Zawgyi

CDM လႈပ္ရွားမႈအျဖစ္ ပါဝင္သည့္ ဝန္ထမ္းမ်ား ႏွင့္ အားေပးကူညီေထာက္ပံ့သူမ်ားကို တည္ ဆဲ ဥ ပ ေဒ အ ရ

အေရးယူသြားမည္ဟု နစက အစိုးရႏွင့္ နီးစပ္သူမ်ားမွ တဆင့္ သိရွိရသည္။ ၎ CDM လႈပ္ရွားမႈတြင္

ဝန္ႀကီးဌာနအခ်ိဳ႕မွ ႏိုင္ငံ့ဝန္ထမ္းမ်ား ပါဝင္ေဆာင္႐ြက္ေနၾကၿပီး နစက အစိုးရကို အသိအမွတ္မျပဳျခင္းအျဖစ္ ေဆာင္႐ြက္ေနၾကျခင္း ျဖစ္သည္။

ဒီသတင္းနဲ႔ ပတ္သတ္ၿပီး အစိုးရ တာဝန္ရွိသူအခ်ိဳ႕ထံမွ အတည္ျပဳခ်က္ကိုလည္း ရယူေမးျမန္းထားပါသည္။

“ဟုတ္ကဲ့ ကြၽန္ေတာ္တို႔လည္း ဒီသတင္းကို ၾကားပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္ေတာ့ CDM မွာ ပါဝင္ခဲ့တဲ့

ဝန္ထမ္းေတြကို မိမိသက္ဆိုင္ရာ ဝန္ႀကီးဌာနကေန တစ္ဆင့္ ႏိုင္ငံဝန္ထမ္း ဥပေဒပါ လုပ္ထုံးလုပ္နည္းေတြနဲ႔

အညီ စစ္ေဆးေဆာင္႐ြက္သြားဖို႔ေတာ့ လုပ္ေနတာေတြေတာ့ ရွိပါတယ္ ” လို႔ တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။

ဒါ့အျပင္ ဦးေဆာင္ လႈံေဆာ္သူ ေတြကိုလည္း စစ္ေဆးအေရးယူမႈေတြလုပ္ႏိုင္တယ္ လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာလည္း CDM ပါဝင္ခဲ့သည့္ ဝန္ထမ္းမ်ားထံသို႔ စုံစမ္းစစ္ေဆးရန္ အေၾကာင္းၾကားစာမ်ား

ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္း CDM လႈပ္ရွားမႈတြင္ ပါဝင္ခဲ့သည့္ ဝန္ထမ္းမ်ားထံမွ သိရွိပါရသည္။

သတင္းစဥ္

Unicode

CDM လှုပ်ရှားမှုအဖြစ် ပါဝင်သည့် ဝန်ထမ်းများ နှင့် အားပေးကူညီထောက်ပံ့သူများကို တည် ဆဲ ဥ ပ ဒေ အ ရ

အရေးယူသွားမည်ဟု နစက အစိုးရနှင့် နီးစပ်သူများမှ တဆင့် သိရှိရသည်။ ၎င်း CDM လှုပ်ရှားမှုတွင်

ဝန်ကြီးဌာနအချို့မှ နိုင်ငံ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်နေကြပြီး နစက အစိုးရကို အသိအမှတ်မပြုခြင်းအဖြစ် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ဒီသတင်းနဲ့ ပတ်သတ်ပြီး အစိုးရ တာဝန်ရှိသူအချို့ထံမှ အတည်ပြုချက်ကိုလည်း ရယူမေးမြန်းထားပါသည်။

“ဟုတ်ကဲ့ ကျွန်တော်တို့လည်း ဒီသတင်းကို ကြားပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ CDM မှာ ပါဝင်ခဲ့တဲ့

ဝန်ထမ်းတွေကို မိမိသက်ဆိုင်ရာ ဝန်ကြီးဌာနကနေ တစ်ဆင့် နိုင်ငံဝန်ထမ်း ဥပဒေပါ လုပ်ထုံးလုပ်နည်းတွေနဲ့

အညီ စစ်ဆေးဆောင်ရွက်သွားဖို့တော့ လုပ်နေတာတွေတော့ ရှိပါတယ် ” လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဦးဆောင် လှုံဆော်သူ တွေကိုလည်း စစ်ဆေးအရေးယူမှုတွေလုပ်နိုင်တယ် လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း CDM ပါဝင်ခဲ့သည့် ဝန်ထမ်းများထံသို့ စုံစမ်းစစ်ဆေးရန် အကြောင်းကြားစာများ

ရောက်ရှိနေပြီ ဖြစ်ကြောင်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများထံမှ သိရှိပါရသည်။

သတင်းစဉ်