Zawgyi






အရင်နှစ်များက ဆုံးရှုံးသွားသော ငွေးကြေး၊အလုပ် အကိုင်များ ပြန်လည် ဦးမော့အစဉ်ပြေ လာနိုင်မယ့်နှစ် အပိုင်းခြားဖြစ်ပါတယ်။















နာရီအတွင်း ကံကောင်းစေသောနေ့များကတော့-သောကြာနေ့နှင့်အင်္ဂါနေ့ ကံကောင်းစေသောပန်းမြတ်မာလာ-သစ္စာပန်း။



Unicode

သောကြာ သားသမီးများ ယခုနှစ်အပိုင်း အခြားမှာ အလုပ် အကိုင် ကိစ္စများတွင် အလုပ် အကိုင်များပွင့်

လင်းလာပြီး အလုပ်များစွာ လုပ်ရ တတ်ပြီး အလုပ် ပင်ပန်း လူပင်ပန်းဖြစ်နေ တတ်ပါတယ်။

ဒီချိန်မှာအလုပ်ဟာ အကောင်းဘက်ကို ဦးတည်နေပါသောကြောင့် မလွဲမမှားဘဲ စည်းရှိရှိနဲ့ လုပ်ကိုင်သင့်ပါတယ်။

ဝန်ထမ်းများဟာ ဒီနှစ်အ ပိုင်းခြားမှာ အထက်လူကြီး၏ မျက်နှာပေးခံရခြင်း| ရာထူးတိုးပေးခံရခြင်း များဖြစ်တတ်ပြီး

ဝန်ထမ်း အချင်းချင်း မနာလိုမှုများဖြစ်ပေါ် တတ်ပါတယ်။ တစ်နှစ် တာလုံး အတွက် သောကြာသား သမီးများဟာ

အရင်နှစ်များက ဆုံးရှှုံးသွားသော ငွေးကြေး၊အလုပ် အကိုင်များ ပြန်လည် ဦးမော့အစဉ်ပြေ လာနိုင်မယ့်နှစ် အပိုင်းခြားဖြစ်ပါတယ်။

လုပ်ငန်း အသစ်များ စတင်ရန်အကောင်း ဆုံးအချိန် ခါဖြစ်သည်။ဝေးကွာနေသော သူငယ်ချင်း|မိတ်ဆွေဟောင်းများနှင့်

ပြန်လည် ဆုံတွေ ရတတ် ပါတယ်။ ရပ်ဝေးဘုရား ဖူးခရီးသွားရခြင်းများ ကြုံတွေ့ပါမည် ကျန်းမာရေးမှာ ရောဂါဟောင်း

ဒဏ်ရာဟောင်းများ ပြန်လည်ပေါ်ပေါက်လာတတ်ပါတယ်။သောကြာသားသမီးများချစ်သူရည်စား၏အူတိုမှု သဝန်တိုမှုများခံရတတ်ပါတယ်။

ပညာရေးမှာကြိုးစားသလိုနဲ့ စာဖက် စိတ်မပါဘဲ တခြားဖက်စိတ်ရောက်သွားလို့ အခက်ကြုံရတတ်ပါတယ်။

အိမ်ထောင်ရေးမှာ အပြောင်းအလဲ အကွေ့အကောက်အလွန်များပြီး အကောင်းဘက်ကို ရောက်ရှိပါက

အင်မတန် ကောင်းသောအပိုင်းခြားဖြစ်ပြီး အဆိုးဘက်ရောက်က ပြုပြင်လို့မရအောင် ဆိုးဝါးသွားတတ်ပါတယ်။

ထို့ကြောင့်သောကြာ သားသမီးများ အိမ်ထောင်ရေးမှာ အစွန်းနှစ်ဖက် ရောက်နေသ လိုဖြစ်နေတတ်ပါတယ်

ယတြာ-သောကြာသား သမီးများ မိမိမွေးနေ့မှာ နှမ်းဆီနှင့်ဆီမီး(၉)ခွက် အိမ်ဘုရားလှူပေးပါ။

အလုပ်အကိုင် အဆင်ပြေစေလိုပါက-စာရွက်ပေါ်တွင်မိမိနာမည်နှင့် အလုပ်နာမည်ရေးပြီး အဲဒီစာရွက်ပေါ်မှာ

လိမ္မော်သီးတစ်လုံးတင်ပြီး နေအိမ်ဘုရားလ ှူပြီးဆုတောင်းပေးပါ။အိမ်ထောင်းရေးအဆင်ပြေစေပါက-

အိမ်ထောင်ရှင်နှစ်ဦးစလုံး၏ ပုံများကို မျက်နှာချင်းဆိုင် ထပ်ပြီး ဓါတ်ပုံပေါ်မှာ ဆီးသီး(၆)လုံးတင်ထားပါ

ငွေကြေးကိစ္စပြေလည်လိုပါက-ကလေးများကိုကြက်သားဆန်ပြုတ်ကျွေးပါရာထူးတိုးလိုပါက-သမာဒေဝနတ် မင်းကြီးကို

နို့ဆွမ်းကပ် လှူပေးပါ။ ကံကောင်းစေသော အရောင်-အစိမ်းနုရောင် ဆင်စွယ်ရောင် အပြာနုအရောင်များ။

ကံကောင်းစေသောဂဏန်း- (၃/၅/၆) ကံကောင်းစေသောအချိန်-သောကြာနေ့ မနက်(၈)နာရီနဲ့ နေ့(၁၂)

နာရီအတွင်း ကံကောင်းစေသောနေ့များကတေ့ာ-သောကြာနေ့နှင့်အင်္ဂါနေ့ ကံကောင်းစေသောပန်းမြတ်မာလာ-သစ္စာပန်း။

သောကြာသား သမီးအပေါင်း တစ်နှစ်တာလုံး ကြံစည်တိုင်းအောင်မြင်၍ တောင့်တဆန္ဒများပြည့်စုံကြပါစေ။

ခရက်ဒစ် – ဆရာကျော်ဇောဟိန်