Zawgyi










Crd;ဘီဘီစီ

Unicode

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲ ကျင်းပခဲ့ပေမဲ့ ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်ခဲ့ပါဘူး။

မြန်မာ့အရေးအာဆီယံအထူးအစည်းအဝေးပွဲအပေါ် သဘောထားကိုတင်ပြဖို့ အခုအစည်းအဝေးခေါ်တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ကုလအထူးကိုယ်စားလှယ်လည်း တက်ရောက်ပြီး ဂျာကာတာမြို့ အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီးမှာ

စစ်ကောင်စီဥက္ကဋ္ဌနဲ့သူ သီခြားတွေ့ဆုံခဲ့ပေမဲ့ မြန်မာနိုင်ငံထဲလာဖို့ ငြင်းဆိုခံခဲ့ရတယ်လို့သိရပါတယ်။

ဗြိတိန်အဆိုပြုတဲ့လုံခြုံရေးကောင်စီကြေညာချက်မူကြမ်းမှာ အာဆီယံရဲ့အရေးပါမှုကို အပြည့်အဝထောက်ခံတာ၊

ကုလအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ် မြန်မြန်ပေါ်ပေါက်စေတာ၊ ဆန္ဒပြသူတွေအပေါ်အကြမ်းဖက်မှုကို

ပြင်းပြင်းထန်ထန်ရှုတ်ချတာ၊ အကြမ်းမဖက်ဖို့ စစ်တပ်ကို တောင်းဆိုတာတွေ ပါဝင်ပါတယ်။

ဒီမူကြမ်းအစား တရုတ်နဲ့ရုရှားတို့က သူတို့ပြင်ဆင်လာတဲ့ မူကြမ်းခပ်တိုတိုကို တင်ပြခဲ့လို့ မူကြမ်း ၂ ခုစလုံးကို အဖွဲ့ဝင်တွေကြား

မဲအများစုနဲ့ အတည်မပြုနိုင်ခဲ့ပါဘူး။ အခုတော့ မူကြမ်း ၂ စောင်ပေါင်းပြီးကြေညာချက်တစ်စောင်ထုတ်မလား ဆက်ဆွေးနွေးနေပါတယ်။

Crd;ဘီဘီစီ