Zawgyi

ဒီလိုကာလႀကီးမွာ လူတိုင္းနီးပါး စီးပြါးေရးခက္ခဲေနၾကတာေၾကာင့္ သာမန္လက္လုပ္လက္စားျပည္သူေတြဆိုရင္

ပိုၿပီးေတာ့ေတာင္ ခက္ခဲၾကပါတယ္။အသက္အ႐ြယ္ႀကီးရင့္ေနၿပီျဖစ္တဲ့ အဘိုး၊အဘြားတခ်ိဳ႕ကလည္း လက္ရွိအေျခအေနမွာေတာင္

လမ္းမေပၚထြက္ၿပီး စားဝတ္ေနေရးအတြက္ ခြန္အားရွိသေလာက္ လုပ္ကိုင္စားေသာက္ေနရတာျဖစ္ပါတယ္။ျပည္သူေတြကေတာ့

လမ္းေပၚမွာ ေစ်းေရာင္းေနၾကတဲ့ အဘိုး၊အဘြားေတြကို ေတြ႕တဲ့အခါတတ္ႏိုင္သေလာက္လႉဒါန္းၾကကာ လူအမ်ားအျပားသိၿပီး

ကူညီႏိုင္ေအာင္လို႔လည္း လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ႏႈိးေဆာ္ၾကတာျဖစ္ပါတယ္။ အခုဆိုရင္လည္း အသက္(၇၅)ႏွစ္ရွိေနၿပီျဖစ္တဲ့

အဘိုးတစ္ဦးက သူ႔ရဲ႕မုတ္က်ေရာဂါကို ကုသခ်င္လို႔ဆိုၿပီး မနက္ကတည္းက လမ္းေပၚထြက္ကာ ညေနေစာင္းအထိ

အလႉခံေနတာျဖစ္ပါတယ္။ျပည္သူတစ္ဦးကေတာ့ ေနပူက်ဲတဲထဲမွာ ကတၱရာလမ္းေပၚထိုင္ေနတဲ့ အဘိုးကိုေတြ႕ျမင္ၿပီး

အေျခအေနကိုသြားေမးၾကည့္ေပမယ့္ အဘိုးကစကားျပန္မေျပာႏိုင္လို႔ စာေရးၿပီးေျပာျပခဲ့တာ ျဖစ္ပါတယ္။အဘိုးကေတာ့

သူ႔မွာအိမ္လည္းမရွိတာေၾကာင့္ သူမ်ားအိမ္မွာကပ္ေနရၿပီး မတ္တပ္ေတာင္ေကာင္းေကာင္းမရပ္ႏိုင္ရွာတာျဖစ္ပါတယ္။

အဘိုးကိုယ္တိုင္ အလႉခံလို႔ရလာတဲ့ ပိုက္ဆံ(၄)ေသာင္းေက်ာ္ကိုလည္း လူႏွစ္ေယာက္ကလုယူသြားေသးတာျဖစ္ပါတယ္။

ေစတနာရွင္ျပည္သူတစ္ဦးကေတာ့ အဘိုးရဲ႕ေရာဂါေတြကို ခြဲစိတ္ကုသေပးဖို႔အတြက္ အြန္လိုင္းေပၚမွာ ကူညီၿပီးအလႉခံေပးခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ အဘိုးရဲ႕မုတ္က်ေရာဂါနဲ႔ မ်က္စိခြဲစိတ္ကုသဖို႔အတြက္ အလႉေငြက ျပည့္သြားခဲ့ၿပီျဖစ္ပါတယ္။ေနာက္ထပ္လည္း

အိမ္ယာမဲ့ေနတဲ့ အဘိုးကိုကူညီခ်င္တယ္ဆိုရင္ေတာ့ ပဲခူးၿမိဳ႕၊ျမသာေလ်ာင္းနား ဘိုးဘိုးႀကီးဦးေအာင္သန္းလို႔ ေမးျမန္းၿပီး

သြားေရာက္လႉဒါန္းလို႔ရေၾကာင္းကို ျပန္လည္ႏႈိးေဆာ္ေပးလိုက္ပါတယ္။

Credit: Original Uploder

Unicode

ဒီလိုကာလကြီးမှာ လူတိုင်းနီးပါး စီးပွါးရေးခက်ခဲနေကြတာကြောင့် သာမန်လက်လုပ်လက်စားပြည်သူတွေဆိုရင်

ပိုပြီးတော့တောင် ခက်ခဲကြပါတယ်။အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဘိုး၊အဘွားတချို့ကလည်း လက်ရှိအခြေအနေမှာတောင်

လမ်းမပေါ်ထွက်ပြီး စားဝတ်နေရေးအတွက် ခွန်အားရှိသလောက် လုပ်ကိုင်စားသောက်နေရတာဖြစ်ပါတယ်။ပြည်သူတွေကတော့

လမ်းပေါ်မှာ စျေးရောင်းနေကြတဲ့ အဘိုး၊အဘွားတွေကို တွေ့တဲ့အခါတတ်နိုင်သလောက်လှူဒါန်းကြကာ လူအများအပြားသိပြီး

ကူညီနိုင်အောင်လို့လည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နှိုးဆော်ကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း အသက်(၇၅)နှစ်ရှိနေပြီဖြစ်တဲ့

အဘိုးတစ်ဦးက သူ့ရဲ့မုတ်ကျရောဂါကို ကုသချင်လို့ဆိုပြီး မနက်ကတည်းက လမ်းပေါ်ထွက်ကာ ညနေစောင်းအထိ

အလှူခံနေတာဖြစ်ပါတယ်။ပြည်သူတစ်ဦးကတော့ နေပူကျဲတဲထဲမှာ ကတ္တရာလမ်းပေါ်ထိုင်နေတဲ့ အဘိုးကိုတွေ့မြင်ပြီး

အခြေအနေကိုသွားမေးကြည့်ပေမယ့် အဘိုးကစကားပြန်မပြောနိုင်လို့ စာရေးပြီးပြောပြခဲ့တာ ဖြစ်ပါတယ်။အဘိုးကတော့

သူ့မှာအိမ်လည်းမရှိတာကြောင့် သူများအိမ်မှာကပ်နေရပြီး မတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်ရှာတာဖြစ်ပါတယ်။

အဘိုးကိုယ်တိုင် အလှူခံလို့ရလာတဲ့ ပိုက်ဆံ(၄)သောင်းကျော်ကိုလည်း လူနှစ်ယောက်ကလုယူသွားသေးတာဖြစ်ပါတယ်။

စေတနာရှင်ပြည်သူတစ်ဦးကတော့ အဘိုးရဲ့ရောဂါတွေကို ခွဲစိတ်ကုသပေးဖို့အတွက် အွန်လိုင်းပေါ်မှာ ကူညီပြီးအလှူခံပေးခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် အဘိုးရဲ့မုတ်ကျရောဂါနဲ့ မျက်စိခွဲစိတ်ကုသဖို့အတွက် အလှူငွေက ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။နောက်ထပ်လည်း

အိမ်ယာမဲ့နေတဲ့ အဘိုးကိုကူညီချင်တယ်ဆိုရင်တော့ ပဲခူးမြို့၊မြသာလျောင်းနား ဘိုးဘိုးကြီးဦးအောင်သန်းလို့ မေးမြန်းပြီး

သွားရောက်လှူဒါန်းလို့ရကြောင်းကို ပြန်လည်နှိုးဆော်ပေးလိုက်ပါတယ်။

Credit: Original Uploder