Zawgyi

တခ်ိဳ႕က ေျပာၾကပါတယ္။ “ေစတနာဟာလူတိုင္းနဲ႔ မတန္ပါဘူး” တဲ့။ လူတိုင္းအေပၚမွာ ေစတနာထားရင္းနဲ႔

ခံရတာေတြကမ်ားလာေတာ့ ေစတနာဆိုတာအက်ိဳးမမ်ားတဲ့ အရာလို႔ ထင္လာတယ္။ ေစတနာထားမိမွ

ဒီလိုအျဖစ္ေတြကလည္း ျပန္လို႔ရွိတတ္တာမို႔ ငါ့ေစတနာေၾကာင့္ ေဝဒနာေရာက္တာလို႔ ေတြးမိတဲ့အထိေတာင္ ျဖစ္တတ္ၾကပါတယ္။

တခ်ိဳ႕ကလည္းေျပာၾကတယ္။ “မင္းကေစတနာမွ မမွန္တာ” တဲ့။ ေစတနာမမွန္လို႔ ျပန္ခံေနရတာေတြကလည္း ျမင္ေန၊ သိေနရတာပါပဲ။

မိမိေကာင္းစားဖို႔အတြက္ သူမ်ားေတြအေပၚမွာ ေစတနာလိုလိုနဲ႔ ဟန္ျပဆက္ဆံၿပီး စိတ္မွာမေကာင္းႀကံေနသူေတြကလည္း ရွိေနတယ္။

ဒါေပမယ့္ ေစတနာမွန္ၿပီး နာက်င္ခံစားရတဲ့ ဘဝေတြလည္း အမ်ားႀကီးပါပဲ။ ခံရလြန္းလို႔ နာနာၾကည္းၾကည္းနဲ႔

“ဘယ္သူ႔ကိုမွ ေစတနာမထားေတာ့ဘူးကြ” လို႔ ေႂကြးေၾကာ္တဲ့ လူေတြေတာင္ ဒီေလာကမွာထိုးျပလို႔ မကုန္ေအာင္ပါ။

ေစတနာနဲ႔ ပတ္သက္ရင္ ျငင္းခုန္စရာေတြေတာင္ ျဖစ္ရပါတယ္။

ေစတနာဆိုတာကို“ကံ”လို႔ ျမတ္ဗုဒၶက ေဟာၾကားခဲ့ပါတယ္။ ေစတနာေကာင္းရင္ ကံေကာင္းမယ္။

ေစတနာဆိုးရင္ ကံဆိုးပါလိမ့္မယ္။ ကံဆိုတာက “ကမၼ”ဆိုတဲ့ ပုဒ္ကလာတာပါ။ “အလုပ္”လို႔ အဓိပၸါယ္ရပါတယ္။

ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္ၿပီး မေကာင္းတာလုပ္ရင္ မေကာင္းတာဘဲ ျဖစ္တတ္တာမို႔

ေစတနာေကာင္းထားၿပီး အလုပ္ေတြကို လုပ္မယ္ဆိုရင္ ဘဝမွာေကာင္းတာေတြကို ရမွာပါ။

ဒီေတာ့ ေစတနာထားတာ ေကာင္းတာပဲျဖစ္ျဖစ္၊ မေကာင္းတာဘဲျဖစ္ျဖစ္၊ အျငင္းအခုန္ေတြ ျဖစ္ဖို႔မလိုပါ။

ထားမိတဲ့ေစတနာမွာ စိတ္ထားမွန္ရင္ ေကာင္းတာျဖစ္မွာပါ။ “ေစတနာထားမိမွ ခံရတာကြ” လို႔ဆိုတာေတြက ကိုယ္ထားမိတဲ့

ေစတနာမွန္ေၾကာင့္ မဟုတ္ပါဘူး။ ကိုယ္ျပဳခဲ့ဘူးတဲ့ အတိတ္ကံေၾကာင့္ပါလို႔ ေျပာပါရေစ။

တစ္ခါကလူတစ္ေယာက္ကေျပာဘူးတယ္။ “သူေတာ္ေကာင္းဆိုတာ ခံရၿမဲ” တဲ့။ ဒီစကားၾကားေတာ့ ကြၽန္ေတာ့္ရင္မွာ

ထိတ္ခနဲေတာင္ ျဖစ္မိတယ္။ လူဆိုတာ သူ႔ကံနဲ႔သူခံရတာပါ။ သူေတာ္ေကာင္းသာမဟုတ္၊ သူယုတ္မာပါ အတိတ္ကံ

မေကာင္းလို႔ကေတာ့ ဒီဘဝမွာ ေခါင္းေမာ့ေနႏိုင္လည္း အခ်ိန္က်ရင္ ခံရမွာ အေသအခ်ာပါပဲ။

ခံရတာဟာ အတိတ္ကံမို႔ ဒါေတြထည့္မတြက္ဘဲ ေစတနာမွန္ကိုသာထားၾကပါ။

တကယ္ေတာ့ ေစတနာထားပါဆိုတဲ့ စကားကလည္း အေျပာလြယ္သေလာက္ အလုပ္ခက္လွပါတယ္။

ေစတနာကို မယိမ္းယိုင္ဘဲ တည္ၿမဲေအာင္ထားဖို႔ဆို ပိုလို႔ေတာင္မွ ခက္ပါေသးတယ္။ ဒါေၾကာင့္လည္း လူတိုင္းက

ေစတနာေကာင္း မထားႏိုင္တာေပါ့။ ဒါေပမယ့္ သူမ်ားမထားႏိုင္တာ ကိုယ္ထားႏိုင္မွ လူထဲကေန လူေတာ္ေတြ ျဖစ္မွာပါ။

ေစတနာထားတဲ့ေနရာမွာ ေစတနာမွန္သာ ျဖစ္ပါေစ။

တခ်ိဳ႕က ေကာင္းတဲ့ေစတနာထားတာရွိသလို၊ မေကာင္းတဲ့ ေစတနာလည္း ထားတာရွိတတ္တာမို႔ အျခားလူေတြရဲ႕ ေစတနာကို

ျမင္ေအာင္ၾကည့္တတ္ဖို႔လည္း လိုပါတယ္။ တည္ၾကည္၊သန႔္ရွင္း၊ ျဖဴစင္တဲ့ ေစတနာမွန္ကို ထားႏိုင္ရင္ လူတိုင္းဘဝမွာ ေကာင္းက်ိဳးေတြကို ရႏိုင္ပါတယ္။

သူငယ္ခ်င္းတို႔ေရ……

ေစတနာေကာင္းရင္ ကံေကာင္းတယ္ဆိုေတာ့ ဘဝေအာင္ျမင္မႈဆီ ေလွ်ာက္လွမ္းေနတဲ့ အနာဂတ္လမ္းမွာ စစ္မွန္တဲ့ ေစတနာဆိုတာကိုထားႏိုင္ရင္

ကံေကာင္းၿပီး ပန္းတိုင္းကို အလြယ္တကူ လွမ္းကိုင္ႏိုင္တာမို႔ တျခားလူေတြအေပၚမွာ ေစတနာထားၿပီး ႀကိဳးစားႏိုင္ပါေစ။

ဓမၼေရခ်မ္းစင္

Unicode

တချို့က ပြောကြပါတယ်။ “စေတနာဟာလူတိုင်းနဲ့ မတန်ပါဘူး” တဲ့။ လူတိုင်းအပေါ်မှာ စေတနာထားရင်းနဲ့

ခံရတာတွေကများလာတော့ စေတနာဆိုတာအကျိုးမများတဲ့ အရာလို့ ထင်လာတယ်။ စေတနာထားမိမှ

ဒီလိုအဖြစ်တွေကလည်း ပြန်လို့ရှိတတ်တာမို့ ငါ့စေတနာကြောင့် ဝေဒနာရောက်တာလို့ တွေးမိတဲ့အထိတောင် ဖြစ်တတ်ကြပါတယ်။

တချို့ကလည်းပြောကြတယ်။ “မင်းကစေတနာမှ မမှန်တာ” တဲ့။ စေတနာမမှန်လို့ ပြန်ခံနေရတာတွေကလည်း မြင်နေ၊ သိနေရတာပါပဲ။

မိမိကောင်းစားဖို့အတွက် သူများတွေအပေါ်မှာ စေတနာလိုလိုနဲ့ ဟန်ပြဆက်ဆံပြီး စိတ်မှာမကောင်းကြံနေသူတွေကလည်း ရှိနေတယ်။

ဒါပေမယ့် စေတနာမှန်ပြီး နာကျင်ခံစားရတဲ့ ဘဝတွေလည်း အများကြီးပါပဲ။ ခံရလွန်းလို့ နာနာကြည်းကြည်းနဲ့

“ဘယ်သူ့ကိုမှ စေတနာမထားတော့ဘူးကွ” လို့ ကြွေးကြော်တဲ့ လူတွေတောင် ဒီလောကမှာထိုးပြလို့ မကုန်အောင်ပါ။

စေတနာနဲ့ ပတ်သက်ရင် ငြင်းခုန်စရာတွေတောင် ဖြစ်ရပါတယ်။

စေတနာဆိုတာကို“ကံ”လို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။ စေတနာကောင်းရင် ကံကောင်းမယ်။

စေတနာဆိုးရင် ကံဆိုးပါလိမ့်မယ်။ ကံဆိုတာက “ကမ္မ”ဆိုတဲ့ ပုဒ်ကလာတာပါ။ “အလုပ်”လို့ အဓိပ္ပါယ်ရပါတယ်။

ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး မကောင်းတာလုပ်ရင် မကောင်းတာဘဲ ဖြစ်တတ်တာမို့

စေတနာကောင်းထားပြီး အလုပ်တွေကို လုပ်မယ်ဆိုရင် ဘဝမှာကောင်းတာတွေကို ရမှာပါ။

ဒီတော့ စေတနာထားတာ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာဘဲဖြစ်ဖြစ်၊ အငြင်းအခုန်တွေ ဖြစ်ဖို့မလိုပါ။

ထားမိတဲ့စေတနာမှာ စိတ်ထားမှန်ရင် ကောင်းတာဖြစ်မှာပါ။ “စေတနာထားမိမှ ခံရတာကွ” လို့ဆိုတာတွေက ကိုယ်ထားမိတဲ့

စေတနာမှန်ကြောင့် မဟုတ်ပါဘူး။ ကိုယ်ပြုခဲ့ဘူးတဲ့ အတိတ်ကံကြောင့်ပါလို့ ပြောပါရစေ။

တစ်ခါကလူတစ်ယောက်ကပြောဘူးတယ်။ “သူတော်ကောင်းဆိုတာ ခံရမြဲ” တဲ့။ ဒီစကားကြားတော့ ကျွန်တော့်ရင်မှာ

ထိတ်ခနဲတောင် ဖြစ်မိတယ်။ လူဆိုတာ သူ့ကံနဲ့သူခံရတာပါ။ သူတော်ကောင်းသာမဟုတ်၊ သူယုတ်မာပါ အတိတ်ကံ

မကောင်းလို့ကတော့ ဒီဘဝမှာ ခေါင်းမော့နေနိုင်လည်း အချိန်ကျရင် ခံရမှာ အသေအချာပါပဲ။

ခံရတာဟာ အတိတ်ကံမို့ ဒါတွေထည့်မတွက်ဘဲ စေတနာမှန်ကိုသာထားကြပါ။

တကယ်တော့ စေတနာထားပါဆိုတဲ့ စကားကလည်း အပြောလွယ်သလောက် အလုပ်ခက်လှပါတယ်။

စေတနာကို မယိမ်းယိုင်ဘဲ တည်မြဲအောင်ထားဖို့ဆို ပိုလို့တောင်မှ ခက်ပါသေးတယ်။ ဒါကြောင့်လည်း လူတိုင်းက

စေတနာကောင်း မထားနိုင်တာပေါ့။ ဒါပေမယ့် သူများမထားနိုင်တာ ကိုယ်ထားနိုင်မှ လူထဲကနေ လူတော်တွေ ဖြစ်မှာပါ။

စေတနာထားတဲ့နေရာမှာ စေတနာမှန်သာ ဖြစ်ပါစေ။

တချို့က ကောင်းတဲ့စေတနာထားတာရှိသလို၊ မကောင်းတဲ့ စေတနာလည်း ထားတာရှိတတ်တာမို့ အခြားလူတွေရဲ့ စေတနာကို

မြင်အောင်ကြည့်တတ်ဖို့လည်း လိုပါတယ်။ တည်ကြည်၊သန့်ရှင်း၊ ဖြူစင်တဲ့ စေတနာမှန်ကို ထားနိုင်ရင် လူတိုင်းဘဝမှာ ကောင်းကျိုးတွေကို ရနိုင်ပါတယ်။

သူငယ်ချင်းတို့ရေ……

စေတနာကောင်းရင် ကံကောင်းတယ်ဆိုတော့ ဘဝအောင်မြင်မှုဆီ လျှောက်လှမ်းနေတဲ့ အနာဂတ်လမ်းမှာ စစ်မှန်တဲ့ စေတနာဆိုတာကိုထားနိုင်ရင်

ကံကောင်းပြီး ပန်းတိုင်းကို အလွယ်တကူ လှမ်းကိုင်နိုင်တာမို့ တခြားလူတွေအပေါ်မှာ စေတနာထားပြီး ကြိုးစားနိုင်ပါစေ။

ဓမ္မရေချမ်းစင်