Zawgyi




လက်ဖက်ချဉ်စပ်နှပ်



လက်ဖက်အညွှန့်နှပ်



ငရုတ်လက်ဖက်နှပ်




လက်ဖက်အညက်နှပ်





Daw SanThidarHtay

Unicode

အိမ်ရှင်မတို့အတွက် အရမ်းအသုံးဝင်စေမယ့် လက်ဖက်နှပ်နည်း (၅)မျိုး

တင်ပြီးသားပိုစ့်လေး ပြန်ဝေမျှပါရစေနော် . . .

အိမ်ရှင်မတို့အတွက် အရမ်းအသုံးဝင်စေမယ့် လက်ဖက်နှပ်နည်း (၅)မျိုး 👇🏻👇🏻👇🏻

လက်ဖက်ချဥ်စပ်နှပ်

လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင်

အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းညှပ်ထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ

လက်ဖက်အညွှန့်နှပ်

လက်ဖက်အညွှန့်လေးတွေကို ရေနွေးပူပူထဲစိမ်ပြီး ချက်ချင်းပြန်ဆယ်ကာ ရေဆေးပြီးညှစ်ချထားပါ ဆား ပုစွန်ခြောက်

အချိုမှုန့် ဆီထည့်ကာစိမ်ပါ

ငရုတ်လက်ဖက်နှပ်

ငရုတ်သီးကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါ

လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင်

အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ငရုတ်ထောင်းတို့ကိုထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ

လက်ဖက်အညက်နှပ်

လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ဆား အချိုမှုန့် ဆီပါရုံထည့်ပြီး လုံးထားပါ စားခါနီးလိုသလောက်ထည့်ပြီးသုပ်ပါ

လျှာဂျွမ်းပြန်လက်ဖက်အစပ်နှပ်

လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ငရုတ်သီးကြက်သွန်ဖြူကို

ညက်နေအောင်ကြိတ်ထားပါ ထောင်းထားတာတွေအကုန်ရောပြီး ဆား ဆီ အချိုမှုန့်ရောပြီး အလုံပိတ်ဗူးထဲထည့်နှပ်ပါ

Daw SanThidarHtay