Zawgyi

ေဆးလိပ္နဲ႔ ေဆးလိပ္ေသာက္ျခင္းဆိုတာေတြဟာ လူတိုင္းရဲ႕ေန႔စဥ္ဘဝေတြမွာ မလြဲမေသြ ေတြ႕ျမင္

ႀကဳံႀကိဳက္ေနရတဲ့အရာေတြျဖစ္ပါတယ္။ ကိုယ္တိုင္ေသာက္တတ္သူေတြေကာ မေသာက္တတ္ေပမဲ့လည္း

ေဆးလိပ္ေငြ႕ကိုတစ္ဆင့္ခံရႈရႈိက္ေနရသူေတြပါ ခံစားၾကရမယ့္ဆိုးက်ိဳးကေတာ့ အတူတူပဲျဖစ္ေနလို႔ ေဆးလိပ္နဲ႔

ေဝးႏိုင္သမွ်ေဝးေဝးေနတာဟာ အေကာင္းဆုံးပါပဲ။ ဒါေပမဲ့လည္း မလႊဲသာမေရွာင္သာ ပတ္သက္ေနၾကရဆဲ ျဖစ္တာေၾကာင့္

ရလာမယ့္ဆိုးက်ိဴးေတြကိုကာကြယ္ဖို႔ အတတ္ႏိုင္ဆုံး ကာကြယ္ထားဖို႔လိုပါတယ္။ ဒီလိုကာကြယ္တားဆီးႏိုင္ဖို႔အတြက္ဆိုရင္

ေဆးလိပ္ေငြ႕ကို ထိေတြ႕ရမယ့္အဆုတ္ေတြကို က်န္းမာေနေအာင္ေနထိုင္တာက အေကာင္းဆုံး ျပင္ဆင္မႈတစ္ခုျဖစ္လို႔

အဆုတ္ေတြအတြက္ အက်ိဳးမ်ားေစမယ့္အစားအစာေတြကို ဒီေဆာင္းပါးကေန ၫႊန္ျပေပးခ်င္ပါတယ္။

အဆုတ္က်န္းမာေရးေကာင္းမြန္ေစဖို႔ အဓိကစားသုံးေပးသင့္တဲ့အစာအမ်ိဳးအစားက အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြျဖစ္ပါတယ္။

အဲဒီအစားအစာေတြဟာ အဆုတ္ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို ျမႇင့္တင္ေပးႏိုင္ၿပီး COPD လို နာတာရွည္အဆုတ္ေရာဂါမ်ိဴးျဖစ္ႏိုင္ေခ်ကို

ေလ်ာ့ခ်ေပႏိုင္တဲ့အစားအစာေတြပါ။ ဒါဟာ အမွ်င္ဓာတ္ကို ေျခဖ်က္တဲ့အခါ အဆုတ္ေယာင္ရမ္းမႈကိုေလ်ာ့ပါးေစတဲ့

စြမ္းရည္ရွိပစၥည္းတစ္မ်ိဴးကို အူထဲက အက်ိဳးျပဳဘက္တီးရီးယားေတြကထုတ္ေပးလိုက္တာျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။

အမွ်င္ဓာတ္ပါဝင္တဲ့ ဘယ္အစားအစာေတြကို ဘယ္လိုစားရမလဲဆိုတာလည္း ၾကည့္လိုက္ၾကရေအာင္ပါ။ စားသုံးတဲ့အစားအစာထဲမွာ

ပါဝင္ရမယ့္အမွ်င္ဓာတ္ပမာဏက တစ္ေန႔ကို အနည္းဆုံး (၁၇.၅) ဂရမ္ရွိဖို႔လိုအပ္ၿပီး အမွ်င္ဓာတ္ႂကြယ္ဝတဲ့

ပင္မအစားအစာ (၇) မ်ိဳးကေတာ့ (၁) ပန္းေဂၚဖီစိမ္း (၂) ပဲေတာင့္ (၃) ဘယ္ရီသီး (၄) ပဲျခမ္း (၅) ပဲနီေလး (၆)

ဗာဒံ/သစ္အယ္ေစ့ (၇) ပဲပိုးတီ/ ေဂၚဖီထုပ္လိုအ႐ြက္ ေတြပဲျဖစ္ပါတယ္။ ဒီအစားအစာ (၇) မ်ိဴးအျပင္ VitaminC

ကိုမွီဝဲျခင္းဟာလည္း အဆုတ္အတြက္ အေထာက္အကူျပဳႏိုင္တယ္လို႔ ဆိုထားပါတယ္။ ပန္းသီး၊ ငွက္ေပ်ာသီးနဲ႔

ခရမ္းခ်ဥ္သီးေတြမွာလည္း VitaminC ႂကြယ္ဝတဲ့အျပင္ ေဆးလိပ္ ေသာက္သုံးသူရဲ႕ အဆုတ္လုပ္ငန္းေဆာင္တာေတြ

ေကာင္းမြန္ေအာင္ေထာက္ပံ့ေပးတဲ့ အာဟာရဓာတ္ေတြ၊ အျခား Vitamin နဲ႔ သတၳဳဓာတ္ေတြ မ်ားစြာပါဝင္ေနေၾကာင္းကို

Good Housekeeping Institute က Nutrition Director ဂ်က္က္လင္း လန္ဒန္ (Jaclyn London) ကဆိုထားတာေၾကာင့္ အဆုတ္ေတြ

က်န္းမာေနေအာင္ အမွ်င္ဓာတ္ႂကြယ္ဝတဲ့အစာေတြကို ဂ႐ုစိုက္စားသုံးေပးသင့္ေၾကာင္း အသိေပးတိုက္တြန္းလိုက္ပါရေစ။

Ref: MSN News “Foods For Healthy Lungs” Credit (႐ိုးရာေလး)

Unicode

ဆေးလိပ်နဲ့ ဆေးလိပ်သောက်ခြင်းဆိုတာတွေဟာ လူတိုင်းရဲ့နေ့စဉ်ဘဝတွေမှာ မလွဲမသွေ တွေ့မြင်

ကြုံကြိုက်နေရတဲ့အရာတွေဖြစ်ပါတယ်။ ကိုယ်တိုင်သောက်တတ်သူတွေကော မသောက်တတ်ပေမဲ့လည်း

ဆေးလိပ်ငွေ့ကိုတစ်ဆင့်ခံရှုရှိုက်နေရသူတွေပါ ခံစားကြရမယ့်ဆိုးကျိုးကတော့ အတူတူပဲဖြစ်နေလို့ ဆေးလိပ်နဲ့

ဝေးနိုင်သမျှဝေးဝေးနေတာဟာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့လည်း မလွှဲသာမရှောင်သာ ပတ်သက်နေကြရဆဲ ဖြစ်တာကြောင့်

ရလာမယ့်ဆိုးကျိူးတွေကိုကာကွယ်ဖို့ အတတ်နိုင်ဆုံး ကာကွယ်ထားဖို့လိုပါတယ်။ ဒီလိုကာကွယ်တားဆီးနိုင်ဖို့အတွက်ဆိုရင်

ဆေးလိပ်ငွေ့ကို ထိတွေ့ရမယ့်အဆုတ်တွေကို ကျန်းမာနေအောင်နေထိုင်တာက အကောင်းဆုံး ပြင်ဆင်မှုတစ်ခုဖြစ်လို့

အဆုတ်တွေအတွက် အကျိုးများစေမယ့်အစားအစာတွေကို ဒီဆောင်းပါးကနေ ညွှန်ပြပေးချင်ပါတယ်။

အဆုတ်ကျန်းမာရေးကောင်းမွန်စေဖို့ အဓိကစားသုံးပေးသင့်တဲ့အစာအမျိုးအစားက အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပါတယ်။

အဲဒီအစားအစာတွေဟာ အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး COPD လို နာတာရှည်အဆုတ်ရောဂါမျိူးဖြစ်နိုင်ချေကို

လျော့ချပေနိုင်တဲ့အစားအစာတွေပါ။ ဒါဟာ အမျှင်ဓာတ်ကို ခြေဖျက်တဲ့အခါ အဆုတ်ယောင်ရမ်းမှုကိုလျော့ပါးစေတဲ့

စွမ်းရည်ရှိပစ္စည်းတစ်မျိူးကို အူထဲက အကျိုးပြုဘက်တီးရီးယားတွေကထုတ်ပေးလိုက်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

အမျှင်ဓာတ်ပါဝင်တဲ့ ဘယ်အစားအစာတွေကို ဘယ်လိုစားရမလဲဆိုတာလည်း ကြည့်လိုက်ကြရအောင်ပါ။ စားသုံးတဲ့အစားအစာထဲမှာ

ပါဝင်ရမယ့်အမျှင်ဓာတ်ပမာဏက တစ်နေ့ကို အနည်းဆုံး (၁၇.၅) ဂရမ်ရှိဖို့လိုအပ်ပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့

ပင်မအစားအစာ (၇) မျိုးကတော့ (၁) ပန်းဂေါ်ဖီစိမ်း (၂) ပဲတောင့် (၃) ဘယ်ရီသီး (၄) ပဲခြမ်း (၅) ပဲနီလေး (၆)

ဗာဒံ/သစ်အယ်စေ့ (၇) ပဲပိုးတီ/ ဂေါ်ဖီထုပ်လိုအရွက် တွေပဲဖြစ်ပါတယ်။ ဒီအစားအစာ (၇) မျိူးအပြင် VitaminC

ကိုမှီဝဲခြင်းဟာလည်း အဆုတ်အတွက် အထောက်အကူပြုနိုင်တယ်လို့ ဆိုထားပါတယ်။ ပန်းသီး၊ ငှက်ပျောသီးနဲ့

ခရမ်းချဉ်သီးတွေမှာလည်း VitaminC ကြွယ်ဝတဲ့အပြင် ဆေးလိပ် သောက်သုံးသူရဲ့ အဆုတ်လုပ်ငန်းဆောင်တာတွေ

ကောင်းမွန်အောင်ထောက်ပံ့ပေးတဲ့ အာဟာရဓာတ်တွေ၊ အခြား Vitamin နဲ့ သတ္ထုဓာတ်တွေ များစွာပါဝင်နေကြောင်းကို

Good Housekeeping Institute က Nutrition Director ဂျက်က်လင်း လန်ဒန် (Jaclyn London) ကဆိုထားတာကြောင့် အဆုတ်တွေ

ကျန်းမာနေအောင် အမျှင်ဓာတ်ကြွယ်ဝတဲ့အစာတွေကို ဂရုစိုက်စားသုံးပေးသင့်ကြောင်း အသိပေးတိုက်တွန်းလိုက်ပါရစေ။

Ref: MSN News “Foods For Healthy Lungs” Credit (ရိုးရာလေး)