Zawgyi

၇၅ ႏွစ္အ႐ြယ္အဖြားရဲ႕ ဘိုးဘြားရိပ္သာ မသြားခ်င္လို႔ က်တဲ့မ်က္ရည္

၇၅ ႏွစ္အ႐ြယ္အဖြားရဲ႕ ဘိုးဘြားရိပ္သာ မသြားခ်င္လို႔ က်တဲ့မ်က္ရည္သံေယာဇဥ္မ်ား ျပတ္ၾကရာဝယ္ …(၂၅)ဦးေျမာက္ ခိုကိုးရာမဲ့အဖြားအား

ျမဆည္းဆာ မွ ေခၚယူေစာင့္ေရွာက္လိုက္ျပန္ၿပီ ။အဖြားနာမည္က – ေဒၚၾကည္ အသက္ကေတာ့ (၇၅) ေလာက္လို႔ ခန႔္မွန္းပါတယ္။

အဖြားလဲ သူ႔အသက္သူ တိတိက်က် မမွတ္မိပါဘူး။ ေမာ္လၿမိဳင္ (၆)မိုင္ေက်း႐ြာမွ ယေန႔ (20.5.2020)ရက္ေန႔မွာ သြားေရာက္ေခၚယူ

ေစာင့္ေရွာက္ခဲ့တာပါ။အဖြားရဲ႕ ဇာတိဇစ္ျမစ္က ကရင္ျပည္နယ္ ေကာ့ကရိတ္ ကလို႔ေျပာျပသိရွိရပါတယ္။ ေဆြးမ်ိဳးသားခ်င္းေတြလဲ မရွိေတာ့ပါဘူး။

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၃၀ ေက်ာ္ေလာက္ကတည္းက ေမာ္လၿမိဳင္သို႔ ေရာက္ရွိေနခဲ့ၿပီး ေန႔စားအလုပ္သမဘဝနဲ႔ လုပ္လုပ္စားစားေနထိုင္

စားေသာက္ခဲ့ပါတယ္။ လယ္ယာရွင္က ေန႔စားအလုပ္သမားေတြအတြက္ ေဆာက္ေပးထားတဲ့ တဲေလးထဲမွာေနထိုင္ၾကရင္း ေန႔စားလုပ္ကိုင္

စားေသာက္ရင္း အဖြားနည္းတူ ပဲခူးဘက္ အညာဘက္ေတြက လာေရာက္လုပ္ကိုင္ စားေသာက္ၾကတဲ့ ဘဝတူအလုပ္သမားေတြနဲ႔

မိသားစုသဖြယ္သံေယာဇဥ္ေတြျဖစ္ခဲ့ၿပီး စုေပါင္းေနထိုင္ခဲ့ၾကပါတယ္။ အသက္အ႐ြယ္ ႀကီးရင့္လာလို႔ အဖြားလုပ္ကိုင္စားေသာက္လို႔မႏိုင္ေတာ့တဲ့

အခ်ိန္မွာလည္း က်န္တဲ့ အလုပ္သမားေတြက မိသားစုဝင္လိုပဲ အတူေနထိုင္ စားေသာက္ခဲ့ၾကပါတယ္။ အဲဒီလို ေနထိုင္စဥ္ အဖြားရဲ႕ေနထိုင္ေရးေတြကို

၆ မိုင္႐ြာဘက္မွာဖြဲ႕စည္းထားတဲ့ သက္ႀကီး႐ြယ္အို ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ေတြက ဝိုင္းဝန္းကူညီေထာက္ပံ့ ၾကည့္ရႈထားခဲ့တယ္

လို႔ သိရပါတယ္။ အဖြားက ခိုကိုးရာမဲ့လည္းျဖစ္ အသက္အ႐ြယ္လည္း ႀကီးလာလို႔ ဘိုးဘြားရိပ္သာကိုသြားဖို႔ ေျဖာင္းျဖနားခ်ခဲ့ေပမဲ့ သံေယာဇဥ္

အတြယ္အတာေလးေတြ ရွိေနၿပီး နားခ်ရခက္ေတာ့ အခ်ိန္ေတြ ေႏွာင့္ေႏွးေနခဲ့တယ္လို႔ သိရပါတယ္။ တူတူေနတဲ့ ေဆြမေတာ္မ်ိဳးမေတာ္

မိသားစုလို ျဖစ္ေနတဲ့ အလုပ္သမားေတြကလည္း အဖြားကို အတင္းမပို႔ရက္။ ခုေတာ့ အခ်ိန္တန္ခဲ့ၿပီး။အဖြားနဲ႔ အတူေနထိုင္တဲ့

မိသားစုေတြကလည္း သူတို႔ရဲ႕ ဇာတိၿမိဳ႕က႐ြာေတြကို အၿပီးျပန္ရေတာ့မယ္။ ႐ြာမွာက်န္ခဲ့တဲ့ ဘိုးဘြားမိဘေတြကလည္း အသက္အ႐ြယ္ႀကီးရင့္လာၿပီး

ျဖစ္တဲ့အတြက္ တနယ္တေက်းမွာ အလုပ္လာလုပ္ေနၾကတဲ့ မိသားစုေတြ အတူတူေနခ်င္ၾကပါၿပီတဲ့။ အဲ့ဒီေတာ့ အလုပ္သမား

မိသားစုေတြနဲ႔ အတူေနထိုင္တဲ့ အဖြားကခိုးကိုးရာမဲ့ တေယာက္တည္း က်န္ခဲ့ေတာ့မယ္။ စိတ္မခ်ဘူး။ေခၚသြား လို႔ကလည္း အဆင္မေျပၾကျပန္။

ေနာက္ဆုံးေတာ့ အဖြားအတြက္ စိတ္အခ်ရဆုံးနဲ႔ အသင့္ေတာ္ဆုံး ခိုလႈံရာေနရာျဖစ္တဲ့ ျမဆည္းဆာမွာ နားခိုဖို႔ (၆)မိုင္႐ြာမွ

သက္ႀကီးေစာင့္ေရွာက္ေရးအဖြဲ႕ေတြရဲ႕ အကူအညီနဲ႔ လာေရာက္ေတာင္းဆိုၾကေလၿပီး။ အမွန္တကယ္ခိုကိုးရာမဲ့ျဖစ္ေနသျဖင့္ “ျမဆည္းဆာ”ဘိုးဘြားရိပ္သာ

အက်ိဳးေတာ္ေဆာင္အဖြဲ႕မ်ားမွ အဖြားေနထိုင္ရာ ေနရာသို႔အေရာက္သြားေရာက္ ၾကည့္ရႈ႕ေလ့လာၿပီး ျမဆည္းဆာ၏ရင္ခြင္မွာ

နားခိုေစဖို႔ေခၚယူေစာင့္ေရွာက္လိုက္ပါၿပီ။ အဖြားဘဝေနာင္ေရး စိတ္ေအးရပါၿပီးအဖြားေရ။ လူ႔ဘဝဇာတ္ခုံအဖုံဖုံမွာ နည္းမ်ိဳးစုံနဲ႔ က်င္လည္ခဲ့ၾကၿပီး

ဘဝေနဝင္ခ်ိန္ ေရာက္ခါနီးမွ ဒုကၡေပါင္းစုံနဲ႔ အခက္အခဲျဖစ္ေနၾကတဲ့ အဘိုးအဘြားေတြကို ျမဆည္းဆာမွအမွန္တကယ္

ကူညီေဖးမေစာင့္ေရွာက္ေပးေနလွ်က္ ရွိပါသည္။ “ျမဆည္းဆာ” ဘိုးဘြားမ်ားခိုလႈံရာရိပ္သာ မုေရာင္းေက်း႐ြာ ေမာ္လၿမိဳင္ၿမိဳ႕။ ေမာ္လၿမိဳင္-က်ိဳက္မေရာသြား

ကားလမ္းမေဘး အားကာသိပၸံအလြန္ ထန္းပင္တန္းအနီး ျမဆည္းဆာ ဘိုးဘြားမ်ားခိုလႈံရာရိပ္သာ တည္ေဆာက္ေနမႈလုပ္ငန္း၌

တတပ္တအား ကုသိုလ္ပါဝင္လိုသူမ်ား အေနျဖင့္ ေအာက္ပါဖုန္းနံပါတ္မ်ားႏွင့္ ဘဏ္အေကာင့္မ်ားသို႔ ဆက္သြယ္စုံစမ္း လႉဒါန္းႏိုင္ပါသည္။

ျမဆည္းဆာ ဘဏ္အေကာင့္08330208302104801(KBZ)၊0159600500029831 (CB ဘဏ္)၊ျမဆည္းဆာ

ရိပ္သာ ႐ုံးဖုန္း 09 446446780 ၊ 09 446446790 ဘဒၵႏၲနရိႏၵ (ျမေစတီစာသင္တိုက္) ရိပ္သာတည္ေဆာက္ေရး ဦးေဆာင္ပဓါနနာယက ဆရာေတာ္

09 425300140 ၊09 691271969၊ကိုဇင္မိုး (အက်ိဳးေတာ္ေဆာင္)09 442158281 ၊ 09 968446565 ၊ ဦးျမင့္ဦး

(အက်ိဳးေတာ္ေဆာင္) 09 780002397 ၊ 09 5322044 ဦးမ်ိဳးႏိုင္ (အက်ိဳးေတာ္ေဆာင္)09 792404429။

Unicode

၇၅ နှစ်အရွယ်အဖွားရဲ့ ဘိုးဘွားရိပ်သာ မသွားချင်လို့ ကျတဲ့မျက်ရည်

၇၅ နှစ်အရွယ်အဖွားရဲ့ ဘိုးဘွားရိပ်သာ မသွားချင်လို့ ကျတဲ့မျက်ရည်သံယောဇဉ်များ ပြတ်ကြရာဝယ် …(၂၅)ဦးမြောက် ခိုကိုးရာမဲ့အဖွားအား

မြဆည်းဆာ မှ ခေါ်ယူစောင့်ရှောက်လိုက်ပြန်ပြီ ။အဖွားနာမည်က – ဒေါ်ကြည် အသက်ကတော့ (၇၅) လောက်လို့ ခန့်မှန်းပါတယ်။

အဖွားလဲ သူ့အသက်သူ တိတိကျကျ မမှတ်မိပါဘူး။ မော်လမြိုင် (၆)မိုင်ကျေးရွာမှ ယနေ့ (20.5.2020)ရက်နေ့မှာ သွားရောက်ခေါ်ယူ

စောင့်ရှောက်ခဲ့တာပါ။အဖွားရဲ့ ဇာတိဇစ်မြစ်က ကရင်ပြည်နယ် ကော့ကရိတ် ကလို့ပြောပြသိရှိရပါတယ်။ ဆွေးမျိုးသားချင်းတွေလဲ မရှိတော့ပါဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်လောက်ကတည်းက မော်လမြိုင်သို့ ရောက်ရှိနေခဲ့ပြီး နေ့စားအလုပ်သမဘဝနဲ့ လုပ်လုပ်စားစားနေထိုင်

စားသောက်ခဲ့ပါတယ်။ လယ်ယာရှင်က နေ့စားအလုပ်သမားတွေအတွက် ဆောက်ပေးထားတဲ့ တဲလေးထဲမှာနေထိုင်ကြရင်း နေ့စားလုပ်ကိုင်

စားသောက်ရင်း အဖွားနည်းတူ ပဲခူးဘက် အညာဘက်တွေက လာရောက်လုပ်ကိုင် စားသောက်ကြတဲ့ ဘဝတူအလုပ်သမားတွေနဲ့

မိသားစုသဖွယ်သံယောဇဉ်တွေဖြစ်ခဲ့ပြီး စုပေါင်းနေထိုင်ခဲ့ကြပါတယ်။ အသက်အရွယ် ကြီးရင့်လာလို့ အဖွားလုပ်ကိုင်စားသောက်လို့မနိုင်တော့တဲ့

အချိန်မှာလည်း ကျန်တဲ့ အလုပ်သမားတွေက မိသားစုဝင်လိုပဲ အတူနေထိုင် စားသောက်ခဲ့ကြပါတယ်။ အဲဒီလို နေထိုင်စဉ် အဖွားရဲ့နေထိုင်ရေးတွေကို

၆ မိုင်ရွာဘက်မှာဖွဲ့စည်းထားတဲ့ သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ဝိုင်းဝန်းကူညီထောက်ပံ့ ကြည့်ရှုထားခဲ့တယ်

လို့ သိရပါတယ်။ အဖွားက ခိုကိုးရာမဲ့လည်းဖြစ် အသက်အရွယ်လည်း ကြီးလာလို့ ဘိုးဘွားရိပ်သာကိုသွားဖို့ ဖြောင်းဖြနားချခဲ့ပေမဲ့ သံယောဇဉ်

အတွယ်အတာလေးတွေ ရှိနေပြီး နားချရခက်တော့ အချိန်တွေ နှောင့်နှေးနေခဲ့တယ်လို့ သိရပါတယ်။ တူတူနေတဲ့ ဆွေမတော်မျိုးမတော်

မိသားစုလို ဖြစ်နေတဲ့ အလုပ်သမားတွေကလည်း အဖွားကို အတင်းမပို့ရက်။ ခုတော့ အချိန်တန်ခဲ့ပြီး။အဖွားနဲ့ အတူနေထိုင်တဲ့

မိသားစုတွေကလည်း သူတို့ရဲ့ ဇာတိမြို့ကရွာတွေကို အပြီးပြန်ရတော့မယ်။ ရွာမှာကျန်ခဲ့တဲ့ ဘိုးဘွားမိဘတွေကလည်း အသက်အရွယ်ကြီးရင့်လာပြီး

ဖြစ်တဲ့အတွက် တနယ်တကျေးမှာ အလုပ်လာလုပ်နေကြတဲ့ မိသားစုတွေ အတူတူနေချင်ကြပါပြီတဲ့။ အဲ့ဒီတော့ အလုပ်သမား

မိသားစုတွေနဲ့ အတူနေထိုင်တဲ့ အဖွားကခိုးကိုးရာမဲ့ တယောက်တည်း ကျန်ခဲ့တော့မယ်။ စိတ်မချဘူး။ခေါ်သွား လို့ကလည်း အဆင်မပြေကြပြန်။

နောက်ဆုံးတော့ အဖွားအတွက် စိတ်အချရဆုံးနဲ့ အသင့်တော်ဆုံး ခိုလှုံရာနေရာဖြစ်တဲ့ မြဆည်းဆာမှာ နားခိုဖို့ (၆)မိုင်ရွာမှ

သက်ကြီးစောင့်ရှောက်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ လာရောက်တောင်းဆိုကြလေပြီး။ အမှန်တကယ်ခိုကိုးရာမဲ့ဖြစ်နေသဖြင့် “မြဆည်းဆာ”ဘိုးဘွားရိပ်သာ

အကျိုးတော်ဆောင်အဖွဲ့များမှ အဖွားနေထိုင်ရာ နေရာသို့အရောက်သွားရောက် ကြည့်ရှု့လေ့လာပြီး မြဆည်းဆာ၏ရင်ခွင်မှာ

နားခိုစေဖို့ခေါ်ယူစောင့်ရှောက်လိုက်ပါပြီ။ အဖွားဘဝနောင်ရေး စိတ်အေးရပါပြီးအဖွားရေ။ လူ့ဘဝဇာတ်ခုံအဖုံဖုံမှာ နည်းမျိုးစုံနဲ့ ကျင်လည်ခဲ့ကြပြီး

ဘဝနေဝင်ချိန် ရောက်ခါနီးမှ ဒုက္ခပေါင်းစုံနဲ့ အခက်အခဲဖြစ်နေကြတဲ့ အဘိုးအဘွားတွေကို မြဆည်းဆာမှအမှန်တကယ်

ကူညီဖေးမစောင့်ရှောက်ပေးနေလျှက် ရှိပါသည်။ “မြဆည်းဆာ” ဘိုးဘွားများခိုလှုံရာရိပ်သာ မုရောင်းကျေးရွာ မော်လမြိုင်မြို့။ မော်လမြိုင်-ကျိုက်မရောသွား

ကားလမ်းမဘေး အားကာသိပ္ပံအလွန် ထန်းပင်တန်းအနီး မြဆည်းဆာ ဘိုးဘွားများခိုလှုံရာရိပ်သာ တည်ဆောက်နေမှုလုပ်ငန်း၌

တတပ်တအား ကုသိုလ်ပါဝင်လိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ်များနှင့် ဘဏ်အကောင့်များသို့ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါသည်။

မြဆည်းဆာ ဘဏ်အကောင့်08330208302104801(KBZ)၊0159600500029831 (CB ဘဏ်)၊မြဆည်းဆာ

ရိပ်သာ ရုံးဖုန်း 09 446446780 ၊ 09 446446790 ဘဒ္ဒန္တနရိန္ဒ (မြစေတီစာသင်တိုက်) ရိပ်သာတည်ဆောက်ရေး ဦးဆောင်ပဓါနနာယက ဆရာတော်

09 425300140 ၊09 691271969၊ကိုဇင်မိုး (အကျိုးတော်ဆောင်)09 442158281 ၊ 09 968446565 ၊ ဦးမြင့်ဦး

(အကျိုးတော်ဆောင်) 09 780002397 ၊ 09 5322044 ဦးမျိုးနိုင် (အကျိုးတော်ဆောင်)09 792404429။