ဘုရားကျောင်းဆောင်ကို အောက်ထပ်၌ ထားကောင်းပါသလား ဘုရားခန်းနှင့် အောက်ထပ်

Zawgyi

ဘုရားေက်ာင္းေဆာင္ကို ေအာက္ထပ္၌ ထားေကာင္းပါသလား

ဘုရားခန္းႏွင့္ ေအာက္ထပ္

ေမး = ေအာက္ထပ္ အိမ္ေထာင္စုမ်ား၌ ဘုရားခန္းထား၍ ကိုးကြယ္ရာ အေပၚထပ္ အိမ္ေထာင္စုတို႔၏

ေအာက္မွာျဖစ္ေနတတ္၍ ဘုရားခန္း၏ အေပၚ၌ သြားလာေနထိုင္သူမ်ားမွာ အျပစ္ရွိပါသလား။ သို႔မဟုတ္

ေအာက္ထပ္၌ သြားလာေနထိုင္သူမ်ားမွက အျပစ္ရွိပါသလား ေျဖၾကားေပးပါရန္ ေလွ်ာက္ထားအပ္ပါသည္ဘုရား။

ေဒၚတင္တင္၊ ရန္ကင္း။

{ ေရးသားေျဖဆိုသူ – ရေဝထြန္း

(ပါရမီစာေပမွ ထုတ္ေဝေသာ၊ ရေဝထြန္း၏ ဘာသာေရးျပႆနာမ်ား

အတြဲ ၁ မွ ၅ အထိ ေပါင္းခ်ဳပ္စာအုပ္မွ ျဖစ္ပါသည္။ }

ေျဖ = အထက္ထပ္၌ ေနသည္ ျဖစ္ေစ၊ ေအာက္ထပ္၌ ေနသည္ျဖစ္ေစ ဗုဒၶရွင္ေတာ္ျမတ္ဘုရား၌ ၾကည္ညိဳ ကိုးကြယ္ၾကေသာ

ဗုဒၶဘာသာ၀င္မ်ားပီပီ ဘုရားခန္းကို တခမ္းတနားထား၍ ကိုးကြယ္ၾကေသာ ဓမၼတာ ျဖစ္ရသည္။

ေအာက္ထပ္ျဖစ္၍ ဘုရားခန္း မထားသင့္၊ မကိုးကြယ္သင့္ဟူ၍ မျဖစ္သင့္ပါေခ်။ မိမိတို႔ ေနထိုင္ရာေနရာ၌ အထြတ္အျမတ္ဆုံးထား၍

ကိုးကြယ္ၾကရန္သာျဖစ္ပါသည္။ ဤသို႔ ေအာက္ထပ္၌ ဘုရားထား၍ ကိုးကြယ္ျခင္းေၾကာင့္ အထက္ထပ္၌

ေနထိုင္သူတို႔အတြက္လည္း မ႐ိုမေသျပဳမူသည္မမည္။ ပကတိေနၿမဲအတိုင္းေနပါ။ အျပစ္ျဖစ္စရာ အေၾကာင္းမရွိေပ။

သာဓက အေနျဖင့္ ဆိုရေသာ္ ဥတၱရာသတို႔သမီးသည္ မိမိခင္ပြန္းျဖစ္သူက ဗုဒၶရွင္ေတာ္ျမတ္အား

ကိုးကြယ္သူမဟုတ္၍ ခင္ပြန္းျဖစ္သူအား မိမိကိုယ္စား သီရိမာကို အထက္ထပ္၌ ျပဳစုလုပ္ေကြၽးေစခဲ့သည္။

မိမိက ေအာက္ထပ္သို႔ ဆင္းလာၿပီး ဘုရားအမႉးရွိေသာ သံဃာေတာ္တို႔အား ခုႏွစ္ရက္ပတ္လုံး ပင့္ဖိတ္၍ ဆြမ္းလုပ္ေကြၽးခဲ့ေလသည္။

ျမတ္စြာဘုရားကိုယ္ေတာ္တိုင္လည္း ဥတၱရာရွိရာ ျပသာဒ္ ေအာက္ထပ္၌ ႂကြေရာက္ခ်ီးျမႇင့္ခဲ့ပါသည္။

ထို႔ေၾကာင့္ အိမ္ေအာက္ထပ္၌ ေနထိုင္ေသာ္လည္း ဘုရားခန္း ထား၍ ကိုးကြယ္သင့္သည္သာ ျဖစ္ပါ၏။ ဘုရားခန္းသို႔

အမႈအမႈိက္မ်ား မက်ေရာက္ႏိုင္ရန္ အ၀တ္မ်က္ႏွာၾကက္ စသည္ လွလွပပ ျပဳလုပ္ပူေဇာ္ထားၾကရန္ကား လိုေပလိမ့္မည္။

ရေဝထြန္း

photo – credit

Unicode

ဘုရားကျောင်းဆောင်ကို အောက်ထပ်၌ ထားကောင်းပါသလား

ဘုရားခန်းနှင့် အောက်ထပ်

မေး = အောက်ထပ် အိမ်ထောင်စုများ၌ ဘုရားခန်းထား၍ ကိုးကွယ်ရာ အပေါ်ထပ် အိမ်ထောင်စုတို့၏

အောက်မှာဖြစ်နေတတ်၍ ဘုရားခန်း၏ အပေါ်၌ သွားလာနေထိုင်သူများမှာ အပြစ်ရှိပါသလား။ သို့မဟုတ်

အောက်ထပ်၌ သွားလာနေထိုင်သူများမှက အပြစ်ရှိပါသလား ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

ဒေါ်တင်တင်၊ ရန်ကင်း။

{ ရေးသားဖြေဆိုသူ – ရဝေထွန်း

(ပါရမီစာပေမှ ထုတ်ဝေသော၊ ရဝေထွန်း၏ ဘာသာရေးပြဿနာများ

အတွဲ ၁ မှ ၅ အထိ ပေါင်းချုပ်စာအုပ်မှ ဖြစ်ပါသည်။ }

ဖြေ = အထက်ထပ်၌ နေသည် ဖြစ်စေ၊ အောက်ထပ်၌ နေသည်ဖြစ်စေ ဗုဒ္ဓရှင်တော်မြတ်ဘုရား၌ ကြည်ညို ကိုးကွယ်ကြသော

ဗုဒ္ဓဘာသာ၀င်များပီပီ ဘုရားခန်းကို တခမ်းတနားထား၍ ကိုးကွယ်ကြသော ဓမ္မတာ ဖြစ်ရသည်။

အောက်ထပ်ဖြစ်၍ ဘုရားခန်း မထားသင့်၊ မကိုးကွယ်သင့်ဟူ၍ မဖြစ်သင့်ပါချေ။ မိမိတို့ နေထိုင်ရာနေရာ၌ အထွတ်အမြတ်ဆုံးထား၍

ကိုးကွယ်ကြရန်သာဖြစ်ပါသည်။ ဤသို့ အောက်ထပ်၌ ဘုရားထား၍ ကိုးကွယ်ခြင်းကြောင့် အထက်ထပ်၌

နေထိုင်သူတို့အတွက်လည်း မရိုမသေပြုမူသည်မမည်။ ပကတိနေမြဲအတိုင်းနေပါ။ အပြစ်ဖြစ်စရာ အကြောင်းမရှိပေ။

သာဓက အနေဖြင့် ဆိုရသော် ဥတ္တရာသတို့သမီးသည် မိမိခင်ပွန်းဖြစ်သူက ဗုဒ္ဓရှင်တော်မြတ်အား

ကိုးကွယ်သူမဟုတ်၍ ခင်ပွန်းဖြစ်သူအား မိမိကိုယ်စား သီရိမာကို အထက်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည်။

မိမိက အောက်ထပ်သို့ ဆင်းလာပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနှစ်ရက်ပတ်လုံး ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးခဲ့လေသည်။

မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ဥတ္တရာရှိရာ ပြသာဒ် အောက်ထပ်၌ ကြွရောက်ချီးမြှင့်ခဲ့ပါသည်။

ထို့ကြောင့် အိမ်အောက်ထပ်၌ နေထိုင်သော်လည်း ဘုရားခန်း ထား၍ ကိုးကွယ်သင့်သည်သာ ဖြစ်ပါ၏။ ဘုရားခန်းသို့

အမှုအမှိုက်များ မကျရောက်နိုင်ရန် အ၀တ်မျက်နှာကြက် စသည် လှလှပပ ပြုလုပ်ပူဇော်ထားကြရန်ကား လိုပေလိမ့်မည်။

ရဝေထွန်း

photo – credit