Zawgyi

ပရဟိတအလုပ္ေတြကို အားႀကိဳးမာန္တတ္ လုပ္ေဆာင္ေနတဲ့အျပင္ မိဘမဲ့ေဂဟာကိုတည္ေထာင္ကာ ကေလးငယ္ေလးေတြကို

ေစာင့္ေရွက္ေပးေနတဲ့ ခိုင္းႏွင္းေဝကေတာ့ ပရိသတ္ေတြေလးစားခ်စ္ခင္ေနရသူတစ္ေယာက္ပါ။ အခုလိုေတာ္လွန္ေရး

ကာလမွာလည္း ျပည္သူနဲ႔အတူ ရပ္တည္ကာ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ မိသားစုေတြအတြက္ လႉဒါန္းမႈေတြကိုလည္း ျပဳလုပ္ေပးေနတာ ေတြ႕ရပါတယ္။

ဒါ့အျပင္တိုက္ပြဲမွာက်ဆုံးသြားတဲ့ သူရဲေကာင္းေတြရဲ႕ မိသားစုေတြဆီကိုလည္း ကိုယ္တိုင္သြားေရာက္ကာ အားေပးႏွစ္သိမ့္ရင္း

အလႉေငြမ်ားလႉဒါန္းခဲ့တာလည္းျဖစ္ပါတယ္။အခုလည္း သူကိုယ္တိုင္ ၿခိဳးၿခံ ေခြၽတာၿပီး စားဝတ္ေနေရး အခက္အခဲျဖစ္ေနတဲ့

အိမ္ေထာင္စုေတြကို တတ္ႏိုင္သေလာက္ လိုအပ္တဲ့ပစၥည္းမ်ား ကိုယ္တိုင္သြားေရာက္ၿပီး လႉဒါန္းခဲ့ျပန္ပါတယ္။

အလႉပုံရိပ္ေလးေတြနဲ႔အတူ ” ကိုယ့္အတြက္ ၿခိဳးၿခံ ေခြၽတာ ၿပီး က်မ တတ္ႏိုင္သေလာက္ေလးေတြ မွ်ေဝ လႉဒါန္းျဖစ္ပါတယ္ရွင္….

ခက္ခဲေနတဲ့ မိသားစုေလးေတြ လာလႉတဲ့ အခ်ိန္မွာ ေပ်ာ္ၿပီး မ်က္ရည္က်တာ ျမင္ရေတာ့ စိတ္မေကာင္းလဲ ျဖစ္မိပါတယ္..

အခက္အခဲေတြၾကားက လႈေပးရတဲ့ အတြက္ ပိုၿပီးလဲ ပီတိျဖစ္မိပါတယ္..ခက္ခဲ လိုအပ္ေနတဲ့ သူေတြကို က်မ တတ္ႏိုင္သေလာက္

ဆက္လက္ လႉဒါန္းသြားပါဦးမယ္ရွင္..”ဆိုတဲ့စာေလးလည္းေဝမွ်ခဲ့ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Yuan – Cele Zone

Unicode

ပရဟိတအလုပ်တွေကို အားကြိုးမာန်တတ် လုပ်ဆောင်နေတဲ့အပြင် မိဘမဲ့ဂေဟာကိုတည်ထောင်ကာ ကလေးငယ်လေးတွေကို

စောင့်ရှေက်ပေးနေတဲ့ ခိုင်းနှင်းဝေကတော့ ပရိသတ်တွေလေးစားချစ်ခင်နေရသူတစ်ယောက်ပါ။ အခုလိုတော်လှန်ရေး

ကာလမှာလည်း ပြည်သူနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ မိသားစုတွေအတွက် လှူဒါန်းမှုတွေကိုလည်း ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။

ဒါ့အပြင်တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီကိုလည်း ကိုယ်တိုင်သွားရောက်ကာ အားပေးနှစ်သိမ့်ရင်း

အလှူငွေများလှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။အခုလည်း သူကိုယ်တိုင် ခြိုးခြံ ချွေတာပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့

အိမ်ထောင်စုတွေကို တတ်နိုင်သလောက် လိုအပ်တဲ့ပစ္စည်းများ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းခဲ့ပြန်ပါတယ်။

အလှူပုံရိပ်လေးတွေနဲ့အတူ ” ကိုယ့်အတွက် ခြိုးခြံ ချွေတာ ပြီး ကျမ တတ်နိုင်သလောက်လေးတွေ မျှဝေ လှူဒါန်းဖြစ်ပါတယ်ရှင်….

ခက်ခဲနေတဲ့ မိသားစုလေးတွေ လာလှူတဲ့ အချိန်မှာ ပျော်ပြီး မျက်ရည်ကျတာ မြင်ရတော့ စိတ်မကောင်းလဲ ဖြစ်မိပါတယ်..

အခက်အခဲတွေကြားက လှုပေးရတဲ့ အတွက် ပိုပြီးလဲ ပီတိဖြစ်မိပါတယ်..ခက်ခဲ လိုအပ်နေတဲ့ သူတွေကို ကျမ တတ်နိုင်သလောက်

ဆက်လက် လှူဒါန်းသွားပါဦးမယ်ရှင်..”ဆိုတဲ့စာလေးလည်းဝေမျှခဲ့ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Yuan – Cele Zone