Zawgyi

ရင္ တထိတ္ထိတ္ ျဖစ္ ေစ တဲ့ သည္းထိတ္ ရင္ဖို ႐ုပ္ရွင္ ဇာတ္ကား ေတြ ၾကည့္ ရႈ ျခင္းဟာ က်န္းမာေရး ကို အေထာက္

အကူ ျဖစ္ေစ တဲ့ ေကာင္းက်ိဳးေတြ မ်ားစြာ ရွိတယ္လို႔ ေဆးသိပၸံ ပညာရွင္ေတြရဲ႕ ေလ့လာခ်က္ ေတြက ဆိုပါတယ္ ။ တကယ္လို႔ သင္ဟာ

သည္းထိတ္ ရင္ဖို ဇာတ္ကား ေတြ အၾကည့္ မ်ားသူ တဦး ဆိုရင္ေတာ့ အခု ေဖာ္ျပမယ့္ က်န္းမာေရးေကာင္းက်ိဳး ေတြကို ရရွိမွာ ျဖစ္ပါတယ္ ။

( ၁ ) ကယ္လိုရီ ေတြကို ေလာင္ကြၽမ္း ေစတယ္

သင္ဟာ ေလ့က်င့္ခန္း လုပ္ဖို႔ အခ်ိန္ မရွိသူ တဦး ဆိုရင္ေတာ့ သည္းထိတ္ ရင္ဖို ဇာတ္ကားေတြ

ၾကည့္ရႈ ျခင္းက သင့္ကို ကူညီ ေပးႏိုင္မွာ ျဖစ္ပါတယ္ ။ သည္းထိတ္ ရင္ဖို ႐ုပ္ရွင္ကို မိနစ္ ၉၀ ခန႔္ ၾကည့္ရႈ

လိုက္ျခင္းဟာ ကယ္လိုရီေပါင္း ၁၁၃ ကယ္လိုရီခန႔္ကို ေလာင္ကြၽမ္း ေစ ႏိုင္ၿပီး ဒါဟာ ဆိုရင္ေတာ့ မိနစ္ ၃၀ ခန႔္

လမ္းေလွ်ာက္ လိုက္ျခင္း အားျဖင့္ ေလာင္ကြၽမ္းေစတဲ့ ကယ္လိုရီ ပမာဏနဲ႔ လည္း ညီမွ် ေနပါတယ္ ။

( ၂ ) ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္း ေတြကို ျမင့္တက္ ေစတယ္

ေလ့လာသူေတြရဲ႕ အဆိုအရ သည္းထိတ္ ရင္ဖို ဇာတ္ကားေတြ ၾကည့္ရႈျခင္း အားျဖင့္ ဦးေႏွာက္

ကေန Glucose , Adrenaline နဲ႔ Cortisol တို႔ကို ထုတ္လႊတ္ ေပးလိုက္တာေၾကာင့္ စိုးရိမ္ ပူပန္မႈ

ေတြကို ေလ်ာ့က် ေစတဲ့ အျပင္ အာ႐ုံေၾကာေတြကို လန္းဆန္း ေစတာေၾကာင့္ ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္း

ေတြကိုလည္း ျမင့္တက္ ေစပါတယ္ ။

( ၃ ) ကိုယ္ခံအား စနစ္ကို ေကာင္းမြန္ ေစတယ္

ေလ့လာခ်က္ ေတြ အရ သည္း ထိတ္ ရင္ဖို ဇာတ္ကား တကား ၾကည့္ရႈ လိုက္ျခင္း ဟာ ခႏၶာကိုယ္ တြင္းက ေသြးျဖဴဥ ဆဲလ္

ေတြရဲ႕ လုပ္ ေဆာင္ ႏိုင္စြမ္းကို ပိုမို ျမင့္တက္ ေစၿပီး ခုခံအား စနစ္ကိုလည္း ေကာင္းမြန္ေစတယ္လို႔ ဆိုပါတယ္။

( ၄ ) စိတ္ဖိစီးမႈ ေတြကို ေလ်ာ့က် ေစတယ္

သင့္မွာ စိတ္ဖိစီးစရာ အေၾကာင္း ကိစၥေတြနဲ႔ စိတ္ရႈပ္ေထြးေန တယ္ ဆို ရင္ေတာ့ ေၾကာက္စရာအေကာင္းဆုံး ဆိုတဲ့

သည္းထိတ္ ရင္ဖို ဇာတ္ကား တကားကို ၾကည့္ရႈ လိုက္ျခင္းက အံအားသင့္စရာ ေကာင္းေလာက္ ေအာင္ စိတ္ဖိစီးမႈ ေတြကို ေလ်ာ့က် ေစမွာ ျဖစ္ပါတယ္ ။

( ၅ ) စုံတြဲေတြ အတူ တကြ ၾကည့္ရႈ မယ္ဆိုရင္ အခ်စ္ေရးကို ပိုမို ေကာင္းမြန္ေစတယ္။

သည္းထိတ္ ရင္ဖို ဇာတ္ကားေတြ ၾကည့္ရႈတဲ့ အခါ ဦးေႏွာက္ ကေန Dopamine နဲ႔ Serotonin ေဟာ္မုန္း ေတြကို

ထုတ္လႊတ္ ေပးၿပီး ဒီ ေဟာ္မုန္း ေတြဟာ တစုံတေယာက္ကို ခ်စ္စိတ္ ဝင္ေစႏိုင္တဲ့ ေဟာ္မုန္း ေတြပဲ ျဖစ္ပါတယ္ ။

ဒါေၾကာင့္ မို႔လို႔ စုံတြဲ ေတြ အေနနဲ႔ သည္းထိတ္ရင္ဖို ႐ုပ္ရွင္ဇာတ္ကားေတြကို အတူတကြ ၾကည့္ရႈေပးသင့္ပါတယ္။

Credit: Irrawaddy

Unicode

ရင် တထိတ်ထိတ် ဖြစ် စေ တဲ့ သည်းထိတ် ရင်ဖို ရုပ်ရှင် ဇာတ်ကား တွေ ကြည့် ရှု ခြင်းဟာ ကျန်းမာရေး ကို အထောက်

အကူ ဖြစ်စေ တဲ့ ကောင်းကျိုးတွေ များစွာ ရှိတယ်လို့ ဆေးသိပ္ပံ ပညာရှင်တွေရဲ့ လေ့လာချက် တွေက ဆိုပါတယ် ။ တကယ်လို့ သင်ဟာ

သည်းထိတ် ရင်ဖို ဇာတ်ကား တွေ အကြည့် များသူ တဦး ဆိုရင်တော့ အခု ဖော်ပြမယ့် ကျန်းမာရေးကောင်းကျိုး တွေကို ရရှိမှာ ဖြစ်ပါတယ် ။

( ၁ ) ကယ်လိုရီ တွေကို လောင်ကျွမ်း စေတယ်

သင်ဟာ လေ့ကျင့်ခန်း လုပ်ဖို့ အချိန် မရှိသူ တဦး ဆိုရင်တော့ သည်းထိတ် ရင်ဖို ဇာတ်ကားတွေ

ကြည့်ရှု ခြင်းက သင့်ကို ကူညီ ပေးနိုင်မှာ ဖြစ်ပါတယ် ။ သည်းထိတ် ရင်ဖို ရုပ်ရှင်ကို မိနစ် ၉၀ ခန့် ကြည့်ရှု

လိုက်ခြင်းဟာ ကယ်လိုရီပေါင်း ၁၁၃ ကယ်လိုရီခန့်ကို လောင်ကျွမ်း စေ နိုင်ပြီး ဒါဟာ ဆိုရင်တော့ မိနစ် ၃၀ ခန့်

လမ်းလျှောက် လိုက်ခြင်း အားဖြင့် လောင်ကျွမ်းစေတဲ့ ကယ်လိုရီ ပမာဏနဲ့ လည်း ညီမျှ နေပါတယ် ။

( ၂ ) ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်း တွေကို မြင့်တက် စေတယ်

လေ့လာသူတွေရဲ့ အဆိုအရ သည်းထိတ် ရင်ဖို ဇာတ်ကားတွေ ကြည့်ရှုခြင်း အားဖြင့် ဦးနှောက်

ကနေ Glucose , Adrenaline နဲ့ Cortisol တို့ကို ထုတ်လွှတ် ပေးလိုက်တာကြောင့် စိုးရိမ် ပူပန်မှု

တွေကို လျော့ကျ စေတဲ့ အပြင် အာရုံကြောတွေကို လန်းဆန်း စေတာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်း

တွေကိုလည်း မြင့်တက် စေပါတယ် ။

( ၃ ) ကိုယ်ခံအား စနစ်ကို ကောင်းမွန် စေတယ်

လေ့လာချက် တွေ အရ သည်း ထိတ် ရင်ဖို ဇာတ်ကား တကား ကြည့်ရှု လိုက်ခြင်း ဟာ ခန္ဓာကိုယ် တွင်းက သွေးဖြူဥ ဆဲလ်

တွေရဲ့ လုပ် ဆောင် နိုင်စွမ်းကို ပိုမို မြင့်တက် စေပြီး ခုခံအား စနစ်ကိုလည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

( ၄ ) စိတ်ဖိစီးမှု တွေကို လျော့ကျ စေတယ်

သင့်မှာ စိတ်ဖိစီးစရာ အကြောင်း ကိစ္စတွေနဲ့ စိတ်ရှုပ်ထွေးနေ တယ် ဆို ရင်တော့ ကြောက်စရာအကောင်းဆုံး ဆိုတဲ့

သည်းထိတ် ရင်ဖို ဇာတ်ကား တကားကို ကြည့်ရှု လိုက်ခြင်းက အံအားသင့်စရာ ကောင်းလောက် အောင် စိတ်ဖိစီးမှု တွေကို လျော့ကျ စေမှာ ဖြစ်ပါတယ် ။

( ၅ ) စုံတွဲတွေ အတူ တကွ ကြည့်ရှု မယ်ဆိုရင် အချစ်ရေးကို ပိုမို ကောင်းမွန်စေတယ်။

သည်းထိတ် ရင်ဖို ဇာတ်ကားတွေ ကြည့်ရှုတဲ့ အခါ ဦးနှောက် ကနေ Dopamine နဲ့ Serotonin ဟော်မုန်း တွေကို

ထုတ်လွှတ် ပေးပြီး ဒီ ဟော်မုန်း တွေဟာ တစုံတယောက်ကို ချစ်စိတ် ဝင်စေနိုင်တဲ့ ဟော်မုန်း တွေပဲ ဖြစ်ပါတယ် ။

ဒါကြောင့် မို့လို့ စုံတွဲ တွေ အနေနဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတွေကို အတူတကွ ကြည့်ရှုပေးသင့်ပါတယ်။

Credit: Irrawaddy