Zawgyi
JRose (KB Chimmy)
Unicode
ကျွန်တော်တို့လူသားတွေဟာ ကိုယ်စိတ်တိုင်းမကျတဲ့ အရာ တွေဆို လွယ်လွယ်နဲ့စိတ်ပျက်တတ်ကြပြီး ဒေါသလည်းထွက်တတ်ကြပါတယ်။
ဥပမာအနေနဲ့ ဘက်စ်ကားနောက်ကျတာတွေ၊ အစားအစာ မလုံလောက်တာတွေ၊ ကျွန်တော်တို့ကြိုက်တဲ့ ဖိနပ်ပျက်သွားဒါတွေ အစရှိသဖြင့်
ကြုံတွေ့လာတဲ့အခါဆို ကျွန်တော်တို့ရဲ့ ဒေါသစိတ်တွေ ထွက်ပေါ်လာတတ်ကြပါတယ်။အဲ့လိုအချိန်တွေမှာဆို ကျွန်တော်တို့က
“ငါကအတော်ကံဆိုးတဲ့လူပါလား”ဆိုပြီးကိုယ့်ကိုယ်ကို အပြစ်တွေတင်တတ်ကြပါသေးတယ်။ တစ်ကယ်တော့ ကျွန်တော်တို့မစဉ်းစားမိခဲ့တာက
လောကကြီးမှာ ကျွန်တော်တို့ထက် ပိုပြီးတော့မှ ဒုက္ခရောက်နေကြတဲ့လူတွေအများကြီးရှိနေတယ်ဆိုတာပါဘဲ။
ယခုကျွန်တော်ဖော်ပြပေးမဲ့အကြောင်းကတော့ ဘဝ စားဝတ်နေရေးအတွက် အချိန်တိုင်း ကြိုးစားရုန်းကန်နေရတဲ့ ဖိလစ်ပိုင်နိုင်ငံက သနားစရာ
အဖိုးအို တစ်ဦးဘဲဖြစ်ပါတယ်။ဒီ အဖိုးအို ဟာ ကျွန်တော်တို့လို ထမင်း တစ်နေ့သုံးနပ်မပြောနဲ့ တစ်နေ့တစ်နပ်တောင် ပုံမှန်မစားရပါဘူး။
နောက်ပြီး အဖိုးအိုက သေးငယ်တဲ့ သစ်သားတဲအိမ်ထဲမှာ တစ်ယောက်တည်း ခိုလှုံနေထိုင်နေရတာပါ။ Xylenejoy Siarot နာမည်နဲ့ Facebook
အသုံးပြုသူတစ်ဦးက သစ်သားနဲ့ ပြုလုပ်ထားတဲ့ တဲအိမ်သေးသေးလေးနဲ့ အဖိုးအိုကို online ပေါ်တင်ပြီးဝေမျှခဲ့ပါတယ်။အဖိုးအိုက သူ့ရဲ့
တဲအိမ်သေးသေးလေးကို မခိုင့်တခိုင် ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာပါ။ တဲ ထရံကိုလည်း အထပ်သားပါးပါးလေးတွေ၊ စာလာအိတ်တွေနဲ့ဘဲ
ကာထားရပါတယ်။ ကြည့်ရတာ အဲ့ဒီအဖိုးက အိမ်နီးနားချင်းတွေ မရှိတဲ့ လမ်းဘေးမှာ နေထိုင်နေပုံရပါတယ်။ နောက်ပြီး အဖိုးမှာ
အပိုအဝတ်အစားတွေလည်း မရှိသလို ဖိနပ်အစုပ်လေးတစ်ရံတောင်မရှိပါဘူး။အဲ့ဒီသနားစရာ အဖိုးအိုကို Facebook အသုံးပြုသူ Xylenejoy Siarot က
ကူညီပေးလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။
JRose (KB Chimmy)
Reference : elitereaders