Zawgyi
မွေးလတွေကပြောပြပေးမယ့် ပျိုမေတို့ရဲ့အချစ်အပေါ်ထားရှိတဲ့ခံယူချက်များေ မွးလတွေကပြောပြပေးမယ့် ပျိုမေတို့ရဲ့
(၁) ဇန်နဝါရီလ”
(၂) ဖေဖော်ဝါရီလ”
(၃) မတ်လ”
(၄) ဧပြီ”
(၅) မေ”
(၆) ဇွန်”
(၇) ဇူလိုင်”
(၈) သြဂုတ်”
(၉) စက်တင်ဘာ”
(၁၀) အောက်တိုဘာ”
(၁၁) နိုဝင်ဘာ”
(၁၂) ဒီဇင်ဘာလ”
Unicode
မွေးလတွေကပြောပြပေးမယ့် ပျိုမေတို့ရဲ့အချစ်အပေါ်ထားရှိတဲ့ခံယူချက်များ မွေးလတွေကပြောပြပေးမယ့် ပျိုမေတို့ရဲ့အချစ်အပေါ်ထားရှိတဲ့
ခံယူချက်လေးတွေကို တစ်ချက်ချင်း ဖော်ပြပေးထားပါတယ်။ ဖတ်ကြည့်လိုက်တော့နော် …
(၁) ဇန်နဝါရီလ”
ဇန်နဝါရီလမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ ရည်မှန်းချက်ကြီးတဲ့အပြင် တည်ကြည်လေးနက်ပြီး ရှေးရိုးဆန်တတ်ကြပါတယ်။
ဒါပေမယ့် တစ်ခုခုဆိုရင် ဝေဖန်တတ်တဲ့ အကျင့်လေးတော့ ရှိကြပါတယ် …
သူတို့တွေဟာ ဒေါသထွက်ခဲပေမယ့် ဒေါသထွက်လာရင်တော့ သင်ဟာသူတို့ဘေးနားမှာ မနေတာ အကောင်းဆုံးပါပဲ။
ဖြစ်ပျက်သမျှ ခံစားချက်တွေကို ရင်ထဲမှာပဲထားတတ်တဲ့အတွက် သူတို့ဘက်က ခံစားချက်တွေ ထုတ်ပြမယ့်နေ့ကိုတော့ မျှော်လင့်မနေပါနဲ့
ဥပမာပြောရမယ်ဆိုရင် သူတို့တွေဟာ ချစ်မိပြီဆိုရင်တောင် တစ်ဖက်လူကို သူတို့ရဲ့ခံစားချက်တွေ ထုတ်မပြတတ်ပဲ
စိတ်ထဲမှာပဲ ချစ်နေတတ်တာမျိုးပါ။ လူတစ်ယောက်ကို ချစ်တဲ့နေရာမှာလည်း သူတို့နဲ့စိတ်တူကိုယ်တူဖြစ်တဲ့သူမျိုးကိုပဲ ရွေးချယ်ပြီး ချစ်တတ်လေ့ရှိပါတယ်
(၂) ဖေဖော်ဝါရီလ”
ဖေဖော်ဝါရီလမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ ရှုပ်ထွေးတဲ့စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားတဲ့အတွက် သူတို့ကို
တစ်ချို့လူတွေက နားမလည်နိုင်ကြပါဘူး။ ပြောရမယ်ဆိုရင် သူတို့ဘာဖြစ်ချင်နေမှန်း၊ ဘာလိုချင်နေမှန်း
တစ်ဖက်လူကနားမလည်ဘူးပေါ့။ ဒါ့အပြင် စိတ်အပြောင်းအလဲမြန်တတ်တဲ့အတွက် သူတို့အပေါ် စိတ်ရှည်ဖို့ လိုပါတယ် …
သူတို့တွေမှာ ချစ်တတ်တဲ့စိတ်နှလုံးသား အပြည့်အဝရှိတာကြောင့် သူတို့ချစ်တဲ့သူအတွက်ဆို ဘာမဆိုဖြည့်ဆည်းပေးတတ်ကြပါတယ်။
ဒါပေမယ့်လည်း သူတို့ကို သစ္စာဖောက်ရင်တော့ အဲဒီလူကို သေတဲ့အထိ ဘယ်တော့မှ နောက်ပြန်လှည့်ကြည့်လေ့မရှိပါဘူးနော် …
(၃) မတ်လ”
မတ်လမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ သင့်ဘက်က သူတို့ကို ဝမ်းနည်းအောင် မလုပ်မိခင်အထိ ဘယ်အရာကိုမဆို
စိတ်ထဲမထားပဲ အလျော့ပေး ဆက်ဆံလေ့ရှိပါတယ် … သူတို့တွေဟာ အရမ်းချစ်တတ်တဲ့သူမျိုးတွေဆိုပေမယ့်
သူတို့ကိုစိတ်နာအောင်လုပ်ရင်တော့ ဘယ်လောက်ပဲချစ်နေပါစေ နောက်ပြန်လှည့်မကြည့်ပဲ အလွယ်တစ်ကူ
အဆုံးသတ်နိုင်တဲ့စိတ်မျိုးတော့ ရှိပါတယ် … ပြောရမယ်ဆိုရင် ဘယ်လောက်ချစ်ချစ် စိတ်နာအောင်လုပ်ရင်
ဘာအရာကိုမှထောက်ထားမနေပဲ ထားခဲ့တတ်တာမျိုးပေါ့။ တကယ် နားလည်ပေးပြီး တန်ဖိုးထား တတ်တဲ့ယောကျာ်းမျိုးကသာ
သူတို့က အရမ်းချစ်တတ်တဲ့ သူမျိုးတွေဆိုတာကို သိနိုင်တာပါ .. ယောကျာ်းတွေရဲ့ လှည့်ကွက်တွေအောက်မှာ
ကျရှုံးသွားတဲ့အပြင် အလွယ်တစ်ကူ မချစတ်တ်ကြပါဘူး။ မတ်လဖွားတွေနဲ့ ချစ်မိတဲ့လူတွေဟာ တကယ်ကို စိတ်ဖိစီးတတ်ရပါတယ်
(၄) ဧပြီ”
ဧပြီလမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ကြပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့
မကောင်းတဲ့အကျင့်လေးကတော့ မနာလို သဝန်တိုတတ်တာလေးပါ … သင်ဟာ သူတို့နဲ့ ချစ်သူဖြစ်ပြီဆိုရင်
ဒါလေးကိုသည်းခံမှ ရပါမယ်။ ဒါပေမယ့် သူတို့ဆီက ယုံကြည်မှုရသွားပြီဆိုရင် သူတို့က သင့်ကို ကမ္ဘာပေါ်မှာ
အပျော်ဆုံးလူသားတစ်ယောက်လို့ ခံစားသွားရလောက်တဲ့အထိ ပျော်ရွှင်အောင် လုပ်ပေးတတ်ကြပါတယ်။
ဘာလို့လဲဆိုတော့ သူတို့တွေဟာ သူတို့ယုံကြည်တဲ့သူတွေကိုပဲ သူတို့ရဲ့စိတ်တွေကို ဖွင့်ဟပေးတတ်ကြလို့ပါပဲ …
(၅) မေ”
မေလမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချတတ်ပြီး ဆုံးဖြတ်ပြီးရင်လည်း သူတို့ဆုံးဖြတ်ချက်တွေကို
တစ်လွဲမသွေ လုပ်ဆောင်တတ်တဲ့ သူတွေပါ … သူတို့တွေရဲ့တစ်မူထူးခြားတဲ့ ဆွဲဆောင်ချက်တွေက တစ်ဖက်လူကို
တစ်မျိုးလေး ဆွဲဆောင်နေတတ်ပါတယ်။ ဒါကြောင့် မေလဖွားတွေနဲ့ ချစ်မိသူတွေဟာ သူတို့ကို ဘယ်တော့မှ မမေ့နိုင်ကြပါဘူး …
(၆) ဇွန်”
ဇွန်လမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ စပ်စုတတ်တဲ့အကျင့်လေးရှိပေမယ့် တစ်ခုခုဆိုရင်သူမတူအောင် ဖန်တီးနိုင်စွမ်းတွေရှိတတ်ကြပါတယ်။
သူတို့ရဲ့မကောင်းတဲ့အကျင့်လေးကတော့ စကားကိုလက်လွှတ်စပယ် ပြောတတ်တဲ့အတွက် တစ်ဖက်လူရဲ့ ခံစားချက်တွေကို
ထိခိုက်တတ်ပါတယ် … ဒါပေမယ့် အမှန်တစ်ရားကိုသာ မျက်နိုးတတ်တဲ့သူမျိုးတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ အချစ်ရေးမှာ
ကြောက်စရာကောင်းလောက်အောင် လှည့်စားတတ်တဲ့အတွက် ယောကျာ်းအများစုဟာ သူတို့လက်ထဲမှာ ကျဆုံးရတတ်ကြပါတယ် …
(၇) ဇူလိုင်”
ဇူလိုင်လမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ သိုသိုသိပ်သိပ်နေထိုင်ပြောဆိုတတ်ကြပြီး ရိုးသားတဲ့သူတွေ ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ဘယ်လောက်တော်ကြောင်း ဘယ်လောက်လှကြောင်းကိုလည်း တစ်ဖက်လူကို ကြွားဝါလေ့မရှိပါဘူး …
သူတို့ကို တော်ရုံတန်ရုံလူမျိုးက ချဉ်းကပ်လို့မရပါဘူး။ လူတိုင်းကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံတတ်တဲ့ သူတို့တွေရဲ့အတိတ်မှာ
နာကြဉ်းစရာအဖြစ်အပျက်တွေ ရှိခဲ့ဖူးပါတယ်။ သူတို့ကို သင်ဟာ လိမ်လည်လှည့်ဖျားမယ်ဆိုရင်တော့ ထာဝရသူတို့ကို ဆုံးရှုံးသွားပါလိမ့်မယ် …
(၈) သြဂုတ်”
သြဂုတ်လမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ နူးညံ့တဲ့စိတ်နှလုံးသားရှိတတ်ကြပါတယ်။ သူတို့က ရှုပ်ထွေးတဲ့ကိစ္စရပ်တွေကို
အလွယ်တစ်ကူဖြေရှင်းတတ်တဲ့အတွက် သူတို့နဲ့ပြိုင်ပြီး အငြင်းမပွားဖို့ အကြံပေးချင်ပါတယ်နော် … ပြောရမယ်ဆိုရင်
သင်ဟာ သူတို့ကိုတစ်ပတ်ရိုက်တဲ့ အကွက်တွေလုပ်ရင်တောင် သူတို့က သိနေတာမျိုးပါ။ ဟာသဉာဏ်အပြည့်အဝရှိတဲ့
သူတို့တွေဟာ သူတစ်ပါးကို ပုတ်ခတ်တာမျိုး မလုပ်တတ်ကြပါဘူး။ ယောကျာ်းတွေဟာ သူတို့ကို လက်မြှောက် အရှုံးပေးတတ်ကြပါတယ် …
(၉) စက်တင်ဘာ”
စက်တင်ဘာမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ လှပပြီး ကြင်နာတတ်တဲ့အပြင် စည်းစနစ်တကျနေထိုင် တတ်ကြပါတယ်။
ဒါပေမယ့် သူတို့မှာ လက်စားချေတတ်တဲ့ အကျင့်ဆိုး ရှိတတ်ကြပါတယ်။ သူတို့တွေဟာ တစ်ခဏတာ သာယာတဲ့
အချစ်ရေးမျိုးကိုမလိုချင်ကြပဲ တစ်သက်စာခိုင်မြဲမဲ့ အချစ်ရေးကိုသာ မျှော်လင့်တတ်ကြပါတယ် … ဒါပေမယ့်လည်း
သူတို့တွေနဲ့ချစ်သူဖြစ်မယ့်သူမျိုးတွေဟာ သူတို့သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ ပြည့်မီဖို့လိုပါတယ်။
သူတို့ကို ပိုချစ်ပြီးပိုကြင်နာတဲ့သူမျိုးတွေက သူတို့အချစ်ကိုရဖို့ပိုလွယ်ပါတယ်။ ဘယ်တော့မှ နှလုံးသားရေးကိစ္စတွေကို
ရင်ဘက်နဲ့မဆုံးဖြတ်ပဲ ဦးနှောက်နဲ့ပဲ ဆုံးဖြတ်တတ်ကြပါတယ် …
(၁၀) အောက်တိုဘာ”
အောက်တိုဘာမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ သန်မာပြီး ကိုယ့်ကိုယ်ကို အားကိုးတတ်သူတွေပါ။ သူတို့တွေဟာ
ခံစားလွယ်တတ်ပေမယ့် လူတွေရှေ့မှာ ဘယ်တော့မှ အလွယ်တကူ မျက်ရည်မကျတတ်ပါဘူး … လူတွေက
သူတို့ရဲ့အားနည်းချက်ကို အခွင့်အရေးယူပြီး အမြတ်ထုတ်မှာစိုးရိမ်တဲ့အတွက် ဘယ်တော့မှ လူတိုင်းကို သူတို့ရဲ့ခံစားချက်တွေကို
ဖွင့်ဟပြလေ့မရှိပါဘူး။သူတို့တွေဟာ အရမ်းစိတ်ဓာတ်ခိုင်မာတဲ့အတွက် တစ်ခြားမိန်းမတွေက သူတို့ကို အားကျတတ်ကြပါတယ်
(၁၁) နိုဝင်ဘာ”
နိုဝင်ဘာမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ တစ်ခုခုဆိုရင် စိတ်ထဲကအလွယ်တကူသိနေတတ်တဲ့ စိတ်စွမ်းအားရှိတတ်ပါတယ်။
ဒါကြောင့် သူတို့ကိုသွားပြီး မကစားဖို့အကြံပေးချင်ပါတယ်။ သူတို့က အမြဲသင့်ထက်ခြေတစ်လှမ်းသာနေပြီး
သင်လိမ်နေရင်တောင်မှ လွယ်လွယ်သိနေတတ်ပါတယ်။ သူတို့ရဲ့ယုံကြည်ချက်ကိုတော့ မချိုးဖောက်မိပါစေနဲ့ …
(၁၂) ဒီဇင်ဘာလ”
ဒီဇင်ဘာမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အကျင့်ရှိပြီး စိတ်မရှည်တတ်ကြပါဘူး။
ဒါပေမယ့် သူတို့တွေဟာ ကံကောင်းတတ်ကြပါတယ်။ ဒီမိန်းကလေးတွေကို သင်ဟာ သွားကစားမိရင်တော့ သင်ပဲရှုံးနှိမ့်ရမှာပါ။
သူတို့တွေဟာ ပျော်ပျော်နေတတ်ပြီး လူတိုင်းကိုလည်း အားပေးတတ်ကြပါတယ် … မိနစ်ပိုင်းလေးနဲ့တင် သင်ဟာသူတို့ကို
ချစ်မိသွားလောက်တဲ့အထိ သူတို့ကို စွမ်းဆောင်နိုင်ကြပါတယ်။ စိတ်မကောင်းစရာက ဒီဇင်ဘာဖွားတွေဟာ
သူတို့ကို တစ်ဖက်လူကနာကြင်အောင် လုပ်ရင်တောင်မှ အမြဲအပြစ်မမြင်ပဲ ချစ်နေတုန်းပါပဲနော် …