Zawgyi

စုံတြဲအေတာ္မ်ားမ်ားရဲ႕စိတ္ကူးအိမ္မက္ကေတာ့ အေကာင္းဆုံးမဂၤလာပြဲမဟုတ္ရင္ေတာင္ ၊ ႐ိုးရွင္းတဲ့မဂၤလာပြဲက်င္းပခ်င္ၾကတာပါပဲ ။

ဒီတစ္ေခါက္မွာလည္း ဖိလစ္ပိုင္ႏိုင္ငံမွာေနထိုင္တဲ့ Rommel Basco နဲ႔ Rosalyn Ferrer အမည္ရွိတဲ့ အိမ္ေျခရာမဲ့စုံတြဲႏွစ္ဦးဟာ 24

ႏွစ္ခန႔္အတူေနထိုင္ခဲ့ၾကၿပီး သူတို႔ဆီမွာေတာ့ ကေလး 6 ေယာက္ရွိပါတယ္ ။သူတို႔ရဲ႕စိတ္ကူးအိမ္မက္ကေတာ့

ႏွစ္ေယာက္သားစေတြ႕ခဲ့တဲ့အခ်ိန္ကတည္းက ျပဳလုပ္ခ်င္ခဲ့တဲ့ မဂၤလာပြဲေလးပါပဲ ။သို႔ေပမဲ့လည္း ေငြေရးေၾကးေရးအခက္အခဲေတြေၾကာင့္

မဂၤလာပြဲက်င္းပခြင့္မရခဲ့ေပမဲ့လည္း ေနာက္ဆုံး ကံေကာင္းေထာက္မစြာနဲ႔ အလွျပင္ဆိုင္ပိုင္ရွင္ Richard Strandz နဲ႔ေတြ႕ဆုံးၿပီး

သူတို႔ရဲ႕စိတ္ကူးအိမ္မက္ အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါတယ္ ။ တစ္ရက္မွာေတာ့ သူတို႔ရဲ႕မိသားစုဝင္ 8 ေယာက္ရဲ႕ စားဝတ္ေနေရးအတြက္ Rommel

တို႔စုံတြဲဟာ ပလပ္စတစ္ဘူးခြံေတြ လိုက္လံစုေဆာင္းရင္းနဲ႔ အလွျပင္ဆိုင္ပိုင္ရွင္ Richard နဲ႔ေတြ႕ဆုံခဲ့ၿပီး ၊ သူတို႔ရဲ႕အခ်စ္ဇာတ္လမ္းေၾကာင့္

ရင္ထဲထိလႈပ္ခတ္ခံစားမိခဲ့တဲ့ Richard က လက္ထပ္မွတ္ပုံတင္ရၿပီဆိုတာနဲ႔ ၎တို႔စုံတြဲကို မဂၤလာပြဲက်င္းပေပးည္ျဖစ္ေၾကာင္း ကတိေပးကာ စီစဥ္ေပးခဲ့ပါတယ္ ။

Richard က မဂၤလာပြဲအတြက္ေဆာင္႐ြက္ေပးေနတဲ့ သူ႔ရဲ႕အေပါင္းအသင္းေတြရဲ႕ အကူအညီနဲ႔ မဂၤလာပြဲကို surprise အေနနဲ႔ ျပဳလုပ္ေပးခဲ့ပါတယ္ ။

သူငယ္ခ်င္းေတြရဲ႕အကူအညီနဲ႔ မဂၤလာဓာတ္ပုံေတြကိုပါ႐ိုက္ကူးေပးခဲ့ၿပီး social media ေပၚမွာပါ ေဝမွ်ေပးခဲ့ၾကပါတယ္ ။

‘ အခ်စ္စစ္သာဆိုရင္ လူခ်မ္းသာျဖစ္ျဖစ္ ၊ လူဆင္းရဲျဖစ္ျဖစ္ အေကာင္းဆုံး မဂၤလာပြဲကို ျပဳလုပ္က်င္းပသင့္ပါတယ္ ‘ ဆိုၿပီး Richard က ေျပာဆိုသြားခဲ့ပါတယ္ ။

Unicode

စုံတွဲအတော်များများရဲ့စိတ်ကူးအိမ်မက်ကတော့ အကောင်းဆုံးမင်္ဂလာပွဲမဟုတ်ရင်တောင် ၊ ရိုးရှင်းတဲ့မင်္ဂလာပွဲကျင်းပချင်ကြတာပါပဲ ။

ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ Rommel Basco နဲ့ Rosalyn Ferrer အမည်ရှိတဲ့ အိမ်ခြေရာမဲ့စုံတွဲနှစ်ဦးဟာ 24

နှစ်ခန့်အတူနေထိုင်ခဲ့ကြပြီး သူတို့ဆီမှာတော့ ကလေး 6 ယောက်ရှိပါတယ် ။သူတို့ရဲ့စိတ်ကူးအိမ်မက်ကတော့

နှစ်ယောက်သားစတွေ့ခဲ့တဲ့အချိန်ကတည်းက ပြုလုပ်ချင်ခဲ့တဲ့ မင်္ဂလာပွဲလေးပါပဲ ။သို့ပေမဲ့လည်း ငွေရေးကြေးရေးအခက်အခဲတွေကြောင့်

မင်္ဂလာပွဲကျင်းပခွင့်မရခဲ့ပေမဲ့လည်း နောက်ဆုံး ကံကောင်းထောက်မစွာနဲ့ အလှပြင်ဆိုင်ပိုင်ရှင် Richard Strandz နဲ့တွေ့ဆုံးပြီး

သူတို့ရဲ့စိတ်ကူးအိမ်မက် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။ တစ်ရက်မှာတော့ သူတို့ရဲ့မိသားစုဝင် 8 ယောက်ရဲ့ စားဝတ်နေရေးအတွက် Rommel

တို့စုံတွဲဟာ ပလပ်စတစ်ဘူးခွံတွေ လိုက်လံစုဆောင်းရင်းနဲ့ အလှပြင်ဆိုင်ပိုင်ရှင် Richard နဲ့တွေ့ဆုံခဲ့ပြီး ၊ သူတို့ရဲ့အချစ်ဇာတ်လမ်းကြောင့်

ရင်ထဲထိလှုပ်ခတ်ခံစားမိခဲ့တဲ့ Richard က လက်ထပ်မှတ်ပုံတင်ရပြီဆိုတာနဲ့ ၎င်းတို့စုံတွဲကို မင်္ဂလာပွဲကျင်းပပေးည်ဖြစ်ကြောင်း ကတိပေးကာ စီစဉ်ပေးခဲ့ပါတယ် ။

Richard က မင်္ဂလာပွဲအတွက်ဆောင်ရွက်ပေးနေတဲ့ သူ့ရဲ့အပေါင်းအသင်းတွေရဲ့ အကူအညီနဲ့ မင်္ဂလာပွဲကို surprise အနေနဲ့ ပြုလုပ်ပေးခဲ့ပါတယ် ။

သူငယ်ချင်းတွေရဲ့အကူအညီနဲ့ မင်္ဂလာဓာတ်ပုံတွေကိုပါရိုက်ကူးပေးခဲ့ပြီး social media ပေါ်မှာပါ ဝေမျှပေးခဲ့ကြပါတယ် ။

‘ အချစ်စစ်သာဆိုရင် လူချမ်းသာဖြစ်ဖြစ် ၊ လူဆင်းရဲဖြစ်ဖြစ် အကောင်းဆုံး မင်္ဂလာပွဲကို ပြုလုပ်ကျင်းပသင့်ပါတယ် ‘ ဆိုပြီး Richard က ပြောဆိုသွားခဲ့ပါတယ် ။