Zawgyi

ဘဏ္ေတြ ၿပိဳႏိုင္လားေမးရင္ ေနာက္ႏွစ္လကေန ေျခာက္လထိ စစ္ေကာင္စီကို ျဖဳတ္မခ်ႏိုင္ရင္ ၿပိဳတယ္။ေသခ်ာေပါက္ ၿပိဳတယ္။

ႏိုင္ငံတစ္ႏိုင္ငံမွာ ေငြစကၠဴနဲ႔ ေလစကၠဴဆိုတာ ရွိတယ္။ ေငြစကၠဴဆိုတာက ရွင္းလင္းပါတယ္။ ေငြသား႐ိုက္ထုတ္ထားတဲ့ ပမာဏပါ။

ေလစကၠဴဆိုတာက ေငြစကၠဴကို ႏွစ္ေပါင္းမ်ားစြာ လည္ပတ္စီးဆင္းရာကေန ႏိုင္ငံစီးပြါးေရးအျဖစ္ ျဖစ္တည္လာတဲ့ ႏိုင္ငံ့ေငြေၾကး ပမာဏပါ။

ႏိုင္ငံတစ္ႏိုင္ငံမွာ ေငြစကၠဴဟာ ႏိုင္ငံေငြေၾကး.. ပမာဏရဲ႕ 8.3% ပဲ ရွိပါတယ္။ ျမန္မာႏိုင္ငံမွ မဟုတ္။ ဒါ တစ္ကမာၻလုံးရဲ႕ Ratio ပါပဲ။

ႏိုင္ငံေငြေၾကးဟာ သိန္းတစ္ရာရွိတယ္ဆိုရင္ တကယ့္ေငြသားဟာ ၈၃၀၀၀၀ ပဲ ရွိပါတယ္။ ဒါဟာ ေငြေၾကးစနစ္ အမွန္ပါ။

ကိုယ့္မွာ သိန္းတစ္ရာရွိရင္ ၈၃၀၀၀၀ ကပဲ တကယ့္ ကိုယ္တာပါ။ ဒါေတာင္ ၈၃၀၀၀၀ လုံး သြားထုတ္ရင္..

အေျခအေနမလွပါဘူး။ အရင္ကေတာ့ ငါ့မွာ သိန္းတစ္ရာရွိရင္ သိန္းငါးဆယ္ေတာ့ သြားထုတ္တယ္၊ ဘာမွ မျဖစ္ပါဘူးလို႔ ေတြးလိမ့္မယ္။

ထုတ္သူရွိသလို အပ္သူရွိတဲ့အေျခအေနမွာ ေငြေၾကးစနစ္ဟာ ပုံမွန္လည္ပတ္ေနခဲ့တယ္။ဘဏ္ဆိုတာ ေငြထုတ္စက္မဟုတ္ပါဘူး။

ထုတ္ ကုန္မယ္မယ္ရရမရွိပါဘူး။ယုံၾကည္မႈကို ေရာင္းစားတဲ့.. Industry ပါ။ ယုံၾကည္မႈေၾကာင့္ပဲ ဘဏ္ေတြဟာ လည္ ပတ္ႏိုင္တယ္။

ယုံၾကည္မႈကို အေျခခံၿပီး ဝန္ေဆာင္မႈ ေရာင္းစားတဲ့ လုပ္ငန္းပါ။ဘဏ္တစ္ခု နာမည္ဆိုးထြက္ၿပီး လူေတြ ေငြအကုန္လာထုတ္ၾကၿပီဆိုရင္

ဘဏ္ၿပိဳတတ္ပါတယ္။ ဘဏ္ဆိုတာ ၿပိဳရင္ ဆက္တိုက္ၿပိဳတတ္တဲ့ သေဘာရွိပါတယ္။ တစ္ဘဏ္ၿပိဳသြားရင္..

အျခားဘဏ္ေတြကိုပါ ယုံၾကည္မႈ မရွိေတာ့တာေၾကာင့္ အကုန္ေျပးထုတ္ၾကရင္ ဆက္တိုက္ၿပိဳတတ္တာပါ။

ဒါ့ေၾကာင့္ ဘဏ္တစ္ခုနဲ႔တစ္ခုဟာ ၿပိဳင္ဘက္ဆိုတာထက္ အေရးႀကဳံရင္ အခ်င္းခ်င္း ေထာက္ကန္ေပးၾကရတယ္။

ဥပမာ- A ဆိုတဲ့ဘဏ္က နာမည္ဆိုးထြက္ၿပီး ေငြေတြေၾကာက္လန႔္ၿပီး ထုတ္ၾက။လက္ထဲမွာလည္း..

မထားခ်င္၊ B ဆိုတဲ့ဘဏ္နဲ႔ Cဆိုတဲ့ဘဏ္ကို ျပန္အပ္ၾက။အဲ့လို အေျခအေနမွာ B Bank နဲ႔ C Bank ဟာ သူတို႔ဆီကို

လာအပ္တဲ့ေငြကို A Bank ဆိ ျပန္ပို႔ၿပီး ေထာ က္ က န္ ၾကရတယ္။ A ကထုတ္၊ Bနဲ႔ C ကိုေရာက္၊ Bနဲ႔ C က

ေနာက္ေပါက္ကေန A ဆီ ေငြျပန္ပို႔။ ေငြေအး ေဆးထုတ္ေပးႏိုင္ရင္ A ေပၚ ယုံၾကည္မႈ ျပန္ရွိလာ၊..

ျပန္လည္ပတ္၊ ဒီပုံစံနဲ႔ပဲ သြားခဲ့ၾကတယ္။အခုျပသနာက တစ္ႏိုင္ငံလုံးက ျပည္သူေတြ ေငြျပန္ထုတ္ၾကတဲ့ ျပသနာပါ။

ဘာလို႔ထုတ္လဲဆိုေတာ့ မယုံလို႔ပါ။ ဘာလို႔မယုံလဲဆိုေတာ့ အုပ္ခ်ဳပ္ေနတဲ့ မအိမ္လုံးေတြက ယုံစရာ မေကာင္းလို႔ပါ။

တစ္ဘဏ္နဲ႔တစ္ဘဏ္ ေထာက္ကန္ေပးလို႔မရေတာ့ပါဘူး။တစ္ဘဏ္ကထုတ္ၿပီး တစ္ဘဏ္ကို..

သြားအပ္တာမ်ိဳး မဟုတ္ဘဲ လက္ထဲမွာ ကိုင္ထားလိုက္ၾကလို႔ပါ။ စစ္ေကာင္စီဟာ အာဏာထိန္းၿပီးတာနဲ႔

ဘဏ္ေတြရဲ႕အခ်ဳပ္ျဖစ္တဲ့ ဗဟိုဘဏ္မွာ နားလည္တတ္ကြၽမ္းသူေတြအစား ေလးတန္းေအာင္အဆင့္ ဩဇာခံေတြကို

ဆြဲခန႔္ပစ္လိုက္တယ္။ စစ္ေကာင္စီယႏၲယားလည္ပတ္ဖို႔ လိုအပ္တဲ့ေငြ ရွာမရတဲ့အခါ ဘဏ္ေတြဘက္..

လွည့္လာတယ္။ Customer ကလြဲရင္ ဘဏ္ကေတာင္ သိခြင့္မရွိဆိုတဲ့ ယုံၾကည္မႈနဲ႔ ေရာင္းခ်ထားတဲ့ Safe Box ေတြကို

ဖိအားေပး စစ္ေဆးတယ္။ ေငြထုတ္ႏိုင္တဲ့ ပမာဏေတြကို ကန႔္သတ္တယ္။ ဘဏ္ေတြေပၚ ျပည္သူရဲ႕ ယုံၾကည္မႈကို

ဖ်က္စီးပစ္လိုက္တယ္။ေနာက္တစ္ခ်က္က လည္ပတ္ေနတဲ့ ေလစကၠဴစနစ္ကို.. လုံးဝတြန္းလွဲပစ္လိုက္တယ္။ Mobile Data ေတြ

ပိတ္ပစ္လိုက္တာပဲ။ Mobile Banking ကေန သူ႔ကိုယ္လႊဲ၊ ကိုယ့္သူလႊဲနဲ႔ လည္ပတ္ေနတဲ့ ေငြေၾကးစနစ္ဟာ ဒုန္းခနဲ ထိုးရပ္သြားတယ္။

Mobile Banking ထဲက ေငြအေမာင့္ေလးကို ၾကည့္ၿပီး စိတ္ခ်ေနတဲ့လူေတြရဲ႕ ရင္ထဲကို မီးထိုးေပးလိုက္တယ္။ ဒီအခ်ိန္မွာ လူေတြဟာ..

ေငြသားကို ပိုအလိုရွိလာၾကေတာ့တယ္။ဘဏ္ေတြမွာၿပဳံတိုးၿပီး ထုတ္ၾကေတာ့တယ္။ေငြသား လက္ထဲေရာက္ရင္ေတာင္ ျပည္သူဟာ

ေငြသားကို တရားမဝင္ေၾကညာတာမ်ိဳးေတြကို ေတြးပူၿပီး ေ႐ႊနဲ႔ ေဒၚလာကို ဝယ္ၾကေတာ့တယ္။ ေ႐ႊေဈး၊ ေဒၚလာေဈး

ထိုးတက္လာတယ္။ ေဒၚလာေဈးတက္လာတာနဲ႔အမွ် ေငြသားတန္ဖိုး.. ေလ်ာ့က်လာတယ္။ အာဏာသိမ္း သုံးလကာလမွာ

ျမန္မာေငြေၾကးတန္ဖိုးဟာ 20% ဝန္းက်င္ က်ဆင္းသြားတယ္။ အရင္ သိန္းတစ္ရာရွိသူဟာ တကယ့္တန္ဖိုး သိန္း၈၀ ပဲရွိေတာ့တယ္။

တိုင္းျပည္ဟာ အလုံးစုံပ်က္သုဥ္းဖို႔ ဦးတည္ေနၿပီ။ေငြေတြ ႐ိုက္ထုတ္မယ္ထား။ ဘီလီယံတစ္ေထာင္ ႐ိုက္ထုတ္ႏိုင္ရင္ေတာင္..

သန္း၅၀ နဲ႔စား၊ တစ္ေယာက္ ႏွစ္ေသာင္းပဲ ရမယ္။ အလုပ္မျဖစ္ဘူး။ ကုန္ေဈးႏႈန္း တက္မယ္။ ေငြေၾကးေဖာင္းပြမယ္။

ျဖစ္ခ်င္ရာျဖစ္ ထုတ္တယ္ကြာဆိုရင္ေတာင္ စကၠဴနဲ႔မွင္ဝယ္ယူဖို႔ ဆန္ရွင္ထိလို႔ ေရာင္းမယ့္သူမရွိဘူး။ေငြမထုတ္ေပးႏိုင္တာ

ဘဏ္ေတြ အျပစ္မဟုတ္ဘူး။ ေငြထုတ္ၾကတာလည္း ျပည္သူရဲ႕.. အျပစ္မဟုတ္ဘူး။ ေငြေတြ စုၿပဳံထုတ္ေအာင္ တြန္းပို႔လိုက္တဲ့

အျပစ္ပဲ။ဘဏ္ေတြ မၿပိဳပါဘူး လာမၿဖီးနဲ႔။ Customer အားလုံး ေငြျပန္ထုတ္ရင္ ျမန္မာျပည္က

ဘဏ္မေျပာနဲ႔၊ ဆြစ္ဇာလန္ဘဏ္ေတာင္ ၿပိဳတယ္။ ေငြ ၈က်ပ္နဲ႔ ျပား၃၀ ကို တစ္ရာပါဆိုၿပီး လည္ပတ္ဖို႔ဆိုတာ က်န္တဲ့ ၉၁က်ပ္..

ျပား၇၀ ဟာ ယုံၾကည္မႈ တန္ဖိုးပဲ။ အခု စစ္ေကာင္စီ ထိန္းခ်ဳပ္ခံဘဝေရာက္ေနတဲ့ ဘဏ္ေတြနဲ႔ Customer ၾကားက

ယုံၾကည္မႈ တန္ဖိုးဟာ Zero ျဖစ္သြားၿပီ။ ဘဏ္ေတြ ၿပိဳႏိုင္လား ကိုယ့္ဖာသာ စဥ္းစားၾကည့္ပါေတာ့။

ေငြေတြ ရေအာင္ထုတ္ထားမယ္ ဆိုတာေလာက္နဲ႔ မၿပီးသြားပါဘူး။တိုင္းျပည္ Zero ျဖစ္ရင္..

ကိုင္ထားတဲ့ ေငြဟာ စကၠဴအဆင့္ပဲ ရွိပါေတာ့တယ္။ အာဏာရွင္စနစ္ကို အျမန္ဆုံးတိုက္ထုတ္ႏိုင္ပါမွ ကိုယ့္ဘဝကိုယ္ ျပန္ရၾကမွာပါ။

(PS- အခ်က္အလက္မ်ားကို နားလည္သူမ်ားရဲ႕ ေရးသားခ်က္မ်ားမွ မွီျငမ္းထားပါတယ္)..

Unicode

ဘဏ်တွေ ပြိုနိုင်လားမေးရင် နောက်နှစ်လကနေ ခြောက်လထိ စစ်ကောင်စီကို ဖြုတ်မချနိုင်ရင် ပြိုတယ်။သေချာပေါက် ပြိုတယ်။

နိုင်ငံတစ်နိုင်ငံမှာ ငွေစက္ကူနဲ့ လေစက္ကူဆိုတာ ရှိတယ်။ ငွေစက္ကူဆိုတာက ရှင်းလင်းပါတယ်။ ငွေသားရိုက်ထုတ်ထားတဲ့ ပမာဏပါ။

လေစက္ကူဆိုတာက ငွေစက္ကူကို နှစ်ပေါင်းများစွာ လည်ပတ်စီးဆင်းရာကနေ နိုင်ငံစီးပွါးရေးအဖြစ် ဖြစ်တည်လာတဲ့ နိုင်ငံ့ငွေကြေး ပမာဏပါ။

နိုင်ငံတစ်နိုင်ငံမှာ ငွေစက္ကူဟာ နိုင်ငံငွေကြေး.. ပမာဏရဲ့ 8.3% ပဲ ရှိပါတယ်။ မြန်မာနိုင်ငံမှ မဟုတ်။ ဒါ တစ်ကမ္ဘာလုံးရဲ့ Ratio ပါပဲ။

နိုင်ငံငွေကြေးဟာ သိန်းတစ်ရာရှိတယ်ဆိုရင် တကယ့်ငွေသားဟာ ၈၃၀၀၀၀ ပဲ ရှိပါတယ်။ ဒါဟာ ငွေကြေးစနစ် အမှန်ပါ။

ကိုယ့်မှာ သိန်းတစ်ရာရှိရင် ၈၃၀၀၀၀ ကပဲ တကယ့် ကိုယ်တာပါ။ ဒါတောင် ၈၃၀၀၀၀ လုံး သွားထုတ်ရင်..

အခြေအနေမလှပါဘူး။ အရင်ကတော့ ငါ့မှာ သိန်းတစ်ရာရှိရင် သိန်းငါးဆယ်တော့ သွားထုတ်တယ်၊ ဘာမှ မဖြစ်ပါဘူးလို့ တွေးလိမ့်မယ်။

ထုတ်သူရှိသလို အပ်သူရှိတဲ့အခြေအနေမှာ ငွေကြေးစနစ်ဟာ ပုံမှန်လည်ပတ်နေခဲ့တယ်။ဘဏ်ဆိုတာ ငွေထုတ်စက်မဟုတ်ပါဘူး။

ထုတ် ကုန်မယ်မယ်ရရမရှိပါဘူး။ယုံကြည်မှုကို ရောင်းစားတဲ့.. Industry ပါ။ ယုံကြည်မှုကြောင့်ပဲ ဘဏ်တွေဟာ လည် ပတ်နိုင်တယ်။

ယုံကြည်မှုကို အခြေခံပြီး ဝန်ဆောင်မှု ရောင်းစားတဲ့ လုပ်ငန်းပါ။ဘဏ်တစ်ခု နာမည်ဆိုးထွက်ပြီး လူတွေ ငွေအကုန်လာထုတ်ကြပြီဆိုရင်

ဘဏ်ပြိုတတ်ပါတယ်။ ဘဏ်ဆိုတာ ပြိုရင် ဆက်တိုက်ပြိုတတ်တဲ့ သဘောရှိပါတယ်။ တစ်ဘဏ်ပြိုသွားရင်..

အခြားဘဏ်တွေကိုပါ ယုံကြည်မှု မရှိတော့တာကြောင့် အကုန်ပြေးထုတ်ကြရင် ဆက်တိုက်ပြိုတတ်တာပါ။

ဒါ့ကြောင့် ဘဏ်တစ်ခုနဲ့တစ်ခုဟာ ပြိုင်ဘက်ဆိုတာထက် အရေးကြုံရင် အချင်းချင်း ထောက်ကန်ပေးကြရတယ်။

ဥပမာ- A ဆိုတဲ့ဘဏ်က နာမည်ဆိုးထွက်ပြီး ငွေတွေကြောက်လန့်ပြီး ထုတ်ကြ။လက်ထဲမှာလည်း..

မထားချင်၊ B ဆိုတဲ့ဘဏ်နဲ့ Cဆိုတဲ့ဘဏ်ကို ပြန်အပ်ကြ။အဲ့လို အခြေအနေမှာ B Bank နဲ့ C Bank ဟာ သူတို့ဆီကို

လာအပ်တဲ့ငွေကို A Bank ဆိ ပြန်ပို့ပြီး ထော က် က န် ကြရတယ်။ A ကထုတ်၊ Bနဲ့ C ကိုရောက်၊ Bနဲ့ C က

နောက်ပေါက်ကနေ A ဆီ ငွေပြန်ပို့။ ငွေအေး ဆေးထုတ်ပေးနိုင်ရင် A ပေါ် ယုံကြည်မှု ပြန်ရှိလာ၊..

ပြန်လည်ပတ်၊ ဒီပုံစံနဲ့ပဲ သွားခဲ့ကြတယ်။အခုပြသနာက တစ်နိုင်ငံလုံးက ပြည်သူတွေ ငွေပြန်ထုတ်ကြတဲ့ ပြသနာပါ။

ဘာလို့ထုတ်လဲဆိုတော့ မယုံလို့ပါ။ ဘာလို့မယုံလဲဆိုတော့ အုပ်ချုပ်နေတဲ့ မအိမ်လုံးတွေက ယုံစရာ မကောင်းလို့ပါ။

တစ်ဘဏ်နဲ့တစ်ဘဏ် ထောက်ကန်ပေးလို့မရတော့ပါဘူး။တစ်ဘဏ်ကထုတ်ပြီး တစ်ဘဏ်ကို..

သွားအပ်တာမျိုး မဟုတ်ဘဲ လက်ထဲမှာ ကိုင်ထားလိုက်ကြလို့ပါ။ စစ်ကောင်စီဟာ အာဏာထိန်းပြီးတာနဲ့

ဘဏ်တွေရဲ့အချုပ်ဖြစ်တဲ့ ဗဟိုဘဏ်မှာ နားလည်တတ်ကျွမ်းသူတွေအစား လေးတန်းအောင်အဆင့် ဩဇာခံတွေကို

ဆွဲခန့်ပစ်လိုက်တယ်။ စစ်ကောင်စီယန္တယားလည်ပတ်ဖို့ လိုအပ်တဲ့ငွေ ရှာမရတဲ့အခါ ဘဏ်တွေဘက်..

လှည့်လာတယ်။ Customer ကလွဲရင် ဘဏ်ကတောင် သိခွင့်မရှိဆိုတဲ့ ယုံကြည်မှုနဲ့ ရောင်းချထားတဲ့ Safe Box တွေကို

ဖိအားပေး စစ်ဆေးတယ်။ ငွေထုတ်နိုင်တဲ့ ပမာဏတွေကို ကန့်သတ်တယ်။ ဘဏ်တွေပေါ် ပြည်သူရဲ့ ယုံကြည်မှုကို

ဖျက်စီးပစ်လိုက်တယ်။နောက်တစ်ချက်က လည်ပတ်နေတဲ့ လေစက္ကူစနစ်ကို.. လုံးဝတွန်းလှဲပစ်လိုက်တယ်။ Mobile Data တွေ

ပိတ်ပစ်လိုက်တာပဲ။ Mobile Banking ကနေ သူ့ကိုယ်လွှဲ၊ ကိုယ့်သူလွှဲနဲ့ လည်ပတ်နေတဲ့ ငွေကြေးစနစ်ဟာ ဒုန်းခနဲ ထိုးရပ်သွားတယ်။

Mobile Banking ထဲက ငွေအမောင့်လေးကို ကြည့်ပြီး စိတ်ချနေတဲ့လူတွေရဲ့ ရင်ထဲကို မီးထိုးပေးလိုက်တယ်။ ဒီအချိန်မှာ လူတွေဟာ..

ငွေသားကို ပိုအလိုရှိလာကြတော့တယ်။ဘဏ်တွေမှာပြုံတိုးပြီး ထုတ်ကြတော့တယ်။ငွေသား လက်ထဲရောက်ရင်တောင် ပြည်သူဟာ

ငွေသားကို တရားမဝင်ကြေညာတာမျိုးတွေကို တွေးပူပြီး ရွှေနဲ့ ဒေါ်လာကို ဝယ်ကြတော့တယ်။ ရွှေဈေး၊ ဒေါ်လာဈေး

ထိုးတက်လာတယ်။ ဒေါ်လာဈေးတက်လာတာနဲ့အမျှ ငွေသားတန်ဖိုး.. လျော့ကျလာတယ်။ အာဏာသိမ်း သုံးလကာလမှာ

မြန်မာငွေကြေးတန်ဖိုးဟာ 20% ဝန်းကျင် ကျဆင်းသွားတယ်။ အရင် သိန်းတစ်ရာရှိသူဟာ တကယ့်တန်ဖိုး သိန်း၈၀ ပဲရှိတော့တယ်။

တိုင်းပြည်ဟာ အလုံးစုံပျက်သုဉ်းဖို့ ဦးတည်နေပြီ။ငွေတွေ ရိုက်ထုတ်မယ်ထား။ ဘီလီယံတစ်ထောင် ရိုက်ထုတ်နိုင်ရင်တောင်..

သန်း၅၀ နဲ့စား၊ တစ်ယောက် နှစ်သောင်းပဲ ရမယ်။ အလုပ်မဖြစ်ဘူး။ ကုန်ဈေးနှုန်း တက်မယ်။ ငွေကြေးဖောင်းပွမယ်။

ဖြစ်ချင်ရာဖြစ် ထုတ်တယ်ကွာဆိုရင်တောင် စက္ကူနဲ့မှင်ဝယ်ယူဖို့ ဆန်ရှင်ထိလို့ ရောင်းမယ့်သူမရှိဘူး။ငွေမထုတ်ပေးနိုင်တာ

ဘဏ်တွေ အပြစ်မဟုတ်ဘူး။ ငွေထုတ်ကြတာလည်း ပြည်သူရဲ့.. အပြစ်မဟုတ်ဘူး။ ငွေတွေ စုပြုံထုတ်အောင် တွန်းပို့လိုက်တဲ့

အပြစ်ပဲ။ဘဏ်တွေ မပြိုပါဘူး လာမဖြီးနဲ့။ Customer အားလုံး ငွေပြန်ထုတ်ရင် မြန်မာပြည်က

ဘဏ်မပြောနဲ့၊ ဆွစ်ဇာလန်ဘဏ်တောင် ပြိုတယ်။ ငွေ ၈ကျပ်နဲ့ ပြား၃၀ ကို တစ်ရာပါဆိုပြီး လည်ပတ်ဖို့ဆိုတာ ကျန်တဲ့ ၉၁ကျပ်..

ပြား၇၀ ဟာ ယုံကြည်မှု တန်ဖိုးပဲ။ အခု စစ်ကောင်စီ ထိန်းချုပ်ခံဘဝရောက်နေတဲ့ ဘဏ်တွေနဲ့ Customer ကြားက

ယုံကြည်မှု တန်ဖိုးဟာ Zero ဖြစ်သွားပြီ။ ဘဏ်တွေ ပြိုနိုင်လား ကိုယ့်ဖာသာ စဉ်းစားကြည့်ပါတော့။

ငွေတွေ ရအောင်ထုတ်ထားမယ် ဆိုတာလောက်နဲ့ မပြီးသွားပါဘူး။တိုင်းပြည် Zero ဖြစ်ရင်..

ကိုင်ထားတဲ့ ငွေဟာ စက္ကူအဆင့်ပဲ ရှိပါတော့တယ်။ အာဏာရှင်စနစ်ကို အမြန်ဆုံးတိုက်ထုတ်နိုင်ပါမှ ကိုယ့်ဘဝကိုယ် ပြန်ရကြမှာပါ။

(PS- အချက်အလက်များကို နားလည်သူများရဲ့ ရေးသားချက်များမှ မှီငြမ်းထားပါတယ်)..