Tue. Dec 7th, 2021
Zawgyi
JRose (KB Chimmy)
Unicode
ရာသီလာတဲ့အမျိုးသမီးတွေကို အိမ်အပြင်ဖက် သီးသန့်တဲအိမ်စုတ်အတွင်းမှာသာ အိပ်စက်ခွင့်ပေးတဲ့ နိုင်ငံ(ရုပ်သံ)
နီပေါနိုင်ငံဟာ မိန်းကလေးအများစု ရာသီလာချိန်တွေမှာဆိုရင် သီးသန့်တဲအိမ်လေးထဲမှာ နေထိုင်ရတဲ့ဓလေ့တစ်ခုရှိကြောင်း Parwati Bogati
အမည်ရှိ အမျိုးသမီးတစ်ဦးက ပြောပြထားပါတယ်။ Parwati Bogati အမျိုးသမီးဟာလည်း မိန်းကလေးတိုင်း
တစ်လတစ်ခါ ကြုံတွေ့ရတဲ့ အရာတစ်ခုကြောင့် တဲအိမ်လေးထဲမှာ ခုထိနေနေရတာပါ။အမျိုးသမီးတွေ
ရာသီလာစဉ်မှာ နေထိုင်နေတဲ့ သီးသန့်တဲအိမ်လေးကို သူတို့တွေက “Chhaupadi”လို့ ခေါ်ကြပါတယ်။
ဆောင်းရာသီရောက်လို့ အေးစက်နေတဲ့ ညအချိန်တွေဆိုရင် မွန်းကျပ်နေတဲ့ တဲအိမ်လေးထဲမှာ မီးမွေးပြီး
သူတို့ကိုသူတို့နွေးထွေးအောင် လုပ်ဆောင်ရပါတယ်။အဲ့ဒီအမျိုးသမီးတွေကို လူတွေ ၊တိရိစ္ဆာန်တွေ ၊အပင်တွေ ၊
အသီးအရွက်တွေနဲ့ ထိတွေ့ခြင်း၊ဆက်သွယ်ခြင်းတို့ကို လုံးဝပိတ်ပင်တားမြစ်ထားပါတယ်။
သူတို့တွေရဲ့ ဓလေ့တွေကလည်း ယဉ်ကျေးဖွယ်ရာ ကောင်း ပါတယ်။
JRose (KB Chimmy)