Mon. Nov 29th, 2021

Zawgyi

ငုံးဥ လို႔ ေျပာလိုက္တာနဲ႔ တစ္ေထာင္ဖိုး ၃ထုပ္နဲ႔ လိုက္ေရာင္းေနတဲ့ ကားဂိတ္က ခ်ာတိတ္အခ်ိဳ႕ကို ေျပးျမင္မိၾကပါလိမ့္မယ္။

ငုံးဥကို ျမန္မာျပည္မွာေတာ့ သေရစာ အေနနဲ႔သာ စားၾကတာ မ်ားၿပီး အျခားဟင္းတစ္ခုခုမွာ ထည့္တဲ့ ျဖည့္စြက္စာ

အေနနဲ႔ ထည့္ၿပီး စားၾကတာမ်ားပါတယ္။ ဟင္းအေနနဲ႔ ခ်က္စားၾကတာ နည္းပါတယ္။ ငုံးဥကို မသိသူ ရွားေပမယ့္

သူ႔ရဲ႕ အာဟာရသတၱိေတြ အေၾကာင္းေတာ့ သိသူ နည္းပါလိမ့္မယ္။ ငုံးဥ မွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြဟာ

ၾကက္ဥႏွစ္လုံးစာနဲ႔ ညီမွ်တယ္လို႔ ဆိုၾကပါတယ္။ ငုံးဥမွာ ပ႐ိုတင္း၊ ေကာင္းမြန္တဲ့ အဆီဓာတ္၊ သံဓာတ္၊ ဗီတာမင္ေအ၊

ဗီတာမင္B1,B2၊ ကယ္လ္ဆီယမ္၊ မီးစုန္းဓာတ္၊ ဆိုဒီယမ္၊ မဂၢနီဆီယမ္၊ သတၱဳဓာတ္ေတြ မ်ားစြာ ပါဝင္ပါတယ္။

ငုံးဥကို အာဟာရ ျမန္ျမန္ျပည့္ဝဖို႔ လိုတဲ့ နာလန္ထ လူမမာေတြ စားသုံးဖို႔ အသင့္ေတာ္ဆုံးျဖစ္ၿပီး အသက္အ႐ြယ္

ႀကီးရင့္သူေတြနဲ႔ ေသြးအားနည္းသူေတြ စားသုံးသင့္ပါတယ္။ ငုံးဥကို ေရခဲေသတၱာထဲ ထည့္သိမ္းမယ္ဆိုရင္ ၂ပတ္ေလာက္ထိပဲ

အၾကာဆုံး ထားသင့္ပါတယ္။ ငုံးဥကို လတ္လတ္ဆတ္ဆတ္ ဝယ္စားရင္ေတာ့ အေကာင္းဆုံးပါပဲ။ ငုံးဥဟာ အဆုတ္နဲ႔

အူလမ္းေၾကာင္းတို႔ကို ေကာင္းမြန္ေစဖို႔ ကူညီပါတယ္။ သရက္႐ြက္ကို အားေကာင္းေစၿပီး ဆီးခ်ိဳေရာဂါ ကုသရာမွာလည္း ကူညီပါတယ္။

ငုံးဥဟာ ေသြးေၾကာေတြကို ေကာင္းမြန္ေစၿပီး ႏွလုံးေသြးေၾကာမပိတ္ေစဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္။

အစာအိမ္ အားနည္းသူေတြကေတာ့ ႏြားႏို႔နဲ႔ ငုံးဥကို တြဲစားေပးၾကပါတယ္။ အသည္းနဲ႔ ေက်ာက္ကပ္ရဲ႕ လိုအပ္တဲ့

အာဟာရကို ငုံးဥက ျဖည့္တင္းႏိုင္ၿပီး ပန္းေသပန္းညိဳးျခင္းကိုလည္း ျပန္လည္ေကာင္းမြန္ေစဖို႔ ကူညီပါတယ္။

Unicode

ငုံးဥ လို့ ပြောလိုက်တာနဲ့ တစ်ထောင်ဖိုး ၃ထုပ်နဲ့ လိုက်ရောင်းနေတဲ့ ကားဂိတ်က ချာတိတ်အချို့ကို ပြေးမြင်မိကြပါလိမ့်မယ်။

ငုံးဥကို မြန်မာပြည်မှာတော့ သရေစာ အနေနဲ့သာ စားကြတာ များပြီး အခြားဟင်းတစ်ခုခုမှာ ထည့်တဲ့ ဖြည့်စွက်စာ

အနေနဲ့ ထည့်ပြီး စားကြတာများပါတယ်။ ဟင်းအနေနဲ့ ချက်စားကြတာ နည်းပါတယ်။ ငုံးဥကို မသိသူ ရှားပေမယ့်

သူ့ရဲ့ အာဟာရသတ္တိတွေ အကြောင်းတော့ သိသူ နည်းပါလိမ့်မယ်။ ငုံးဥ မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ

ကြက်ဥနှစ်လုံးစာနဲ့ ညီမျှတယ်လို့ ဆိုကြပါတယ်။ ငုံးဥမှာ ပရိုတင်း၊ ကောင်းမွန်တဲ့ အဆီဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ၊

ဗီတာမင်B1,B2၊ ကယ်လ်ဆီယမ်၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ သတ္တုဓာတ်တွေ များစွာ ပါဝင်ပါတယ်။

ငုံးဥကို အာဟာရ မြန်မြန်ပြည့်ဝဖို့ လိုတဲ့ နာလန်ထ လူမမာတွေ စားသုံးဖို့ အသင့်တော်ဆုံးဖြစ်ပြီး အသက်အရွယ်

ကြီးရင့်သူတွေနဲ့ သွေးအားနည်းသူတွေ စားသုံးသင့်ပါတယ်။ ငုံးဥကို ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုရင် ၂ပတ်လောက်ထိပဲ

အကြာဆုံး ထားသင့်ပါတယ်။ ငုံးဥကို လတ်လတ်ဆတ်ဆတ် ဝယ်စားရင်တော့ အကောင်းဆုံးပါပဲ။ ငုံးဥဟာ အဆုတ်နဲ့

အူလမ်းကြောင်းတို့ကို ကောင်းမွန်စေဖို့ ကူညီပါတယ်။ သရက်ရွက်ကို အားကောင်းစေပြီး ဆီးချိုရောဂါ ကုသရာမှာလည်း ကူညီပါတယ်။

ငုံးဥဟာ သွေးကြောတွေကို ကောင်းမွန်စေပြီး နှလုံးသွေးကြောမပိတ်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

အစာအိမ် အားနည်းသူတွေကတော့ နွားနို့နဲ့ ငုံးဥကို တွဲစားပေးကြပါတယ်။ အသည်းနဲ့ ကျောက်ကပ်ရဲ့ လိုအပ်တဲ့

အာဟာရကို ငုံးဥက ဖြည့်တင်းနိုင်ပြီး ပန်းသေပန်းညိုးခြင်းကိုလည်း ပြန်လည်ကောင်းမွန်စေဖို့ ကူညီပါတယ်။