Zawgyi

BABY POWDER ကို တစ္အိမ္လုံးအက်ိဳးရွိရွိအသုံးခ်ႏိုင္မယ့္နည္းလမ္း(၇)မ်ိဳး

အိမ္တိုင္း အိမ္တိုင္းမွာ ကေလးရွိရွိမရွိရွိ baby powder ေလးေတြကိုေဆာင္ထားတတ္ၾကမွာပါ။ baby powder က ေခြၽးနံ႔ေပ်ာက္ဖို႔အျပင္

တျခားအသုံးဝင္တဲ့ေနရာေတြအမ်ားႀကီးရွိပါေသးတယ္။ baby powder ေလးေတြကို အိမ္မွာ ဒီလိုေလးေတြအသုံးခ်ၾကည့္လိုက္ေနာ္။

၁။ ေခါင္းေလွ်ာ္ဖို႔ အခ်ိန္မရွိတဲ့အခါ

freepik by freepikဆံပင္ေတြအဆီျပန္ေနၿပီးေခါင္းေလွ်ာ္ဖို႔အခ်ိန္မရွိတဲ့အခါမ်ိဳးမွာ baby powderအနည္းငယ္ကို

ဦးေရျပားေပၚ ျဖဴးေပးၿပီး ေခါင္းၿဖီးလိုက္ရင္ ေခါင္းေလွ်ာ္ထားသလို ဆံပင္ေလးေတြသန္႔သြားပါလိမ့္မယ္။

အိမ္မွာ ေခြးေလး၊ေၾကာင္ေလးေတြအနံ႔နံေနၿပီး ေရခ်ိဳးေပးဖို႔ အခ်ိန္မရွိေသးရင္ baby powder ေလးနဲ႔

ျဖဴးေပးလိုက္ပါ အနံ႔ဆိုးေတြေပ်ာက္သြားပါလိမ့္မယ္။

၂။ ပု႐ြက္ဆိတ္ေတြေျပးေအာင္

shutterstock By Cherkasအိမ္မွာပု႐ြက္ဆိတ္ေတြလာရင္ ပု႐ြက္ဆိတ္ေတြလာတဲ့

လမ္းေၾကာင္းကို baby powder ေလးျဖဴးထားေပးလိုက္ရင္ ပု႐ြက္ဆိတ္ေတြ ေျပးသြားပါလိမ့္မယ္။

၃။ အသားအေရအစိုဓာတ္ထိန္းဖို႔

ေျခဖေနာင့္ကြဲတာအတြက္ အစိုဓာတ္ထိန္းဖို႔ baby powder ကိုသုံးေပးပါ။ ေျခဖေနာင့္ကြဲတဲ့သူေတြက ေျခေထာက္ကို

သန္႔ေနေအာင္ေရေဆးၿပီးရင္ baby powder ေလးနဲ႔ လိမ္းထားေပးလိုက္ရင္ ယားယံတာေျခာက္ေသြ႕တာေတြ သက္သာလာပါလိမ့္မယ္။

၄။ အဝတ္အစားေတြအနံ႔ဆိုးကင္းေအာင္

freepik by freepikအဝတ္ဗီ႐ိုထဲမွာေလွာင္ပိတ္ၿပီး အဝတ္အစားမွာ အနံ႔ဆိုးေတြစြဲေနတယ္။ ပ႐ုတ္လုံးလည္းမသုံးခ်င္ဘူးဆိုရင္

ဗီ႐ိုေထာင့္ေလးေတြမွာ ေပါင္ဒါအနည္းငယ္ျဖဴးထားေပးလိုက္ပါ။ အဝတ္အစားအနံ႔ဆိုးေတြကင္းေဝးေစပါလိမ့္မယ္။

၅။ အပင္ေတြမပုပ္ေအာင္

shutterstock By ABO PHOTOGRAPHYအပင္စိုက္တာဝါသနာပါသူေတြအေနနဲ႔ ကိုယ္စိုက္ထားတဲ့အပင္ေလးေတြ

အျမစ္ပုပ္တာမ်ိဳးမျဖစ္ေစဖို႔ အပင္စိုက္တဲ့အခါ အျမစ္ကိုေပါင္ဒါေလးနည္းနည္းျဖဴးေပးၿပီးမွစိုက္ေပးပါ။

၆။ အေရျပားယားယံတာေတြသက္သာေအာင္

ေျခသလုံးေမြး၊ ခ်ိဳင္းေမြးေတြရိတ္ၿပီးတဲ့အခါ အေရျပားယားယံတာမ်ိဳး၊ ႏွင္းခူ၊ေပြး စတာေတြေၾကာင့္ အေရျပားယားယံတာမ်ိဳးေတြ

သက္သာေအာင္ ယားယံတဲ့ေနရာမွာ baby powder နည္းနည္းလိမ္းေပးပါ။ ၇။ ဖိနပ္အသစ္ဝတ္တဲ့အခါ

ေျခေထာက္မနာေအာင္ ဖိနပ္အသစ္စဝတ္တဲ့ေန႔မွာ ေျခေထာက္နဲ႔ဖိနပ္ အံဝင္ခြင္က်မျဖစ္ဘဲ ေျခေထာက္နာတတ္ပါတယ္။

ဒီလိုမျဖစ္ဖို႔ ဖိနပ္မစီးခင္ ေျခေထာက္ကိုေပါင္ဒါအနည္းငယ္လိမ္းေပးၿပီးမွ ဖိနပ္စီးပါ။

Unicode

BABY POWDER ကို တစ်အိမ်လုံးအကျိုးရှိရှိအသုံးချနိုင်မယ့်နည်းလမ်း(၇)မျိုး

အိမ်တိုင်း အိမ်တိုင်းမှာ ကလေးရှိရှိမရှိရှိ baby powder လေးတွေကိုဆောင်ထားတတ်ကြမှာပါ။ baby powder က ချွေးနံ့ပျောက်ဖို့အပြင်

တခြားအသုံးဝင်တဲ့နေရာတွေအများကြီးရှိပါသေးတယ်။ baby powder လေးတွေကို အိမ်မှာ ဒီလိုလေးတွေအသုံးချကြည့်လိုက်နော်။

၁။ ခေါင်းလျှော်ဖို့ အချိန်မရှိတဲ့အခါ

freepik by freepikဆံပင်တွေအဆီပြန်နေပြီးခေါင်းလျှော်ဖို့အချိန်မရှိတဲ့အခါမျိုးမှာ baby powderအနည်းငယ်ကို

ဦးရေပြားပေါ် ဖြူးပေးပြီး ခေါင်းဖြီးလိုက်ရင် ခေါင်းလျှော်ထားသလို ဆံပင်လေးတွေသန့်သွားပါလိမ့်မယ်။

အိမ်မှာ ခွေးလေး၊ကြောင်လေးတွေအနံ့နံနေပြီး ရေချိုးပေးဖို့ အချိန်မရှိသေးရင် baby powder လေးနဲ့

ဖြူးပေးလိုက်ပါ အနံ့ဆိုးတွေပျောက်သွားပါလိမ့်မယ်။

၂။ ပုရွက်ဆိတ်တွေပြေးအောင်

shutterstock By Cherkasအိမ်မှာပုရွက်ဆိတ်တွေလာရင် ပုရွက်ဆိတ်တွေလာတဲ့

လမ်းကြောင်းကို baby powder လေးဖြူးထားပေးလိုက်ရင် ပုရွက်ဆိတ်တွေ ပြေးသွားပါလိမ့်မယ်။

၃။ အသားအရေအစိုဓာတ်ထိန်းဖို့

ခြေဖနောင့်ကွဲတာအတွက် အစိုဓာတ်ထိန်းဖို့ baby powder ကိုသုံးပေးပါ။ ခြေဖနောင့်ကွဲတဲ့သူတွေက ခြေထောက်ကို

သန့်နေအောင်ရေဆေးပြီးရင် baby powder လေးနဲ့ လိမ်းထားပေးလိုက်ရင် ယားယံတာခြောက်သွေ့တာတွေ သက်သာလာပါလိမ့်မယ်။

၄။ အဝတ်အစားတွေအနံ့ဆိုးကင်းအောင်

freepik by freepikအဝတ်ဗီရိုထဲမှာလှောင်ပိတ်ပြီး အဝတ်အစားမှာ အနံ့ဆိုးတွေစွဲနေတယ်။ ပရုတ်လုံးလည်းမသုံးချင်ဘူးဆိုရင်

ဗီရိုထောင့်လေးတွေမှာ ပေါင်ဒါအနည်းငယ်ဖြူးထားပေးလိုက်ပါ။ အဝတ်အစားအနံ့ဆိုးတွေကင်းဝေးစေပါလိမ့်မယ်။

၅။ အပင်တွေမပုပ်အောင်

shutterstock By ABO PHOTOGRAPHYအပင်စိုက်တာဝါသနာပါသူတွေအနေနဲ့ ကိုယ်စိုက်ထားတဲ့အပင်လေးတွေ

အမြစ်ပုပ်တာမျိုးမဖြစ်စေဖို့ အပင်စိုက်တဲ့အခါ အမြစ်ကိုပေါင်ဒါလေးနည်းနည်းဖြူးပေးပြီးမှစိုက်ပေးပါ။

၆။ အရေပြားယားယံတာတွေသက်သာအောင်

ခြေသလုံးမွေး၊ ချိုင်းမွေးတွေရိတ်ပြီးတဲ့အခါ အရေပြားယားယံတာမျိုး၊ နှင်းခူ၊ပွေး စတာတွေကြောင့် အရေပြားယားယံတာမျိုးတွေ

သက်သာအောင် ယားယံတဲ့နေရာမှာ baby powder နည်းနည်းလိမ်းပေးပါ။ ၇။ ဖိနပ်အသစ်ဝတ်တဲ့အခါ

ခြေထောက်မနာအောင် ဖိနပ်အသစ်စဝတ်တဲ့နေ့မှာ ခြေထောက်နဲ့ဖိနပ် အံဝင်ခွင်ကျမဖြစ်ဘဲ ခြေထောက်နာတတ်ပါတယ်။

ဒီလိုမဖြစ်ဖို့ ဖိနပ်မစီးခင် ခြေထောက်ကိုပေါင်ဒါအနည်းငယ်လိမ်းပေးပြီးမှ ဖိနပ်စီးပါ။