Zawgyi

အၿပဳံးဆိုတာ အေကာင္းဆုံး လူမႈဆက္ဆံေရးေပါင္းကူးတံတားတစ္ခုလို႔ နာမည္ႀကီးပါတယ္။

အနည္းဆုံးေတာ့ ၿပဳံးေနတဲ့သူတစ္ေယာက္ကို ျမင္ေတြ႕ရတာ စိတ္ၾကည္ႏူးစရာေကာင္းတာအမွန္ပါပဲ။

အၿပဳံးတစ္ခ်က္ဟာ စကားလုံးေတြထက္ တာသြားတယ္ဆိုတဲ့ စကားလည္း ရွိပါတယ္။ အၿပဳံးဟာ

သင့္ဘဝမွာ အေလ့အထလို ျဖစ္သင့္တာနဲ႔ ပတ္သက္လို႔ နည္းနည္းေလာက္ ေျပာျပခ်င္ပါတယ္။

(၁) ဆြဲေဆာင္မႈရွိေစတယ္

ၿပဳံးလိုက္လို႔ပိုၾကည့္ေကာင္းသြားတယ္ဆိုတာ သိပၸံနည္းက်သက္ေသျပစရာ မလိုပါဘူး။ တစ္ခုရွိတာက Batman

႐ုပ္ရွင္ထဲက ဂ်ိဳကာဇာတ္ေကာင္ ဟိသ္လက္ဂ်ာလိုေတာ့ မၿပဳံးနဲ႔ေပါ့။

(၂) စိတ္ခံစားခ်က္ပါ ေျပာင္းေစတယ္

စကၠန႔္ ၆၀ ေလာက္ ၿပဳံးေနလိုက္တာနဲ႔ စိတ္ခံစားခ်က္ Mood ေျပာင္းသြားတတ္တယ္လို႔ စိတ္ပညာရွင္ေတြက ေတြ႕ရွိထားပါတယ္။

တစ္မိနစ္ေလာက္ ၿပဳံးလိုက္တာနဲ႔ ခႏၶာကိုယ္ထဲက ေပ်ာ္႐ႊင္မႈေတြ ျဖစ္ေစတဲ့ Serotonin ဓါတ္ေတြ ထြက္လာပါတယ္။

(၃) အၿပဳံးက လူေတြကို ကူးစက္သြားေစတယ္

တစ္ခါတေလ ကိုယ္ၿပဳံးလိုက္မွ က်န္တဲ့သူေတြရဲ႕ မ်က္ႏွာလည္း ၿပဳံးေယာင္သန္းလာတာ ေတြ႕ရပါလိမ့္မယ္။

တစ္နည္းအားျဖင့္ အၿပဳံးဟာ ကူးစက္တတ္တဲ့သေဘာ ရွိလို႔ ျဖစ္ပါတယ္။ အၿပဳံးဟာ သံလိုက္လိုပဲ အနီးအနားက သံထည္ေတြကို ဆြဲေဆာင္ႏိုင္ပါတယ္။

(၄) ေသြးဖိအားကို က်ဆင္းေစတယ္

ၿပဳံးလိုက္တာနဲ႔ Endorphins ေတြ တက္လာတတ္ပါတယ္။ Endorphins တက္လာတာနဲ႔ ေသြးဖိအားေတြ က်ဆင္းလာပါတယ္။

မၿပဳံးခင္နဲ႔ ၿပဳံးၿပီးေနာက္ ေသြးဖိအားဟာ သိသိသာသာ ေျပာင္းသြားတယ္လို႔ ေတြ႕ရွိထားပါတယ္။

(၅) ေအာင္ျမင္မႈ ရရွိေစတယ္

ၿပဳံးတဲ့သူဟာ ကိုယ့္ကိုယ္ကိုယ္ ပိုၿပီး ယုံၾကည္မႈရွိတတ္ၾကပါတယ္။ ယုံၾကည္မႈအျပည့္နဲ႔ အလုပ္လုပ္တဲ့သူဟာ

႐ုံးမွာ ရာထူးတိုးဖို႔လည္း အလားအလာမ်ားပါတယ္။ လူမႈပတ္ဝန္းက်င္မွာ လူခ်စ္လူခင္ပိုမ်ားပါတယ္။

ဒီေတာ့ မၿပဳံးလိုက္ရတဲ့ ေန႔တစ္ေန႔ဟာ ဆုံးရႈံးရတဲ့ ေန႔တစ္ေန႔လို႔ မွတ္ထားသင့္ပါတယ္။

Unicode

အပြုံးဆိုတာ အကောင်းဆုံး လူမှုဆက်ဆံရေးပေါင်းကူးတံတားတစ်ခုလို့ နာမည်ကြီးပါတယ်။

အနည်းဆုံးတော့ ပြုံးနေတဲ့သူတစ်ယောက်ကို မြင်တွေ့ရတာ စိတ်ကြည်နူးစရာကောင်းတာအမှန်ပါပဲ။

အပြုံးတစ်ချက်ဟာ စကားလုံးတွေထက် တာသွားတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ အပြုံးဟာ

သင့်ဘဝမှာ အလေ့အထလို ဖြစ်သင့်တာနဲ့ ပတ်သက်လို့ နည်းနည်းလောက် ပြောပြချင်ပါတယ်။

(၁) ဆွဲဆောင်မှုရှိစေတယ်

ပြုံးလိုက်လို့ပိုကြည့်ကောင်းသွားတယ်ဆိုတာ သိပ္ပံနည်းကျသက်သေပြစရာ မလိုပါဘူး။ တစ်ခုရှိတာက Batman

ရုပ်ရှင်ထဲက ဂျိုကာဇာတ်ကောင် ဟိသ်လက်ဂျာလိုတော့ မပြုံးနဲ့ပေါ့။

(၂) စိတ်ခံစားချက်ပါ ပြောင်းစေတယ်

စက္ကန့် ၆၀ လောက် ပြုံးနေလိုက်တာနဲ့ စိတ်ခံစားချက် Mood ပြောင်းသွားတတ်တယ်လို့ စိတ်ပညာရှင်တွေက တွေ့ရှိထားပါတယ်။

တစ်မိနစ်လောက် ပြုံးလိုက်တာနဲ့ ခန္ဓာကိုယ်ထဲက ပျော်ရွှင်မှုတွေ ဖြစ်စေတဲ့ Serotonin ဓါတ်တွေ ထွက်လာပါတယ်။

(၃) အပြုံးက လူတွေကို ကူးစက်သွားစေတယ်

တစ်ခါတလေ ကိုယ်ပြုံးလိုက်မှ ကျန်တဲ့သူတွေရဲ့ မျက်နှာလည်း ပြုံးယောင်သန်းလာတာ တွေ့ရပါလိမ့်မယ်။

တစ်နည်းအားဖြင့် အပြုံးဟာ ကူးစက်တတ်တဲ့သဘော ရှိလို့ ဖြစ်ပါတယ်။ အပြုံးဟာ သံလိုက်လိုပဲ အနီးအနားက သံထည်တွေကို ဆွဲဆောင်နိုင်ပါတယ်။

(၄) သွေးဖိအားကို ကျဆင်းစေတယ်

ပြုံးလိုက်တာနဲ့ Endorphins တွေ တက်လာတတ်ပါတယ်။ Endorphins တက်လာတာနဲ့ သွေးဖိအားတွေ ကျဆင်းလာပါတယ်။

မပြုံးခင်နဲ့ ပြုံးပြီးနောက် သွေးဖိအားဟာ သိသိသာသာ ပြောင်းသွားတယ်လို့ တွေ့ရှိထားပါတယ်။

(၅) အောင်မြင်မှု ရရှိစေတယ်

ပြုံးတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုရှိတတ်ကြပါတယ်။ ယုံကြည်မှုအပြည့်နဲ့ အလုပ်လုပ်တဲ့သူဟာ

ရုံးမှာ ရာထူးတိုးဖို့လည်း အလားအလာများပါတယ်။ လူမှုပတ်ဝန်းကျင်မှာ လူချစ်လူခင်ပိုများပါတယ်။

ဒီတော့ မပြုံးလိုက်ရတဲ့ နေ့တစ်နေ့ဟာ ဆုံးရှုံးရတဲ့ နေ့တစ်နေ့လို့ မှတ်ထားသင့်ပါတယ်။