Zawgyi

မိဘေျခရာ ေတာင္းလိုသူမ်ားအတြက္ မိဘေျခရာ ခံယူနည္း……

မိဘေျခရာ ခံယူပြဲဆိုတာ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ေပ်ာက္ကြယ္ လုနီးပါးျဖစ္ေနပါၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့

ယေန႔ေခတ္ လူေတြ လုံးဝကို မသိၾကလို႔ပါ။ တကယ္ေတာ့ မိဘေျခရာ ခံယူပြဲဆိုတာ ျမန္မာတို႔ရဲ႕

ဂုဏ္ယူဖြယ္ရာ အေလ့အထတစ္ခုျဖစ္တာမို႔ ျမန္မာမိသားစုတိုင္း ခံယူက်င့္ သုံးသင့္ပါတယ္။

ေက်းဇူးရွင္ မင္းကြန္းဆရာေတာ္ဘုရားႀကီးနဲ႔ ကုံလုံ ဆရာေတာ္ဘုရားႀကီးတို႔ရဲ႕ မိဘေျခရာ ေတာင္းယူ

ပူေဇာ္နည္းေလးကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္မိဘေျခရာ ေတာင္းယူေသာ

ေန႔ဟာ မိဘေရာ သားသမီးေတြပါ မဂၤလာရွိေသာေမြးေန႔ (သို႔) ေမြးရက္ႏွင့္ မွတ္တမ္းအပ္တဲ့ေန႔မ်ားတြင္

က်င္းပလွ်င္ ပို၍ေကာင္းမြန္၏။ မိဘေျခရာေတာင္းယူတဲ့ အခ်ိန္မွာ မိဘေရာ၊ သားသမီးပါ ေရခ်ိဳးသန႔္စင္ၿပီး သန႔္ရွင္းေသာ

အဝတ္မ်ား ဝတ္ဆင္ကာ ဘုရားစင္ ေရွ႕မွာထိုင္ပါ။ က်ေနာ္တို႔ ဗုဒၶဘာသာ လူမ်ိဳးေတြမွာ အရပ္ေလးမ်က္ႏွာ၊ အရပ္ရွစ္မ်က္ႏွာ၊

အရပ္ ဆယ္မ်က္ႏွာရွိတဲ့ အထဲမွ အထက္အရပ္ရပ္ကို ဦးထိပ္ပန္ဆင္ၿပီး ရတနာ(၃)ပါးကို ပူေဇာ္ကန္ေတာ့ပါ။

ၿပီးရင္ အေရွ႕အရပ္မွာ မိဘ၊ ေတာင္အရပ္မွာ ဆရာသမား၊ ေျမာက္ အရပ္မွာ ေက်းဇူးရွင္မ်ားကို ကန္ေတာ့ၿပီး

ခင္ပြန္းႀကီး (၁ဝ)ပါးအား ဝန္ခ်ေတာင္းပန္ကာ ဘုရားစင္ေရွ႕မွာ ငါးပါးသီလ ခံယူေဆာက္တည္ပါ။

ေနရာယူရန္

မိဘမွ ျမင့္ေသာ ျမတ္ေသာအရပ္မွာ ထိုင္ၿပီး သားသမီး တို႔မွ မိမိတို႔ တတ္အားသေ႐ႊ႕ ကန္ေတာ့ရန္ပစၥည္းမ်ားျဖင့္

ကန္ေတာ့ပါ၊၊ မိဘတို႔ကလည္း ဆုေပးခ်ီးျမႇင့္ေပးပါ။ မိဘမ်ားမွ ေမြးဖြားသန႔္စင္တဲ့ အ႐ြယ္ကစၿပီး

ယေန႔မိဘမ်ား ေျခရာမေတာင္းယူမီအထိ ကံသုံးပါးျဖင့္ မေတာ္တဆ ပစ္မွားမိပါက ခြင့္လႊတ္ပါရန္ႏွင့္ မသိမျမင္ရေသာ

ဘဝမ်ားတုန္းက အျပစ္မ်ားပါမက်န္ ခြင့္လြတ္ပါရန္ (၃)ႀကိမ္ ေတာင္းပန္၍ ကန္ေတာ့ပါ။ မိဘမ်ားကလည္း ခြင့္လြတ္ပါတယ္ဟု (၃)ႀကိမ္ ေျဖၾကားပါ။

ေျခရာယူျခင္း

မိဘေျခေထာက္မ်ားကို ေရဇလုံတစ္ခုမွာ ေရေဆးေၾကာသန႔္စင္ ေပးၿပီး နံ႔သာမ်ား လိမ္းေပးပါ။

သနပ္ခါးဆိုရင္လည္း ရပါတယ္။ နံ႔သာလိမ္းထားေသာ မိဘေျခအစုံကို ယပ္ေတာင္ျဖင့္ ယပ္ခပ္ေပးပါ။

ၿပီးလွ်င္ ဆီ၊ နႏြင္း (သို႔) ပုံႏွိပ္မွင္ျဖင့္ မိဘေျခဖဝါးကို ညင္သာစြာ လိမ္းေပးပါ။

သန႔္ရွင္းေသာ အဝတ္ေပၚတြင္ ပိတ္ျဖဴစ ခင္းေပးၿပီး အေမ့ေျခဖဝါးကို ဘယ္မွစ ညာေနာက္လိုက္ကာ

ပိတ္ျဖဴစေပၚတြင္ နင္းေပးပါ။ အေဖဆိုလွ်င္ေတာ့ ညာအစ ဘယ္အဆုံး လုပ္ရမွာ ျဖစ္ပါတယ္။

ပိတ္ျဖဴေပၚမွာ မိဘမ်ားနင္းၿပီး မတ္တပ္ရပ္ကာ သရဏဂုံတည္ေနစဥ္ သားသမီးမ်ားကလည္း မိဘတို႔ရဲ႕

ေျခ အစုံကို ဦးေခါင္းႏွင့္ ထိ၍ ပူေဇာ္ကန္ေတာ့ေနပါ။ ထို႔ေနာက္ ေဘးမွ ဦးေဆာင္၍ မိဘေျခရာေတာင္းေပးသူမွ မိဘတို႔အား

သားသမီးမ်ားအတြက္ ေမတၱာမ်ား ဤေျခရာတြင္ ထားခဲ့ေပးပါ။ ထားခဲ့ပါသလားဟု (၃)ႀကိမ္အေမး အေျဖ ျပဳလုပ္ေပးပါ။

မိဘရဲ႕ ေျခရာမ်ားဟာ သာမန္အခ်ိန္မွာထင္ရစ္ခဲ့တဲ့ ေျခရာမဟုတ္ဘဲ သရဏဂုံပြားမ်ားရင္း က်န္ရစ္ခဲ့တာျဖစ္တဲ့အတြက္

ေဆာင္ယူေသာ သားသမီးမ်ား ေလာကီ၊ ေလာကုတၱရာ အက်ိဳးထူးမ်ားစြာရရွိသလို ခ်ီးျမႇင့္ေပးေသာ

မိဘမ်ားမွာလည္း မိဘဝတၱရားေက်ပြန္၍ အသက္ရွည္ စိတ္က်မ္းမာေစပါတယ္။

မိဘေျခရာ က်န္ရစ္ခဲ့တဲ့ ပိတ္ျဖဴစေပၚမွာ မိဘ၏ ေမြးသကၠရာဇ္ ေတာင္းယူေသာ သားသမီးမ်ား၏

အမည္၊ ေတာင္းယူေသာ ေန႔စြဲမ်ားကို အမွတ္တရ ေရးထိုးပါ။ မိဘတို႔ရဲ႕ ေျခဖဝါးမ်ားကို မူလေဆးေၾကာထားေသာ

ေရဇလုံအတြင္းမွာ ေရနဲ႔ပင္ ေဆးေၾကာၿပီး နံ႔သာေရ လိမ္းေပးပါ။

မိဘတို႔ရဲ႕ ေျခရင္း၌ မိဘေျခေထာက္မ်ား ေဆးေၾကာထားေသာ ေရဇလုံအတြင္းသို႔ သားဆိုလွ်င္ ညာဘက္လက္ ထည့္ပါ။

သမီးဆိုလွ်င္ ဘယ္ဘက္လက္ထည့္ၿပီး မိဘတို႔အေပၚ ကာယကံ၊ ဝစီကံ၊ မေနာကံအျဖစ္ ျပစ္မွားမိေသာ

အျပစ္မ်ားရွိပါက ေက်ပါေစဟု ဆုေတာင္းကာ ထိုေရျဖင့္ ဦးေခါင္းနဲ႔ မ်က္ႏွာကို (၃)ႀကိမ္ထိပါ။ မ်က္ႏွာသစ္လိုက သစ္ႏိုင္ပါတယ္။

မိဘေျခရာေတာင္းယူၿပီးေနာက္

မိဘေျခရာေတာင္းယူၿပီး မွန္ေဘာင္သြင္းကာ ေခါင္းရင္းမွာ ထားၿပီး ညစဥ္ ရွိခိုးကန္ေတာ့ၿပီးမွ ညအိပ္ရာဝင္ပါ။

ႀကီးမားေသာ မိဘရဲ႕ ေမတၱာအား ေန႔စဥ္ ခံယူပါတယ္ဟု ႐ြတ္ဆိုပါ။မိမိအဓိဠာန္ႏိုင္သေလာက္

ဥပမာ (၃)ရက္၊ (၅)ရက္မွ (၁၀)ရက္တန္သည္အထိ ဥပုသ္သီလေစာင့္ပါ။ အေရးႀကဳံပါက မိမိေစာင့္ထိန္းခဲ့ေသာ

သီလကို သစၥာဆို တိုင္တည္ႏိုင္ပါတယ္။ မိဘေျခရာေတာင္းယူေပးစဥ္ ဦးေဆာင္သူမွ ေအာက္ပါဂါထာမ်ားကို ႐ြတ္ဖတ္ပူေဇာ္ေပးရပါမယ္။

မိဘေျခရာယူစဥ္႐ြတ္ဆိုရန္

“ ဒသမာေသ၊ ဥေရကတြာ၊ ဗပါေသတိ၊ ပုဎိကာရဏံ၊ အာယုဒီဃံ၊ ဝႆသတံမာတု ပါဒံနမာမဟႅံသာမာတာ ”

အၾကင္အမိသည္ ဒသမာေသ – ဆယ္လတိုင္တိုင္ ဦးေရကတြာ – ရင္ျဖင့္ပိုက္လြယ္သည္ကိုျပဳ၍

ပုဎိကာရဏံ – ႀကီးပြားျခင္းအေၾကာင္းကို ကတြာ – ျပဳ၍၊ ေပါသတိ – ႏို႔ရည္တိုက္ေကြၽး ေမြးျမဴေပး၏၊

ဝႆသတံ – အႏွစ္တစ္ရာတိုင္တိုင္ ထိုအမိ၏ ပါဒံ – ေျခအစုံကို အဟံ – အကြၽႏ္ုပ္သည္ နမာမိ – ႐ိုေသျမတ္ႏိုး ရွိခိုးပါ၏။

“ ဗုသိကာေရာ၊ အလိေဂၢတြာ၊ ဥပၸိတြာ ပီယပုတၳထံ၊ ရာဇပဇၩံ၊ သုပတိဌံ၊ ပီတုပါဒံ နမာမဟႅံ ”

ယာပီတု – အၾကင္အဖသည္ ဗုသိကာေရာ – ႀကီးပြားေၾကာင္း ကိုျပဳလွ်က္ အလိေဂၢတြာ – လည္ကို ဖက္၍

ဥပၸိတြာ – နမ္း၍ပီယပုတၳထံ – ခ်စ္လွစြာေသာသားကို ရာဇပဇၩံ – မင္းမႉးမတ္တို႔၏ အလယ္၌

သုပတိဌံ – ေကာင္းစြာတည္ ေစ၏ေသာ ပီတု – ထိုအဖ၏ ပါဒံ – ေျခအစုံကို အဟံ – အကြၽႏ္ုပ္သည္ နမာမိ – ႐ိုေသျမတ္ႏိုး ရွစ္ခိုးပါ၏။

ထိုသို႔ မိဘေျခရာ ေတာင္းယူေနစဥ္မွာ မိဘေတြရဲ႕ မ်က္ႏွာဇရာ ကို သံေဝဂရလိုက္၊ သားသမီးေတြက ႐ိုေသေလးျမတ္စြာ

ပူေဇာ္ကန္ေတာ့တဲ့အတြက္ ပီတိေတြ ေဝလိုက္ႏွင့္ေပါ့။ သားသမီးေတြရဲ႕ မ်က္ႏွာမွာလည္း မ်က္ရည္ေတြ တဝိုင္းဝိုင္းနဲ႔မို႔

မဂၤလာအရွိဆုံးနဲ႔ အေပ်ာ္ဆုံးျဖစ္ေနမွာ အမွန္ပါ။

Credit – အၾကည္ေတာ္လုလင္

Unicode

မိဘခြေရာ တောင်းလိုသူများအတွက် မိဘခြေရာ ခံယူနည်း……

မိဘခြေရာ ခံယူပွဲဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာ ပျောက်ကွယ် လုနီးပါးဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့

ယနေ့ခေတ် လူတွေ လုံးဝကို မသိကြလို့ပါ။ တကယ်တော့ မိဘခြေရာ ခံယူပွဲဆိုတာ မြန်မာတို့ရဲ့

ဂုဏ်ယူဖွယ်ရာ အလေ့အထတစ်ခုဖြစ်တာမို့ မြန်မာမိသားစုတိုင်း ခံယူကျင့် သုံးသင့်ပါတယ်။

ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ ကုံလုံ ဆရာတော်ဘုရားကြီးတို့ရဲ့ မိဘခြေရာ တောင်းယူ

ပူဇော်နည်းလေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်မိဘခြေရာ တောင်းယူသော

နေ့ဟာ မိဘရော သားသမီးတွေပါ မင်္ဂလာရှိသောမွေးနေ့ (သို့) မွေးရက်နှင့် မှတ်တမ်းအပ်တဲ့နေ့များတွင်

ကျင်းပလျှင် ပို၍ကောင်းမွန်၏။ မိဘခြေရာတောင်းယူတဲ့ အချိန်မှာ မိဘရော၊ သားသမီးပါ ရေချိုးသန့်စင်ပြီး သန့်ရှင်းသော

အဝတ်များ ဝတ်ဆင်ကာ ဘုရားစင် ရှေ့မှာထိုင်ပါ။ ကျနော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေမှာ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊

အရပ် ဆယ်မျက်နှာရှိတဲ့ အထဲမှ အထက်အရပ်ရပ်ကို ဦးထိပ်ပန်ဆင်ပြီး ရတနာ(၃)ပါးကို ပူဇော်ကန်တော့ပါ။

ပြီးရင် အရှေ့အရပ်မှာ မိဘ၊ တောင်အရပ်မှာ ဆရာသမား၊ မြောက် အရပ်မှာ ကျေးဇူးရှင်များကို ကန်တော့ပြီး

ခင်ပွန်းကြီး (၁ဝ)ပါးအား ဝန်ချတောင်းပန်ကာ ဘုရားစင်ရှေ့မှာ ငါးပါးသီလ ခံယူဆောက်တည်ပါ။

နေရာယူရန်

မိဘမှ မြင့်သော မြတ်သောအရပ်မှာ ထိုင်ပြီး သားသမီး တို့မှ မိမိတို့ တတ်အားသရွှေ့ ကန်တော့ရန်ပစ္စည်းများဖြင့်

ကန်တော့ပါ၊၊ မိဘတို့ကလည်း ဆုပေးချီးမြှင့်ပေးပါ။ မိဘများမှ မွေးဖွားသန့်စင်တဲ့ အရွယ်ကစပြီး

ယနေ့မိဘများ ခြေရာမတောင်းယူမီအထိ ကံသုံးပါးဖြင့် မတော်တဆ ပစ်မှားမိပါက ခွင့်လွှတ်ပါရန်နှင့် မသိမမြင်ရသော

ဘဝများတုန်းက အပြစ်များပါမကျန် ခွင့်လွတ်ပါရန် (၃)ကြိမ် တောင်းပန်၍ ကန်တော့ပါ။ မိဘများကလည်း ခွင့်လွတ်ပါတယ်ဟု (၃)ကြိမ် ဖြေကြားပါ။

ခြေရာယူခြင်း

မိဘခြေထောက်များကို ရေဇလုံတစ်ခုမှာ ရေဆေးကြောသန့်စင် ပေးပြီး နံ့သာများ လိမ်းပေးပါ။

သနပ်ခါးဆိုရင်လည်း ရပါတယ်။ နံ့သာလိမ်းထားသော မိဘခြေအစုံကို ယပ်တောင်ဖြင့် ယပ်ခပ်ပေးပါ။

ပြီးလျှင် ဆီ၊ နနွင်း (သို့) ပုံနှိပ်မှင်ဖြင့် မိဘခြေဖဝါးကို ညင်သာစွာ လိမ်းပေးပါ။

သန့်ရှင်းသော အဝတ်ပေါ်တွင် ပိတ်ဖြူစ ခင်းပေးပြီး အမေ့ခြေဖဝါးကို ဘယ်မှစ ညာနောက်လိုက်ကာ

ပိတ်ဖြူစပေါ်တွင် နင်းပေးပါ။ အဖေဆိုလျှင်တော့ ညာအစ ဘယ်အဆုံး လုပ်ရမှာ ဖြစ်ပါတယ်။

ပိတ်ဖြူပေါ်မှာ မိဘများနင်းပြီး မတ်တပ်ရပ်ကာ သရဏဂုံတည်နေစဉ် သားသမီးများကလည်း မိဘတို့ရဲ့

ခြေ အစုံကို ဦးခေါင်းနှင့် ထိ၍ ပူဇော်ကန်တော့နေပါ။ ထို့နောက် ဘေးမှ ဦးဆောင်၍ မိဘခြေရာတောင်းပေးသူမှ မိဘတို့အား

သားသမီးများအတွက် မေတ္တာများ ဤခြေရာတွင် ထားခဲ့ပေးပါ။ ထားခဲ့ပါသလားဟု (၃)ကြိမ်အမေး အဖြေ ပြုလုပ်ပေးပါ။

မိဘရဲ့ ခြေရာများဟာ သာမန်အချိန်မှာထင်ရစ်ခဲ့တဲ့ ခြေရာမဟုတ်ဘဲ သရဏဂုံပွားများရင်း ကျန်ရစ်ခဲ့တာဖြစ်တဲ့အတွက်

ဆောင်ယူသော သားသမီးများ လောကီ၊ လောကုတ္တရာ အကျိုးထူးများစွာရရှိသလို ချီးမြှင့်ပေးသော

မိဘများမှာလည်း မိဘဝတ္တရားကျေပွန်၍ အသက်ရှည် စိတ်ကျမ်းမာစေပါတယ်။

မိဘခြေရာ ကျန်ရစ်ခဲ့တဲ့ ပိတ်ဖြူစပေါ်မှာ မိဘ၏ မွေးသက္ကရာဇ် တောင်းယူသော သားသမီးများ၏

အမည်၊ တောင်းယူသော နေ့စွဲများကို အမှတ်တရ ရေးထိုးပါ။ မိဘတို့ရဲ့ ခြေဖဝါးများကို မူလဆေးကြောထားသော

ရေဇလုံအတွင်းမှာ ရေနဲ့ပင် ဆေးကြောပြီး နံ့သာရေ လိမ်းပေးပါ။

မိဘတို့ရဲ့ ခြေရင်း၌ မိဘခြေထောက်များ ဆေးကြောထားသော ရေဇလုံအတွင်းသို့ သားဆိုလျှင် ညာဘက်လက် ထည့်ပါ။

သမီးဆိုလျှင် ဘယ်ဘက်လက်ထည့်ပြီး မိဘတို့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံအဖြစ် ပြစ်မှားမိသော

အပြစ်များရှိပါက ကျေပါစေဟု ဆုတောင်းကာ ထိုရေဖြင့် ဦးခေါင်းနဲ့ မျက်နှာကို (၃)ကြိမ်ထိပါ။ မျက်နှာသစ်လိုက သစ်နိုင်ပါတယ်။

မိဘခြေရာတောင်းယူပြီးနောက်

မိဘခြေရာတောင်းယူပြီး မှန်ဘောင်သွင်းကာ ခေါင်းရင်းမှာ ထားပြီး ညစဉ် ရှိခိုးကန်တော့ပြီးမှ ညအိပ်ရာဝင်ပါ။

ကြီးမားသော မိဘရဲ့ မေတ္တာအား နေ့စဉ် ခံယူပါတယ်ဟု ရွတ်ဆိုပါ။မိမိအဓိဠာန်နိုင်သလောက်

ဥပမာ (၃)ရက်၊ (၅)ရက်မှ (၁၀)ရက်တန်သည်အထိ ဥပုသ်သီလစောင့်ပါ။ အရေးကြုံပါက မိမိစောင့်ထိန်းခဲ့သော

သီလကို သစ္စာဆို တိုင်တည်နိုင်ပါတယ်။ မိဘခြေရာတောင်းယူပေးစဉ် ဦးဆောင်သူမှ အောက်ပါဂါထာများကို ရွတ်ဖတ်ပူဇော်ပေးရပါမယ်။

မိဘခြေရာယူစဉ်ရွတ်ဆိုရန်

“ ဒသမာသေ၊ ဥရေကတွာ၊ ဗပါသေတိ၊ ပုဎိကာရဏံ၊ အာယုဒီဃံ၊ ဝဿသတံမာတု ပါဒံနမာမဟ္လံသာမာတာ ”

အကြင်အမိသည် ဒသမာသေ – ဆယ်လတိုင်တိုင် ဦးရေကတွာ – ရင်ဖြင့်ပိုက်လွယ်သည်ကိုပြု၍

ပုဎိကာရဏံ – ကြီးပွားခြင်းအကြောင်းကို ကတွာ – ပြု၍၊ ပေါသတိ – နို့ရည်တိုက်ကျွေး မွေးမြူပေး၏၊

ဝဿသတံ – အနှစ်တစ်ရာတိုင်တိုင် ထိုအမိ၏ ပါဒံ – ခြေအစုံကို အဟံ – အကျွန်ုပ်သည် နမာမိ – ရိုသေမြတ်နိုး ရှိခိုးပါ၏။

“ ဗုသိကာရော၊ အလိဂ္ဂေတွာ၊ ဥပ္ပိတွာ ပီယပုတ္ထထံ၊ ရာဇပဇ္ဈံ၊ သုပတိဌံ၊ ပီတုပါဒံ နမာမဟ္လံ ”

ယာပီတု – အကြင်အဖသည် ဗုသိကာရော – ကြီးပွားကြောင်း ကိုပြုလျှက် အလိဂ္ဂေတွာ – လည်ကို ဖက်၍

ဥပ္ပိတွာ – နမ်း၍ပီယပုတ္ထထံ – ချစ်လှစွာသောသားကို ရာဇပဇ္ဈံ – မင်းမှူးမတ်တို့၏ အလယ်၌

သုပတိဌံ – ကောင်းစွာတည် စေ၏သော ပီတု – ထိုအဖ၏ ပါဒံ – ခြေအစုံကို အဟံ – အကျွန်ုပ်သည် နမာမိ – ရိုသေမြတ်နိုး ရှစ်ခိုးပါ၏။

ထိုသို့ မိဘခြေရာ တောင်းယူနေစဉ်မှာ မိဘတွေရဲ့ မျက်နှာဇရာ ကို သံဝေဂရလိုက်၊ သားသမီးတွေက ရိုသေလေးမြတ်စွာ

ပူဇော်ကန်တော့တဲ့အတွက် ပီတိတွေ ဝေလိုက်နှင့်ပေါ့။ သားသမီးတွေရဲ့ မျက်နှာမှာလည်း မျက်ရည်တွေ တဝိုင်းဝိုင်းနဲ့မို့

မင်္ဂလာအရှိဆုံးနဲ့ အပျော်ဆုံးဖြစ်နေမှာ အမှန်ပါ။

Credit – အကြည်တော်လုလင်