Zawgyi

ႏုတ္ခမ္းတစ္ဝိုက္ ”မွဲ႔”ပါတဲ့သူ အမ်ားစုဟာ သနားစရာ၊ ခ်စ္စရာအလြန္ေကာင္းၾကပါတယ္။ သူတို႔ေတြဟာအျပင္ပန္းမွာ

ခက္ထန္ၾကမ္းတမ္းတယ္ ထင္ရေပမယ့္ အတြင္းစိတ္သေဘာထားကေတာ့ အလြန္ႏူးညံ့သိမ္ေမြ႕ပါတယ္။ ပြစိပြစိလုပ္တာကေတာ့ ဝါသနာပါ။

သူမ်ားကိုကူညီလိုက္လို႔ ကိုယ့္မွာသုညျဖစ္သြားခဲ့ရင္ေတာင္ ကိုယ္ကူညီလိုက္တဲ့သူ အဆင္ေျပေနတယ္ဆိုရင္ ၾကည္ႏူးပီတိ

ျဖစ္ေနတတ္တဲ့သူေတြပါ။ ေစတနာလည္း အရမ္းေကာင္းသလို သံေယာဇဥ္လည္း အလြန္ႀကီးၾကတဲ့သူေတြပါ။

ႏုတ္ခမ္းတစ္ဝိုက္”မွဲ႔”ပါတဲ့သူဟာ စိတ္ဆိုးစိတ္ေကာက္လည္း လြယ္ပါတယ္။ ခဏခဏလည္း စိတ္ဆိုးစိတ္ေကာက္ တတ္ပါတယ္။

စိတ္ေကာက္လည္း ခဏပဲ။ ေခ်ာ့မယ့္သူရွိရင္ေတာ့ ဟန္အမူပိုၿပီး ဆက္ၿပီးေတာ့ စိတ္ေကာက္ဟန္ေဆာင္ ေနတတ္ပါတယ္။

ေခ်ာ့မယ့္သူ မရွိရင္ေတာ့ သူ႔အလိုလိုေပ်ာ့သြားေရာ။ ခ်စ္သူအေပၚမွာလည္း ကေလးတစ္ေယာက္လို ဆိုးႏြဲ႕ခ်င္ၾကပါတယ္။

အခ်စ္လည္း အရမ္းႀကီးပါတယ္။ ဒါေပမယ့္ အခ်စ္စိတ္ႀကီးေတာ့ ဘယ္ေလာက္ႀကီးတဲ့ အျပစ္ျဖစ္ျဖစ္ စိတ္ရွည္သည္းခံၿပီးနားလည္

ခြင့္လႊတ္ ေပးႏိုင္တဲ့သူေတြပါ။ ဒါေပမယ့္ စိတ္ထဲမွာေတာ့ မတင္မက်နဲ႔ အၿမဲသံသယ ျဖစ္ေနတတ္တယ္။ ျဖစ္ခဲ့သမွ်

အတိတ္ေတြကိုေတာ့ အၿမဲမေမ့ေဖ်ာက္ႏိုင္ပဲ အမွတ္ႀကီးတဲ့သူေတြပါ။

ႏုတ္ခမ္းတစ္ဝိုက္ ”မွဲ႔”ပါတဲ့သူေတြဟာ အမ်ားအားျဖင့္ ကိုယ့္ ဘဝကို စိတ္ညစ္စရာေကာင္းတယ္လို႔ ထင္ေနတတ္ပါတယ္။

သူမ်ားအၾကည့္ေတြကိုလည္း သည္းမခံႏိုင္သလို သူ႔ကိုသူမ်ားေတြက စိတ္ထဲမွာ ဘယ္လိုထင္ေနမလဲဆိုတာကို အၿမဲ သိခ်င္ေနသူေတြပါ။

ာသူမ်ားတကာေတြကိုလည္း ေတာ္႐ုံတန္႐ုံ အထင္မႀကီးတတ္ဘူး။ တစ္ခါတစ္ေလကိုယ့္ကိုယ္ကို…..ေတာင္ ယုံၾကည္ဖို႔ ခက္ခဲေနတတ္တယ္။

သူ႔မွာအေတြးအေခၚေကာင္းေတြ ရွိေနတာေတာင္… သူမ်ားစကားကိုယုံၿပီး လက္ခံတတ္တဲ့အတြက္ အလုပ္တစ္ခုကို

လုပ္မယ္ဆိုရင္လည္း စဥ္းစားေနတာနဲ႔ပဲ အခ်ိန္ကုန္သြားတတ္တယ္။ လုပ္လိုက္တဲ့ကိစၥတစ္ခုကို အမ်ားအားျဖင့္ ျပႆသနာျဖစ္မယ္၊

ဆုံးရႈးံမယ္ဆိုၿပီး မေကာင္းတဲ့ဘက္ကပဲ အမ်ားအားျဖင့္ ေတြးေလ့ရွိတယ္။

ႏုတ္ခမ္းတစ္ဝိုက္ ”မွဲ႔”ပါတဲ့သူေတြဟာ ၿငိမ္းခ်မ္းျခင္းကို ျမတ္ႏိုးသူေတြပါ။ ျဖစ္ႏိုင္ရင္ ကိုယ္တစ္ေယာက္တည္းပဲ ၿငိမ္းခ်မ္းစြာ

သာသာယာယာ ေနသြားခ်င္ၾကတဲ့သူေတြပါ။ ၿငိမ္းခ်မ္းေရးကို ျမတ္ႏိုးေပမယ့္လည္း ေတာင္းပန္ရမွာကိုေတာ့

ေသေလာက္ေအာင္ မုန္းတယ္။ သူအမွားတစ္ခု လုပ္မိၿပီဆိုရင္လည္း ေနာင္တရမဆုံး ျဖစ္ေနတတ္ပါတယ္။

ႏုတ္ခမ္းတစ္ဝိုက္”မွဲ႔”ပါတဲ့သူေတြဟာ သူတစ္ပါးအေပၚမွာက်ေတာ့ ဦးစားေပးတတ္တယ္။ သနားတတ္တယ္။ အားနာတတ္တယ္။

ဒါေပမယ့္ ကိုယ့္မိသားစုအေပၚမွာေတာ့ အႏိုင္ယူခ်င္တယ္။ သူတို႔ကို ခ်စ္သူခင္သူလည္း ေပါသလို အေပါင္းအသင္းလည္းမ်ားေပမယ့္ ….

အမ်ားအားျဖင့္တစ္ေယာက္တည္း ေနရတာကိုပဲ… သေဘာက်ၿပီး တစ္ေယာက္တည္းပဲ ျဖစ္ေနတတ္ပါတယ္။

ေဒါသကလည္း အရမ္းႀကီးတတ္တယ္။ ဒါေပမယ့္ေတာ္႐ုံတန္႐ုံ စိတ္မဆိုးတတ္ပါဘူး။ စိတ္ကလည္းအရမ္းျမန္တယ္။

သူမွန္တယ္ထင္ရင္ ဘယ္သူ႔ကိုမဆို ရင္ဆိုင္ရဲတယ္။ ဘာမဆိုလုပ္ရဲတယ္။ ကိစၥတစ္ခုကို လုပ္ခ်င္ၿပီဆိုရင္လည္း ဇြတ္လုပ္တတ္တယ္။

သူ႔ကိုမခံခ်င္ေအာင္ ေဒါသထြက္ေအာင္ မထိတထိ သြားလုပ္တဲ့သူေတြဆို … အ႐ြဲ႕ျပန္တိုက္ရမွကို ေက်နပ္တယ္။

စိတ္တိုေနၿပီဆိုရင္ေတာ့ မ်က္ႏွာထားကတင္းတင္းနဲ႔ တစ္ေလာကလုံး သူ႔လုပ္စာကိုပဲ ထိုင္စားေနရသလို ဘယ္သူနဲ႔မွကို

စကားမေျပာခ်င္ေတာ့ဘူး။ ႏုတ္ခမ္းတစ္ဝိုက္”မွဲ႔”ပါတဲ့သူေတြဟာ သူမ်ားအေပၚမွာလည္း ကိုယ့္သိကၡာ အက်ခံၿပီးေတာ့ကို

ကူညီေပးတတ္တဲ့သူေတြပါ။ မိသားစုနဲ႔ပတ္သတ္ရင္လည္းသံေယာဇဥ္အရမ္းႀကီးၿပီးခင္တြယ္တတ္တယ္။

သူတို႔ဟာ ခ်စ္သူအေပၚမွာလည္း…. ကိုယ့္ရဲ႕စိတ္ကူးထက္ ခ်စ္သူရဲ႕ စိတ္ကူးကို ပိုၿပီးဦးစားေပးတတ္ၾကပါတယ္။

ကိုယ္ခ်စ္တဲ့သူကိုလည္း လိုတာထက္ပိုၿပီးေတာ့ သဝန္တိုတတ္ၾကတယ္။ ၿပီးေတာ့စိတ္ထဲမွာရွိတာကို ပြင့္ပြင့္လင္းလင္း မေျပာရဲၾကဘူး။

ႏုတ္ခမ္းတစ္ဝိုက္”မွဲ႔”ပါတဲ့သူေတြဟာ ခ်စ္သူကိုအရမ္းခ်စ္သေလာက္ ျမတ္ႏိုးသေလာက္ ဂ႐ုစိုက္သေလာက္

ၾကင္နာ သေလာက္ တြယ္တာသေလာက္ အေလးထားသေလာက္ နားလည္မႈေတြ ခြင့္လႊတ္မႈေတြရွိသေလာက္

အမ်ားအားျဖင့္ သူ႔ခ်စ္သူအေပၚ သူေပးႏိုင္သေလာက္ ျပန္မရတတ္ၾကပါဘူး။

ႏုတ္ခမ္းတစ္ဝိုက္”မွဲ႔”ပါတဲ့သူေတြဟာ တစ္ေယာက္ဆို တစ္ေယာက္ ပိေတာက္ဆို ပိေတာက္ပါပဲ။ ဘူးဆို ဖ႐ုံမသီးတတ္ပါဘူး။

စိတ္ခံစားမႈကလည္း အရမ္းျပင္းထန္တဲ့အတြက္ ခ်စ္သူနဲ႔ပတ္သတ္ၿပီး ဘာမဟုတ္တာေလးကအစ စိတ္ထဲမွာဝမ္းနည္း ခံစားတတ္ပါတယ္။credit

Unicode

နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူ အများစုဟာ သနားစရာ၊ ချစ်စရာအလွန်ကောင်းကြပါတယ်။ သူတို့တွေဟာအပြင်ပန်းမှာ

ခက်ထန်ကြမ်းတမ်းတယ် ထင်ရပေမယ့် အတွင်းစိတ်သဘောထားကတော့ အလွန်နူးညံ့သိမ်မွေ့ပါတယ်။ ပွစိပွစိလုပ်တာကတော့ ဝါသနာပါ။

သူများကိုကူညီလိုက်လို့ ကိုယ့်မှာသုညဖြစ်သွားခဲ့ရင်တောင် ကိုယ်ကူညီလိုက်တဲ့သူ အဆင်ပြေနေတယ်ဆိုရင် ကြည်နူးပီတိ

ဖြစ်နေတတ်တဲ့သူတွေပါ။ စေတနာလည်း အရမ်းကောင်းသလို သံယောဇဉ်လည်း အလွန်ကြီးကြတဲ့သူတွေပါ။

နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူဟာ စိတ်ဆိုးစိတ်ကောက်လည်း လွယ်ပါတယ်။ ခဏခဏလည်း စိတ်ဆိုးစိတ်ကောက် တတ်ပါတယ်။

စိတ်ကောက်လည်း ခဏပဲ။ ချော့မယ့်သူရှိရင်တော့ ဟန်အမူပိုပြီး ဆက်ပြီးတော့ စိတ်ကောက်ဟန်ဆောင် နေတတ်ပါတယ်။

ချော့မယ့်သူ မရှိရင်တော့ သူ့အလိုလိုပျော့သွားရော။ ချစ်သူအပေါ်မှာလည်း ကလေးတစ်ယောက်လို ဆိုးနွဲ့ချင်ကြပါတယ်။

အချစ်လည်း အရမ်းကြီးပါတယ်။ ဒါပေမယ့် အချစ်စိတ်ကြီးတော့ ဘယ်လောက်ကြီးတဲ့ အပြစ်ဖြစ်ဖြစ် စိတ်ရှည်သည်းခံပြီးနားလည်

ခွင့်လွှတ် ပေးနိုင်တဲ့သူတွေပါ။ ဒါပေမယ့် စိတ်ထဲမှာတော့ မတင်မကျနဲ့ အမြဲသံသယ ဖြစ်နေတတ်တယ်။ ဖြစ်ခဲ့သမျှ

အတိတ်တွေကိုတော့ အမြဲမမေ့ဖျောက်နိုင်ပဲ အမှတ်ကြီးတဲ့သူတွေပါ။

နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေဟာ အများအားဖြင့် ကိုယ့် ဘဝကို စိတ်ညစ်စရာကောင်းတယ်လို့ ထင်နေတတ်ပါတယ်။

သူများအကြည့်တွေကိုလည်း သည်းမခံနိုင်သလို သူ့ကိုသူများတွေက စိတ်ထဲမှာ ဘယ်လိုထင်နေမလဲဆိုတာကို အမြဲ သိချင်နေသူတွေပါ။

ာသူများတကာတွေကိုလည်း တော်ရုံတန်ရုံ အထင်မကြီးတတ်ဘူး။ တစ်ခါတစ်လေကိုယ့်ကိုယ်ကို…..တောင် ယုံကြည်ဖို့ ခက်ခဲနေတတ်တယ်။

သူ့မှာအတွေးအခေါ်ကောင်းတွေ ရှိနေတာတောင်… သူများစကားကိုယုံပြီး လက်ခံတတ်တဲ့အတွက် အလုပ်တစ်ခုကို

လုပ်မယ်ဆိုရင်လည်း စဉ်းစားနေတာနဲ့ပဲ အချိန်ကုန်သွားတတ်တယ်။ လုပ်လိုက်တဲ့ကိစ္စတစ်ခုကို အများအားဖြင့် ပြဿသနာဖြစ်မယ်၊

ဆုံးရှုးံမယ်ဆိုပြီး မကောင်းတဲ့ဘက်ကပဲ အများအားဖြင့် တွေးလေ့ရှိတယ်။

နုတ်ခမ်းတစ်ဝိုက် ”မှဲ့”ပါတဲ့သူတွေဟာ ငြိမ်းချမ်းခြင်းကို မြတ်နိုးသူတွေပါ။ ဖြစ်နိုင်ရင် ကိုယ်တစ်ယောက်တည်းပဲ ငြိမ်းချမ်းစွာ

သာသာယာယာ နေသွားချင်ကြတဲ့သူတွေပါ။ ငြိမ်းချမ်းရေးကို မြတ်နိုးပေမယ့်လည်း တောင်းပန်ရမှာကိုတော့

သေလောက်အောင် မုန်းတယ်။ သူအမှားတစ်ခု လုပ်မိပြီဆိုရင်လည်း နောင်တရမဆုံး ဖြစ်နေတတ်ပါတယ်။

နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာ သူတစ်ပါးအပေါ်မှာကျတော့ ဦးစားပေးတတ်တယ်။ သနားတတ်တယ်။ အားနာတတ်တယ်။

ဒါပေမယ့် ကိုယ့်မိသားစုအပေါ်မှာတော့ အနိုင်ယူချင်တယ်။ သူတို့ကို ချစ်သူခင်သူလည်း ပေါသလို အပေါင်းအသင်းလည်းများပေမယ့် ….

အများအားဖြင့်တစ်ယောက်တည်း နေရတာကိုပဲ… သဘောကျပြီး တစ်ယောက်တည်းပဲ ဖြစ်နေတတ်ပါတယ်။

ဒေါသကလည်း အရမ်းကြီးတတ်တယ်။ ဒါပေမယ့်တော်ရုံတန်ရုံ စိတ်မဆိုးတတ်ပါဘူး။ စိတ်ကလည်းအရမ်းမြန်တယ်။

သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမဆို ရင်ဆိုင်ရဲတယ်။ ဘာမဆိုလုပ်ရဲတယ်။ ကိစ္စတစ်ခုကို လုပ်ချင်ပြီဆိုရင်လည်း ဇွတ်လုပ်တတ်တယ်။

သူ့ကိုမခံချင်အောင် ဒေါသထွက်အောင် မထိတထိ သွားလုပ်တဲ့သူတွေဆို … အရွဲ့ပြန်တိုက်ရမှကို ကျေနပ်တယ်။

စိတ်တိုနေပြီဆိုရင်တော့ မျက်နှာထားကတင်းတင်းနဲ့ တစ်လောကလုံး သူ့လုပ်စာကိုပဲ ထိုင်စားနေရသလို ဘယ်သူနဲ့မှကို

စကားမပြောချင်တော့ဘူး။ နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာ သူများအပေါ်မှာလည်း ကိုယ့်သိက္ခာ အကျခံပြီးတော့ကို

ကူညီပေးတတ်တဲ့သူတွေပါ။ မိသားစုနဲ့ပတ်သတ်ရင်လည်းသံယောဇဉ်အရမ်းကြီးပြီးခင်တွယ်တတ်တယ်။

သူတို့ဟာ ချစ်သူအပေါ်မှာလည်း…. ကိုယ့်ရဲ့စိတ်ကူးထက် ချစ်သူရဲ့ စိတ်ကူးကို ပိုပြီးဦးစားပေးတတ်ကြပါတယ်။

ကိုယ်ချစ်တဲ့သူကိုလည်း လိုတာထက်ပိုပြီးတော့ သဝန်တိုတတ်ကြတယ်။ ပြီးတော့စိတ်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်း မပြောရဲကြဘူး။

နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာ ချစ်သူကိုအရမ်းချစ်သလောက် မြတ်နိုးသလောက် ဂရုစိုက်သလောက်

ကြင်နာ သလောက် တွယ်တာသလောက် အလေးထားသလောက် နားလည်မှုတွေ ခွင့်လွှတ်မှုတွေရှိသလောက်

အများအားဖြင့် သူ့ချစ်သူအပေါ် သူပေးနိုင်သလောက် ပြန်မရတတ်ကြပါဘူး။

နုတ်ခမ်းတစ်ဝိုက်”မှဲ့”ပါတဲ့သူတွေဟာ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်ပါပဲ။ ဘူးဆို ဖရုံမသီးတတ်ပါဘူး။

စိတ်ခံစားမှုကလည်း အရမ်းပြင်းထန်တဲ့အတွက် ချစ်သူနဲ့ပတ်သတ်ပြီး ဘာမဟုတ်တာလေးကအစ စိတ်ထဲမှာဝမ်းနည်း ခံစားတတ်ပါတယ်။credit