သင့်ကျန်းမာရေး မထိခိုက်စေဖို့ တတ်နိုင်သလောက် ရှောင်ရှားသင့်တဲ့ အစားအသောက်များ

Zawgyi

သင့္က်န္းမာေရး မထိခိုက္ေစဖို႔ တတ္ႏိုင္သေလာက္ ေရွာင္ရွားသင့္တဲ့ အစားအေသာက္မ်ား

က်န္းမာေရးဆိုတာကေတာ့ လူအမ်ားအတြက္ နီးသလိုလိုနဲ႔ ေဝးေနၿပီး ေဝးသလိုလိုနဲ႔ နီးေနတာမ်ိဳး ျဖစ္ပါတယ္။

ေရာဂါေတြ မျဖစ္ေစခ်င္ရင္ ကိုယ္တိုင္ကပဲ ဆင္ျခင္ရၿပီး ေရာဂါေတြ ကုသဖို႔အတြက္လည္း ကိုယ္တိုင္ကပါ

အဓိကအျဖစ္ ပါဝင္ေနပါေသးတယ္။ ဒါေပမယ့္လည္း ႀကိဳက္တဲ့ အစားအစာေတြကလည္း ကိုယ့္ကို ဒုကၡေပးႏိုင္ေၾကာင္းကို

ေမ့ထားလို႔ေတာ့ မျဖစ္ဘူးေနာ္။ သင့္ သတိမထားမိလိုက္ခင္မွာပဲ သင့္ကို က်န္းမာေရး ထိခိုက္ေစတတ္လို႔ ေရွာင္ရွားသင့္တဲ့ စားစရာေတြကေတာ့….

(၁) အကင္ေတြ

အကင္ဆိုတာမ်ိဳးကလည္း လူႀကိဳက္အမ်ားဆုံး စားစရာ တစ္မ်ိဳး ျဖစ္ပါတယ္။ တစ္ခါတစ္ေလနဲ႔ အႀကိမ္ေရ နည္းနည္းစားတာက

သိပ္ျပႆနာ မဟုတ္ေပမယ့္ မၾကာခဏလိုလို စားသုံးမယ္ဆိုရင္ေတာ့ သင့္က်န္းမာေရးကို ထိခိုက္လာေစမွာပါ။

(၂) အပူအစပ္ေတြ

အပူအစပ္ေတြကလည္း စားလိုက္မိရင္ စြဲတဲ့ အထဲ ပါဝင္ပါတယ္။ စပ္စပ္ေလးစားမွ ၿမိန္တယ္ ေျပာၾကေပမယ့္

တကယ္တမ္းမွာ ခႏၶာကိုယ္အတြက္ ထိခိုက္ေနပါတယ္။ အစာေျခစနစ္ကို အေထာက္အကူျပဳေနတဲ့ အသည္းနဲ႔

ေက်ာက္ကပ္ကို အပူအစပ္စားျခင္းျဖင့္ ထိခိုက္ေနေစပါတယ္ေနာ္။

(၃) ကိုရီးယား အသားတုေတြ

က်န္းမာေရးနဲ႔ ပတ္သတ္ၿပီး အရမ္းကို လူေျပာမ်ားတဲ့ အေၾကာင္းအရာ ျဖစ္ပါတယ္။ ကိုရီးယားအသားတု ဒါမွမဟုတ္

ထုံခ်ိဳင္း မ်ိဳးစုံေခၚၾကတဲ့ ဒီအရသာအမ်ိဳးမ်ိဳး ပုံစံ အမ်ိဳးမ်ိဳး ရွိတဲ့ အသားတုေတြကေတာ့ ဘယ္ကဘယ္လို

ျပဳလုပ္ထားမွန္း ေသခ်ာ မသိၾကရပါဘူး။ မသန႔္ရွင္းဘူးလို႔ ဆိုၾကသလို အသားေပါင္းစုံ ေရာႀကိတ္ထားတယ္လို႔

ေျပာၾကသူေတြ ရွိသလို ဂ်ဳံကို ျပဳလုပ္ထားတယ္လို႔လည္း ဆိုၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ ေသခ်ာမသိရတဲ့

တံဆိပ္အမ်ိဳးမ်ိဳးနဲ႔ ဒီအစားအစာေတြကိုေတာ့ ေရွာင္ေလ ေကာင္းေလလို႔ပဲ အႀကံျပဳခ်င္ပါတယ္ေနာ္။

(၄) လမ္းေဘးစာေတြ

လမ္းေဘးစာလို႔ပဲ ေယဘုယ် ၿခဳံၿပီး ေျပာလိုက္ပါရေစ။ အစားအေသာက္ဆိုရင္ သန႔္ရွင္းၿပီး က်န္းမာေရးနဲ႔ ကိုက္ညီတာမ်ိဳးကိုသာ

စားေသာက္သင့္ပါတယ္။ လမ္းေဘးမွာ ေရာင္းခ်တဲ့ အစားအစာမ်ိဳးစုံမွာ သန႔္ရွင္းမႈ အရမ္း အားနည္းတာနဲ႔ လတ္ဆက္မႈ

မရွိတာေတြက သင့္ကို အမ်ားႀကီး က်န္းမာေရး ထိခိုက္ေနေစပါတယ္။ ဒါေၾကာင့္ သန႔္ရွင္းလတ္ဆက္တဲ့ ဆိုင္ေတြကို ပိုၿပီး ေ႐ြးခ်ယ္သင့္ပါတယ္။

(၅) ဆီေၾကာ္မုန႔္ေတြ

အထပ္ထပ္ျပန္ေၾကာ္ထားတဲ့ ဆီေတြက မေကာင္းေၾကာင္း က်န္းမာေရးကို ထိခိုက္ေစေၾကာင္း မၾကာခဏ ေျပာေလ့ ရွိၾကပါတယ္။

အမ်ိဳးအမည္ က်န္းမာေရး စစ္ေဆးမႈရွိမရွိ ေသခ်ာမသိရတဲ့ ဆီမ်ိဳးစုံနဲ႔ ေၾကာ္ေလွာ္ထားတဲ့ မုန႔္ေတြ မ်ိဳးစုံကို

သတိထားၿပီး စားသင့္ပါတယ္။ က်န္းမာေရးအတြက္ဆိုရင္ ေရွာင္သင့္တာကို ေရွာင္ရပါမယ္။

ဘယ္ေလာက္ပဲ ႀကိဳက္ႀကိဳက္ မစြန႔္လႊတ္ႏိုင္ရင္ေတာင္ ေလွ်ာ့စားတာက က်န္းမာေရးအတြက္ ပိုအဆင္ေျပေစပါတယ္ေနာ္။

Unicode

သင့်ကျန်းမာရေး မထိခိုက်စေဖို့ တတ်နိုင်သလောက် ရှောင်ရှားသင့်တဲ့ အစားအသောက်များ

ကျန်းမာရေးဆိုတာကတော့ လူအများအတွက် နီးသလိုလိုနဲ့ ဝေးနေပြီး ဝေးသလိုလိုနဲ့ နီးနေတာမျိုး ဖြစ်ပါတယ်။

ရောဂါတွေ မဖြစ်စေချင်ရင် ကိုယ်တိုင်ကပဲ ဆင်ခြင်ရပြီး ရောဂါတွေ ကုသဖို့အတွက်လည်း ကိုယ်တိုင်ကပါ

အဓိကအဖြစ် ပါဝင်နေပါသေးတယ်။ ဒါပေမယ့်လည်း ကြိုက်တဲ့ အစားအစာတွေကလည်း ကိုယ့်ကို ဒုက္ခပေးနိုင်ကြောင်းကို

မေ့ထားလို့တော့ မဖြစ်ဘူးနော်။ သင့် သတိမထားမိလိုက်ခင်မှာပဲ သင့်ကို ကျန်းမာရေး ထိခိုက်စေတတ်လို့ ရှောင်ရှားသင့်တဲ့ စားစရာတွေကတော့….

(၁) အကင်တွေ

အကင်ဆိုတာမျိုးကလည်း လူကြိုက်အများဆုံး စားစရာ တစ်မျိုး ဖြစ်ပါတယ်။ တစ်ခါတစ်လေနဲ့ အကြိမ်ရေ နည်းနည်းစားတာက

သိပ်ပြဿနာ မဟုတ်ပေမယ့် မကြာခဏလိုလို စားသုံးမယ်ဆိုရင်တော့ သင့်ကျန်းမာရေးကို ထိခိုက်လာစေမှာပါ။

(၂) အပူအစပ်တွေ

အပူအစပ်တွေကလည်း စားလိုက်မိရင် စွဲတဲ့ အထဲ ပါဝင်ပါတယ်။ စပ်စပ်လေးစားမှ မြိန်တယ် ပြောကြပေမယ့်

တကယ်တမ်းမှာ ခန္ဓာကိုယ်အတွက် ထိခိုက်နေပါတယ်။ အစာခြေစနစ်ကို အထောက်အကူပြုနေတဲ့ အသည်းနဲ့

ကျောက်ကပ်ကို အပူအစပ်စားခြင်းဖြင့် ထိခိုက်နေစေပါတယ်နော်။

(၃) ကိုရီးယား အသားတုတွေ

ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အရမ်းကို လူပြောများတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ကိုရီးယားအသားတု ဒါမှမဟုတ်

ထုံချိုင်း မျိုးစုံခေါ်ကြတဲ့ ဒီအရသာအမျိုးမျိုး ပုံစံ အမျိုးမျိုး ရှိတဲ့ အသားတုတွေကတော့ ဘယ်ကဘယ်လို

ပြုလုပ်ထားမှန်း သေချာ မသိကြရပါဘူး။ မသန့်ရှင်းဘူးလို့ ဆိုကြသလို အသားပေါင်းစုံ ရောကြိတ်ထားတယ်လို့

ပြောကြသူတွေ ရှိသလို ဂျုံကို ပြုလုပ်ထားတယ်လို့လည်း ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာမသိရတဲ့

တံဆိပ်အမျိုးမျိုးနဲ့ ဒီအစားအစာတွေကိုတော့ ရှောင်လေ ကောင်းလေလို့ပဲ အကြံပြုချင်ပါတယ်နော်။

(၄) လမ်းဘေးစာတွေ

လမ်းဘေးစာလို့ပဲ ယေဘုယျ ခြုံပြီး ပြောလိုက်ပါရစေ။ အစားအသောက်ဆိုရင် သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ကိုက်ညီတာမျိုးကိုသာ

စားသောက်သင့်ပါတယ်။ လမ်းဘေးမှာ ရောင်းချတဲ့ အစားအစာမျိုးစုံမှာ သန့်ရှင်းမှု အရမ်း အားနည်းတာနဲ့ လတ်ဆက်မှု

မရှိတာတွေက သင့်ကို အများကြီး ကျန်းမာရေး ထိခိုက်နေစေပါတယ်။ ဒါကြောင့် သန့်ရှင်းလတ်ဆက်တဲ့ ဆိုင်တွေကို ပိုပြီး ရွေးချယ်သင့်ပါတယ်။

(၅) ဆီကြော်မုန့်တွေ

အထပ်ထပ်ပြန်ကြော်ထားတဲ့ ဆီတွေက မကောင်းကြောင်း ကျန်းမာရေးကို ထိခိုက်စေကြောင်း မကြာခဏ ပြောလေ့ ရှိကြပါတယ်။

အမျိုးအမည် ကျန်းမာရေး စစ်ဆေးမှုရှိမရှိ သေချာမသိရတဲ့ ဆီမျိုးစုံနဲ့ ကြော်လှော်ထားတဲ့ မုန့်တွေ မျိုးစုံကို

သတိထားပြီး စားသင့်ပါတယ်။ ကျန်းမာရေးအတွက်ဆိုရင် ရှောင်သင့်တာကို ရှောင်ရပါမယ်။

ဘယ်လောက်ပဲ ကြိုက်ကြိုက် မစွန့်လွှတ်နိုင်ရင်တောင် လျှော့စားတာက ကျန်းမာရေးအတွက် ပိုအဆင်ပြေစေပါတယ်နော်။