Mon. Nov 29th, 2021

Zawgyi

ေလာကႀကီးမွာ ကိုယ့္အေပၚအရမ္းေကာင္းၿပီးအရမ္းကိုယုံရပါတယ္ဆိုတဲ့သူေတြဟာ အခ်ိန္ေတြ၊

အေျခအေနေတြေျပာင္းလဲသြားတဲ့အခါ ကိုယ့္အေပၚေျပာင္းလဲလာၿပီး ယုံလို႔မရတဲ့သူေတြျဖစ္သြားတတ္ပါတယ္။

ဒါေပမယ့္ ကိုယ့္အေပၚဘယ္သူေတြဘယ္ေလာက္ပဲ ေျပာင္းလဲသြားေပမယ့္ ဘယ္ေတာ့မွေျပာင္းလဲမသြားမယ့္

သူတစ္ေယာက္ရွိပါတယ္။ အဲ့ဒါကေတာ့ အေမပါပဲ။ အေမဆိုတာ …..

ကိုယ့္ကိုတံဆိပ္မကပ္တဲ့သူ

ကိုယ္ဟာ ဘယ္လိုလူမ်ိဳးလဲ၊ လူေကာင္းလား၊ လူဆိုးလား၊ စိတ္ဓာတ္ေပ်ာ့ညံ့သူလား၊ အရႈံးသမားလား စသျဖင့္ ကိုယ့္ကိုတံဆိပ္ေတြကပ္ၿပီး

မၾကည့္တတ္သူျဖစ္ပါတယ္။ ကိုယ္ဘယ္လိုလူမ်ိဳးျဖစ္ျဖစ္ ကိုယ့္အေပၚ မေျပာင္းလဲတဲ့တစ္ေယာက္တည္းေသာသူဟာ အေမပါ။

ကိုယ့္ကိုအေကာင္းဆုံးႏွစ္သိမ့္ေပးတတ္သူ

ကိုယ့္စိတ္အဆင္မေျပမႈေတြျဖစ္လာတဲ့အခါ၊ အားငယ္ဝမ္းနည္းၿပီး ၿပိဳလဲေနတဲ့အခါ၊ တစ္ေယာက္ေယာက္ဆီက

အားေပးမႈေတြရဖို႔လိုအပ္လာတဲ့အခါေတြမွာ ကိုယ့္စိတ္အဆင္ေျပဖို႔အတြက္ အေကာင္းဆုံးႏွစ္သိမ့္ေပးတတ္သူဟာ အေမပါ။

ကိုယ္နဲ႔ပတ္သက္လာရင္ သူရဲ႕ကိုယ္က်ိဳးကိုမၾကည့္တဲ့သူ

ဘယ္သူေတြဘယ္ေလာက္ပဲ ကိုယ့္အေပၚေကာင္းပါေစ၊ သူတို႔ကိုယ္က်ိဳးကိုမၾကည့္ဘဲ ကိုယ့္အတြက္ပဲၾကည့္ေပးတတ္တဲ့သူဆိုတာ

အေမကလြဲရင္ဘယ္သူမွမရွိပါဘူး။ သူ႔အတြက္အက်ိဳးအျမတ္ကိုမစဥ္းစားဘဲ ကိုယ့္အတြက္ပဲၾကည့္ေပးတဲ့ အေကာင္းဆုံးလူသားတစ္ေယာက္ျဖစ္ပါတယ္။

ကိုယ္ေပ်ာ္႐ႊင္ဖို႔ အၿမဲေမွ်ာ္လင့္ေနတဲ့သူ

သူငယ္ခ်င္း၊မိတ္ေဆြေတြဆိုတာက ကိုယ္က်ရႈံးေနခ်ိန္မွာ သနားတတ္ေပမယ့္ ကိုယ္ေအာင္ျမင္တဲ့အခ်ိန္မွာ

မုဒိတာပြားႏိုင္တဲ့သူရွားပါတယ္။ ကိုယ္ေအာင္ျမင္ဖို႔၊ ေပ်ာ္႐ႊင္ဖို႔အၿမဲေမွ်ာ္လင့္ေနတတ္တာဟာ အေမကလြဲရင္ တျခားဘယ္သူမွမရွိပါဘူး။

ကိုယ့္အတြက္အမွန္ကိုေျပာေပးတတ္သူ

အမွန္တရားက ဘယ္ေလာက္ပဲခါးသီးေနပါေစ၊ ကိုယ္ၾကားဖို႔လိုတယ္ဆိုရင္ မျဖစ္မေနေျပာတတ္သူျဖစ္ပါတယ္။

ကိုယ္ၾကားဖို႔လိုတဲ့အမွန္တရားကိုဖုံးကြယ္ထားၿပီး သကာဖုံးေနတဲ့စကားေတြပဲေျပာတတ္တဲ့သူေတြနဲ႔ေတာ့

ဘယ္လိုမွႏႈိင္းလို႔မရတဲ့သူ၊ ကိုယ့္အေပၚအၿမဲတမ္းစစ္မွန္တဲ့သူက အေမပါ။

Unicode

လောကကြီးမှာ ကိုယ့်အပေါ်အရမ်းကောင်းပြီးအရမ်းကိုယုံရပါတယ်ဆိုတဲ့သူတွေဟာ အချိန်တွေ၊

အခြေအနေတွေပြောင်းလဲသွားတဲ့အခါ ကိုယ့်အပေါ်ပြောင်းလဲလာပြီး ယုံလို့မရတဲ့သူတွေဖြစ်သွားတတ်ပါတယ်။

ဒါပေမယ့် ကိုယ့်အပေါ်ဘယ်သူတွေဘယ်လောက်ပဲ ပြောင်းလဲသွားပေမယ့် ဘယ်တော့မှပြောင်းလဲမသွားမယ့်

သူတစ်ယောက်ရှိပါတယ်။ အဲ့ဒါကတော့ အမေပါပဲ။ အမေဆိုတာ …..

ကိုယ့်ကိုတံဆိပ်မကပ်တဲ့သူ

ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ၊ လူကောင်းလား၊ လူဆိုးလား၊ စိတ်ဓာတ်ပျော့ညံ့သူလား၊ အရှုံးသမားလား စသဖြင့် ကိုယ့်ကိုတံဆိပ်တွေကပ်ပြီး

မကြည့်တတ်သူဖြစ်ပါတယ်။ ကိုယ်ဘယ်လိုလူမျိုးဖြစ်ဖြစ် ကိုယ့်အပေါ် မပြောင်းလဲတဲ့တစ်ယောက်တည်းသောသူဟာ အမေပါ။

ကိုယ့်ကိုအကောင်းဆုံးနှစ်သိမ့်ပေးတတ်သူ

ကိုယ့်စိတ်အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ၊ အားငယ်ဝမ်းနည်းပြီး ပြိုလဲနေတဲ့အခါ၊ တစ်ယောက်ယောက်ဆီက

အားပေးမှုတွေရဖို့လိုအပ်လာတဲ့အခါတွေမှာ ကိုယ့်စိတ်အဆင်ပြေဖို့အတွက် အကောင်းဆုံးနှစ်သိမ့်ပေးတတ်သူဟာ အမေပါ။

ကိုယ်နဲ့ပတ်သက်လာရင် သူရဲ့ကိုယ်ကျိုးကိုမကြည့်တဲ့သူ

ဘယ်သူတွေဘယ်လောက်ပဲ ကိုယ့်အပေါ်ကောင်းပါစေ၊ သူတို့ကိုယ်ကျိုးကိုမကြည့်ဘဲ ကိုယ့်အတွက်ပဲကြည့်ပေးတတ်တဲ့သူဆိုတာ

အမေကလွဲရင်ဘယ်သူမှမရှိပါဘူး။ သူ့အတွက်အကျိုးအမြတ်ကိုမစဉ်းစားဘဲ ကိုယ့်အတွက်ပဲကြည့်ပေးတဲ့ အကောင်းဆုံးလူသားတစ်ယောက်ဖြစ်ပါတယ်။

ကိုယ်ပျော်ရွှင်ဖို့ အမြဲမျှော်လင့်နေတဲ့သူ

သူငယ်ချင်း၊မိတ်ဆွေတွေဆိုတာက ကိုယ်ကျရှုံးနေချိန်မှာ သနားတတ်ပေမယ့် ကိုယ်အောင်မြင်တဲ့အချိန်မှာ

မုဒိတာပွားနိုင်တဲ့သူရှားပါတယ်။ ကိုယ်အောင်မြင်ဖို့၊ ပျော်ရွှင်ဖို့အမြဲမျှော်လင့်နေတတ်တာဟာ အမေကလွဲရင် တခြားဘယ်သူမှမရှိပါဘူး။

ကိုယ့်အတွက်အမှန်ကိုပြောပေးတတ်သူ

အမှန်တရားက ဘယ်လောက်ပဲခါးသီးနေပါစေ၊ ကိုယ်ကြားဖို့လိုတယ်ဆိုရင် မဖြစ်မနေပြောတတ်သူဖြစ်ပါတယ်။

ကိုယ်ကြားဖို့လိုတဲ့အမှန်တရားကိုဖုံးကွယ်ထားပြီး သကာဖုံးနေတဲ့စကားတွေပဲပြောတတ်တဲ့သူတွေနဲ့တော့

ဘယ်လိုမှနှိုင်းလို့မရတဲ့သူ၊ ကိုယ့်အပေါ်အမြဲတမ်းစစ်မှန်တဲ့သူက အမေပါ။