Zawgyi

မႏၲေလးတိုင္းေဒသႀကီး၊ မိတၱီလာၿမိဳ႕နယ္၊ ကြၽဲတလင္းအုပ္စုမယ္ဇလီပင္ေက်း႐ြာရွိ အေျခခံမူလတန္းေက်ာင္းဝန္းအတြင္း

လူတစ္စုဝင္ေရာက္လာၿပီးဆရာ/ဆရာမမ်ား၏ ရပ္နားထားေသာဆိုင္ကယ္မ်ားႏွင့္ေက်ာင္းေဆာင္သစ္မွန္တံခါးမ်ားအား

ခဲႏွင့္ပစ္ေပါက္ဖ်က္ဆီးခံရေၾကာင္းစုံစမ္း သိရသည္။ ေမ(၆)ရက္၊ နံနက္(၉)နာရီခန႔္ မိတၱီလာၿမိဳ႕နယ္ကြၽဲတလင္းေက်း႐ြာအုပ္စု၊

မယ္ဇလီပင္႐ြာအမက(၃၀)ေက်ာင္းေဆာင္တြင္အုပ္စုတြင္းရွိ မူလတန္းေက်ာင္းမ်ားမွ ေက်ာင္းအုပ္ဆရာ/ဆရာမမ်ား

အစည္းအေဝးျပဳ လုပ္ေနစဥ္ နံနက္(၁၀:၄၅)ခန႔္တြင္ ေက်ာင္းအေနာက္ဘက္ကြန္ကရစ္လမ္းသို႔ လူတစ္စုေရာက္ရွိလာၿပီး

ေအာ္ဟစ္ေနခဲ့ေၾကာင္း သိရသည္။ ယင္းေနာက္ ေနာက္ထပ္ဆိုင္ကယ္မ်ားႏွင့္လူမ်ား ထပ္မံေရာက္ရွိလာကာ

ေက်ာင္းအေနာက္ဘက္တံခါးမွ ေက်ာင္းတြင္းဝင္ေရာက္လာၿပီး ေက်ာင္းေဆာင္သစ္မွန္တံခါးမ်ားအား ခဲႏွင့္ပစ္ေပါက္ဖ်က္ဆီး၍

ကႏၲာရပင္အရိပ္ေအာက္တြင္ ရပ္နားထားေသာဆိုင္ကယ္(၃)စီးကို မီးရႈိ႕ဖ်က္ဆီးကာ ျပန္လည္ထြက္ခြာသြားၾကေၾကာင္း သိရသည္။

“ကြၽဲတလင္းအုပ္စုအတြင္းမွာရွိတဲ့ မူလတန္းေက်ာင္း(၁၁)ေက်ာင္းက ေက်ာင္းအုပ္ဆရာ/ဆရာမေတြ ေက်ာင္းဖြင့္လွစ္ေရးကိစၥအတြက္

အစည္းအေဝးျပဳလုပ္ေနတာပါ။ ေက်ာင္းအဝင္တံခါးမႀကီးက ေသာ့ခတ္ပိတ္ထားပါတယ္။ အစည္းအေဝးျပဳလုပ္ေနခ်ိန္

ေက်ာင္းရဲ႕အေနာက္ဘက္ ကြန္ကရစ္လမ္းနီးက တံခါးကေန လူတစ္စုဝင္ေရာက္လာၿပီး ဆရာ/ဆရာမေတြကိုေအာ္ဟစ္ေျပာဆိုတဲ့အျပင္

ေက်ာင္းေဆာင္မွန္တံခါးေတြကိုခဲနဲ႔ပစ္ခြဲၿပီး ကႏၲာရပင္ အရိပ္ေအာက္မွာရပ္ထားတဲ့ေက်ာင္းအုပ္ဆရာႀကီး(၂)ဦးနဲ႔

ဆရာမႀကီး(၁)ဦးရဲ႕ဆိုင္ကယ္(၃)စီးကိုမီးရႈိ႕ဖ်က္ဆီးၿပီးျပန္ထြက္သြားၾကပါတယ္။ လူေတြကိုေတာ့အႏၲရယ္ျပဳမသြားၾကပါဘူး”

ဟုေဒသခံေက်ာင္းအက်ိဳးေဆာင္တစ္ဦးမွေျပာသည္။

Crd;AKonThi

Unicode

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ ကျွဲတလင်းအုပ်စုမယ်ဇလီပင်ကျေးရွာရှိ အခြေခံမူလတန်းကျောင်းဝန်းအတွင်း

လူတစ်စုဝင်ရောက်လာပြီးဆရာ/ဆရာမများ၏ ရပ်နားထားသောဆိုင်ကယ်များနှင့်ကျောင်းဆောင်သစ်မှန်တံခါးများအား

ခဲနှင့်ပစ်ပေါက်ဖျက်ဆီးခံရကြောင်းစုံစမ်း သိရသည်။ မေ(၆)ရက်၊ နံနက်(၉)နာရီခန့် မိတ္တီလာမြို့နယ်ကျွဲတလင်းကျေးရွာအုပ်စု၊

မယ်ဇလီပင်ရွာအမက(၃၀)ကျောင်းဆောင်တွင်အုပ်စုတွင်းရှိ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများ

အစည်းအဝေးပြု လုပ်နေစဉ် နံနက်(၁၀:၄၅)ခန့်တွင် ကျောင်းအနောက်ဘက်ကွန်ကရစ်လမ်းသို့ လူတစ်စုရောက်ရှိလာပြီး

အော်ဟစ်နေခဲ့ကြောင်း သိရသည်။ ယင်းနောက် နောက်ထပ်ဆိုင်ကယ်များနှင့်လူများ ထပ်မံရောက်ရှိလာကာ

ကျောင်းအနောက်ဘက်တံခါးမှ ကျောင်းတွင်းဝင်ရောက်လာပြီး ကျောင်းဆောင်သစ်မှန်တံခါးများအား ခဲနှင့်ပစ်ပေါက်ဖျက်ဆီး၍

ကန္တာရပင်အရိပ်အောက်တွင် ရပ်နားထားသောဆိုင်ကယ်(၃)စီးကို မီးရှို့ဖျက်ဆီးကာ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

“ကျွဲတလင်းအုပ်စုအတွင်းမှာရှိတဲ့ မူလတန်းကျောင်း(၁၁)ကျောင်းက ကျောင်းအုပ်ဆရာ/ဆရာမတွေ ကျောင်းဖွင့်လှစ်ရေးကိစ္စအတွက်

အစည်းအဝေးပြုလုပ်နေတာပါ။ ကျောင်းအဝင်တံခါးမကြီးက သော့ခတ်ပိတ်ထားပါတယ်။ အစည်းအဝေးပြုလုပ်နေချိန်

ကျောင်းရဲ့အနောက်ဘက် ကွန်ကရစ်လမ်းနီးက တံခါးကနေ လူတစ်စုဝင်ရောက်လာပြီး ဆရာ/ဆရာမတွေကိုအော်ဟစ်ပြောဆိုတဲ့အပြင်

ကျောင်းဆောင်မှန်တံခါးတွေကိုခဲနဲ့ပစ်ခွဲပြီး ကန္တာရပင် အရိပ်အောက်မှာရပ်ထားတဲ့ကျောင်းအုပ်ဆရာကြီး(၂)ဦးနဲ့

ဆရာမကြီး(၁)ဦးရဲ့ဆိုင်ကယ်(၃)စီးကိုမီးရှို့ဖျက်ဆီးပြီးပြန်ထွက်သွားကြပါတယ်။ လူတွေကိုတော့အန္တရယ်ပြုမသွားကြပါဘူး”

ဟုဒေသခံကျောင်းအကျိုးဆောင်တစ်ဦးမှပြောသည်။

Crd;AKonThi