Zawgyi

ဆရာဝန္ညီေလးတစ္ေယာက္ရဲ႕ေဆးခန္းကိုလာျပတာ အသက္ ၂၀ ေက်ာ္ေကာင္ကေလး၊ သူ႔စအိုကေန ( intestinal fluke လို႔ေခၚတဲ့ )

အေကာင္အရွင္ေလးေတြ ထြက္ထြက္ေနတာ ေပၚလိုက္ေပ်ာက္လိုက္နဲ႔ ၃-၄ ႏွစ္ေလာက္ရွိၿပီတဲ့…။

သတိထားမိတာေတာ့ အဲဒီမတိုင္ခင္ ဝက္သားတုတ္ထိုးေတြ အေတာ္စားျဖစ္တယ္လို႔ေျပာတယ္။

အဲဒီအေကာင္ေလးေတြသာ အသည္းထဲမွာတြယ္ကပ္မိရင္ အေတာ္ကို ဆိုးဆိုး႐ြား႐ြား ဒုကၡေပးေတာ့မွာ။

ဒီလပိုင္း/ႏွစ္ပိုင္းေတြမွာ ေဆး႐ုံမွာလည္းမၾကာခဏေတြ႕လာရတာေတြက အသက္ ၃၀ ဝန္းက်င္လူနာေတြ

အစာအိမ္ကင္ဆာ အူမႀကီးကင္ဆာေတြနဲ႔၊ တစ္ခ်ိဳ႕ဆိုရင္ ခြဲလို႔မရႏိုင္ေတာ့တဲ့အေျခအေနမို႔

အသက္ ၃၀ ေက်ာ္ေလးမွာပဲ ေသမင္းရက္ခ်ိန္းကို ထိုင္ေစာင့္ေနရတဲ့ဘဝေတြကိုျဖစ္လို႔။

အဲဒီလိုလူနာေတြကို ေတြ႕ရ ျမင္ရ ၾကားရတိုင္း လမ္းေဘးမွာ မက်က္တက်က္ျပဳတ္ေတြထိုင္စားေနတဲ့

တုတ္ထိုးဆိုင္ေတြ ၊ မက်က္တက်က္ကင္တဲ့အျပင္ မီးခိုးေငြ႕ေတြ ေညႇာ္ေငြ႕ေတြပါ႐ိုက္ထားတဲ့

အကင္ဆိုင္ေတြနဲ႔ တစ္ခါတေလ ေခါင္းထဲ ဗိုက္ထဲက ေသြးေတြေတာင္ထြက္လာတတ္ေသးတဲ့ငါးကင္ေတြ…

ေနာက္တစ္ခါ ဆိုင္ႀကီးကနားႀကီးေတြနဲ႔ေရာင္းၿပီး ေဈးႀကီးေပးစားရတဲ့ ဆိုင္ေတြက ပြက္ပြက္ဆူေနတဲ့အိုးထဲ

ထည့္ၿပီး က်က္မွန္းမသိ မက်က္မွန္းမသိ ဆယ္စားေနၾကတဲ့ အသား ငါး ပုစြန္ေတြနဲ႔ readymade အသင့္စား

အစားအစာလို႔ေခၚတဲ့ ေခါက္ဆြဲေျခာက္ ၾကာဇံေျခာက္ ေကာ္ဖီမစ္ တီးမစ္ေတြကို မ်က္စိထဲမွာေျပးျမင္မိတယ္။

အသိဉာဏ္ ဗဟုသုတမရွိလို႔ စားတာလားဆိုေတာ့လည္း ကိုယ့္ဆရာဝန္ေတြေတာင္ အေတာ္မ်ားမ်ား

အားေပးၾကတာေတြ႕ရတယ္။တစ္ခါတေလႀကဳံလို႔ အေျပာင္းအလဲအျဖစ္စားမိတာမ်ိဳးက မေထာင္းသာလွေပမယ့္

တစ္ခ်ိဳ႕လူေတြကေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ စြဲစြဲလန္းလန္းကို စားၾကတာလည္းေတြ႕ရတယ္။

အဲဒီလူေတြထဲမွာ ဒီအစာေတြဟာ ဒီလိုဒုကၡေတြေပးတတ္တယ္ဆိုတာ သိတဲ့သူေတြအမ်ားႀကီးပါတာလည္း ေတြ႕ရတယ္။

အဲဒီေတာ့ ေျပာစရာက တစ္ခုပဲရွိေတာ့တယ္၊ ေသရဲရင္ စားသာစားၾကေပေတာ့လို႔ပဲ….။

မူရင္းေရးသူကို credit ေပးပါတယ္။ Photo by fb.

Unicode

ဆရာဝန်ညီလေးတစ်ယောက်ရဲ့ဆေးခန်းကိုလာပြတာ အသက် ၂၀ ကျော်ကောင်ကလေး၊ သူ့စအိုကနေ ( intestinal fluke လို့ခေါ်တဲ့ )

အကောင်အရှင်လေးတွေ ထွက်ထွက်နေတာ ပေါ်လိုက်ပျောက်လိုက်နဲ့ ၃-၄ နှစ်လောက်ရှိပြီတဲ့…။

သတိထားမိတာတော့ အဲဒီမတိုင်ခင် ဝက်သားတုတ်ထိုးတွေ အတော်စားဖြစ်တယ်လို့ပြောတယ်။

အဲဒီအကောင်လေးတွေသာ အသည်းထဲမှာတွယ်ကပ်မိရင် အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးတော့မှာ။

ဒီလပိုင်း/နှစ်ပိုင်းတွေမှာ ဆေးရုံမှာလည်းမကြာခဏတွေ့လာရတာတွေက အသက် ၃၀ ဝန်းကျင်လူနာတွေ

အစာအိမ်ကင်ဆာ အူမကြီးကင်ဆာတွေနဲ့၊ တစ်ချို့ဆိုရင် ခွဲလို့မရနိုင်တော့တဲ့အခြေအနေမို့

အသက် ၃၀ ကျော်လေးမှာပဲ သေမင်းရက်ချိန်းကို ထိုင်စောင့်နေရတဲ့ဘဝတွေကိုဖြစ်လို့။

အဲဒီလိုလူနာတွေကို တွေ့ရ မြင်ရ ကြားရတိုင်း လမ်းဘေးမှာ မကျက်တကျက်ပြုတ်တွေထိုင်စားနေတဲ့

တုတ်ထိုးဆိုင်တွေ ၊ မကျက်တကျက်ကင်တဲ့အပြင် မီးခိုးငွေ့တွေ ညှော်ငွေ့တွေပါရိုက်ထားတဲ့

အကင်ဆိုင်တွေနဲ့ တစ်ခါတလေ ခေါင်းထဲ ဗိုက်ထဲက သွေးတွေတောင်ထွက်လာတတ်သေးတဲ့ငါးကင်တွေ…

နောက်တစ်ခါ ဆိုင်ကြီးကနားကြီးတွေနဲ့ရောင်းပြီး ဈေးကြီးပေးစားရတဲ့ ဆိုင်တွေက ပွက်ပွက်ဆူနေတဲ့အိုးထဲ

ထည့်ပြီး ကျက်မှန်းမသိ မကျက်မှန်းမသိ ဆယ်စားနေကြတဲ့ အသား ငါး ပုစွန်တွေနဲ့ readymade အသင့်စား

အစားအစာလို့ခေါ်တဲ့ ခေါက်ဆွဲခြောက် ကြာဇံခြောက် ကော်ဖီမစ် တီးမစ်တွေကို မျက်စိထဲမှာပြေးမြင်မိတယ်။

အသိဉာဏ် ဗဟုသုတမရှိလို့ စားတာလားဆိုတော့လည်း ကိုယ့်ဆရာဝန်တွေတောင် အတော်များများ

အားပေးကြတာတွေ့ရတယ်။တစ်ခါတလေကြုံလို့ အပြောင်းအလဲအဖြစ်စားမိတာမျိုးက မထောင်းသာလှပေမယ့်

တစ်ချို့လူတွေကတော့ နှစ်နှစ်ခြိုက်ခြိုက် စွဲစွဲလန်းလန်းကို စားကြတာလည်းတွေ့ရတယ်။

အဲဒီလူတွေထဲမှာ ဒီအစာတွေဟာ ဒီလိုဒုက္ခတွေပေးတတ်တယ်ဆိုတာ သိတဲ့သူတွေအများကြီးပါတာလည်း တွေ့ရတယ်။

အဲဒီတော့ ပြောစရာက တစ်ခုပဲရှိတော့တယ်၊ သေရဲရင် စားသာစားကြပေတော့လို့ပဲ….။

မူရင်းရေးသူကို credit ပေးပါတယ်။ Photo by fb.