Zawgyi






ကော်ဖီမှုန့်


ပြုလုပ်ပုံ





credit : trend

Unicode

မနက်တိုင်းဒါလေးတွေလုပ်မယ်ဆို ကျန်းမာလှပတဲ့အသားရေကိုပိုင်ဆိုင်နိုင်ပြီ

အလုပ်တွေအရမ်းများလာတော့ စိတ်တွေဖိစီးလာတဲ့အခါ မျက်နှာကမကြည်တော့ဘဲ မှိုင်းလာတတ်ပါတယ်။

အလုပ်ရှုပ်လို့ ကိုယ့်အလှပရေးရာအတွက် အချိန်မပေးနိုင်ဘူးဆိုတဲ့ ပျိုမေတို့အတွက် ပါဝင်ပစ္စည်းနှစ်ခုတည်းနဲ့အကုန်ကျသက်သာပြီး

အချိန်လေးနည်းနည်းပဲဖဲ့ပေးတာနဲ့အဆင်ပြေစေမယ့်နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေက :

ကော်ဖီမှုန့်

အဆီထုတ်ပြီးသား နွားနို့ (ကော်ဖီမှာ လုံလောက်တဲ့အဆီပါဝင်ပြီးသားဖြစ်)

ပြုလုပ်ပုံ

ဒီနှစ်မျိုးကို ဇလုံတစ်ခုထဲမှာရောမွှေပြီး ဇွန်း(သို့) ယောက်မလေးနဲ့ မျက်နှာပေါ်မှာအသာယာပွတ်လိမ်းပေးပါ။

နို့နဲ့ကော်ဖီကိုရောစပ်တဲ့အခါမထူမပျစ်လေးရောစပ်ပေးဖို့တော့လိုပါတယ်။မျက်လုံးနေရာကိုရှောင်ပြီး ကျန်တဲ့နေရာတွေမှာသုတ်လိမ်းပေးပါ။

၁၅- ၂ဝမိနစ်ကြာရင် ကြက်သီးနွေးရေလေးနဲ့ မျက်နှာသစ်ပေးပါတစ်ပတ်ကို၂ခါလောက်ပဲလုပ်ပေးမယ်ဆိုရင်တောင်လှပနုပျိုတဲ့

အသားရေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။သွေးလည်ပတ်နှုန်းတွေ ကောင်းမွန်လာပြီး အသားရေကကျန်းမာစိုပြေလာမှာဖြစ်ပါတယ်။

credit : trend