Zawgyi


အဖေဆိုတာ ….




















crd

Unicode

အဖေကိုချစ်တဲ့သားသမီးတိုင်းဖတ်ဖို့

အဖေဆိုတာ ….

မင်းငယ်ငယ်တုန်းကလို မနုပျိုတော့ပါဘူး အသက်တွေကြီးလာတာနဲ့အမျှမင်းကိုသူ့အနားမှာ လိုအပ်နေမှာ အမှန်ပါ ၊၊

အဖေက မင်းငယ်ငယ်တုန်းက ဆိုးသလိုမျိုး အခု့ဆိုရင် ခံနိုင်ရည်ရှိမှာ မဟုတ်တော့ပါဘူး ၊၊

ဒါကြောင့် …မင်းသူ့အပေါ် မဆိုးပါနဲ့တော့နော် အားအင်တွေ ချိ့နဲ့နေပြီလေ ၊၊ ငယ်ငယ်က မင်းလမ်းသွားရင်လက်တွဲပြီးလျှောက်ပေးတက်တဲ့ ( အဖေ ) အခု့ လမ်းသွားလမ်းလာမှာ နှေးကွေးနေပြီလေ ၊

မင်းခိုလုံခဲ့တဲ့ …အဖေလက်တစ်စုံကို ပြန်ပြီး ခိုလှုံခွင့်ပေးလိုက်ပါ

အဖေဆိုတာ ….မင်းငယ်ငယ်ကလိုအုတ်တံတိုင်းပမာ မာကျောလှတဲ့ ကျောက်ဆောင်ကြီးလို ဆိုပေမယ့်အခု့ အဖေအသက်မငယ်တော့ဘူး ၊၊

မနည်းမလှဲအောင် …သူ့ကိုယ့်သူထိန်းနေရတာပါ ငယ်ငယ်က မင်းအရမ်းကိုအားကိုးရပါတယ် ဆိုတဲ့ အဖေ့ကို ချစ်သေးရင် အနားမှာနေပြီး ဂရုစိုက်ပေးလိုက်ပါနော်

အဖေငယ်ရွယ်ပါသေးတယ်ဆိုတဲ့အတွေးတွေနဲ့ မင်းအဖေကိုပစ်ထားနေမိပြီလား ၊၊ အဖေ မသန်မာတော့ဘူး ၊၊

( ဖခင်တို့ရဲ့ ) မေတ္တာဟာ စကားလုံးမဲ့ပါတယ် နှိုင်းယှဉ်လို့ မရလောက်အောင် …..မေတ္တာတွေ ကြီးမားတယ်

ဒါကြောင့် …..အဖေအိုနေသည် ဖြစ်စေ အဖေ မအိုသည်ပဲ ဖြစ်စေ ၊၊ဂရုစိုက်ရမည့် တာဝန် လုပ်ကျွေးပြုစုရမည့် တာဝန် မင်းမှာ ရှိတယ် ၊၊

အိမ်ပြေးလေး တစ်ယောက်ဆိုတဲ့ ” မင်း ” တစ်နယ်တကြေးမှာ …အိမ်ကိုပြန်မလာချင်တဲ့ စိတ်တွေနဲ့ အကြာကြီးနေမနေပါနဲ

မင်းပြောတဲ့ ….ချစ်တယ်ဆိုတဲ့ စကားလေးလည်းသူကြားချင်တယ်

မင်းတောင်းတတဲ့ ….အဖေ့ရင်ခွင် ဆိုတာမျိုးလည်းအဖေ လိုအပ်တယ် ၊၊

မင်းလိုလားတဲ့ ….ငယ်ငယ်က အဖေမှ့ ( အဖေဆိုတဲ့ စကားသံတွေလည်း ….

အဖေ့ အတွက် အရေးကြီးတယ် ၊၊အဖေဟာ အဖေပါပဲ ” ညီလေး ” ” ညီမလေး

ဒါကြောင့် ငယ်ငယ်က မင်းကိုရိုက်ခဲ့တဲ့( အဖေ လူကြမ်းကြီး ) ရင်ထဲမှာ

နက်ရိုင်းလွန်းလှ့တဲ့ ( မေတ္တာသံစဉ်တွေ ရှိနေတယ် ဆိုတာ မင်းမမေ့လိုက်ပါနဲ့

အဖေ့ကို မုန်းတီးမနေကြပါနဲ့ အလုပ်မအားသည် ဖြစ်စေ အချိန်မရသည် ဖြစ်စေ အိမ်ပြန်မလာချင်တာပဲ ဖြစ်ရင်ဖြစ်စေ

.ဖုန်းလေးတော့ ဆက်ပေးလိုက်ကြပါ ချစ်တယ်လို့လည်းပြောပေးပါလိုလိုလားလားနဲ့ (အဖေဆိုပြီး ခေါ်ပေးပါ )

အဖေ့ကျေးဇူးသိတက်ကြပါစေမေတ္တာများဖြင့်ရေးသားရင်း ….

crd