Zawgyi

၂၀၂၁-၂၀၂၂ ပညာသင္ႏွစ္ အေျခခံပညာ ေက်ာင္းအပ္ႏွံေရးသီတင္းပတ္အျဖစ္ ေမ ၂၄ ရက္မွ ေမလကုန္အထိ

သတ္မွတ္ထားၿပီး မည္သည့္အခေၾကးေငြမွ်ေကာက္ခံမႈမရွိေၾကာင္း ပညာေရးဝန္ႀကီးဌာနက သတင္းရရွိဟု

ဧၿပီ ၃၀ ရက္ ည ၈ နာရီ ျမဝတီသတင္းေၾကညာမႈအရ သိရသည္။ ပညာေရးဝန္ႀကီးဌာန၏

၂၀၂၁-၂၀၂၂ ပညာသင္ႏွစ္ အေျခခံပညာ (အထက္တန္း၊ အလယ္တန္း၊ မူလတန္း) ေက်ာင္းမ်ားကို ၂၀၂၁ ခုႏွစ္

ဇြန္ ၁ ရက္မွစတင္၍ ပုံမွန္စာသင္ ႏွစ္အတိုင္း ဖြင့္လွစ္မည္ျဖစ္ေၾကာင္း၊ ေက်ာင္း အပ္ႏွံေရး သီတင္းပတ္အျဖစ္

၂၀၂၁ ခုႏွစ္ ေမ ၂၄ ရက္ (တနလၤာေန႔)မွ ေမ ၃၁ ရက္ (တနလၤာေန႔)အထိ သတ္မွတ္ထားသျဖင့္ ယင္းကာလအတြင္း

အတန္းအားလုံး ေက်ာင္း အပ္ႏွံၾကရန္ႏွင့္ ေက်ာင္းအပ္ႏွံရာတြင္ မည္ သည့္အခေၾကးေငြမွ် လုံးဝ (လုံးဝ)ေကာက္ ခံမႈမရွိေၾကာင္း၊

ေက်ာင္းအပ္ႏွံသည့္ ေက်ာင္း သားအားလုံးကို ေက်ာင္းသုံးျပ႒ာန္းစာအုပ္ မ်ား၊ ဗလာစာအုပ္မ်ား၊ ေဘာပင္မ်ား၊

ခဲတံ မ်ားႏွင့္ COVID-19 ႀကိဳတင္ကာကြယ္ေရးအတြက္ Mask ႏွင့္ Face Shield မ်ားကို အခမဲ့ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း

ျမဝတီသတင္းေၾကညာမႈတြင္ပါရွိသည္။ ေက်ာင္းဖြင့္ခ်ိန္တြင္ လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ပတ္သက္၍ လိုအပ္သည္မ်ားကို

စီမံေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ ေရးအဖြဲ႕မွ ဗိုလ္ႀကီးေအးသဇင္ျမင့္က

ဧၿပီ ၂၉ ရက္တြင္ Zoom Meeting ျဖင့္ျပဳလုပ္ သည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕၏

သတင္းစာရွင္း လင္းပြဲ၌ ေျပာၾကားထားသည္။ တာဝန္ထမ္းေဆာင္ေနေသာ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းတက္ရမည့္

ေက်ာင္းသား၊ ေက်ာင္းသူမ်ားအားလုံး၏ လုံၿခဳံေရးကိုလည္း ျပည့္ဝစြာေဆာင္႐ြက္ႏိုင္ရန္ စီစဥ္ခ်မွတ္ထားေၾကာင္း ၎က ဆိုသည္။

CDM အေျခအေနႏွင့္ပတ္သက္၍ ဧၿပီမွစတင္ကာ ႏိုင္ငံ့ဝန္ထမ္းအားလုံးသည္ လုပ္ငန္းခြင္မ်ားသို႔ ျပန္လည္ဝင္ေရာက္ေန

သည္ကို ေတြ႕ရေၾကာင္း၊ ၿပီးခဲ့သည့္ ဆရာဆရာမမ်ား၏ မြမ္းမံသင္တန္းကို တက္ေရာက္လာေသာ ဆရာ၊

ဆရာမမ်ား၏ အင္အားကို ၾကည့္ပါက လုံၿခဳံေရးႏွင့္ပတ္သက္၍ ယင္းအခ်က္သည္ အေျဖဟုေျပာ၍ရေၾကာင္း

ဗိုလ္ႀကီးေအးသဇင္ျမင့္က ေျပာၾကားသည္။ COVID-19 စည္းမ်ဥ္းစည္းကမ္းမ်ား ႏွင့္အညီ စာသင္ေက်ာင္းမ်ား ျပန္

လည္ဖြင့္လွစ္ႏိုင္ေရး ပညာေရးဝန္ႀကီးဌာန၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတို႔ ျပင္ဆင္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

COVID-19 ေၾကာင့္ ပိတ္ခဲ့ရသည့္ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရး ပညာေရးဝန္ႀကီးဌာနႏွင့္

က်န္း မာေရးႏွင့္ အားကစားဝန္ႀကီးဌာနအၾကား အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊

ယခင္ အေျခခံပညာအထက္တန္းေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္၌ COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္ေရး

အတြက္ ျပင္ဆင္မႈမ်ားေဆာင္႐ြက္၍ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္ ၂၂ ရက္မွစ၍ အထက္တန္း အဆင့္ စာသင္ေက်ာင္း ၆၅၀၀

ေက်ာ္ကို ဖြင့္ လွစ္ႏိုင္ခဲ့ၿပီး COVID-19 ေရာဂါ ဒုတိယ လႈိင္းစတင္ျဖစ္ပြားမႈေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္ ၂၇ ရက္မွစ၍

ေက်ာင္းမ်ားျပန္ပိတ္ ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။ ပညာေရးဝန္ႀကီးဌာနႏွင့္ က်န္းမာေရး ႏွင့္

အားကစားဝန္ႀကီးဌာနတို႔ ပူးေပါင္း၍ COVID-19 ေရာဂါႀကိဳတင္ကာကြယ္ေရး ျပင္ဆင္ထားရွိမႈ၊ ႀကီးၾကပ္ဆန္းစစ္မႈမ်ား

ေၾကာင့္ ထိုအခ်ိန္က စာသင္ေက်ာင္းမ်ားမွ တစ္ဆင့္ COVID-19 ေရာဂါ ကူးစက္ျပန႔္ ပြားမႈမရွိခဲ့ေၾကာင္း၊

လတ္တေလာအေျခအ ေနအရ ႏိုင္ငံအတြင္း COVID-19 ေရာဂါ ကူးစက္မႈ ေလ်ာ့နည္းလာၿပီျဖစ္၍လည္း ေကာင္း၊

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအေနျဖင့္ ေက်ာင္းသားလူငယ္မ်ား ၏ ပညာသင္ယူေရးကို အေလးထားေဆာင္႐ြက္ရန္ လိုအပ္သျဖင့္

လည္းေကာင္း ေက်ာင္းသားေက်ာင္းသူမ်ား၊ ဆရာဆရာမ မ်ား အပါအဝင္ ပညာေရးဝန္ထမ္းမ်ား ေရာဂါအႏၲရာယ္ကင္းရွင္းစြာျဖင့္

စာသင္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနမွ သိရသည္။

Crd;Eleven Media

Unicode

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၄ ရက်မှ မေလကုန်အထိ

သတ်မှတ်ထားပြီး မည်သည့်အခကြေးငွေမျှကောက်ခံမှုမရှိကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းရရှိဟု

ဧပြီ ၃၀ ရက် ည ၈ နာရီ မြဝတီသတင်းကြေညာမှုအရ သိရသည်။ ပညာရေးဝန်ကြီးဌာန၏

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ၂၀၂၁ ခုနှစ်

ဇွန် ၁ ရက်မှစတင်၍ ပုံမှန်စာသင် နှစ်အတိုင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ကျောင်း အပ်နှံရေး သီတင်းပတ်အဖြစ်

၂၀၂၁ ခုနှစ် မေ ၂၄ ရက် (တနင်္လာနေ့)မှ မေ ၃၁ ရက် (တနင်္လာနေ့)အထိ သတ်မှတ်ထားသဖြင့် ယင်းကာလအတွင်း

အတန်းအားလုံး ကျောင်း အပ်နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည် သည့်အခကြေးငွေမျှ လုံးဝ (လုံးဝ)ကောက် ခံမှုမရှိကြောင်း၊

ကျောင်းအပ်နှံသည့် ကျောင်း သားအားလုံးကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ် များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊

ခဲတံ များနှင့် COVID-19 ကြိုတင်ကာကွယ်ရေးအတွက် Mask နှင့် Face Shield များကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း

မြဝတီသတင်းကြေညာမှုတွင်ပါရှိသည်။ ကျောင်းဖွင့်ချိန်တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို

စီမံဆောင်ရွက်နေကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့မှ ဗိုလ်ကြီးအေးသဇင်မြင့်က

ဧပြီ ၂၉ ရက်တွင် Zoom Meeting ဖြင့်ပြုလုပ် သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏

သတင်းစာရှင်း လင်းပွဲ၌ ပြောကြားထားသည်။ တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့် ကျောင်းတက်ရမည့်

ကျောင်းသား၊ ကျောင်းသူများအားလုံး၏ လုံခြုံရေးကိုလည်း ပြည့်ဝစွာဆောင်ရွက်နိုင်ရန် စီစဉ်ချမှတ်ထားကြောင်း ၎င်းက ဆိုသည်။

CDM အခြေအနေနှင့်ပတ်သက်၍ ဧပြီမှစတင်ကာ နိုင်ငံ့ဝန်ထမ်းအားလုံးသည် လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်နေ

သည်ကို တွေ့ရကြောင်း၊ ပြီးခဲ့သည့် ဆရာဆရာမများ၏ မွမ်းမံသင်တန်းကို တက်ရောက်လာသော ဆရာ၊

ဆရာမများ၏ အင်အားကို ကြည့်ပါက လုံခြုံရေးနှင့်ပတ်သက်၍ ယင်းအချက်သည် အဖြေဟုပြော၍ရကြောင်း

ဗိုလ်ကြီးအေးသဇင်မြင့်က ပြောကြားသည်။ COVID-19 စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စာသင်ကျောင်းများ ပြန်

လည်ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

COVID-19 ကြောင့် ပိတ်ခဲ့ရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့်

ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနအကြား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊

ယခင် အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး

အတွက် ပြင်ဆင်မှုများဆောင်ရွက်၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၂ ရက်မှစ၍ အထက်တန်း အဆင့် စာသင်ကျောင်း ၆၅၀၀

ကျော်ကို ဖွင့် လှစ်နိုင်ခဲ့ပြီး COVID-19 ရောဂါ ဒုတိယ လှိုင်းစတင်ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၇ ရက်မှစ၍

ကျောင်းများပြန်ပိတ် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး နှင့်

အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိမှု၊ ကြီးကြပ်ဆန်းစစ်မှုများ

ကြောင့် ထိုအချိန်က စာသင်ကျောင်းများမှ တစ်ဆင့် COVID-19 ရောဂါ ကူးစက်ပြန့် ပွားမှုမရှိခဲ့ကြောင်း၊

လတ်တလောအခြေအ နေအရ နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်မှု လျော့နည်းလာပြီဖြစ်၍လည်း ကောင်း၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကျောင်းသားလူငယ်များ ၏ ပညာသင်ယူရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်သဖြင့်

လည်းကောင်း ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမ များ အပါအဝင် ပညာရေးဝန်ထမ်းများ ရောဂါအန္တရာယ်ကင်းရှင်းစွာဖြင့်

စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

Crd;Eleven Media