္၊ တစ္နာရီကို ဘယ္ေလာက္စသျဖင့္ေပါ့။ ဒါေပမယ့္ ခ်မ္းသာသူေတြကေတာ့ ျဖစ္ေပၚလာတဲ့ရလဒ္ေပၚ

မူတည္ၿပီး ပိုက္ဆံရွာပါတယ္။ မ်ားေသာအားျဖင့္ သူမ်ားဆီမွာလည္း အလုပ္လုပ္ေလ့မရွိပါဘူး။ သူတို႔က Self-employed လို႔ေခၚတဲ့

ကိုယ့္ဘာသာကိုယ္ အလုပ္ျပန္ခန႔္ထားတာမ်ိဳးပဲလုပ္ပါတယ္။ လစာအေပၚ သာယာေနျခင္းဟာ ခ်မ္းသာျခင္းဆီကိုသြားရာမွာ ေႏွာင့္ေႏွးေစပါတယ္။

(၄) သင္က သင္မတတ္ႏိုင္တဲ့ပစၥည္းေတြ ဝယ္ေလ့ရွိတယ္။

သင့္ရဲ႕လိုအပ္ခ်က္တိုင္းကို လိုက္လံျဖည့္ဆည္းေနရင္ သင္ဘယ္ေတာ့မွ ခ်မ္းသာမွာမဟုတ္ပါဘူး။ အကယ္၍ ပုံမွန္ထက္

ဝင္ေငြတိုးတက္လာရင္ သင့္ကိုယ္သင္ ပိုမိုေကာင္းမြန္တဲ့ Lifestyle တစ္ခုကို မေျပာင္းလိုက္ပါနဲ႔အုံး။ ဒါဟာ ခက္ခဲတဲ့ အခ်က္ျဖစ္ၿပီး

ေတာ္ေတာ္မ်ားမ်ားမလုပ္ႏိုင္ပါဘူး။ သန္းႂကြယ္သူေဌးတစ္ေယာက္ျဖစ္တဲ့ Grant Cardone က ” ရင္းႏွီး ျမဳပ္ႏွံမႈေတြက

ဝင္ေငြေသေသခ်ာခ်ာမဝင္ေသးပဲနဲ႔ ကြၽန္ေတာ္ကား အေကာင္းစားမေျပာနဲ႔ နာရီအေကာင္းစားေတာင္ မဝယ္ခဲ့ပါဘူး ” လို႔ ဆိုခဲ့ပါတယ္။

သင္လည္း လစာတိုးတာနဲ႔ iPhone ေကာက္ၿပီး မဝယ္ပါနဲ႔အုံး။

(၅) သင္ဟာ သင့္အိမ္မက္ေနာက္ကိုလိုက္ရဲတဲ့ သတၱိမရွိဘူး။

အကယ္၍ ဘဝမွာ ေအာင္ျမင္ခ်င္ရင္ မိမိလုပ္ေနတာကို အရင္ဆုံး ခ်စ္ျမတ္ႏိုးဖို႔လိုပါတယ္။ ဒါ့ေၾကာင့္ သင္ဘာကိုခ်စ္ျမတ္ႏိုးတယ္ဆိုတာလည္း

သိဖို႔လိုသလို အိမ္မက္ေတြေနာက္ကို လိုက္ရဲတဲ့သတၱိလည္း ရွိဖု႔ိလိုပါတယ္။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားကေတာ့

မိဘရဲ႕ရည္မွန္းခ်က္ေနာက္ကို လိုက္ေနတာမ်ားပါတယ္။

(၆) သင္ဟာ Comfort Zone ထဲက မထြက္ရဲဘူး။

ကိုယ္ပိုင္စီးပြားေရးလုပ္ရင္ လက္ရွိဝင္ေနတဲ့ လစာေလး မဝင္ေတာ့မွာ စိုးရိမ္ၾကတာမ်ားပါတယ္။ ဒီလိုနဲ႔ သူမ်ားအိမ္မက္ေတြကို

ပုံေဖာ္ေပးရင္းနဲ႔ပဲ သင့္ဘဝကုန္ဆုံးသြားပါလိမ့္မယ္။ အကယ္၍ ဘဝမွာခ်မ္းသာခ်င္ရင္ စြန႔္စားရဲတဲ့သတၱိ ရွိရပါတယ္။

သက္ေတာင္သက္သာ ရွိတဲ့ေနရာမွာပဲ ေနထိုင္ေန႐ုံနဲ႔ေတာ့ မခ်မ္းသာလာပါဘူး။

(၇) သင့္ပိုက္ဆံေတြကို ဘယ္လိုအသုံးခ်မယ္ဆိုတာ ႀကိဳတင္ျပင္ဆင္ထားျခင္း မရွိဘူး။

အကယ္၍ ခ်မ္းသာခ်င္တယ္ဆိုရင္ ပိုက္ဆံကို ဘယ္လိုအက်ိဳးရွိရွိအသုံးခ်ရမယ္ဆိုတာ သိဖို႔လိုပါတယ္။ သင္ရလာတဲ့ဝင္ေငြကို

ဘယ္ေနရာေတြမွာသုံးမယ္။ ဘယ္ေလာက္ကိုစုမယ္၊ ဘယ္ေလာက္ကိုရင္းႏွီးျမဳပ္ႏွံရမွာသုံးမယ္ စသျဖင့္ ေသေသခ်ာခ်ာသိဖို႔လိုပါတယ္။

(၈) သင္ကသုံးလို႔ပိုတာကိုစုတယ္။

သင္က လစာရတာနဲ႔ ဘာေတြသုံးရမလဲ စစဥ္းစားပါတယ္။ ၿပီးမွလကုန္လို႔ က်န္တာကိုစုတယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္။

သင့္မွာ ဘာမွက်န္မွာမဟုတ္ပါဘူး။ က်န္လည္း နည္းနည္းပါပဲ။ တကယ္ေတာ့ အရင္စုၿပီးမွ ပိုတာကို သုံးရမွာပါ။ ဝင္ေငြ ၁၀%ကိုျဖစ္ျဖစ္စုပါ။ ၿပီးမွပိုတာကို ဘာေတြသုံးမလဲ စဥ္းစားပါ။

(၉) သင္ကခ်မ္းသာျခင္းဆိုတာ မျဖစ္ႏိုင္ပါဘူးလို႔ထင္ေနတယ္။

လူေတာ္ေတာ္မ်ားမ်ားက ခ်မ္းသာျခင္းဆိုတာ ကံေကာင္းတဲ့သူေတြဆီကိုပဲ ေရာက္ရွိေလ့ရွိတဲ့အရာလို႔ ခံယူထားပါတယ္။

ဒါ့ေၾကာင့္လည္း အဲ့ဒီလူေတာ္ေတာ္မ်ားမ်ားက ဘယ္ေတာ့မွမခ်မ္းသာပါဘူး။ မိမိကိုယ္ကိုမွမယုံရင္ ဘာမွလုပ္လို႔မရပါဘူး။

ႀကိဳးစားသူတိုင္း အတြက္ ေနရာရွိပါတယ္။ သင့္အတြက္လည္း ေနရာရွိပါတယ္။

Unicode

လူတိုင်းလိုလို ချမ်းသာချင်ကြပါတယ်။ ချမ်းသာအောင်လည်း အချိန်တိုင်း ကြိုးစားနေကြပါတယ်။

ဒါပေမယ့် ဘာလို့ လူတိုင်းမချမ်းသာတာလဲ။ အချို့ကတော့ ဘဝပေးကုသိုလ်ဆိုပြီးပြောကြပါလိမ့်မယ်။

ဒါပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ မချမ်းသာရခြင်း အကြောင်းအရင်းကတော့ အခြေခံလိုအပ်ချက်လေးတွေကိုတောင် မပြုပြင်နိုင်လို့ပါ။

အောက်ပါ အချက်တွေထဲက တစ်ချက်ချက်ကို သင်လုပ်နေပြီဆိုရင်တော့ သင်ချမ်းသာဖို့ဆိုတာ အတော်လေးကိုဖြစ်နိုင်ချေနည်းသွားပါပြီ။

(၁) သင်ဟာ ပိုက်ဆံစုခြင်းကို အရမ်းဝါသနာပါပြီး ပိုက်ဆံပိုမရှာနိုင်ဘူး။

ပိုက်ဆံစုခြင်းက ချမ်းသာဖို့ကြိုးစားတဲ့နေရာမှာ အရေးကြီးပါတယ်။ ဒါပေမယ့် ပိုက်ဆံစုတာချည်းပဲ အာရုံစိုက်နေလို့ မရပါဘူး။

စုတာကိုပဲ အာရုံစိုက်နေရင် သင်လက်ရှိရနေတဲ့ပိုက်ဆံထက် ဘယ်လိုထပ်ရှာရမလဲကို သင်စိတ်မဝင်စားနိုင်တော့ပါဘူး။

အကယ်၍ ချမ်းသာတဲ့သူတွေလိုတွေးမယ်ဆိုရင် သင်ပိုက်ဆံကုန်သွားမှာကို စိတ်မပူသင့်တော့ပါဘူး။ ပိုက်ဆံပိုရှာနိုင်အောင်ပဲ ဂရုစိုက်သင့်ပါတယ်။

(၂) သင်ရင်းနှီးမြုပ်နှံခြင်း မလုပ်သေးဘူး။

ပျမ်းမျှအားဖြင့် ချမ်းသာသူတွေဟာ သူတို့ဝင်ငွေရဲ့ ၂၀% ကိုပြန်လည်ရင်းနှီးမြုပ်နှံပါတယ်။ တကယ်တော့ ဘဝမှာ စောစောရင်းနှီးမြုပ်နှံနိုင်လေ

ကောင်းလေလေပါပဲ။ အများကြီးမရင်းနှီးနိုင်ရင်တောင် ဖြေးဖြေးချင်းကစလို့ရပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုခုပေါ်မှာ

ရင်းနှီးမမြပ်နှံနိုင်သေးရင် သင့်ကိုယ်သင်တိုးတက်အောင် အရင်ရင်းနှီး မြုပ်နှံပါ။ လစာထဲက အနည်းငယ်ကိုဖယ်ပြီး သင့်အရည်အချင်းတွေ

တိုးတက်အောင် ပြုလုပ်တဲ့နေရာမှာ သုံးစွဲပါ။

(၃) တည်ငြိမ်တဲ့လစာဝင်ငွေပေါ်မှာ သင်သာယာနေတယ်။

သာမန်လူတော်တော်များများဟာ သူတို့ရဲ့အချိန်အတွက် ငွေပေးချေခြင်းကို ခံယူလိုလေ့ရှိပါတယ်။ ဥပမာ တစ်လကို ဘယ်လောက်၊

တစ်ပတ်ကို ဘယ်လောက်၊ တစ်နာရီကို ဘယ်လောက်စသဖြင့်ပေါ့။ ဒါပေမယ့် ချမ်းသာသူတွေကတော့ ဖြစ်ပေါ်လာတဲ့ရလဒ်ပေါ်

မူတည်ပြီး ပိုက်ဆံရှာပါတယ်။ များသောအားဖြင့် သူများဆီမှာလည်း အလုပ်လုပ်လေ့မရှိပါဘူး။ သူတို့က Self-employed လို့ခေါ်တဲ့

ကိုယ့်ဘာသာကိုယ် အလုပ်ပြန်ခန့်ထားတာမျိုးပဲလုပ်ပါတယ်။ လစာအပေါ် သာယာနေခြင်းဟာ ချမ်းသာခြင်းဆီကိုသွားရာမှာ နှောင့်နှေးစေပါတယ်။

(၄) သင်က သင်မတတ်နိုင်တဲ့ပစ္စည်းတွေ ဝယ်လေ့ရှိတယ်။

သင့်ရဲ့လိုအပ်ချက်တိုင်းကို လိုက်လံဖြည့်ဆည်းနေရင် သင်ဘယ်တော့မှ ချမ်းသာမှာမဟုတ်ပါဘူး။ အကယ်၍ ပုံမှန်ထက်

ဝင်ငွေတိုးတက်လာရင် သင့်ကိုယ်သင် ပိုမိုကောင်းမွန်တဲ့ Lifestyle တစ်ခုကို မပြောင်းလိုက်ပါနဲ့အုံး။ ဒါဟာ ခက်ခဲတဲ့ အချက်ဖြစ်ပြီး

တော်တော်များများမလုပ်နိုင်ပါဘူး။ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်တဲ့ Grant Cardone က ” ရင်းနှီး မြုပ်နှံမှုတွေက

ဝင်ငွေသေသေချာချာမဝင်သေးပဲနဲ့ ကျွန်တော်ကား အကောင်းစားမပြောနဲ့ နာရီအကောင်းစားတောင် မဝယ်ခဲ့ပါဘူး ” လို့ ဆိုခဲ့ပါတယ်။

သင်လည်း လစာတိုးတာနဲ့ iPhone ကောက်ပြီး မဝယ်ပါနဲ့အုံး။

(၅) သင်ဟာ သင့်အိမ်မက်နောက်ကိုလိုက်ရဲတဲ့ သတ္တိမရှိဘူး။

အကယ်၍ ဘဝမှာ အောင်မြင်ချင်ရင် မိမိလုပ်နေတာကို အရင်ဆုံး ချစ်မြတ်နိုးဖို့လိုပါတယ်။ ဒါ့ကြောင့် သင်ဘာကိုချစ်မြတ်နိုးတယ်ဆိုတာလည်း

သိဖို့လိုသလို အိမ်မက်တွေနောက်ကို လိုက်ရဲတဲ့သတ္တိလည်း ရှိဖု့ိလိုပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့

မိဘရဲ့ရည်မှန်းချက်နောက်ကို လိုက်နေတာများပါတယ်။

(၆) သင်ဟာ Comfort Zone ထဲက မထွက်ရဲဘူး။

ကိုယ်ပိုင်စီးပွားရေးလုပ်ရင် လက်ရှိဝင်နေတဲ့ လစာလေး မဝင်တော့မှာ စိုးရိမ်ကြတာများပါတယ်။ ဒီလိုနဲ့ သူများအိမ်မက်တွေကို

ပုံဖော်ပေးရင်းနဲ့ပဲ သင့်ဘဝကုန်ဆုံးသွားပါလိမ့်မယ်။ အကယ်၍ ဘဝမှာချမ်းသာချင်ရင် စွန့်စားရဲတဲ့သတ္တိ ရှိရပါတယ်။

သက်တောင်သက်သာ ရှိတဲ့နေရာမှာပဲ နေထိုင်နေရုံနဲ့တော့ မချမ်းသာလာပါဘူး။

(၇) သင့်ပိုက်ဆံတွေကို ဘယ်လိုအသုံးချမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူး။

အကယ်၍ ချမ်းသာချင်တယ်ဆိုရင် ပိုက်ဆံကို ဘယ်လိုအကျိုးရှိရှိအသုံးချရမယ်ဆိုတာ သိဖို့လိုပါတယ်။ သင်ရလာတဲ့ဝင်ငွေကို

ဘယ်နေရာတွေမှာသုံးမယ်။ ဘယ်လောက်ကိုစုမယ်၊ ဘယ်လောက်ကိုရင်းနှီးမြုပ်နှံရမှာသုံးမယ် စသဖြင့် သေသေချာချာသိဖို့လိုပါတယ်။

(၈) သင်ကသုံးလို့ပိုတာကိုစုတယ်။

သင်က လစာရတာနဲ့ ဘာတွေသုံးရမလဲ စစဉ်းစားပါတယ်။ ပြီးမှလကုန်လို့ ကျန်တာကိုစုတယ်ဆိုရင်တော့ သေချာပါတယ်။

သင့်မှာ ဘာမှကျန်မှာမဟုတ်ပါဘူး။ ကျန်လည်း နည်းနည်းပါပဲ။ တကယ်တော့ အရင်စုပြီးမှ ပိုတာကို သုံးရမှာပါ။ ဝင်ငွေ ၁၀%ကိုဖြစ်ဖြစ်စုပါ။ ပြီးမှပိုတာကို ဘာတွေသုံးမလဲ စဉ်းစားပါ။

(၉) သင်ကချမ်းသာခြင်းဆိုတာ မဖြစ်နိုင်ပါဘူးလို့ထင်နေတယ်။

လူတော်တော်များများက ချမ်းသာခြင်းဆိုတာ ကံကောင်းတဲ့သူတွေဆီကိုပဲ ရောက်ရှိလေ့ရှိတဲ့အရာလို့ ခံယူထားပါတယ်။

ဒါ့ကြောင့်လည်း အဲ့ဒီလူတော်တော်များများက ဘယ်တော့မှမချမ်းသာပါဘူး။ မိမိကိုယ်ကိုမှမယုံရင် ဘာမှလုပ်လို့မရပါဘူး။

ကြိုးစားသူတိုင်း အတွက် နေရာရှိပါတယ်။ သင့်အတွက်လည်း နေရာရှိပါတယ်။