Zawgyi

ကေလးေမြးၿပီးရင္ ၄၅ ရက္တိတိ ေယာက်ာ္းနဲ႔ မေနနဲ႔ဒါက ကေလးေမြးၿပီးစ အမ်ိဳးသမီးေတြကို မွာေနက်စကားေပါ့ !!!“ေယာက်ာ္းျဖစ္ရတာ ကံေကာင္းပါတယ္”

‘ကေလးေမြးၿပီးရင္ ၄၅ ရက္တိတိ ေယာက်ာ္းနဲ႔ မေနနဲ႔’ ဒါက ကေလးေမြးၿပီးစ အမ်ိဳးသမီးေတြကို မွာေနက်စကားေပါ့။

အဲဒီအခ်ိန္အတြင္းမွာ အမ်ိဳးသမီးကို အနားေပးထားတယ္။အင္မတန္မွကို ပင္ပန္းခက္ခဲတဲ့ ကိုယ္ဝန္ေဆာင္၊

ကေလးေမြးဖြားမႈကို လုပ္ေဆာင္ခဲ့ၿပီးတဲ့ေနာက္မွာ အားျပန္ေမြးရတဲ့ကာလကိုး။သူ႔ရဲ႕ က်န္းမာေရးကို ဂ႐ုစိုက္ရတယ္။

အာဟာရျပည့္ဝေအာင္ ေနရတယ္။ကေလးကို မိခင္ႏို႔တိုက္ေကြၽးရတယ္။ ဒီလိုအခ်ိန္မ်ိဳးဆို

မိသားစုဝင္ေတြနဲ႔ အမ်ိဳးသားကလည္း သူ႔ကို သည္းသည္းလႈပ္ ဂ႐ုစိုက္တာေပါ့။သူစားခ်င္တာ၊ သူျဖစ္ခ်င္တာ အကုန္လုပ္ေပးတယ္။

စိတ္ပိုင္းဆိုင္ရာအရေရာ၊ ႐ုပ္ပိုင္းဆိုင္ရာအရပါ အားေပးတယ္။သူလုပ္ရမယ့္ ကေလးနဲ႔ပတ္သက္တဲ့ အလုပ္ေတြကို ဝိုင္းကူေပးတယ္။

ဒါေပမယ့္ တခ်ိဳ႕အမ်ိဳးသမီးေတြမွာေတာ့ ဒီလိုအားေပးကူညီမႈေတြ မရေနပါဘူး။ သူ႔အလုပ္ေတြ သူ႔ဟာသူ လုပ္ရတယ္။

အိမ္အလုပ္ေတြလည္း ဝင္ကူရတယ္။ ကေလးေဝယ်ာဝစၥလည္း သူပဲလုပ္ရတယ္။ အမ်ိဳးသားက

ဒါေတြ သူနဲ႔မဆိုင္ဘူးလို႔ ေျပာတယ္။ ပိုက္ဆံရွာရမယ့္အလုပ္ကိုပဲ လုပ္တယ္။ ပဲခူးတိုင္း၊ ေက်ာက္တန္းေက်း႐ြာအုပ္စုထဲက

အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အျဖစ္အပ်က္ကေတာ့ အဲဒီထက္ေတာင္ ပိုပါေသးတယ္။တစ္ရက္မွာ

Win-Win Organization ေဆးကုသေနတဲ့ဆီကို သူ ေရာက္လာပါတယ္။ကေလးေမြးၿပီးတာ ၁၀ ရက္ပဲ ရွိေသးတယ္။

သူ႔မိန္းမကိုယ္ေအာက္ပိုင္းမွာ အနာျဖစ္လို႔တဲ့။အဖြဲ႕ရဲ႕ ဆရာဝန္တစ္ေယာက္ျဖစ္တဲ့ ေဒါက္တာ ဆုဇင္ဝင္းသန္းက

စစ္ေဆးၾကည့္လိုက္ေတာ့ ကေလးေမြးၿပီး ျပန္ခ်ဳပ္ထားတဲ့ေနရာက ကြဲေနတာ။ပိုးေတြဝင္ၿပီး အနံ႔အသက္လည္း ေတာ္ေတာ္မေကာင္းဘူး။

ဒါနဲ႔ ပိုးသတ္ေဆးေပး႐ုံနဲ႔ မရဘဲ ေဆး႐ုံကိုသြားမွ ျဖစ္ေတာ့မယ္ဆိုတာ သိလိုက္တယ္။အိမ္မွာေမြးၿပီး ေသေသခ်ာခ်ာ

မခ်ဳပ္ခဲ့လို႔ ပိုးဝင္တာလား အထင္နဲ႔ ေမးလိုက္ေတာ့ အင္မတန္စိတ္ပ်က္အံ့ၾသရတဲ့ အျဖစ္အပ်က္တစ္ခုကို ၾကားသိလိုက္ရတယ္။

ကေလးေမြးၿပီး ၃ ရက္ေျမာက္ေန႔မွာ သူ႔ေယာက်ာ္းက အတင္းအၾကပ္ ဆက္ဆံသြားတာတဲ့ေလ။ေၾသာ္ လို႔ပဲ

အားလုံးက စုပ္သတ္ႏိုင္ခဲ့ေတာ့တယ္။ လူေတြက ေျပာၾကတယ္၊ လင္မယားၾကားပါဆိုမွ မုဒိမ္းမႈဆိုတာ ဘယ္ရွိမွာလဲတဲ့။

ကာမပိုင္ေယာက်ာ္းလို႔လည္း သုံးႏႈန္းၾကေသးေတာ့ အိမ္ေထာင္ျပဳၿပီးသြားရင္ ဒီအမ်ိဳးသမီးရဲ႕ကာမကို သူ႔ေယာက်ာ္းက

ပိုင္သြားၿပီလို႔ ထင္တတ္ၾကတာကိုး။တကယ္ေတာ့ မုဒိမ္းမႈဆိုတာ လင္မယားျဖစ္ျခင္း၊ ခ်စ္သူျဖစ္ျခင္းနဲ႔

မသက္ဆိုင္ဘဲ ခြင့္ျပဳမျပဳ ဆိုတဲ့အေပၚပဲ အေျခခံစဥ္းစားရတဲ့ အရာမ်ိဳးပါ။ ကေလးေမြးၿပီးစ အင္အားခ်ိနဲ႔ေနတဲ့

အမ်ိဳးသမီးတစ္ေယာက္ကို ဒီလိုျပဳမူတာဟာ ဘယ္လိုနည္းနဲ႔မွ လက္ခံႏိုင္စရာ မရွိပါဘူး။ဘာေၾကာင့္ ဒီလိုလုပ္ရတယ္

ဆိုတာလည္း စဥ္းစားလို႔ေတာင္ မရဘူး။အဲဒါနဲ႔ ေဆး႐ုံကိုလႊဲ၊ သြားဖို႔ ပိုက္ဆံမရွိဘူးဆိုတဲ့အတြက္ ေငြေၾကးပါေထာက္ပံ့ေပးၿပီး

ျပန္လႊတ္လိုက္ရတယ္။ေနာက္ထပ္တစ္ခါ အဲ့ဒီ႐ြာေလးကို ေရာက္ေတာ့ ဒီအမ်ိဳးသမီးအေၾကာင္း သတိတရေမးတယ္။

ေဆး႐ုံသြားျပၿပီး ေနေကာင္းေနၿပီလား ဆိုေတာ့ ဆုံးသြားရွာၿပီ တဲ့။ ဘာလို႔လဲ၊ ေဆး႐ုံအေရာက္ ေနာက္က်လို႔လားဆိုေတာ့ သြားကိုမသြားလိုက္ရတာ။

Win-Win နဲ႔ ေတြ႕ၿပီး သူ အိမ္ျပန္သြားတယ္။ ေဆး႐ုံသြားဖို႔ လိုေၾကာင္း အိမ္ကိုေျပာျပၿပီးတဲ့အခ်ိန္မွာ

ေယာကၡမျဖစ္သူက Win-Win က ေပးလိုက္တဲ့ ေထာက္ပံ့ေငြကို သိမ္းလိုက္တယ္။ၿပီးေတာ့ နင္ ေဆး႐ုံသြားစရာ

မလိုဘူးတဲ့၊ နင္ ေဆး႐ုံတက္ရင္ အိမ္မွာ ကေလးကို ဘယ္သူထိန္းမလဲဆိုတဲ့ အေၾကာင္းျပခ်က္ကို ေပးတယ္။

အဲ့ဒီလိုနဲ႔ ဒီေလာက္ဆိုးဆိုး႐ြား႐ြား ပိုးဝင္ေနတဲ့ အေျခအေနမ်ိဳးမွာ ေဆး႐ုံေတာင္ မေရာက္လိုက္ရဘဲ အိမ္မွာတင္

အသက္ဆုံးရႈံးလိုက္ရတယ္။ဒီလိုအျဖစ္အပ်က္မ်ိဳးေတြ ဘယ္သူသိမွာလဲ။ ဒီလိုနည္းနဲ႔ အသက္ဆုံးရႈံးေန၊ ဘဝေတြ

ထိခိုက္ေနရတဲ့ အမ်ိဳးသမီးေတြေရာ ဘယ္ႏွေယာက္ေတာင္ ရွိၿပီလဲ။ဒီျပႆနာဟာ အေရးမႀကီးဘူးလို႔ေရာ ထင္ေနၾကတုန္းပါပဲလား။

ဒီလိုအႏိုင္က်င့္တဲ့ လုပ္ရပ္မ်ိဳးလုပ္ၿပီး ေအးေအးေဆးေဆး ေနေနလို႔ေရာ ရတယ္တဲ့လား။အမ်ိဳးသမီးေတြဟာ ႏွိမ့္ခ်ဆက္ဆံမႈေတြ၊

အၾကမ္းဖက္မႈ၊ အႏိုင္က်င့္မႈေတြ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြၾကားထဲမွာ ရွင္သန္ေနရပါတယ္။ခုလိုအျဖစ္အပ်က္မ်ိဳးေတြ ျမင္ေန ေတြ႕ေနရေပမယ့္

လူတခ်ိဳ႕ကေတာ့ ျမန္မာႏိုင္ငံဟာ က်ားမခြဲျခားဆက္ဆံမႈ မရွိဘူး၊ လင္နဲ႔မယားၾကားမွာ မုဒိမ္းမႈဆိုတာ မရွိဘူးရယ္လို႔ ခုခ်ိန္ထိ

လက္ခံေနၾကဆဲပဲ။ကာကြယ္ဖို႔မေျပာနဲ႔၊ ဒီလိုကိစၥရပ္ေတြ ရွိေနပါလားဆိုတာကို သိေအာင္ပဲ အရင္လုပ္ၾကရဦးမွာ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီလိုလူမႈပတ္ဝန္းက်င္မ်ိဳးမွာ ေယာက်ာ္းျဖစ္ခြင့္ရတာ အင္မတန္ကံေကာင္းပါတယ္။

Credit-WinWinOrganization

Unicode

ကလေးမွေးပြီးရင် ၄၅ ရက်တိတိ ယောကျာ်းနဲ့ မနေနဲ့ဒါက ကလေးမွေးပြီးစ အမျိုးသမီးတွေကို မှာနေကျစကားပေါ့ !!!“ယောကျာ်းဖြစ်ရတာ ကံကောင်းပါတယ်”

‘ကလေးမွေးပြီးရင် ၄၅ ရက်တိတိ ယောကျာ်းနဲ့ မနေနဲ့’ ဒါက ကလေးမွေးပြီးစ အမျိုးသမီးတွေကို မှာနေကျစကားပေါ့။

အဲဒီအချိန်အတွင်းမှာ အမျိုးသမီးကို အနားပေးထားတယ်။အင်မတန်မှကို ပင်ပန်းခက်ခဲတဲ့ ကိုယ်ဝန်ဆောင်၊

ကလေးမွေးဖွားမှုကို လုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ အားပြန်မွေးရတဲ့ကာလကိုး။သူ့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ရတယ်။

အာဟာရပြည့်ဝအောင် နေရတယ်။ကလေးကို မိခင်နို့တိုက်ကျွေးရတယ်။ ဒီလိုအချိန်မျိုးဆို

မိသားစုဝင်တွေနဲ့ အမျိုးသားကလည်း သူ့ကို သည်းသည်းလှုပ် ဂရုစိုက်တာပေါ့။သူစားချင်တာ၊ သူဖြစ်ချင်တာ အကုန်လုပ်ပေးတယ်။

စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ အားပေးတယ်။သူလုပ်ရမယ့် ကလေးနဲ့ပတ်သက်တဲ့ အလုပ်တွေကို ဝိုင်းကူပေးတယ်။

ဒါပေမယ့် တချို့အမျိုးသမီးတွေမှာတော့ ဒီလိုအားပေးကူညီမှုတွေ မရနေပါဘူး။ သူ့အလုပ်တွေ သူ့ဟာသူ လုပ်ရတယ်။

အိမ်အလုပ်တွေလည်း ဝင်ကူရတယ်။ ကလေးဝေယျာဝစ္စလည်း သူပဲလုပ်ရတယ်။ အမျိုးသားက

ဒါတွေ သူနဲ့မဆိုင်ဘူးလို့ ပြောတယ်။ ပိုက်ဆံရှာရမယ့်အလုပ်ကိုပဲ လုပ်တယ်။ ပဲခူးတိုင်း၊ ကျောက်တန်းကျေးရွာအုပ်စုထဲက

အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ်အပျက်ကတော့ အဲဒီထက်တောင် ပိုပါသေးတယ်။တစ်ရက်မှာ

Win-Win Organization ဆေးကုသနေတဲ့ဆီကို သူ ရောက်လာပါတယ်။ကလေးမွေးပြီးတာ ၁၀ ရက်ပဲ ရှိသေးတယ်။

သူ့မိန်းမကိုယ်အောက်ပိုင်းမှာ အနာဖြစ်လို့တဲ့။အဖွဲ့ရဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဆုဇင်ဝင်းသန်းက

စစ်ဆေးကြည့်လိုက်တော့ ကလေးမွေးပြီး ပြန်ချုပ်ထားတဲ့နေရာက ကွဲနေတာ။ပိုးတွေဝင်ပြီး အနံ့အသက်လည်း တော်တော်မကောင်းဘူး။

ဒါနဲ့ ပိုးသတ်ဆေးပေးရုံနဲ့ မရဘဲ ဆေးရုံကိုသွားမှ ဖြစ်တော့မယ်ဆိုတာ သိလိုက်တယ်။အိမ်မှာမွေးပြီး သေသေချာချာ

မချုပ်ခဲ့လို့ ပိုးဝင်တာလား အထင်နဲ့ မေးလိုက်တော့ အင်မတန်စိတ်ပျက်အံ့သြရတဲ့ အဖြစ်အပျက်တစ်ခုကို ကြားသိလိုက်ရတယ်။

ကလေးမွေးပြီး ၃ ရက်မြောက်နေ့မှာ သူ့ယောကျာ်းက အတင်းအကြပ် ဆက်ဆံသွားတာတဲ့လေ။သြော် လို့ပဲ

အားလုံးက စုပ်သတ်နိုင်ခဲ့တော့တယ်။ လူတွေက ပြောကြတယ်၊ လင်မယားကြားပါဆိုမှ မုဒိမ်းမှုဆိုတာ ဘယ်ရှိမှာလဲတဲ့။

ကာမပိုင်ယောကျာ်းလို့လည်း သုံးနှုန်းကြသေးတော့ အိမ်ထောင်ပြုပြီးသွားရင် ဒီအမျိုးသမီးရဲ့ကာမကို သူ့ယောကျာ်းက

ပိုင်သွားပြီလို့ ထင်တတ်ကြတာကိုး။တကယ်တော့ မုဒိမ်းမှုဆိုတာ လင်မယားဖြစ်ခြင်း၊ ချစ်သူဖြစ်ခြင်းနဲ့

မသက်ဆိုင်ဘဲ ခွင့်ပြုမပြု ဆိုတဲ့အပေါ်ပဲ အခြေခံစဉ်းစားရတဲ့ အရာမျိုးပါ။ ကလေးမွေးပြီးစ အင်အားချိနဲ့နေတဲ့

အမျိုးသမီးတစ်ယောက်ကို ဒီလိုပြုမူတာဟာ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာ မရှိပါဘူး။ဘာကြောင့် ဒီလိုလုပ်ရတယ်

ဆိုတာလည်း စဉ်းစားလို့တောင် မရဘူး။အဲဒါနဲ့ ဆေးရုံကိုလွှဲ၊ သွားဖို့ ပိုက်ဆံမရှိဘူးဆိုတဲ့အတွက် ငွေကြေးပါထောက်ပံ့ပေးပြီး

ပြန်လွှတ်လိုက်ရတယ်။နောက်ထပ်တစ်ခါ အဲ့ဒီရွာလေးကို ရောက်တော့ ဒီအမျိုးသမီးအကြောင်း သတိတရမေးတယ်။

ဆေးရုံသွားပြပြီး နေကောင်းနေပြီလား ဆိုတော့ ဆုံးသွားရှာပြီ တဲ့။ ဘာလို့လဲ၊ ဆေးရုံအရောက် နောက်ကျလို့လားဆိုတော့ သွားကိုမသွားလိုက်ရတာ။

Win-Win နဲ့ တွေ့ပြီး သူ အိမ်ပြန်သွားတယ်။ ဆေးရုံသွားဖို့ လိုကြောင်း အိမ်ကိုပြောပြပြီးတဲ့အချိန်မှာ

ယောက္ခမဖြစ်သူက Win-Win က ပေးလိုက်တဲ့ ထောက်ပံ့ငွေကို သိမ်းလိုက်တယ်။ပြီးတော့ နင် ဆေးရုံသွားစရာ

မလိုဘူးတဲ့၊ နင် ဆေးရုံတက်ရင် အိမ်မှာ ကလေးကို ဘယ်သူထိန်းမလဲဆိုတဲ့ အကြောင်းပြချက်ကို ပေးတယ်။

အဲ့ဒီလိုနဲ့ ဒီလောက်ဆိုးဆိုးရွားရွား ပိုးဝင်နေတဲ့ အခြေအနေမျိုးမှာ ဆေးရုံတောင် မရောက်လိုက်ရဘဲ အိမ်မှာတင်

အသက်ဆုံးရှုံးလိုက်ရတယ်။ဒီလိုအဖြစ်အပျက်မျိုးတွေ ဘယ်သူသိမှာလဲ။ ဒီလိုနည်းနဲ့ အသက်ဆုံးရှုံးနေ၊ ဘဝတွေ

ထိခိုက်နေရတဲ့ အမျိုးသမီးတွေရော ဘယ်နှယောက်တောင် ရှိပြီလဲ။ဒီပြဿနာဟာ အရေးမကြီးဘူးလို့ရော ထင်နေကြတုန်းပါပဲလား။

ဒီလိုအနိုင်ကျင့်တဲ့ လုပ်ရပ်မျိုးလုပ်ပြီး အေးအေးဆေးဆေး နေနေလို့ရော ရတယ်တဲ့လား။အမျိုးသမီးတွေဟာ နှိမ့်ချဆက်ဆံမှုတွေ၊

အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကြားထဲမှာ ရှင်သန်နေရပါတယ်။ခုလိုအဖြစ်အပျက်မျိုးတွေ မြင်နေ တွေ့နေရပေမယ့်

လူတချို့ကတော့ မြန်မာနိုင်ငံဟာ ကျားမခွဲခြားဆက်ဆံမှု မရှိဘူး၊ လင်နဲ့မယားကြားမှာ မုဒိမ်းမှုဆိုတာ မရှိဘူးရယ်လို့ ခုချိန်ထိ

လက်ခံနေကြဆဲပဲ။ကာကွယ်ဖို့မပြောနဲ့၊ ဒီလိုကိစ္စရပ်တွေ ရှိနေပါလားဆိုတာကို သိအောင်ပဲ အရင်လုပ်ကြရဦးမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီလိုလူမှုပတ်ဝန်းကျင်မျိုးမှာ ယောကျာ်းဖြစ်ခွင့်ရတာ အင်မတန်ကံကောင်းပါတယ်။

Credit-WinWinOrganization