Zawgyi

တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္၊ သိပၸံႏွင့္ ေက်ာင္းမ်ားမွ သင္ၾကားေရးဆရာ ဆရာမအားလုံးႏွင့္

စီမံဝန္ထမ္းမ်ား လုပ္ငန္းခြင္သို႔ ေမ ၃ ရက္ ေနာက္ဆုံးထား ဝင္ေရာက္ရန္ ပညာေရးဝန္ႀကီးဌာနက အသိေပးေၾကညာထားသည္။

အဆင့္ျမင့္ပညာက႑ရွိ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားရွိ ေနာက္ဆုံး ႏွစ္သင္တန္းမ်ား၊ မဟာဘြဲ႕ (ေရးေျဖ)

သင္တန္းမ်ားႏွင့္ ပါရဂူဘြဲ႕ႀကိဳသင္တန္းမ်ားကို COVID-19 ေရာဂါ စည္းကမ္းခ်က္မ်ားႏွင့္အညီ ေမ ၅ ရက္တြင္

ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သိရသည္။ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ COVID-19 ေရာဂါေၾကာင့္

ေက်ာင္းသား ေက်ာင္းသူမ်ား၏ ပညာသင္ယူမႈအခြင့္အလမ္းမ်ား ေႏွာင့္ေႏွးမႈမရွိေစေရး၊ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္

ဖြင့္လက္စ ပုံမွန္ သင္တန္းမ်ား၏ ေနာက္ဆုံးႏွစ္ သင္တန္းမ်ား ၿပီးဆုံးေစရန္ႏွင့္ ေနာက္ဆုံးႏွစ္သင္တန္းသားမ်ားအား ဘြဲ႕ရမ်ားအျဖစ္

ေမြးထုတ္၍ လုပ္ငန္းခြင္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပး ႏိုင္ေရးတို႔အတြက္ အဆင့္ျမင့္ပညာက႑ရွိ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊

ေကာလိပ္မ်ား တြင္ ေနာက္ဆုံးႏွစ္သင္တန္းမ်ား၊ မဟာဘြဲ႕ (ေရးေျဖ) သင္တန္းမ်ားႏွင့္ ပါရဂူဘြဲ႕ႀကိဳသင္တန္းမ်ားကို COVID-19

ေရာဂါကူးစက္ျပန႔္ ပြားမႈ တားဆီးကာကြယ္ေရးစည္းမ်ဥ္းမ်ား ႏွင့္အညီ ေမ ၅ ရက္တြင္ ဖြင့္လွစ္မည္ျဖစ္ ေၾကာင္း သိရသည္။

အဆင့္ျမင့္ပညာဦးစီးဌာနရွိ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားမွ ဆရာ ဆရာမမ်ားအတြက္ အားလပ္ရက္ရွည္ခံစား

ခြင့္ကို ၂၀၂၁ ခုႏွစ္ ေမ ၂ ရက္အထိ သတ္ မွတ္ခြင့္ျပဳထားၿပီး တကၠသိုလ္၊ ဒီဂရီေကာ လိပ္၊ ေကာလိပ္အသီးသီးမွ သင္ၾကားေရး

ဆရာဆရာမအားလုံးႏွင့္ စီမံဝန္ထမ္းအား လုံးအေနျဖင့္ ၂၀၂၁ ခုႏွစ္ ေမ ၃ ရက္ေနာက္ ဆုံးထား၍ မိမိတို႔လုပ္ငန္းခြင္မ်ားသို႔ မ

ပ်က္ မကြက္ ျပန္လည္ဝင္ေရာက္ထမ္းေဆာင္ၾက ရန္ ပညာေရးဝန္ႀကီးဌာနက ႏႈိးေဆာ္တိုက္ တြန္းထားသည္။

ထို႔ျပင္ COVID-19 စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ စာသင္ေက်ာင္းမ်ား ျပန္ လည္ဖြင့္လွစ္ႏိုင္ေရး ပညာေရးဝန္ႀကီးဌာန၊

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတို႔ ျပင္ဆင္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ COVID-19 ေၾကာင့္ ပိတ္ထားခဲ့ရသည့္

အေျခခံပညာေက်ာင္းမ်ား ျပန္လည္ ဖြင့္လွစ္ႏိုင္ေရးအတြက္ ပညာေရးဝန္ႀကီး ဌာနႏွင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး

ဌာနအၾကား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခင္ အေျခခံပညာ အထက္တန္းေက်ာင္းမ်ား

ျပန္လည္ဖြင့္လွစ္ခ်ိန္၌ COVID-19 ေရာဂါ ႀကိဳတင္ကာ ကြယ္ေရးအတြက္ ျပင္ဆင္မႈမ်ားေဆာင္႐ြက္ ၍ ၂၀၂၀ ျပည့္ႏွစ္

ဇူလိုင္ ၂၂ ရက္မွစတင္ကာ အထက္တန္းအဆင့္ စာသင္ေက်ာင္း ၆၅၀၀ ေက်ာ္ ဖြင့္လွစ္ႏိုင္ခဲ့ၿပီး COVID-19 ေရာဂါ

ဒုတိယလႈိင္း စတင္ျဖစ္ပြားမႈေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္ ၂၇ ရက္မွစတင္ၿပီး ေက်ာင္းမ်ား ျပန္ပိတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။

ပညာေရးဝန္ႀကီးဌာနႏွင့္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနတို႔ ပူးေပါင္း၍ COVID-19ေရာဂါႀကိဳတင္ကာကြယ္ေရး

ျပင္ဆင္ထားရွိမႈ၊ ႀကီးၾကပ္ဆန္းစစ္မႈမ်ား ေၾကာင့္ ထိုအခ်ိန္က စာသင္ေက်ာင္းမ်ားမွ တစ္ဆင့္ COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားမႈ

မရွိခဲ့ေၾကာင္း၊ လတ္တေလာအေျခအေန အရ ႏိုင္ငံအတြင္း COVID-19 ေရာဂါ ကူး စက္မႈ ေလ်ာ့နည္းလာၿပီျဖစ္၍လည္းေကာင္း၊

ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအေနျဖင့္ ေက်ာင္းသားလူငယ္မ်ား၏ ပညာသင္ယူေရး ကို အေလးထားေဆာင္႐ြက္ရန္

လိုအပ္သျဖင့္ လည္းေကာင္း ေက်ာင္းသားေက်ာင္းသူမ်ား၊ ဆရာဆရာမမ်ားအပါအဝင္ ပညာေရးဝန္ ထမ္းမ်ား

ေရာဂါအႏၲရာယ္ကင္းရွင္းစြာျဖင့္ စာသင္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း

က်န္းမာေရးႏွင့္ အား ကစားဝန္ႀကီးဌာနမွ သိရသည္။

Unicode

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ သင်ကြားရေးဆရာ ဆရာမအားလုံးနှင့်

စီမံဝန်ထမ်းများ လုပ်ငန်းခွင်သို့ မေ ၃ ရက် နောက်ဆုံးထား ဝင်ရောက်ရန် ပညာရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ နောက်ဆုံး နှစ်သင်တန်းများ၊ မဟာဘွဲ့ (ရေးဖြေ)

သင်တန်းများနှင့် ပါရဂူဘွဲ့ကြိုသင်တန်းများကို COVID-19 ရောဂါ စည်းကမ်းချက်များနှင့်အညီ မေ ၅ ရက်တွင်

ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကြောင့်

ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်းများ နှောင့်နှေးမှုမရှိစေရေး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်

ဖွင့်လက်စ ပုံမှန် သင်တန်းများ၏ နောက်ဆုံးနှစ် သင်တန်းများ ပြီးဆုံးစေရန်နှင့် နောက်ဆုံးနှစ်သင်တန်းသားများအား ဘွဲ့ရများအဖြစ်

မွေးထုတ်၍ လုပ်ငန်းခွင်လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရေးတို့အတွက် အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊

ကောလိပ်များ တွင် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့ (ရေးဖြေ) သင်တန်းများနှင့် ပါရဂူဘွဲ့ကြိုသင်တန်းများကို COVID-19

ရောဂါကူးစက်ပြန့် ပွားမှု တားဆီးကာကွယ်ရေးစည်းမျဉ်းများ နှင့်အညီ မေ ၅ ရက်တွင် ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။

အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ ဆရာမများအတွက် အားလပ်ရက်ရှည်ခံစား

ခွင့်ကို ၂၀၂၁ ခုနှစ် မေ ၂ ရက်အထိ သတ် မှတ်ခွင့်ပြုထားပြီး တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်အသီးသီးမှ သင်ကြားရေး

ဆရာဆရာမအားလုံးနှင့် စီမံဝန်ထမ်းအား လုံးအနေဖြင့် ၂၀၂၁ ခုနှစ် မေ ၃ ရက်နောက် ဆုံးထား၍ မိမိတို့လုပ်ငန်းခွင်များသို့ မ

ပျက် မကွက် ပြန်လည်ဝင်ရောက်ထမ်းဆောင်ကြ ရန် ပညာရေးဝန်ကြီးဌာနက နှိုးဆော်တိုက် တွန်းထားသည်။

ထို့ပြင် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ စာသင်ကျောင်းများ ပြန် လည်ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာန၊

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ COVID-19 ကြောင့် ပိတ်ထားခဲ့ရသည့်

အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီး ဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး

ဌာနအကြား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် အခြေခံပညာ အထက်တန်းကျောင်းများ

ပြန်လည်ဖွင့်လှစ်ချိန်၌ COVID-19 ရောဂါ ကြိုတင်ကာ ကွယ်ရေးအတွက် ပြင်ဆင်မှုများဆောင်ရွက် ၍ ၂၀၂၀ ပြည့်နှစ်

ဇူလိုင် ၂၂ ရက်မှစတင်ကာ အထက်တန်းအဆင့် စာသင်ကျောင်း ၆၅၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး COVID-19 ရောဂါ

ဒုတိယလှိုင်း စတင်ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၇ ရက်မှစတင်ပြီး ကျောင်းများ ပြန်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ COVID-19ရောဂါကြိုတင်ကာကွယ်ရေး

ပြင်ဆင်ထားရှိမှု၊ ကြီးကြပ်ဆန်းစစ်မှုများ ကြောင့် ထိုအချိန်က စာသင်ကျောင်းများမှ တစ်ဆင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု

မရှိခဲ့ကြောင်း၊ လတ်တလောအခြေအနေ အရ နိုင်ငံအတွင်း COVID-19 ရောဂါ ကူး စက်မှု လျော့နည်းလာပြီဖြစ်၍လည်းကောင်း၊

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကျောင်းသားလူငယ်များ၏ ပညာသင်ယူရေး ကို အလေးထားဆောင်ရွက်ရန်

လိုအပ်သဖြင့် လည်းကောင်း ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများအပါအဝင် ပညာရေးဝန် ထမ်းများ

ရောဂါအန္တရာယ်ကင်းရှင်းစွာဖြင့် စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင် ရွက်လျက်ရှိကြောင်း

ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ သိရသည်။