Zawgyi

ႏိုင္ငံေတာ္ရဲ႕အဆင့္အျမင့္ဆုံးအခမ္းအနားကိုတက္ၿပီး က်ပ္သိန္းေပါင္း၆၅၁၆၀ လာလႉသြားတဲ့သူနားမွာလဲ

စိန္နားကပ္အျပဴးႀကီးမေတြ႕ရသလို လည္ပင္းမွာလဲဧရာမေ႐ႊဆြဲႀကိဳးအေလးႀကီးမေတြ႕ရျပန္ပါဘူး ။ဘဏ္လုပ္ငန္းနဲ႔

ပတ္သက္တဲ့ပညာကို ကမာၻပတ္ၿပီး တစိုက္မတ္မတ္ ေလ့လာသင္ၾကားခဲ့သူျဖစ္ၿပီး ထူးခြၽန္တဲ့ပညာရွင္တေယာက္အျဖစ္

ဆုေတြလည္း ရထားတဲ့သူကေတာ့ သမာအာဇီဝက်က် ခ်မ္းသာလာတဲ့ ဘဏ္သူေဌးဦးေအာင္ကိုဝင္း(ဆရာေက်ာင္း)

ရဲ႕သမီး႐ိုးသားတဲ့ ရွမ္းတိုင္းရင္းသူေလးျဖစ္ပါတယ္ ။ သူမရဲ႕နာမည္ကေတာ့ နန္းေလာင္ခမ္းျဖစ္ပါတယ္ ။ ကေမာၻဇဘဏ္ရဲ႕ပိုင္ရွင္

ဦးေအာင္ကိုဝင္းရဲ႕ သမီး(၃)သီးထဲကမွ သမီးႀကီး ျဖစ္ပါတယ္ ။သူ႔ သမီးေတြထဲမွာ နန္းလိုင္ခမ္း Nang Lang Kham

လို႔ေခၚတဲ့ တစ္ေယာက္က ဗမာျပည္ရဲ႕ ႏိုင္ငံေရးနဲ႔ စီးပြားေရး ထိပ္ဆုံးအလႊာ Elite အသိုင္းအဝိုင္းထဲမွာ

ေရလည္ဝင္ဆန္႔ၿပီး ေနရာယူထားတဲ့ ပညာတက္ Business Woman တစ္ေယာက္ျဖစ္တယ္ ။

အခုမွ အသက္က ၃၀ ဘဲ ရွိေသးတယ္ ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာျပည္က Tycoon လို႔ေခၚတဲ့ ( ယခင္ အေခၚ ခ႐ိုနီ )

လုပ္ငန္းရွင္သူေဌးေတြ Meeting လုပ္တိုင္း KBZ ရဲ႕ Representative Chairman တစ္ေယာက္အေနနဲ႔ တက္တယ္ ။

သူ႔ အေဖက သူ႔ကို လႊဲထားတယ္. . ျမန္မာျပည္က နာမည္ႀကီး သူေဌးေတြ ဦးေဇာ္ေဇာ္ ဦးခင္ေ႐ႊ တို႔က

အစ တေလးတစားနဲ႔ ဦးေအာင္ကိုဝင္းရဲ႕ ကိုယ္စားလွယ္အျဖစ္ တစ္တန္းထဲ ေနရာေပးရတယ္ ။

KBZ ဘဏ္နဲ႔ KBZ Group ႀကီး တစ္ခုလုံးရဲ႕ အႀကီးတန္း ဒါ႐ိုက္တာ ျဖစ္ၿပီး ၊ Air KBZ နဲ႔ MAI Airline ေလေၾကာင္းလိုင္း

ႏွစ္ခုရဲ႕ Chairman ဥကၠဌ ျဖစ္တယ္ ။KBZ ျမန္မာ အလင္းတန္း ေဖာင္ေဒးရွင္း ( BFM – Brighter Future Myanmar Foundation)

ရဲ႕ Founder လဲ ျဖစ္တယ္ ။2016 ခုႏွစ္မွာ အေမရိကား အေျခစိုက္ ကမာၻေက်ာ္ စီးပြားေရး မဂၢဇင္း Forbes ရဲ႕

အာရွတိုက္ရဲ႕ ေစာင့္ၾကည့္ရမဲ့ ထူးခြၽန္ လူငယ္ အမ်ိဳးသမီး စီးပြားေရး လုပ္ငန္းရွင္ 12 ေယာက္ List ထဲမွာ သူပါသြားတယ္

2016 ခုႏွစ္မွာ အေမရိကား အေျခစိုက္ ကမာၻေက်ာ္ စီးပြားေရး မဂၢဇင္း Forbes ရဲ႕ အာရွတိုက္ရဲ႕ ေစာင့္ၾကည့္ရမဲ့

ထူးခြၽန္ လူငယ္ အမ်ိဳးသမီး စီးပြားေရး လုပ္ငန္းရွင္ 12 ေယာက္ List ထဲမွာ သူပါသြားတယ္ ။သူခု လက္ရွိလုပ္

ေနတာေတြက BFM foundation အေနနဲ႔ ျမန္မာျပည္အႏွံ႔က ေမြးရာပါ ႏႈတ္ခမ္းကြဲ အာေခါင္ကြဲ ကေလးေတြကို အခမဲ့ လိုက္ၿပီး ခြဲစိတ္ကုသေပးတယ္ ။

ေရႀကီးတဲ့ ေနရာေတြမွာ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ ထူေထာင္ေနရာခ်ထားေရး လုပ္ငန္းစဥ္ေတြ အတြက္

က်ပ္ သန္းေပါင္းမ်ားစြာ လႈတယ္ ။ Young banker တစ္ေယာက္လဲ ျဖစ္တယ္ ။ကြၽန္ေတာ္ ဒါေတြ

ေျပာျပေနတာက သူ႔ကို ေလာ္ဘီ လုပ္ေပးေနတာမဟုတ္ဘူး ၊ ဟိမဝႏၲာ ခ်ီးမြမ္းခန္း ဖြင့္ေနတာလဲ မဟုတ္ဘူး ၊

ဒီေခတ္ မိန္းကေလးေတြကို အတုယူေစခ်င္လို႔ ေျပာျပေနတာ ျဖစ္တယ္ ။

သူ႔ရဲ႕ ေနပုံထိုင္ပုံကို အတုယူေစခ်င္တယ္ ။ အေပၚမွာ ဒီေလာက္ေျပာသြားတာ သူ႔အေနအထား ၊ အဆင့္အတန္း ၊

ပိုင္ဆိုင္မႈနဲ႔ အသိုင္းအဝိုင္းက ျမန္မာျပည္မွာ ဘယ္လိုမ်ိဳးလဲ ဆိုတာ အားလုံး ခန္႔မွန္းၿပီးေလာက္ပါၿပီ ။

သူ႔ အေနအထားနဲ႔လူေျပာခံရေအာင္မေနဘူး အေနအထိုင္ သိုသိပ္တယ္ဦးေဇာ္ေဇာ္လိုဘဲ ၊ပညာရွိတယ္ ေျပာရမယ္။

ခု ျမန္မာျပည္မွာ ခေလးေတြ ႀကိဳက္ေနၾကတဲ့ အားက်ၿပီး လိုက္ျဖစ္ခ်င္ေနၾကတဲ့ မင္းသမီးေပါက္စေတြ ဘာညာ

ဘေလာ့ဂါ ေတြရဲ႕ Life Style ေတြက ၾကည့္ရင္ေတာ့ ဟုတ္သလိုလိုရွိေပမဲ့ ၊တကယ့္ တကယ္ ကိုယ္တိုင္

အရည္အခ်င္း တန္ဖိုးရွိၿပီး ေယာက်ာ္းတိုင္းက ေလးစားၿပီး အထင္မေသးရဲတဲ့ ကိုယ္ပိုင္ ပညာတန္ဖိုးျမင့္တဲ့

မိန္းကေလး တစ္ေယာက္ ဘဝ ကိုဘဲ ရေအာင္ ႀကိဳးစားေစခ်င္တယ္ ။

အေပၚယံ ႐ုပ္ဝတၳဳ ပကာသန ပစၥည္းေတြနဲ႔ အႏွစ္မရွိတဲ့ ခပ္ေပါေပါ ခံယူခ်က္ေတြေပၚမွာ လုပ္ျပေနၾကတဲ့ လူငယ္

မိန္းကေလး Celebrities ေတြကို သြား အားမက်ေစခ်င္ဘူး ။Rich kid အေနနဲ႔ ႀကီးျပင္းလာၾကတာခ်င္း တူေပမဲ့ ဘဝ

စံခ်ိန္ စံႏႈန္း Living Standard နဲ႔ အေတြးအေခၚမွာ မိုးနဲ႔ ေျမေလာက္ကြာသြားတယ္ ။နန္းလိုင္ခမ္း

အေနနဲ႔ ႂကြားခ်င္ရင္ ဗမာ တစ္ျပည္လုံး ဆြံ႕အသြားေအာင္ ႂကြားျပလိုက္လို႔ ရတယ္ ။ ဒါေပမဲ့ လူသိ

သိပ္မခံဘဲ ျမန္မာျပည္ရဲ႕ Driving Force တစ္ခု အေနနဲ႔ ပါဝင္ ပက္သက္ေနတယ္ ။

သူ႔ရဲ႕ FB မွာ သူ႔ရဲ႕ Activities ကိုဝင္ၾကည့္လို႔ရတယ္ ။ သူဘာလဲ ဘယ္လမ္းေလွ်ာက္ေနတာလဲ ဆိုတာ သိရလိမ့္မယ္ ။

အရမ္း Simple ျဖစ္တယ္ ဘာ Personal မွတင္ထားတာေတာင္ မေတြ႕ရဘူး ။လူတိုင္းကေတာ့ ဘဝေပး အေျခအေနေတြ တူၾကမွာေတာ့မဟုတ္ဘူး။

ကိုယ့္ဘဝက သူမ်ားနဲ႔ တန္းတူမျဖစ္ခဲ့ရင္လဲ စိတ္ဓာတ္က် စိတ္ပ်က္ အားငယ္ေနဖို႔ မဟုတ္ဘဲ ပိုႀကိဳးစားဖို႔ ျဖစ္လာေစတဲ့ အေၾကာင္းဘဲ ျဖစ္ရမယ္ ။

ကိုယ့္ဘဝေပး အေျခအေနက သူမ်ားထက္ ပိုမိုသာလြန္ ေကာင္းမြန္ခဲ့ရင္လဲ ကိုယ့္ထက္ နိမ့္က်ေနတဲ့ ဘဝေတြကို ျပန္လည္

မစ ေထာက္ပံ့ႏိုင္ဖို႔ အေၾကာင္းဘဲ ျဖစ္ရမယ္ ။ဒီစာေလးက တစ္ေယာက္ေယာက္ကို Motivate ျဖစ္သြားေစတယ္ဆိုရင္

ေက်နပ္ပါတယ္ ။အားလုံး တန္ဖိုးရွိစြာ အသက္ရွင္ႏိုင္ပါေစ ။ အခုလို အခ်ိန္ေပး ဖတ္ရႈေပးတဲ့အတြက္ကို အထူးေက်းဇူးတင္ရွိပါတယ္ ။

Unicode

နိုင်ငံတော်ရဲ့အဆင့်အမြင့်ဆုံးအခမ်းအနားကိုတက်ပြီး ကျပ်သိန်းပေါင်း၆၅၁၆၀ လာလှူသွားတဲ့သူနားမှာလဲ

စိန်နားကပ်အပြူးကြီးမတွေ့ရသလို လည်ပင်းမှာလဲဧရာမရွှေဆွဲကြိုးအလေးကြီးမတွေ့ရပြန်ပါဘူး ။ဘဏ်လုပ်ငန်းနဲ့

ပတ်သက်တဲ့ပညာကို ကမ္ဘာပတ်ပြီး တစိုက်မတ်မတ် လေ့လာသင်ကြားခဲ့သူဖြစ်ပြီး ထူးချွန်တဲ့ပညာရှင်တယောက်အဖြစ်

ဆုတွေလည်း ရထားတဲ့သူကတော့ သမာအာဇီဝကျကျ ချမ်းသာလာတဲ့ ဘဏ်သူဌေးဦးအောင်ကိုဝင်း(ဆရာကျောင်း)

ရဲ့သမီးရိုးသားတဲ့ ရှမ်းတိုင်းရင်းသူလေးဖြစ်ပါတယ် ။ သူမရဲ့နာမည်ကတော့ နန်းလောင်ခမ်းဖြစ်ပါတယ် ။ ကမ္ဘောဇဘဏ်ရဲ့ပိုင်ရှင်

ဦးအောင်ကိုဝင်းရဲ့ သမီး(၃)သီးထဲကမှ သမီးကြီး ဖြစ်ပါတယ် ။သူ့ သမီးတွေထဲမှာ နန်းလိုင်ခမ်း Nang Lang Kham

လို့ခေါ်တဲ့ တစ်ယောက်က ဗမာပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ထိပ်ဆုံးအလွှာ Elite အသိုင်းအဝိုင်းထဲမှာ

ရေလည်ဝင်ဆန့်ပြီး နေရာယူထားတဲ့ ပညာတက် Business Woman တစ်ယောက်ဖြစ်တယ် ။

အခုမှ အသက်က ၃၀ ဘဲ ရှိသေးတယ် ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်က Tycoon လို့ခေါ်တဲ့ ( ယခင် အခေါ် ခရိုနီ )

လုပ်ငန်းရှင်သူဌေးတွေ Meeting လုပ်တိုင်း KBZ ရဲ့ Representative Chairman တစ်ယောက်အနေနဲ့ တက်တယ် ။

သူ့ အဖေက သူ့ကို လွှဲထားတယ်. . မြန်မာပြည်က နာမည်ကြီး သူဌေးတွေ ဦးဇော်ဇော် ဦးခင်ရွှေ တို့က

အစ တလေးတစားနဲ့ ဦးအောင်ကိုဝင်းရဲ့ ကိုယ်စားလှယ်အဖြစ် တစ်တန်းထဲ နေရာပေးရတယ် ။

KBZ ဘဏ်နဲ့ KBZ Group ကြီး တစ်ခုလုံးရဲ့ အကြီးတန်း ဒါရိုက်တာ ဖြစ်ပြီး ၊ Air KBZ နဲ့ MAI Airline လေကြောင်းလိုင်း

နှစ်ခုရဲ့ Chairman ဥက္ကဌ ဖြစ်တယ် ။KBZ မြန်မာ အလင်းတန်း ဖောင်ဒေးရှင်း ( BFM – Brighter Future Myanmar Foundation)

ရဲ့ Founder လဲ ဖြစ်တယ် ။2016 ခုနှစ်မှာ အမေရိကား အခြေစိုက် ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes ရဲ့

အာရှတိုက်ရဲ့ စောင့်ကြည့်ရမဲ့ ထူးချွန် လူငယ် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် 12 ယောက် List ထဲမှာ သူပါသွားတယ်

2016 ခုနှစ်မှာ အမေရိကား အခြေစိုက် ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes ရဲ့ အာရှတိုက်ရဲ့ စောင့်ကြည့်ရမဲ့

ထူးချွန် လူငယ် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် 12 ယောက် List ထဲမှာ သူပါသွားတယ် ။သူခု လက်ရှိလုပ်

နေတာတွေက BFM foundation အနေနဲ့ မြန်မာပြည်အနှံ့က မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးတွေကို အခမဲ့ လိုက်ပြီး ခွဲစိတ်ကုသပေးတယ် ။

ရေကြီးတဲ့ နေရာတွေမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်နေရာချထားရေး လုပ်ငန်းစဉ်တွေ အတွက်

ကျပ် သန်းပေါင်းများစွာ လှုတယ် ။ Young banker တစ်ယောက်လဲ ဖြစ်တယ် ။ကျွန်တော် ဒါတွေ

ပြောပြနေတာက သူ့ကို လော်ဘီ လုပ်ပေးနေတာမဟုတ်ဘူး ၊ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်နေတာလဲ မဟုတ်ဘူး ၊

ဒီခေတ် မိန်းကလေးတွေကို အတုယူစေချင်လို့ ပြောပြနေတာ ဖြစ်တယ် ။

သူ့ရဲ့ နေပုံထိုင်ပုံကို အတုယူစေချင်တယ် ။ အပေါ်မှာ ဒီလောက်ပြောသွားတာ သူ့အနေအထား ၊ အဆင့်အတန်း ၊

ပိုင်ဆိုင်မှုနဲ့ အသိုင်းအဝိုင်းက မြန်မာပြည်မှာ ဘယ်လိုမျိုးလဲ ဆိုတာ အားလုံး ခန့်မှန်းပြီးလောက်ပါပြီ ။

သူ့ အနေအထားနဲ့လူပြောခံရအောင်မနေဘူး အနေအထိုင် သိုသိပ်တယ်ဦးဇော်ဇော်လိုဘဲ ၊ပညာရှိတယ် ပြောရမယ်။

ခု မြန်မာပြည်မှာ ခလေးတွေ ကြိုက်နေကြတဲ့ အားကျပြီး လိုက်ဖြစ်ချင်နေကြတဲ့ မင်းသမီးပေါက်စတွေ ဘာညာ

ဘလော့ဂါ တွေရဲ့ Life Style တွေက ကြည့်ရင်တော့ ဟုတ်သလိုလိုရှိပေမဲ့ ၊တကယ့် တကယ် ကိုယ်တိုင်

အရည်အချင်း တန်ဖိုးရှိပြီး ယောကျာ်းတိုင်းက လေးစားပြီး အထင်မသေးရဲတဲ့ ကိုယ်ပိုင် ပညာတန်ဖိုးမြင့်တဲ့

မိန်းကလေး တစ်ယောက် ဘဝ ကိုဘဲ ရအောင် ကြိုးစားစေချင်တယ် ။

အပေါ်ယံ ရုပ်ဝတ္ထု ပကာသန ပစ္စည်းတွေနဲ့ အနှစ်မရှိတဲ့ ခပ်ပေါပေါ ခံယူချက်တွေပေါ်မှာ လုပ်ပြနေကြတဲ့ လူငယ်

မိန်းကလေး Celebrities တွေကို သွား အားမကျစေချင်ဘူး ။Rich kid အနေနဲ့ ကြီးပြင်းလာကြတာချင်း တူပေမဲ့ ဘဝ

စံချိန် စံနှုန်း Living Standard နဲ့ အတွေးအခေါ်မှာ မိုးနဲ့ မြေလောက်ကွာသွားတယ် ။နန်းလိုင်ခမ်း

အနေနဲ့ ကြွားချင်ရင် ဗမာ တစ်ပြည်လုံး ဆွံ့အသွားအောင် ကြွားပြလိုက်လို့ ရတယ် ။ ဒါပေမဲ့ လူသိ

သိပ်မခံဘဲ မြန်မာပြည်ရဲ့ Driving Force တစ်ခု အနေနဲ့ ပါဝင် ပက်သက်နေတယ် ။

သူ့ရဲ့ FB မှာ သူ့ရဲ့ Activities ကိုဝင်ကြည့်လို့ရတယ် ။ သူဘာလဲ ဘယ်လမ်းလျှောက်နေတာလဲ ဆိုတာ သိရလိမ့်မယ် ။

အရမ်း Simple ဖြစ်တယ် ဘာ Personal မှတင်ထားတာတောင် မတွေ့ရဘူး ။လူတိုင်းကတော့ ဘဝပေး အခြေအနေတွေ တူကြမှာတော့မဟုတ်ဘူး။

ကိုယ့်ဘဝက သူများနဲ့ တန်းတူမဖြစ်ခဲ့ရင်လဲ စိတ်ဓာတ်ကျ စိတ်ပျက် အားငယ်နေဖို့ မဟုတ်ဘဲ ပိုကြိုးစားဖို့ ဖြစ်လာစေတဲ့ အကြောင်းဘဲ ဖြစ်ရမယ် ။

ကိုယ့်ဘဝပေး အခြေအနေက သူများထက် ပိုမိုသာလွန် ကောင်းမွန်ခဲ့ရင်လဲ ကိုယ့်ထက် နိမ့်ကျနေတဲ့ ဘဝတွေကို ပြန်လည်

မစ ထောက်ပံ့နိုင်ဖို့ အကြောင်းဘဲ ဖြစ်ရမယ် ။ဒီစာလေးက တစ်ယောက်ယောက်ကို Motivate ဖြစ်သွားစေတယ်ဆိုရင်

ကျေနပ်ပါတယ် ။အားလုံး တန်ဖိုးရှိစွာ အသက်ရှင်နိုင်ပါစေ ။ အခုလို အချိန်ပေး ဖတ်ရှုပေးတဲ့အတွက်ကို အထူးကျေးဇူးတင်ရှိပါတယ် ။