မြ တ် စွာ ဘု ရား ရှ င် ၏ ခြေ တော် ရာ အ စ စ် နှ စ် ဆူ ကို ဖူး မြော် နို င် ကြ စေ ရ န် ရ ည် ရွ ယ် ပြီး တ င် ပေး လို က် ပါ တ ယ်

Zawgyi

ရွားရွားပါးပါး အျပင္မွာ ဖူးေတြ႕ျမင္ႏိုင္မယ့္ ျမတ္စြာဘုရားရွင္၏ေျခေတာ္ရာအစစ္ႏွစ္ဆူ ကို ဖူးေျမာ္ႏိုင္ၾကေစရန္ရည္႐ြယ္ၿပီး တင္ေပးလိုက္ပါတယ္.

ေျမာက္ဦးဆရာေတာ္ဘုရားႀကီးရဲ႕ ေကာင္းမႈေၾကာင့္ မၾကာခင္ မွာ ဖူးေျမာ္ခြင့္ ရရွိေတာ့မယ္ ျမတ္ဗုဒၶ၏ မအီေျခေတာ္ရာ အစစ္(ႏွစ္ဆူ) အေၾကာင္း .

မဟာသကၠရာဇ္ (၁၂၃) တြင္ ရခိုင္ျပည့္ရွင္ စႏၵာသူရိယမင္း၏ အဓိဌာန္ျပဳ ပင့္ေလွ်ာက္ခ်က္အရ

ျမတ္စြာဘုရားရွင္သည္ …ရဟႏၲာ ငါးရာၿခံရံလ်က္၊ ေဒသစာရီ ေကာင္းကင္ခရီးျဖင့္ ႂကြျမန္းေတာ္မူခဲ့ပါသည္။

တရားေဟာၾကားေတာ္မူၿပီးေနာက္ မင္းႀကီး၏ ေတာင္းပန္ ေလွ်ာက္ထားခ်က္အရ၊ကိုယ္စားေတာ္အျဖစ္ မုနိေလးဆူကို

ရင္ေငြ႕ေတာ္ ခုႏွစ္အုပ္သြင္းကာ သြန္းလုပ္ပူေဇာ္ဖို႔ ခြင့္ျပဳေတာ္ မူၿပီးေနာက္၊ ေတာင္စဥ္ ခုႏွစ္ခ႐ိုင္သို႔ ဆက္လက္၍ ေဒသစာရီ ႂကြျမန္းေတာ္မူခဲ့သည္။

ဘုရားရွင္သည္ မအီ၊ အမ္း၊ မန္း ျမစ္သုံးခု စတင္စီးဆင္းရာ၊ ႀတိနဒီေတာင္ (ျမင္မတိန္) ေတာင္ သို႔ ေရာက္ရွိေတာ္မူေသာအခါ၊

လက္ယာေတာ္ရံ ရွင္မဟာသာရိပုတၱရာကိုယ္ေတာ္၏ေလွ်ာက္ထား မႈေၾကာင့္၊ဘုရားရွင္သည္ ဤေနရာေဒသ၌

ႏုစဥ္ဘဝ အခါကာလက က်င္လည္ၿပီး၊ ပါရမီျဖည့္ဆည္းေတာ္မူေၾကာင္းကိုေဟာၾကားေတာ္ မူကာ….

ဤေတာင္ေျခ မအီျမစ္ကမ္းပါးေဘးဝယ္၊ ေနာင္အခါ ၿမိဳ႕ငယ္ တစ္ခု တည္၍ မဟိ (မအီ) ၿမိဳ႕ဟု တြင္လတၱံ့ဟု အစခ်ီ၍၊

ဤေဒသ ၌ “ငါဘုရား ဓါတ္ေတာ္၊ ေမြေတာ္ မ်ားစြာ ကိန္းဝပ္ေတာ္မူလိမ့္ မည္” ဟု ဗ်ာဒိတ္ေတာ္စကား မိန႔္ၾကားကာ ထားေတာ္မူခဲ့ပါသည္။

ထိုမွတဖန္ မအီေခ်ာင္းဖ်ားရွိ နာဠာဂီရိေတာင္သို႔ ႂကြေတာ္မူၿပီး၊ႀတိသေလမည္ေသာ ဆင့္တင္ေတာင္ေက်ာက္ေဆာင္တြင္

ဆင္မင္း ဘဝက်င္လည္၍၊ဆင္ညီေတာ္ ဆင္ငယ္ျဖစ္ခဲ့ဖူးေသာ အညာေတာင္႐ြာသား မုဆိုးႀကီး ဦးစံလွအား…

ငါဘုရားသည္ “ဆင္မင္းဘဝ ဤေနရာ၌ က်င္လည္က်က္စားကာ ပါရမီျဖည့္ဆည္းေတာ္မူခဲ့ၿပီး၊ ဒကာေတာ္ ဦးစံလွမွာ

ငါဘုရားေလာင္း ဆင္မင္း၏ ညီေတာ္ ဆင္ငယ္ျဖစ္ခဲ့ေၾကာင္း၊ မဟီျမစ္အတြင္းရွိ မဏိသေလေရအိုင္၌လည္းငါဘုရားသည္

မဏိသေလ နဂါးမင္းအျဖစ္ က်င္လည္ခဲ့ျပန္ဖူးေသးသည္” ဟု အစခ်ီကာ တရားဓမၼမ်ားကို မုဆိုးႀကီးအားေဟာၾကားေတာ္ မူပါသည္။

မုဆိုးႀကီးသည္ ျမတ္စြာဘုရားရွင္၏ တရားေတာ္ကို နာၾကားခဲ့ၿပီး ေနာက္ အကြၽတ္တရားရကာ၊ ျမတ္စြာဘုရားရွင္အား ဘုရားရွင္

ကိုယ္စား ကိုးကြယ္ရာအျဖစ္ေပးသနားေတာ္မူရန္ေလွ်ာက္ထား ေတာင္းပန္ေတာ္မူရာ၊ ျမတ္စြာဘုရားသည္ ေနာင္လာမည့္

အနာဂတ္တြင္ လူ၊ နတ္၊ ျဗဟၼာ၊ သတၱဝါမ်ား၊ ေလာကီ၊ ေလာကုတၱရာ အက်ိဳးတရား ျဖစ္ထြန္းမည္ကို သိျမင္ေတာ္မူ၍ ကိုယ္စားေတာ္အျဖစ္ ပူေဇာ္ႏိုင္ေစရန္၊

တရားေဟာၾကားေတာ္ မူခဲ့ေသာ ယခု နာဠာဂီရိ ဆင့္တင္ေက်ာက္ေဆာင္ေပၚတြင္“လက္ဝဲစက္ေတာ္ရာ” တစ္ဆူကိုလည္းေကာင္း၊

မဏိသေလေက်ာက္ေဆာင္၌“လက္ယာဘက္စက္ေတာ္ရာ” တစ္ဆူကိုလည္းေကာင္းအဓိ႒ာန္ျပဳ ခ်ေပးေတာ္မူခဲ့ပါသည္။

မုဆိုးႀကီးဦးစံလွသည္ ျမတ္စြာဘုရားေပးသနားေတာ္မူေသာ ထိုစက္ေတာ္ရာ ႏွစ္ဆူအား၊ျမတ္စြာဘုရားရွင္၏ဂုဏ္ေတာ္မ်ားကို

အာ႐ုံျပဳကာ၊ ခုႏွစ္ရက္တိုင္တိုင္ ပူေဇာ္ၿပီးမွ ႐ြာသို႔ ျပန္ေလသည္။ ထို႔ေနာက္ မင္းႏွင့္တကြ ျပည္သူမ်ားက မုဆိုးႀကီး၏ ျပန္လည္

ေျပာျပခ်က္အရ ဘုရားရွင္အား သြားေရာက္ဖူးေျမာ္ၾကၿပီး၊ေျခေတာ္ရာအနီးတြင္ ရဟန္းျပဳ၍ တရားအားထုတ္ၾကရာ၊

တရားထူးမ်ား ကိုယ္စီအသီးသီး ရၾက၍ ကြၽတ္တမ္း ဝင္ၾကေလ ကုန္၏။ ဤသို႔ျဖင့္ ဓညဝတီ၊ ေဝသာလီ၊ ေလးၿမိဳ႕၊ ေျမာက္ဦးေခတ္တိုင္ေအာင္

စည္ကားစြာ ပူေဇာ္မပ်က္ရွိခဲ့ၾကၿပီး၊ေနာက္ပိုင္းတြင္ ႏွစ္ေပါင္းမ်ားစြာတိုင္ တိမ္ျမဳပ္သြားပါသည္။

မအီစက္ေတာ္ရာ၏ ထူးျခားေတာ္မူေသာ ဝိသေသမ်ား။

ကမာၻေပၚရွိ စက္ေတာ္ရာ (၁၂) ဆူရွိသည့္အနက္၊ တစ္ဆူတည္းေသာ “ညာဘက္”စက္ေတာ္ရာ ျဖစ္ေနေတာ္မူျခင္း။

လူသူအေရာက္အေပါက္နည္း၍ ဆိတ္ၿငိမ္ေအးခ်မ္းေသာ အရပ္တြင္ရွိ၍ မူလအတိုင္း ဖူးေတြ႕ႏိုင္ျခင္း။

တစ္ႀကိမ္တစ္ေခါက္ ဖူးေျမာ္ၿပီးပါက အႀကိမ္ႀကိမ္ ဖူးျမင္လိုျခင္း။

လူေျခတိတ္ဆိတ္ေသာ အခါႀကီး ရက္ႀကီး လျပည့္ေန႔မ်ား၏ ညဘက္မ်ားတြင္ ဂဠဳန္၊ နဂါး၊ နတ္သိၾကား ေဒဝါမ်ား

လာေရာက္ဖူးေျမာ္သည္ဟု ဟူဆရေသာ ထြန္းလင္းသည့္ လူပုဂၢိဳလ္မ်ားအား ျမင္ေတြ႕ရတတ္ျခင္း။

တေပါင္း၊ တန္ခူး၊ ကဆုန္ လမ်ား၏ လျပည့္ည ေရာက္ခါနီး ညမ်ားတြင္၊ ေျခေတာ္ရာ တည္ရွိရာေနရာမွ၊

ေရာင္ျခည္ေတာ္မ်ား ကြန႔္ျမဴးေတာ္မူသည္ကို၊ (၅)မိုင္အကြာရွိ ေတာင္ေပၚ ယာတဲမ်ားကပင္ ဖူးေတြ႕ႏိုင္ျခင္း။

စက္ေတာ္ရာအနီးတြင္ ေတြ႕ရွိရေသာ ေက်းငွက္မ်ား၊ တိရိစာၦန္မ်ား ႏွင့္ ငါးမ်ားအား အႏၲရာယ္ျပဳမိပါက၊ ခ်က္ခ်င္းလက္ငင္း ျပန္၍ ေဘးဒုကၡခံစားရျခင္း။

စက္ေတာ္ရာမ်ားအား မသင့္ေလ်ာ္ေသာ အျပဳအမူမ်ားျဖင့္ ယစ္ပူေဇာ္ခဲ့ၾကေသာေၾကာင့္၊ လူမ်ိဳးတစ္စုလုံး ေဘးဆိုးႀကဳံကာေပ်ာက္ကြယ္သြားရျခင္း။

ျမတ္စြာဘုရားရွင္၏ ဗ်ာဒိတ္ေတာ္ တည္ရာေနရာျဖစ္၍၊ ျမင့္ျမတ္ေသာေနရာ ျဖစ္ေနျခင္း။

ဖူးျမင္ရသူတို႔၏ စိတ္ႏွလုံးတြင္ေအးခ်မ္းၿပီး၊ ၾကည္ညိဳမဆုံး ျဖစ္ၾကရျခင္း။ဗုဒၶဘုရားရွင္၏ စက္ေျခေတာ္ရာ အစစ္ႀကီး ျဖစ္ေတာ္မူျခင္း။

ေျခေတာ္ရာအား ပူေဇာ္ၾကပါက၊ခ်က္ခ်င္း လက္ငင္း၊ ေလာကီ ေလာကုတၱရာ အက်ိဳးစီးပြားမ်ား ဒိ႒ခံစားစံစားရျခင္း

စသည့္ အထူးထူးေသာ အံ့ဖြယ္ဆန္းျပားေတာ္မူေသာစက္ေျခေတာ္ရာ မ်ား ျဖစ္ၾကပါသည္။

ထိုသို႔ေသာ စက္ေတာ္ရာမ်ားကို ယခုအခါ ေက်းဇူးရွင္ ေျမာက္ဦး ဆရာေတာ္ဘုရားႀကီးမွလမ္းပန္းဆက္သြယ္ သြားလာေရး

အထူး ေကာင္းမြန္ေစရန္ ႏွင့္ ဒကာ၊ ဒကာမမ်ား စက္ေတာ္ရာမ်ားကို စိတ္ခ်မ္းခ်မ္းသာသာ ဖူးေျမာ္ႏိုင္ၾကေစရန္ သာသနာျပဳေဆာင္႐ြက္ေတာ္မူေနပါသည္။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ေျမာက္ဦးဆရာေတာ္

Unicode

ရှားရှားပါးပါး အပြင်မှာ ဖူးတွေ့မြင်နိုင်မယ့် မြတ်စွာဘုရားရှင်၏ခြေတော်ရာအစစ်နှစ်ဆူ ကို ဖူးမြော်နိုင်ကြစေရန်ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်.

မြောက်ဦးဆရာတော်ဘုရားကြီးရဲ့ ကောင်းမှုကြောင့် မကြာခင် မှာ ဖူးမြော်ခွင့် ရရှိတော့မယ် မြတ်ဗုဒ္ဓ၏ မအီခြေတော်ရာ အစစ်(နှစ်ဆူ) အကြောင်း .

မဟာသက္ကရာဇ် (၁၂၃) တွင် ရခိုင်ပြည့်ရှင် စန္ဒာသူရိယမင်း၏ အဓိဌာန်ပြု ပင့်လျှောက်ချက်အရ

မြတ်စွာဘုရားရှင်သည် …ရဟန္တာ ငါးရာခြံရံလျက်၊ ဒေသစာရီ ကောင်းကင်ခရီးဖြင့် ကြွမြန်းတော်မူခဲ့ပါသည်။

တရားဟောကြားတော်မူပြီးနောက် မင်းကြီး၏ တောင်းပန် လျှောက်ထားချက်အရ၊ကိုယ်စားတော်အဖြစ် မုနိလေးဆူကို

ရင်ငွေ့တော် ခုနှစ်အုပ်သွင်းကာ သွန်းလုပ်ပူဇော်ဖို့ ခွင့်ပြုတော် မူပြီးနောက်၊ တောင်စဉ် ခုနှစ်ခရိုင်သို့ ဆက်လက်၍ ဒေသစာရီ ကြွမြန်းတော်မူခဲ့သည်။

ဘုရားရှင်သည် မအီ၊ အမ်း၊ မန်း မြစ်သုံးခု စတင်စီးဆင်းရာ၊ တြိနဒီတောင် (မြင်မတိန်) တောင် သို့ ရောက်ရှိတော်မူသောအခါ၊

လက်ယာတော်ရံ ရှင်မဟာသာရိပုတ္တရာကိုယ်တော်၏လျှောက်ထား မှုကြောင့်၊ဘုရားရှင်သည် ဤနေရာဒေသ၌

နုစဉ်ဘဝ အခါကာလက ကျင်လည်ပြီး၊ ပါရမီဖြည့်ဆည်းတော်မူကြောင်းကိုဟောကြားတော် မူကာ….

ဤတောင်ခြေ မအီမြစ်ကမ်းပါးဘေးဝယ်၊ နောင်အခါ မြို့ငယ် တစ်ခု တည်၍ မဟိ (မအီ) မြို့ဟု တွင်လတ္တံ့ဟု အစချီ၍၊

ဤဒေသ ၌ “ငါဘုရား ဓါတ်တော်၊ မွေတော် များစွာ ကိန်းဝပ်တော်မူလိမ့် မည်” ဟု ဗျာဒိတ်တော်စကား မိန့်ကြားကာ ထားတော်မူခဲ့ပါသည်။

ထိုမှတဖန် မအီချောင်းဖျားရှိ နာဠာဂီရိတောင်သို့ ကြွတော်မူပြီး၊တြိသလေမည်သော ဆင့်တင်တောင်ကျောက်ဆောင်တွင်

ဆင်မင်း ဘဝကျင်လည်၍၊ဆင်ညီတော် ဆင်ငယ်ဖြစ်ခဲ့ဖူးသော အညာတောင်ရွာသား မုဆိုးကြီး ဦးစံလှအား…

ငါဘုရားသည် “ဆင်မင်းဘဝ ဤနေရာ၌ ကျင်လည်ကျက်စားကာ ပါရမီဖြည့်ဆည်းတော်မူခဲ့ပြီး၊ ဒကာတော် ဦးစံလှမှာ

ငါဘုရားလောင်း ဆင်မင်း၏ ညီတော် ဆင်ငယ်ဖြစ်ခဲ့ကြောင်း၊ မဟီမြစ်အတွင်းရှိ မဏိသလေရေအိုင်၌လည်းငါဘုရားသည်

မဏိသလေ နဂါးမင်းအဖြစ် ကျင်လည်ခဲ့ပြန်ဖူးသေးသည်” ဟု အစချီကာ တရားဓမ္မများကို မုဆိုးကြီးအားဟောကြားတော် မူပါသည်။

မုဆိုးကြီးသည် မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြားခဲ့ပြီး နောက် အကျွတ်တရားရကာ၊ မြတ်စွာဘုရားရှင်အား ဘုရားရှင်

ကိုယ်စား ကိုးကွယ်ရာအဖြစ်ပေးသနားတော်မူရန်လျှောက်ထား တောင်းပန်တော်မူရာ၊ မြတ်စွာဘုရားသည် နောင်လာမည့်

အနာဂတ်တွင် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများ၊ လောကီ၊ လောကုတ္တရာ အကျိုးတရား ဖြစ်ထွန်းမည်ကို သိမြင်တော်မူ၍ ကိုယ်စားတော်အဖြစ် ပူဇော်နိုင်စေရန်၊

တရားဟောကြားတော် မူခဲ့သော ယခု နာဠာဂီရိ ဆင့်တင်ကျောက်ဆောင်ပေါ်တွင်“လက်ဝဲစက်တော်ရာ” တစ်ဆူကိုလည်းကောင်း၊

မဏိသလေကျောက်ဆောင်၌“လက်ယာဘက်စက်တော်ရာ” တစ်ဆူကိုလည်းကောင်းအဓိဋ္ဌာန်ပြု ချပေးတော်မူခဲ့ပါသည်။

မုဆိုးကြီးဦးစံလှသည် မြတ်စွာဘုရားပေးသနားတော်မူသော ထိုစက်တော်ရာ နှစ်ဆူအား၊မြတ်စွာဘုရားရှင်၏ဂုဏ်တော်များကို

အာရုံပြုကာ၊ ခုနှစ်ရက်တိုင်တိုင် ပူဇော်ပြီးမှ ရွာသို့ ပြန်လေသည်။ ထို့နောက် မင်းနှင့်တကွ ပြည်သူများက မုဆိုးကြီး၏ ပြန်လည်

ပြောပြချက်အရ ဘုရားရှင်အား သွားရောက်ဖူးမြော်ကြပြီး၊ခြေတော်ရာအနီးတွင် ရဟန်းပြု၍ တရားအားထုတ်ကြရာ၊

တရားထူးများ ကိုယ်စီအသီးသီး ရကြ၍ ကျွတ်တမ်း ဝင်ကြလေ ကုန်၏။ ဤသို့ဖြင့် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်တိုင်အောင်

စည်ကားစွာ ပူဇော်မပျက်ရှိခဲ့ကြပြီး၊နောက်ပိုင်းတွင် နှစ်ပေါင်းများစွာတိုင် တိမ်မြုပ်သွားပါသည်။

မအီစက်တော်ရာ၏ ထူးခြားတော်မူသော ဝိသသေများ။

ကမ္ဘာပေါ်ရှိ စက်တော်ရာ (၁၂) ဆူရှိသည့်အနက်၊ တစ်ဆူတည်းသော “ညာဘက်”စက်တော်ရာ ဖြစ်နေတော်မူခြင်း။

လူသူအရောက်အပေါက်နည်း၍ ဆိတ်ငြိမ်အေးချမ်းသော အရပ်တွင်ရှိ၍ မူလအတိုင်း ဖူးတွေ့နိုင်ခြင်း။

တစ်ကြိမ်တစ်ခေါက် ဖူးမြော်ပြီးပါက အကြိမ်ကြိမ် ဖူးမြင်လိုခြင်း။

လူခြေတိတ်ဆိတ်သော အခါကြီး ရက်ကြီး လပြည့်နေ့များ၏ ညဘက်များတွင် ဂဠုန်၊ နဂါး၊ နတ်သိကြား ဒေဝါများ

လာရောက်ဖူးမြော်သည်ဟု ဟူဆရသော ထွန်းလင်းသည့် လူပုဂ္ဂိုလ်များအား မြင်တွေ့ရတတ်ခြင်း။

တပေါင်း၊ တန်ခူး၊ ကဆုန် လများ၏ လပြည့်ည ရောက်ခါနီး ညများတွင်၊ ခြေတော်ရာ တည်ရှိရာနေရာမှ၊

ရောင်ခြည်တော်များ ကွန့်မြူးတော်မူသည်ကို၊ (၅)မိုင်အကွာရှိ တောင်ပေါ် ယာတဲများကပင် ဖူးတွေ့နိုင်ခြင်း။

စက်တော်ရာအနီးတွင် တွေ့ရှိရသော ကျေးငှက်များ၊ တိရိစ္ဆာန်များ နှင့် ငါးများအား အန္တရာယ်ပြုမိပါက၊ ချက်ချင်းလက်ငင်း ပြန်၍ ဘေးဒုက္ခခံစားရခြင်း။

စက်တော်ရာများအား မသင့်လျော်သော အပြုအမူများဖြင့် ယစ်ပူဇော်ခဲ့ကြသောကြောင့်၊ လူမျိုးတစ်စုလုံး ဘေးဆိုးကြုံကာပျောက်ကွယ်သွားရခြင်း။

မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော် တည်ရာနေရာဖြစ်၍၊ မြင့်မြတ်သောနေရာ ဖြစ်နေခြင်း။

ဖူးမြင်ရသူတို့၏ စိတ်နှလုံးတွင်အေးချမ်းပြီး၊ ကြည်ညိုမဆုံး ဖြစ်ကြရခြင်း။ဗုဒ္ဓဘုရားရှင်၏ စက်ခြေတော်ရာ အစစ်ကြီး ဖြစ်တော်မူခြင်း။

ခြေတော်ရာအား ပူဇော်ကြပါက၊ချက်ချင်း လက်ငင်း၊ လောကီ လောကုတ္တရာ အကျိုးစီးပွားများ ဒိဋ္ဌခံစားစံစားရခြင်း

စသည့် အထူးထူးသော အံ့ဖွယ်ဆန်းပြားတော်မူသောစက်ခြေတော်ရာ များ ဖြစ်ကြပါသည်။

ထိုသို့သော စက်တော်ရာများကို ယခုအခါ ကျေးဇူးရှင် မြောက်ဦး ဆရာတော်ဘုရားကြီးမှလမ်းပန်းဆက်သွယ် သွားလာရေး

အထူး ကောင်းမွန်စေရန် နှင့် ဒကာ၊ ဒကာမများ စက်တော်ရာများကို စိတ်ချမ်းချမ်းသာသာ ဖူးမြော်နိုင်ကြစေရန် သာသနာပြုဆောင်ရွက်တော်မူနေပါသည်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

မြောက်ဦးဆရာတော်