Zawgyi

“အဆင့္အတန္း” – အၿငိမ္းစား ပါေမာကၡခ်ဳပ္တစ္ဦး ေျပာျပတဲ့ တကၠသို လ္ပုံျပင္ (တစ္ခ်ိန္က ျဖစ္ရပ္မွန္)

တစ္ညေန အေဆာင္ဝင္း တံခါးပိတ္ခါနီး ေက်ာင္းသားတစ္ဦး လန္ျခားစီၿပီး ဒေရာေသာ ပါး ဝင္လာတယ္။

လန္ျခားခ နဲ႔ပတ္သက္ၿပီး ေက်ာင္းသားနဲ႔လန္ျခားသမား ေအာ္ႀကီးဟစ္က်ယ္စကားမ်ားၾကတယ္။

ဘာျဖစ္ၾကတာလဲလို႔သိခ်င္စိတ္နဲ႔ အခန္းဝကၾကည့္တဲ့ေက်ာင္းသား အခန္းအျပင္ထြက္ စူးစမ္းေမးျမန္း တဲ့ေက်ာင္းသားေတြနဲ႔

အေဆာင္တစ္ခုလုံး ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားတယ္။ အဖိုးအခရလို႔ လန္ျခား သမား ျပန္ထြက္သြားမွ ပြဲကၿပီးသြားတယ္။

ေနာက္တစ္ရက္မွာေတာ့ အေဆာင္ေနခြင့္ တစ္လ ႐ုပ္သိမ္းတဲ့ စာတစ္ေစာင္ အဲဒီေက်ာင္းသား

ဆီ ေရာက္လာတယ္။ မေၾကနပ္တဲ့ေက်ာင္းသားက အေဆာင္မႉးဆီသြားေမးတယ္။

ေက်ာင္းသား ။ ။ ကြၽန္ေတာ့္ကို ဘာျဖစ္လို႔ အေဆာင္ေနခြင့္႐ုပ္သိမ္းတာ ပါလဲဆရာ။

အေဆာင္မႉး။ ။ စာထဲမွာပါတယ္ေလဗ်ာ။ “တကၠသိုလ္ေက်ာင္းသားနဲ႔ ေလ်ာ္ညီစြာမေနတတ္မႈ” ။

ေက်ာင္းသား။ ။ကြၽန္ေတာ္မေန႔ညေနက အရက္ နည္းနည္း ေသာက္လာတယ္ဆရာ အဲဒါေၾကာင့္လား။

အေဆာင္မႉး။ ။ ခင္ဗ်ား အရက္ေသာက္လာတာ ကြၽန္ေတာ္မသိပါဘူး။

ေက်ာင္းသား။ ။အဲဒါ ဆိုရင္ ဆရာ။

အေဆာင္မႉး။ ။ ခင္ဗ်ား နဲ႔လန္ျခားသမား ငါးစိမ္းသည္ေတြ လို အခ်င္းမ်ားၾကတာက ဆိတ္ၿငိမ္တဲ့ တကၠသိုလ္

ပတ္ဝန္းက်င္ေလးမွာ အနားယူ စာဖတ္ေနၾကတဲ့ အေဆာင္ေနေက်ာင္းသားအမ်ားစုကို အေႏွာင့္အယွက္ျဖစ္လို႔။

ေက်ာင္းသား။ ။ လန္ျခားသမားနဲ႔ကိစၥ ကြၽန္ေတာ္မမွားပါဘူး ခင္ဗ်။ တစ္႐ူပီးလမ္းကို ညအခ်ိန္မို႔ဆိုၿပီး

ႏွစ္႐ူပီးေတာင္းတဲ့ လူပါးဝလူလည္က်တဲ့ အဲ့ဒီေလာဘသားေၾကာင့္ စကားမ်ားရတာပါ။

အေဆာင္မႉး။ ။ လန္ျခားမငွားခင္ေဈးႏႈန္းကို ႀကိဳမညႇိခဲ့ ဘူးလား။

ေက်ာင္းသား။ ။ မညႇိခဲ့မိ ပါဆရာ။

အေဆာင္မႉး။ ။ ခင္ဗ်ားကဘာလဲ။ သူကေရာဘာလဲ။ ေက်ာင္းသား။ ။ ကြၽန္ေတာ္က တကၠသိုလ္ ေက်ာင္းသား၊

သူက လန္ျခားသမားပါခင္ဗ်။ အေဆာင္မႉး။ ။ ခင္ဗ်ားတို႔က ဘြဲ႕ရၿပီး အဖြဲ႕အစည္းဌာန တစ္ခုခုမွာ အရာရွိျဖစ္မဲ့

တစ္ခ်ိန္ တိုင္းျပည္ေခါင္းေဆာင္ျဖစ္ႏိုင္တဲ့ ပညာတတ္တကၠသိုလ္ေက်ာင္းသား။ စာမတတ္ရွာတဲ့ လန္ျခားသမားလိုလူနဲ႔ေတာင္

အဆင္ေျပေအာင္ မဆက္ဆံႏိုင္တဲ့အဆင့္ စကားမ်ားရန္ျဖစ္ရမဲ့အဆင့္ မဟုတ္ဘူး။ ခင္ဗ်ားတို႔က ျပႆနာ ေျဖရွင္းရမဲ့သူ

ျပႆနာရွာရမဲ့သူမဟုတ္ဘူး။ အျပင္မွာတစ္လေနၿပီးရင္ အေဆာင္ကိုျပန္လာပါ။ ခင္ဗ်ားအခန္းက ခင္ဗ်ားကိုႀကိဳေနပါလိမ့္မယ္။

(အဆိုပါ ေက်ာင္းသားသည္ ေနာင္တစ္ခ်ိန္တြင္ ႏိုင္ငံေတာ္အဆင့္ အရာထမ္းအႀကီးအကဲတစ္ဦး ျဖစ္လာၿပီး

သူ႔ဘဝ သူ႔အေတြ႕အႀကဳံ သူ႔သင္ခန္းစာကို လက္ဆင့္ကမ္းခဲ့သည္ဟုသိရပါသည္။) မိဘ၊ သားသမီး၊ ဆရာ၊ တပည့္၊

ဆရာဝန္၊ အင္ဂ်င္နီယာ၊ သူေဌး၊ ကုန္သည္၊ စစ္ဗိုလ္၊ စစ္သား လူအမ်ား ကိုယ့္အဆင့္ႏွင့္ကိုယ္

လိုက္ေလ်ာ္ညီစြာေန ထိုင္တတ္ၾကပါေစ။ (winhlaingoo)

Unicode

“အဆင့်အတန်း” – အငြိမ်းစား ပါမောက္ခချုပ်တစ်ဦး ပြောပြတဲ့ တက္ကသို လ်ပုံပြင် (တစ်ချိန်က ဖြစ်ရပ်မှန်)

တစ်ညနေ အဆောင်ဝင်း တံခါးပိတ်ခါနီး ကျောင်းသားတစ်ဦး လန်ခြားစီပြီး ဒရောသော ပါး ဝင်လာတယ်။

လန်ခြားခ နဲ့ပတ်သက်ပြီး ကျောင်းသားနဲ့လန်ခြားသမား အော်ကြီးဟစ်ကျယ်စကားများကြတယ်။

ဘာဖြစ်ကြတာလဲလို့သိချင်စိတ်နဲ့ အခန်းဝကကြည့်တဲ့ကျောင်းသား အခန်းအပြင်ထွက် စူးစမ်းမေးမြန်း တဲ့ကျောင်းသားတွေနဲ့

အဆောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ အဖိုးအခရလို့ လန်ခြား သမား ပြန်ထွက်သွားမှ ပွဲကပြီးသွားတယ်။

နောက်တစ်ရက်မှာတော့ အဆောင်နေခွင့် တစ်လ ရုပ်သိမ်းတဲ့ စာတစ်စောင် အဲဒီကျောင်းသား

ဆီ ရောက်လာတယ်။ မကြေနပ်တဲ့ကျောင်းသားက အဆောင်မှူးဆီသွားမေးတယ်။

ကျောင်းသား ။ ။ ကျွန်တော့်ကို ဘာဖြစ်လို့ အဆောင်နေခွင့်ရုပ်သိမ်းတာ ပါလဲဆရာ။

အဆောင်မှူး။ ။ စာထဲမှာပါတယ်လေဗျာ။ “တက္ကသိုလ်ကျောင်းသားနဲ့ လျော်ညီစွာမနေတတ်မှု” ။

ကျောင်းသား။ ။ကျွန်တော်မနေ့ညနေက အရက် နည်းနည်း သောက်လာတယ်ဆရာ အဲဒါကြောင့်လား။

အဆောင်မှူး။ ။ ခင်ဗျား အရက်သောက်လာတာ ကျွန်တော်မသိပါဘူး။

ကျောင်းသား။ ။အဲဒါ ဆိုရင် ဆရာ။

အဆောင်မှူး။ ။ ခင်ဗျား နဲ့လန်ခြားသမား ငါးစိမ်းသည်တွေ လို အချင်းများကြတာက ဆိတ်ငြိမ်တဲ့ တက္ကသိုလ်

ပတ်ဝန်းကျင်လေးမှာ အနားယူ စာဖတ်နေကြတဲ့ အဆောင်နေကျောင်းသားအများစုကို အနှောင့်အယှက်ဖြစ်လို့။

ကျောင်းသား။ ။ လန်ခြားသမားနဲ့ကိစ္စ ကျွန်တော်မမှားပါဘူး ခင်ဗျ။ တစ်ရူပီးလမ်းကို ညအချိန်မို့ဆိုပြီး

နှစ်ရူပီးတောင်းတဲ့ လူပါးဝလူလည်ကျတဲ့ အဲ့ဒီလောဘသားကြောင့် စကားများရတာပါ။

အဆောင်မှူး။ ။ လန်ခြားမငှားခင်ဈေးနှုန်းကို ကြိုမညှိခဲ့ ဘူးလား။

ကျောင်းသား။ ။ မညှိခဲ့မိ ပါဆရာ။

အဆောင်မှူး။ ။ ခင်ဗျားကဘာလဲ။ သူကရောဘာလဲ။ ကျောင်းသား။ ။ ကျွန်တော်က တက္ကသိုလ် ကျောင်းသား၊

သူက လန်ခြားသမားပါခင်ဗျ။ အဆောင်မှူး။ ။ ခင်ဗျားတို့က ဘွဲ့ရပြီး အဖွဲ့အစည်းဌာန တစ်ခုခုမှာ အရာရှိဖြစ်မဲ့

တစ်ချိန် တိုင်းပြည်ခေါင်းဆောင်ဖြစ်နိုင်တဲ့ ပညာတတ်တက္ကသိုလ်ကျောင်းသား။ စာမတတ်ရှာတဲ့ လန်ခြားသမားလိုလူနဲ့တောင်

အဆင်ပြေအောင် မဆက်ဆံနိုင်တဲ့အဆင့် စကားများရန်ဖြစ်ရမဲ့အဆင့် မဟုတ်ဘူး။ ခင်ဗျားတို့က ပြဿနာ ဖြေရှင်းရမဲ့သူ

ပြဿနာရှာရမဲ့သူမဟုတ်ဘူး။ အပြင်မှာတစ်လနေပြီးရင် အဆောင်ကိုပြန်လာပါ။ ခင်ဗျားအခန်းက ခင်ဗျားကိုကြိုနေပါလိမ့်မယ်။

(အဆိုပါ ကျောင်းသားသည် နောင်တစ်ချိန်တွင် နိုင်ငံတော်အဆင့် အရာထမ်းအကြီးအကဲတစ်ဦး ဖြစ်လာပြီး

သူ့ဘဝ သူ့အတွေ့အကြုံ သူ့သင်ခန်းစာကို လက်ဆင့်ကမ်းခဲ့သည်ဟုသိရပါသည်။) မိဘ၊ သားသမီး၊ ဆရာ၊ တပည့်၊

ဆရာဝန်၊ အင်ဂျင်နီယာ၊ သူဌေး၊ ကုန်သည်၊ စစ်ဗိုလ်၊ စစ်သား လူအများ ကိုယ့်အဆင့်နှင့်ကိုယ်

လိုက်လျော်ညီစွာနေ ထိုင်တတ်ကြပါစေ။ (winhlaingoo)