Zawgyi

လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္မိဘေတြကို ေအာက္ကစကားဆယ္ခြန္းထဲက တစ္ခြန္း ဒါမွမဟုတ္ တစ္ခြန္းထက္ပိုေျပာခဲ့ဖူးၾကမယ္

ထင္ပါတယ္။သားသမီးျဖစ္တဲ့ ကြၽန္ေတာ္တို႔က မိဘေတြကို ဒီစကားေတြကိုထပ္မေျပာေတာ့ဘဲ နားလည္ေပးၾကရေအာင္..

လူ႔ဘဝက တိုေတာင္းလြန္းပါတယ္။ ကိုယ့္နံေဘးက ေဆြမ်ိဳးသားခ်င္း၊ ခ်စ္သူခင္သူ၊ သူငယ္ခ်င္းေတြကို တန္ဖိုးထားသင့္ပါတယ္။

ဆုံးရႈံးသြားမွ သူတို႔က သင့္ဘဝမွာ ဘယ္ေလာက္အေရးပါေၾကာင္း သိတာမ်ိဳးမျဖစ္ပါေစနဲ႔။

မိဘေတြကို ႐ိုေသေလးစားပါ။ သင္ဘာအမွားပဲလုပ္လုပ္ သူတို႔က သင့္ကိုခြင့္လႊတ္ဖို႔ အသင့္ရွိေနပါတယ္။

မိဘရဲ႕ရင္ခြင္ဟာ သင့္အတြက္ ေလၿငိမ္ရာအရပ္ထာဝရနားခိုရာဆိပ္ ကမ္းျဖစ္ပါတယ္။

(၁) အင္းပါ အင္းပါ သိၿပီ အရမ္းရႈပ္တာပဲ

(၂) ကိစၥရွိေသးလား မရွိရင္ ဖုန္းခ်ေတာ့မယ္

(မိဘေတြဖုန္းဆက္တာ စကားေျပာခ်င္႐ုံသက္သက္ျဖစ္လိမ့္မယ္။

သူတို႔ရဲ႕ရည္႐ြယ္ခ်က္ကို ကြၽန္ေတာ္တို႔ နားလည္ေပးသင့္ပါတယ္။ ဖုန္းကိုခ်ဖို႔ပဲ မေလာပါနဲ႔)

(၃) ေျပာရင္လည္း နားလည္မွာမဟုတ္ပါဘူး။ မေမးပါနဲ႔ေတာ့

(၄) မလုပ္ပါနဲ႔လို႔ အထပ္ထပ္ေျပာထားရက္သားနဲ႔ လုပ္ထားတာေတြကလည္း မေကာင္းဘူး။

(သူတို႔အင္အားနဲ႔မမွ်တဲ့ အလုပ္ကိုလုပ္တဲ့အခါ ကြၽန္ေတာ္တို႔က ဂ႐ုတစိုက္နဲ႔ သူတို႔ကိုမလုပ္ဖို႔တားတယ္။

ဒါေပမဲ့ ဒါဟာ သူတို႔အသုံးမဝင္ေတာ့ေၾကာင္း သူတို႔ကိုခံစားေစပါတယ္)

(၅) ဟာ ေဖေဖ၊ ေမေမတို႔နည္းက ေခတ္တုံးေနၿပီ။

(မိဘေတြရဲ႕အႀကံဉာဏ္က ကြၽန္ေတာ္တို႔အတြက္ အသုံးတည့္ခ်င္မွ တည့္လိမ့္မယ္။

ဒါေပမဲ့ ဒီထက္နားေထာင္လို႔ေကာင္းတဲ့စကားကို ကြၽန္ေတာ္တို႔ေျပာသင့္ပါတယ္)

(၆) သားအခန္းကို မရွင္းပါနဲ႔လို႔ ေျပာထားရက္နဲ႔ အခုေတာ့ၾကည့္ ပစၥည္းေတြရွာမေတြ႕ေတာ့ဘူး။

(ကိုယ့္အခန္းကို ကိုယ္တိုင္ရွင္းတာက ေကာင္းပါတယ္။ မရွင္းခ်င္ရင္ သူတို႔ရဲ႕ေစတနာကိုေတာ့ မေစာ္ကားပါနဲ႔)

(၇) သားဘာစားမယ္ဆိုတာ သားသိတယ္။ ဟင္းေတြ ထည့္ထည့္မေပးနဲ႔ေတာ့

(ကြၽန္ေတာ္တို႔အျပန္ကို ေစာင့္ေမွ်ာ္ေနၾကတဲ့ မိဘေတြက သူတို႔ရဲ႕ေမတၱာ၊ သူတို႔ရဲ႕ဂ႐ုစိုက္မႈေတြကို

ကြၽန္ေတာ္တို႔အတြက္ အထူးစီမံထားတဲ့ထမင္းဟင္းေတြထဲ ထည့္ခ်က္ထားၾကတယ္။

ဒါကို ကြၽန္ေတာ္တို႔က ဆိတ္ဆိတ္ၿငိမ္ၿငိမ္နဲ႔ လက္ခံလိုက္႐ုံပါပဲ)

(၈) ဒီဟင္းက်န္ေတြကို မစားပါနဲ႔လို႔ မွာထားရက္နဲ႔ စကားကိုနားမေထာင္ဘူး

(သူတို႔ရဲ႕ တစ္သက္ေခြၽတာလာတဲ့အက်င့္ေတြ ေျပာင္းလဲရခက္ပါတယ္။

ဟင္းခ်က္ရင္ တစ္နပ္စာခ်က္ဖို႔ အႀကံေပးတာက ပိုေကာင္းပါတယ္)

(၉) သား ကိုယ့္ဘာသာကိုယ္ ခ်င့္ခ်ိန္ၿပီး လုပ္တတ္တယ္။ တဗ်စ္ေတာက္ေတာက္ မေျပာနဲ႔ နားကိုၿငီးတယ္။

(၁ဝ) ဒီပစၥည္းေတြ မယူေတာ့ပါဘူးဆို ဘာျဖစ္လို႔ ဒီမွာပုံထားရေသးတာလဲ

(မိဘေတြက ကြၽန္ေတာ္တို႔နဲ႔အတူႀကီးျပင္းလာခဲ့တဲ့ အရာေတြကို သိမ္းထားခ်င္တတ္ၾကတယ္။

သူတို႔သိမ္းထားတာေတြ တစ္အိမ္လုံးျပည့္ေနပါေစ။ ေနာင္တခ်ိန္မွာ ကြၽန္ေတာ္တို႔ကေလးဘဝက ဝတ္ခဲ့တဲ့အဝတ္အစားေတြကို

ကြၽန္ေတာ္တို႔ေတြ႕မိတဲ့အခါ ကြၽန္ေတာ္တို႔ဝမ္းသာၾကည္ႏူးၾကဦးမယ္ မဟုတ္ပါလား )

ဦးျမင့္ေအး

Unicode

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ်

ထင်ပါတယ်။သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်..

လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။

ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။

မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။

မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ်ထာဝရနားခိုရာဆိပ် ကမ်းဖြစ်ပါတယ်။

(၁) အင်းပါ အင်းပါ သိပြီ အရမ်းရှုပ်တာပဲ

(၂) ကိစ္စရှိသေးလား မရှိရင် ဖုန်းချတော့မယ်

(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။

သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့ လုပ်ထားတာတွေကလည်း မကောင်းဘူး။

(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။

ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

(၅) ဟာ ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။

(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။

ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။

(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့

(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို

ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။

ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး

(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။

ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ

(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။

သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ။ နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို

ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား )

ဦးမြင့်အေး