အစ်မမွေးထားတဲ့ သားသမီးတွေကို သူများလက်ထဲ မပေးနိုင်ဘူး” လို့ ပြောလိုက်တဲ့ခိုင်နှင်းဝေ

Zawgyi

သူမရဲ႕ ေဂဟာမွာ ေမြးထားတဲ့ ကေလးေလးေတြကို ေမြးစားဖို႔ လာေတာင္းတဲ့သူေတြ ရွိေနတယ္လို႔ ဆိုပါတယ္။

ခိုင္ႏွင္းေဝရဲ႕ ေဂဟာမွာရွိတဲ့ ကေလးေတြကို ေမြးစားဖို႔ လာေတာင္းၾကသူေတြ အမ်ားႀကီးပဲပါတဲ့။ သူမအေနနဲ႔ သူမရဲ႕ကေလးေတြကို

ေပးမယ့္အစား အျပင္မွာ အဆင္မေျပလို႔ ကေလးလာေပးခ်င္တဲ့ သူေတြနဲ႔ တိုက္႐ိုက္ ခ်ိတ္ေပးတာမ်ိဳးပဲ လုပ္ေပးႏိုင္ၿပီး သူမကိုယ္တိုင္

သားသမီးအရင္ တဖြယ္ ေမြးထားတဲ့ ကေလးေလးေတြကိုေတာ့ သူမ်ားရဲ႕ လက္ထဲကို မထည့္ေပးႏိုင္ဘူးလို႔ ဆိုပါတယ္။

“ အစ္မကေတာ့ေလ ကေလးကို ဆင္းရဲပါေစ၊ ခ်မ္းသာပါေစ မိဘအရင္းနဲ႔ ေနရတာ အေကာင္းဆုံးပဲ။ တခ်ိဳ႕သူေတြကေတာ့

ကေလးေမြးစားဖို႔အတြက္ လာေတာင္းတဲ့သူေတြ ရွိပါတယ္။ ဒါေပမယ့္ အစ္မကေလးေတြကို မေပးႏိုင္ဘူး။

သံေယာဇဥ္ကလည္း ျဖစ္ေနၿပီ တကယ္လို႔ အစ္မ မႏိုင္မနင္းျဖစ္ေနၿပီဆိုရင္ ေမြးစားခ်င္တဲ့သူနဲ႔ ကေလးေပးခ်င္တဲ့ သူကို ခ်ိတ္ေပးလိုက္မယ္။

ဒါက ကုသိုလ္ယူတာပါ။ အခုကလည္း အစ္မဆီမွာရွိတဲ့ ကေလးေတြကိုပဲ လာေတာင္းေတာ့ ဒီကေလးေတြကိုေတာ့

မေပးႏိုင္ဘူး” လို႔ သူကဆိုပါတယ္။ ခိုင္ႏွင္းေဝဟာ သူမရဲ႕ ေဂဟာမွာရွိတဲ့ ကေလးေတြကို အရမ္းခ်စ္သလို သံေယာဇဥ္လည္း

ရွိတာေၾကာင့္ ကံေကာင္းၾကတာလို႔ ဆိုပါတယ္။ ကေလးေတြ ကံေကာင္းတယ္ဆိုတိုင္း လိမ္ဆင္ေတြနဲ႔ လာေပးၾကတဲ့

မိဘေတြလည္း ရွိတယ္လို႔ သူက ေျပာပါတယ္။ “အစ္မဆီမွာ ရွိရင္ေတာ့ ကံေကာင္းတယ္လို႔ ေျပာၾကတာပဲ ဒါကလည္း ဟုတ္တယ္ေလ

အစ္မက ကေလးေတြကို ခ်စ္တာကိုး။ တခ်ိဳ႕ လြဲမွားတဲ့ ကံေကာင္းျခင္းေတြက်ေတာ့ အစ္မဆီမွာရွိရင္ ကံေကာင္းမွာပဲ ဆိုၿပီးေတာ့

အစ္မကိုပဲ လာေပးခ်င္ေနတာေတာ့ မျဖစ္သင့္ဘူး။ အစ္မက ကေလးေခၚရင္ ေတာ္႐ုံတန္႐ုံမေခၚဘူး။

တခ်ိဳ႕က်ေတာ့ လိမ္ဆင္ေတြ လာၾကတယ္။ ကေလးေတြက အသက္ႀကီးလာတဲ့အခါ သူတို႔ ဘာေၾကာင့္ ဒီလိုေနရတာလဲ ေမးလာရင္

အစ္မက ျပန္ေျဖဖို႔အတြက္ အခုကတည္းက ေတြးထားၿပီးသား။ ကေလးေတြ အ႐ြယ္ေရာက္လာမွ ျပန္လာေခၚရင္

အစ္မက ေပးလိုက္ရလို႔ ကိစၥမရွိဘူး ဒါေပမယ့္ ကေလးတစ္ေယာက္ရဲ႕ ရင္ထဲမွာ စိတ္႐ိုင္းဝင္သြားတတ္တယ္။

ဒါေၾကာင့္ ကေလးကို ေမြးၿပီးတိုင္းလည္း လာမေပးပါနဲ႔ ကံေကာင္းတယ္ဆိုတဲ့ အယူအဆက လြဲမွားေနတယ္လို႔ အစ္မ ျမင္ပါတယ္။

လာေပးတဲ့ ကေလးတိုင္းကို ေမြးရမယ္ဆိုရင္ ကေလးေပါင္း ေထာင္ခ်ီေနေလာက္ၿပီ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

ခိုင္ႏွင္းေဝဟာ ကိုဗစ္ကာလမွာ သူမရဲ႕ ရင္ေသြးေလးမ်ား ရိပ္ၿမဳံက ကေလးေတြကို ကိုယ္တိုင္ေစာင့္ေရွာက္ေပးေနတယ္လို႔ သိရပါတယ္။

သူမရဲ႕ပရဟိတလုပ္ငန္းေတြဟာ ျပည္တြင္းမွာသာ မက ထိုင္းႏိုင္ငံ ခိုလၿမိဳ႕ မွာလည္း ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။

ထိုင္းႏိုင္ငံမွာ ရွိတဲ့ ပရဟိတအလုပ္ေတြကေတာ့ သူမကို ခ်စ္တဲ့ ပရိသတ္ေတြ ဖြဲ႕စည္းထားတဲ့ ပရဟိတအဖြဲ႕ ျဖစ္ပါတယ္။

Unicode

သူမရဲ့ ဂေဟာမှာ မွေးထားတဲ့ ကလေးလေးတွေကို မွေးစားဖို့ လာတောင်းတဲ့သူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ခိုင်နှင်းဝေရဲ့ ဂေဟာမှာရှိတဲ့ ကလေးတွေကို မွေးစားဖို့ လာတောင်းကြသူတွေ အများကြီးပဲပါတဲ့။ သူမအနေနဲ့ သူမရဲ့ကလေးတွေကို

ပေးမယ့်အစား အပြင်မှာ အဆင်မပြေလို့ ကလေးလာပေးချင်တဲ့ သူတွေနဲ့ တိုက်ရိုက် ချိတ်ပေးတာမျိုးပဲ လုပ်ပေးနိုင်ပြီး သူမကိုယ်တိုင်

သားသမီးအရင် တဖွယ် မွေးထားတဲ့ ကလေးလေးတွေကိုတော့ သူများရဲ့ လက်ထဲကို မထည့်ပေးနိုင်ဘူးလို့ ဆိုပါတယ်။

“ အစ်မကတော့လေ ကလေးကို ဆင်းရဲပါစေ၊ ချမ်းသာပါစေ မိဘအရင်းနဲ့ နေရတာ အကောင်းဆုံးပဲ။ တချို့သူတွေကတော့

ကလေးမွေးစားဖို့အတွက် လာတောင်းတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် အစ်မကလေးတွေကို မပေးနိုင်ဘူး။

သံယောဇဉ်ကလည်း ဖြစ်နေပြီ တကယ်လို့ အစ်မ မနိုင်မနင်းဖြစ်နေပြီဆိုရင် မွေးစားချင်တဲ့သူနဲ့ ကလေးပေးချင်တဲ့ သူကို ချိတ်ပေးလိုက်မယ်။

ဒါက ကုသိုလ်ယူတာပါ။ အခုကလည်း အစ်မဆီမှာရှိတဲ့ ကလေးတွေကိုပဲ လာတောင်းတော့ ဒီကလေးတွေကိုတော့

မပေးနိုင်ဘူး” လို့ သူကဆိုပါတယ်။ ခိုင်နှင်းဝေဟာ သူမရဲ့ ဂေဟာမှာရှိတဲ့ ကလေးတွေကို အရမ်းချစ်သလို သံယောဇဉ်လည်း

ရှိတာကြောင့် ကံကောင်းကြတာလို့ ဆိုပါတယ်။ ကလေးတွေ ကံကောင်းတယ်ဆိုတိုင်း လိမ်ဆင်တွေနဲ့ လာပေးကြတဲ့

မိဘတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ “အစ်မဆီမှာ ရှိရင်တော့ ကံကောင်းတယ်လို့ ပြောကြတာပဲ ဒါကလည်း ဟုတ်တယ်လေ

အစ်မက ကလေးတွေကို ချစ်တာကိုး။ တချို့ လွဲမှားတဲ့ ကံကောင်းခြင်းတွေကျတော့ အစ်မဆီမှာရှိရင် ကံကောင်းမှာပဲ ဆိုပြီးတော့

အစ်မကိုပဲ လာပေးချင်နေတာတော့ မဖြစ်သင့်ဘူး။ အစ်မက ကလေးခေါ်ရင် တော်ရုံတန်ရုံမခေါ်ဘူး။

တချို့ကျတော့ လိမ်ဆင်တွေ လာကြတယ်။ ကလေးတွေက အသက်ကြီးလာတဲ့အခါ သူတို့ ဘာကြောင့် ဒီလိုနေရတာလဲ မေးလာရင်

အစ်မက ပြန်ဖြေဖို့အတွက် အခုကတည်းက တွေးထားပြီးသား။ ကလေးတွေ အရွယ်ရောက်လာမှ ပြန်လာခေါ်ရင်

အစ်မက ပေးလိုက်ရလို့ ကိစ္စမရှိဘူး ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ ရင်ထဲမှာ စိတ်ရိုင်းဝင်သွားတတ်တယ်။

ဒါကြောင့် ကလေးကို မွေးပြီးတိုင်းလည်း လာမပေးပါနဲ့ ကံကောင်းတယ်ဆိုတဲ့ အယူအဆက လွဲမှားနေတယ်လို့ အစ်မ မြင်ပါတယ်။

လာပေးတဲ့ ကလေးတိုင်းကို မွေးရမယ်ဆိုရင် ကလေးပေါင်း ထောင်ချီနေလောက်ပြီ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ခိုင်နှင်းဝေဟာ ကိုဗစ်ကာလမှာ သူမရဲ့ ရင်သွေးလေးများ ရိပ်မြုံက ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

သူမရဲ့ပရဟိတလုပ်ငန်းတွေဟာ ပြည်တွင်းမှာသာ မက ထိုင်းနိုင်ငံ ခိုလမြို့ မှာလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံမှာ ရှိတဲ့ ပရဟိတအလုပ်တွေကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။