Zawgyi

ယခုျဖစ္ေပၚေနတဲ့အေျခအေနေၾကာင့္ အသက္ဆုံးရႈံးသြားရတဲ့သူေတြထဲမွာ ပညာတတ္လူငယ္ေလးေတြ၊

မိသားစုအတြက္႐ုန္းကန္ေပးေနရတဲ့သူေတြ အမ်ားအျပားပါဝင္ေနတာျဖစ္ပါတယ္။

အခုဆိုရင္လည္း အသက္(၂၃)ႏွစ္အ႐ြယ္ပဲရွိေသးတဲ့ ေမာင္ေဇယ်ာလင္း(ခ)ေဇယ်ာမ်ိဳးႏိုင္က မိသားစုရဲ႕စားဝတ္ေနေရးအတြက္ (၃၀.၃.၂၀၂၁)

မွာအလုပ္သြားလုပ္ရင္း က်ည္ထိမွန္ကာက်ဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ေမာင္ေဇယ်ာမ်ိဳးႏိုင္တို႔မိသားစုက

အေျခခံလူတန္းစားေတြျဖစ္တာေၾကာင့္ ဒီသားေလးအေပၚပဲမွီခိုေနၾကရတာ ျဖစ္ပါတယ္။

ေမာင္ေဇယ်ာမ်ိဳးႏိုင္က မိသားစုကို သူတတ္တဲ့ပညာေလးနဲ႔လုပ္ေကြၽးျပဳစုေနတဲ့ သားလိမၼာေလးတစ္ေယာက္ျဖစ္ပါတယ္။

အခုလိုမ်ိဳး မိသားစုအတြက္အားကိုးရတဲ့သားေလးက အသက္ေပးသြားရတာေၾကာင့္ က်န္ရစ္သူမိသားစုအေနနဲ႔လည္း အားကိုးစရာမရွိေတာ့တာ ျဖစ္ပါတယ္

ဖခင္ျဖစ္သူဆိုရင္လည္း က်ဆုံးသြားတဲ့သားေလးရဲ႕ဓာတ္ပုံကိုရင္ခြင္ထဲမွာ ပိုက္ထားၿပီး အရမ္းခံစားေနရတာျဖစ္ပါတယ္။

ျပည္သူေတြကလည္း သားေလးကိုအရမ္းခ်စ္တဲ့ဖခင္ရဲ႕ပုံရိပ္ေတြကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနၾကတာ ျဖစ္ပါတယ္။

အခုလိုျဖစ္ရပ္ေၾကာင့္ က်န္ရစ္သူမိသားစုရဲ႕ေရွ႕ေရးလည္း အခက္အခဲမ်ားစြာျဖစ္ေပၚလာႏိုင္လို႔ ျပည္သူလူထုကလည္း ဝိုင္းဝန္းၿပီးကူညီေဖးမေပးေနၾကတာျဖစ္ပါတယ္။

ေမာင္ေဇယ်ာမ်ိဳးႏိုင္ရဲ႕ သူငယ္ခ်င္းေတြကလည္းက်န္ရစ္သူမိသားစုအတြက္ ကူညီၿပီးအလႉခံေပးေနၾကတာျဖစ္ပါတယ္။

သားေလးရဲ႕အေလာင္းေဘးနားကေနမခြာဘဲ ဝမ္းနည္းခံစားေနရတဲ့ ဖခင္ျဖစ္သူရဲ႕ပုံရိပ္ေလးေတြကို ျပည္သူေတြက

စိတ္မေကာင္းျဖစ္စြာနဲ႔ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ Shareေနၾကလို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Unicode

ယခုဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် အသက်ဆုံးရှုံးသွားရတဲ့သူတွေထဲမှာ ပညာတတ်လူငယ်လေးတွေ၊

မိသားစုအတွက်ရုန်းကန်ပေးနေရတဲ့သူတွေ အများအပြားပါဝင်နေတာဖြစ်ပါတယ်။

အခုဆိုရင်လည်း အသက်(၂၃)နှစ်အရွယ်ပဲရှိသေးတဲ့ မောင်ဇေယျာလင်း(ခ)ဇေယျာမျိုးနိုင်က မိသားစုရဲ့စားဝတ်နေရေးအတွက် (၃၀.၃.၂၀၂၁)

မှာအလုပ်သွားလုပ်ရင်း ကျည်ထိမှန်ကာကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။မောင်ဇေယျာမျိုးနိုင်တို့မိသားစုက

အခြေခံလူတန်းစားတွေဖြစ်တာကြောင့် ဒီသားလေးအပေါ်ပဲမှီခိုနေကြရတာ ဖြစ်ပါတယ်။

မောင်ဇေယျာမျိုးနိုင်က မိသားစုကို သူတတ်တဲ့ပညာလေးနဲ့လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။

အခုလိုမျိုး မိသားစုအတွက်အားကိုးရတဲ့သားလေးက အသက်ပေးသွားရတာကြောင့် ကျန်ရစ်သူမိသားစုအနေနဲ့လည်း အားကိုးစရာမရှိတော့တာ ဖြစ်ပါတယ်

ဖခင်ဖြစ်သူဆိုရင်လည်း ကျဆုံးသွားတဲ့သားလေးရဲ့ဓာတ်ပုံကိုရင်ခွင်ထဲမှာ ပိုက်ထားပြီး အရမ်းခံစားနေရတာဖြစ်ပါတယ်။

ပြည်သူတွေကလည်း သားလေးကိုအရမ်းချစ်တဲ့ဖခင်ရဲ့ပုံရိပ်တွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

အခုလိုဖြစ်ရပ်ကြောင့် ကျန်ရစ်သူမိသားစုရဲ့ရှေ့ရေးလည်း အခက်အခဲများစွာဖြစ်ပေါ်လာနိုင်လို့ ပြည်သူလူထုကလည်း ဝိုင်းဝန်းပြီးကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

မောင်ဇေယျာမျိုးနိုင်ရဲ့ သူငယ်ချင်းတွေကလည်းကျန်ရစ်သူမိသားစုအတွက် ကူညီပြီးအလှူခံပေးနေကြတာဖြစ်ပါတယ်။

သားလေးရဲ့အလောင်းဘေးနားကနေမခွာဘဲ ဝမ်းနည်းခံစားနေရတဲ့ ဖခင်ဖြစ်သူရဲ့ပုံရိပ်လေးတွေကို ပြည်သူတွေက

စိတ်မကောင်းဖြစ်စွာနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ Shareနေကြလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။