Sat. Jan 22nd, 2022

Zawgyi

ဒီေခတ္သမီးရည္စား စုံတြဲေတြၾကားမွာ အရင္ရည္းစားေကာင္ေလးနဲ႔ ျပတ္သြားတဲ့ အခါက်ရင္ အဲဒီ ရည္းစားေဟာင္း နဲ႔

သူနဲ႔ၾကားမွာ သူငယ္ခ်င္းလို ဆက္ဆံေရးတစ္ခုရွိတာကို ဂုဏ္ယူဝင့္ႂကြားစြာ ေျပာေနတတ္တဲ့ မိန္းကေလးေတြ ရွိတတ္ပါတယ္။

အမွန္တစ္ကယ္ေတာ့ အဲဒီလိုမ်ိဳး ကိစၥဟာ ဂုဏ္ယူစရာကိစၥမဟုတ္ပါဘူး။ တစ္ကယ့္ေတာ့ ျဖစ္သင့္တာက ကိုယ္နဲ႔ ျပတ္ၿပီးသြားရင္

လုံးဝကို ကိုယ့္ဖက္က ကင္းရွင္းေအာင္ ေနႏိုင္မွသာလွ်င္ ဂုဏ္ယူစရာတစ္ခု ျဖစ္တာပါ။ ဒါ့ေၾကာင့္ ဒီေန႔မွာေတာ့ ဘာလို႔

အဲဒီလိုမ်ိဳး Ex နဲ႔ သူငယ္ခ်င္းဆက္ဆံေရး လုံးဝမတည္ေဆာက္သင့္တဲ့ အေၾကာင္းအရင္း ၄ ခ်က္ကို ေျပာျပေပးသြားခ်င္ပါတယ္။

၁။ ယုံၾကည္မႈတစ္ခု ဆုံရႈံးၿပီးသြားရင္ ျပန္တည္ေဆာက္ဖို႔ မလြယ္ကူပါဘူး ယုံၾကည္မႈ ဆုံးရႈံးလို႔ပဲ

ႏွစ္ေယာက္စလုံး လမ္းခြဲခဲ့ၾကတာပါ။ အဲဒါကိုေတာင္ သူငယ္ခ်င္းလို ဆက္ေနဖို႔ ဘယ္လိုစိတ္ကူးလဲဆိုတာ မစဥ္းစားတတ္ပါဘူး။

ကိုယ့္ကို ယုံၾကည္မႈ မရွိတဲ့လူတစ္ေယာက္ ဒါမွမဟုတ္ ကိုယ္မယုံၾကည္ရတဲ့ လူတစ္ေယာက္အေပၚကို

သူငယ္ခ်င္းတစ္ေယာက္လို ဆက္ဆံမယ္ဆိုတာ လုံးဝမျဖစ္ႏိုင္တဲ့ အရာတစ္ခုပါ

၂။ မိသားစုဝင္ေတြအတြက္လည္း အဆင္ေျပမွာ မဟုတ္ပါဘူး

တစ္ကယ္လို႔ ကိုယ့္ရဲ႕ Ex ကို ကိုယ့္အိမ္နဲ႔ မိတ္ဆက္ေပးထားခဲ့တယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး အဆင္မေျပပါဘူး။

ကိုယ္ကသာ ဘာမွ မပတ္သတ္ေတာ့ဘူး၊ သူငယ္ခ်င္းလို ဆက္ဆံေရးပဲ ရွိပါတယ္လို႔ေျပာေျပာ ကိုယ့္ရဲ႕ မိဘေတြနဲ႔

ပတ္ဝန္းက်င္က လူေတြရဲ႕ အျမင္မွာေတာ့ ေတာ္ေတာ္ေလးကို ကိုးလို႔ကန႔္လန႔္ ျဖစ္ေနမွာ အမွန္ပါပဲ။

၃။ Ex နဲ႔ ပတ္သတ္ၿပီးေတာ့လည္း ကိုယ့္ရဲ႕ ခံစားခ်က္က အဆင္ေျပမွာ မဟုတ္ပါဘူး

Ex နဲ႔ ကိုယ္ရဲ႕ ၾကားက ဆက္ဆံေရးဟာ သူငယ္ခ်င္းလို႔သာ ေျပာေပမယ့္ Ex က ကိုယ့္အေပၚ စိတ္မကုန္ေသးတာပဲျဖစ္ျဖစ္၊

ကိုယ္ကသူ႔အေပၚ စိတ္မကုန္ေသးတာပဲျဖစ္ျဖစ္၊ သူေကာကိုယ္ေကာ ေနာက္ရည္းစားေတြနဲ႔ တြဲရင္ ႏွစ္ေယာက္စလုံး

စိတ္အေႏွာင့္အယွက္ျဖစ္မွာေတာ့ အမွန္ပါပဲ။ ၁၅၀၀ အခ်စ္နဲ႔ ခ်စ္ခဲ့တဲ့ လူတစ္ေယာက္အေပၚကို ၅၂၈ လို

ေမတၱာအခ်စ္မ်ိဳး ခ်စ္ဖို႔ဆိုတာ ေတာ္ေတာ္ေလးကို ခက္ခဲပါတယ္။

၄။ နားလည္မႈ မရွိရင္ေတာ့ ေတာ္ေတာ္ေလးကို ကေမာက္ကမႏိုင္တဲ့ ဆက္ဆံေရးႀကီး ျဖစ္မွာပါ

တစ္ေယာက္နဲ႔ တစ္ေယာက္ တစ္ခ်ိန္တုန္းက အရမ္းခ်စ္ခဲ့ၾကေပမယ့္ တစ္ကယ္တမ္း ျပတ္သြားတဲ့ အခါမွာ ႐ုတ္တရက္

မျပတ္ႏိုင္တာေၾကာင့္ ေတာ္ေတာ္မ်ားမ်ားက သူငယ္ခ်င္းလို ဆက္ေနၾကဖို႔ ေျပာၾကတာပါ။ အဲဒီလို အခ်ိန္မ်ိဳးဟာ

ႏွစ္ေယာက္ၾကားမွာ ေတာ္ေတာ္ေလးကို ကေမာက္ကမႏိုင္တဲ့ ဆက္ဆံေရးတစ္ခု ျဖစ္ေနမွာေတာ့ အမွန္ပါပဲ။

Unicode

ဒီခေတ်သမီးရည်စား စုံတွဲတွေကြားမှာ အရင်ရည်းစားကောင်လေးနဲ့ ပြတ်သွားတဲ့ အခါကျရင် အဲဒီ ရည်းစားဟောင်း နဲ့

သူနဲ့ကြားမှာ သူငယ်ချင်းလို ဆက်ဆံရေးတစ်ခုရှိတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောနေတတ်တဲ့ မိန်းကလေးတွေ ရှိတတ်ပါတယ်။

အမှန်တစ်ကယ်တော့ အဲဒီလိုမျိုး ကိစ္စဟာ ဂုဏ်ယူစရာကိစ္စမဟုတ်ပါဘူး။ တစ်ကယ့်တော့ ဖြစ်သင့်တာက ကိုယ်နဲ့ ပြတ်ပြီးသွားရင်

လုံးဝကို ကိုယ့်ဖက်က ကင်းရှင်းအောင် နေနိုင်မှသာလျှင် ဂုဏ်ယူစရာတစ်ခု ဖြစ်တာပါ။ ဒါ့ကြောင့် ဒီနေ့မှာတော့ ဘာလို့

အဲဒီလိုမျိုး Ex နဲ့ သူငယ်ချင်းဆက်ဆံရေး လုံးဝမတည်ဆောက်သင့်တဲ့ အကြောင်းအရင်း ၄ ချက်ကို ပြောပြပေးသွားချင်ပါတယ်။

၁။ ယုံကြည်မှုတစ်ခု ဆုံရှုံးပြီးသွားရင် ပြန်တည်ဆောက်ဖို့ မလွယ်ကူပါဘူး ယုံကြည်မှု ဆုံးရှုံးလို့ပဲ

နှစ်ယောက်စလုံး လမ်းခွဲခဲ့ကြတာပါ။ အဲဒါကိုတောင် သူငယ်ချင်းလို ဆက်နေဖို့ ဘယ်လိုစိတ်ကူးလဲဆိုတာ မစဉ်းစားတတ်ပါဘူး။

ကိုယ့်ကို ယုံကြည်မှု မရှိတဲ့လူတစ်ယောက် ဒါမှမဟုတ် ကိုယ်မယုံကြည်ရတဲ့ လူတစ်ယောက်အပေါ်ကို

သူငယ်ချင်းတစ်ယောက်လို ဆက်ဆံမယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အရာတစ်ခုပါ

၂။ မိသားစုဝင်တွေအတွက်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး

တစ်ကယ်လို့ ကိုယ့်ရဲ့ Ex ကို ကိုယ့်အိမ်နဲ့ မိတ်ဆက်ပေးထားခဲ့တယ်ဆိုရင်တော့ တော်တော်လေး အဆင်မပြေပါဘူး။

ကိုယ်ကသာ ဘာမှ မပတ်သတ်တော့ဘူး၊ သူငယ်ချင်းလို ဆက်ဆံရေးပဲ ရှိပါတယ်လို့ပြောပြော ကိုယ့်ရဲ့ မိဘတွေနဲ့

ပတ်ဝန်းကျင်က လူတွေရဲ့ အမြင်မှာတော့ တော်တော်လေးကို ကိုးလို့ကန့်လန့် ဖြစ်နေမှာ အမှန်ပါပဲ။

၃။ Ex နဲ့ ပတ်သတ်ပြီးတော့လည်း ကိုယ့်ရဲ့ ခံစားချက်က အဆင်ပြေမှာ မဟုတ်ပါဘူး

Ex နဲ့ ကိုယ်ရဲ့ ကြားက ဆက်ဆံရေးဟာ သူငယ်ချင်းလို့သာ ပြောပေမယ့် Ex က ကိုယ့်အပေါ် စိတ်မကုန်သေးတာပဲဖြစ်ဖြစ်၊

ကိုယ်ကသူ့အပေါ် စိတ်မကုန်သေးတာပဲဖြစ်ဖြစ်၊ သူကောကိုယ်ကော နောက်ရည်းစားတွေနဲ့ တွဲရင် နှစ်ယောက်စလုံး

စိတ်အနှောင့်အယှက်ဖြစ်မှာတော့ အမှန်ပါပဲ။ ၁၅၀၀ အချစ်နဲ့ ချစ်ခဲ့တဲ့ လူတစ်ယောက်အပေါ်ကို ၅၂၈ လို

မေတ္တာအချစ်မျိုး ချစ်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲပါတယ်။

၄။ နားလည်မှု မရှိရင်တော့ တော်တော်လေးကို ကမောက်ကမနိုင်တဲ့ ဆက်ဆံရေးကြီး ဖြစ်မှာပါ

တစ်ယောက်နဲ့ တစ်ယောက် တစ်ချိန်တုန်းက အရမ်းချစ်ခဲ့ကြပေမယ့် တစ်ကယ်တမ်း ပြတ်သွားတဲ့ အခါမှာ ရုတ်တရက်

မပြတ်နိုင်တာကြောင့် တော်တော်များများက သူငယ်ချင်းလို ဆက်နေကြဖို့ ပြောကြတာပါ။ အဲဒီလို အချိန်မျိုးဟာ

နှစ်ယောက်ကြားမှာ တော်တော်လေးကို ကမောက်ကမနိုင်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်နေမှာတော့ အမှန်ပါပဲ။