Zawgyi



















Unicode

တနင်္ဂနွေသားသမီးများအတွက် ကံမြင့်ကံပွင့်ယတြာ

တနင်္ဂနွေသားသမီးတွေ… ဘာလုပ်လုပ်အတားအဆီး အနှောင့်အယှက်တွေနဲ့ အဆင်မပြေတာ

ကြိုးစားမှုနဲ့ ဇွဲရှိရှိလုပ်နေပေမယ့် လုပ်သမျှ အရာမထင်တာ

ကံပိတ်လာဘ်ပိတ်ဖြစ်နေတာတွေနဲ့ ကြုံလာခဲ့ရင် ကံနိမ့်နေပြီလားမသိဘူးဆိုတဲ့ အတွေးတွေဝင်ဝင်လာတတ်တယ်…။

ဒီလိုအခြေအနေမျိုးမှာ ကံမြင့်ကံပွင့်ပြီး အခက်အခဲတွေကျော်လွှားတိုးတတ် အောင်မြင်စေဖို့ ပြုလုပ်ဖွယ် ယတြာတွေ ဒါနပြုပေးပါ့မယ်

တနင်္ဂနွေသားသမီးများ တနင်္ဂနွေ နေ့တိုင်း

မနက် ၉း ၀၀ မှ ၉း ၃၀အတွင်း နေအိမ်ဘုရားမှာ

အုန်းရည်တစ်ခွက်(သို့) အုန်းထမင်း (သို့) အုန်းယို အဆင်ပြေရာ တမျိုးမျိုး ကပ်လှုပြီး

( ဣတိပိသော ဘဂဝါ ဗုဒ္ဓေါ ) ဂုဏ်တော်ကို ယုံကြည်သဒ္ဓါစိတ်ဖြင့် လေး နက်စွာပုတီး ၆ ပါတ်စိပ်၍ ပွါးများပူဇော်ပြီး

လိုရာတောင်းဆုကို လေးနက်စွာပြုပါဗျာ……။

အဲ့ဒီနေ့တနေ့တာလုံး အနီရောင်များများပါသော အဝတ်အစားများအသုံး အဆောင်များ ဝတ်ဆင် အသုံးပြုခြင်း

ပံသကူဒါနအဖြစ် ငွေ ( 1300 ) စွန့်လှုခြင်းများ ပြုလုပ်ပေးပါ……။

တနင်္ဂနွေနေ့တိုင်းသာ အထက်ပါယတြာများ ပြုလုပ်သွားပါဗျာ

သိသိသာသာ အဆင်ပြေမှုများဖြင့် အခက်အခဲ အတားအဆီးများကို ကျော်လွှားနိင်ပြီး ကံကောင်းခြင်းများနှင့်

ပွင့်လန်းတိုးတတ် အောင်မြင်လာပါ့မည်……။ ဆရာကိုမင်းနိုင်နှင့်တကွ သင်ဆရာ မြင်ဆရာ ကြားဆရာများအား

အစဉ်ရှိခိုးဦးခိုက်လျက် ဆရာဟိန်း B.A (Psy:) ဗေဒင်နှင့် ဂမ္ဘီရယတြာအစီရင်ပညာ

ဖူးစာဖက်စစ်မှန်တယ်ဆိုရင် သေချာပေါက် တူညီနေမယ့်အချက်မျာ

အော်ပရေတာ အစုံ အင်တာနက်သုံးလို့ရတဲ့နည်းလမ်း(မျှဝေပေးကြပါ)