Zawgyi

မိုဘိုင္းအင္တာနက္ျဖင့္ အြန္လိုင္းဘဏ္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ထပ္မံရရွိသည့္ ဘဏ္ငါးခုႏွင့္ မိုဘိုင္း

ေငြေရး ေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္း ငါးခုအား ဗဟိုဘဏ္က ဧၿပီ ၃၀ ရက္တြင္ သတင္းထုတ္ျပန္သည္။

မိုဘိုင္းအင္တာနက္ ယာယီျပတ္ေတာက္ေနစဥ္ ကာလအတြင္း ဘဏ္ႏွင့္ မိုဘိုင္းေငြေရး ေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္း

ေဆာင္႐ြက္သူမ်ား၏ အင္တာနက္အသုံးျပဳ၍ ေဆာင္႐ြက္ရသည့္ ေငြေရးေၾကးေရးဆိုင္ရာ System မ်ား၊ Application မ်ားကို

ပုံမွန္အတိုင္း ျပန္လည္ ေဆာင္႐ြက္ႏိုင္ရန္ ႀကိဳးပမ္းခဲ့ရာ ဧၿပီ ၂၉ ရက္တြင္ ဝန္ေဆာင္မႈရရွိသည့္ ဘဏ္အခ်ိဳ႕ကို

ေၾကညာခဲ့ၿပီးျဖစ္ေၾကာင္း၊ ယခုအခါ ယူေအဘီဘဏ္၊ ျမန္မာ့ေရွ႕ေဆာင္ဘဏ္၊ ေနျပည္ေတာ္ ဖြံ႕ၿဖိဳးေရးဘဏ္၊

အာရွစိမ္းလန္းမႈ ဖြံ႕ၿဖိဳးေရးဘဏ္ႏွင့္ ေ႐ႊေက်းလက္ႏွင့္ ၿမိဳ႕ျပဖြံ႕ၿဖိဳး တိုးတက္ေရး ဘဏ္တို႔မွလည္း Mobile Banking၊ internet Banking၊

Mobile Top-up၊ Other Cards Top-up၊ Bill Pyament မ်ား၊ Visa၊ Master၊ Credit Card Payment၊ MPU Cards၊ All ATMs၊

Bank Pay မ်ားမွ Account to Account Transfer၊ Wallet to Wallet၊ Bank to Wallet၊ Wallet to Bank၊ CBM Net ၏

CCT Function စသည့္ ဝန္ေဆာင္မႈမ်ားကို အမ်ားျပည္သူမ်ားအတြက္ ေဆာင္႐ြက္ေပးေနၿပီ ျဖစ္ေၾကာင္း ဗဟိုဘဏ္၏

ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။ ထို႔အတူ မိုဘိုင္း ေငြေရးေၾကးေရး ဝန္ေဆာင္မႈ လုပ္ငန္းမ်ားျဖစ္သည့္ Wave Money၊ OKS၊

M-Pitesan၊ Mytel Pay၊ MPT Money တို႔ျဖင့္ Mobile top-up၊ Wallet to Wallet၊ Bank to Wallet၊ Wallet to Bank၊

Air Time top-up၊ Merchant Cash in/ Cash out တို႔ကိုလည္း ယခင္အတိုင္း ဝန္ေဆာင္မႈမ်ားကိုလည္း

ျပန္လည္ ေဆာင္႐ြက္ႏိုင္ၿပီ ျဖစ္ေၾကာင္း ဗဟိုဘဏ္၏ သတင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

Unicode

မိုဘိုင်းအင်တာနက်ဖြင့် အွန်လိုင်းဘဏ် ဝန်ဆောင်မှုလုပ်ငန်းများ ထပ်မံရရှိသည့် ဘဏ်ငါးခုနှင့် မိုဘိုင်း

ငွေရေး ကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ငါးခုအား ဗဟိုဘဏ်က ဧပြီ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

မိုဘိုင်းအင်တာနက် ယာယီပြတ်တောက်နေစဉ် ကာလအတွင်း ဘဏ်နှင့် မိုဘိုင်းငွေရေး ကြေးရေး ဝန်ဆောင်မှုလုပ်ငန်း

ဆောင်ရွက်သူများ၏ အင်တာနက်အသုံးပြု၍ ဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာ System များ၊ Application များကို

ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ရာ ဧပြီ ၂၉ ရက်တွင် ဝန်ဆောင်မှုရရှိသည့် ဘဏ်အချို့ကို

ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်၊

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး ဘဏ်တို့မှလည်း Mobile Banking၊ internet Banking၊

Mobile Top-up၊ Other Cards Top-up၊ Bill Pyament များ၊ Visa၊ Master၊ Credit Card Payment၊ MPU Cards၊ All ATMs၊

Bank Pay များမှ Account to Account Transfer၊ Wallet to Wallet၊ Bank to Wallet၊ Wallet to Bank၊ CBM Net ၏

CCT Function စသည့် ဝန်ဆောင်မှုများကို အများပြည်သူများအတွက် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ဗဟိုဘဏ်၏

ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အတူ မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် Wave Money၊ OKS၊

M-Pitesan၊ Mytel Pay၊ MPT Money တို့ဖြင့် Mobile top-up၊ Wallet to Wallet၊ Bank to Wallet၊ Wallet to Bank၊

Air Time top-up၊ Merchant Cash in/ Cash out တို့ကိုလည်း ယခင်အတိုင်း ဝန်ဆောင်မှုများကိုလည်း

ပြန်လည် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။