Zawgyi

Attya Saari အမည္ရွိတဲ့ မေလးရွားႏိုင္ငံမွာေနထိုင္တဲ့မိန္းကေလးဟာ သူမရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းကို Surprise

လုပ္ခဲ့တဲ့ video ေလးက ၾကည့္ရႈ႕သူတိုင္းကို ဝမ္းသာအားက်ေစခဲ့ပါတယ္ ။ သူမနဲ႔ 18 ႏွစ္ခန႔္ သူငယ္ခ်င္းျဖစ္ခဲ့တဲ့ Natrah Ramle

အမည္ရွိတဲ့ အမ်ိဳးသမီးရဲ႕ ေမြးေန႔ပြဲေလးကို ျမန္မာေငြ 38 သိန္းေက်ာ္ တန္ဖိုးရွိတဲ့ ဟန္ခ်ိန္ေလးကို Surprise

လုပ္ၿပီး လက္ေဆာင္ေပးခဲ့တဲ့ video ကို Attya က သူမရဲ႕ Instagram ေပၚ ေဝမွ်ခဲ့ပါတယ္ ။

Video ထဲမွာေတာ့ အဆိုပါဟန္းခ်ိန္းကို သူမတို႔က ပင္လယ္စာဗန္းရဲ႕ေအာက္ဆုံးမွာ သိုဝွက္ထားခဲ့တာပါ ။

အစပိုင္းမွာေတာ့ Natrah က အဆိုပါအထုပ္ေလးကို ငါးဖမ္းသမားရဲ႕ ကြန္ရက္ထည္ထင္ၿပီး စားပြဲရဲ႕ အေဝးကိုစိတ္ဆိုးတဲ့ပုံစံမ်ိဳးနဲ႔

ပစ္ထုတ္ခဲ့တာပါ ။ေနာက္ပိုင္းမွ အဆိုပါအထုပ္ေလးကို ေျဖၿပီး ဟန္းခ်ိန္းေလးကို ျမင္လိုက္ခ်ိန္မွာမွ သူမအတြက္

လက္ေဆာင္ေလးျဖစ္မွန္းသိၿပီး အေတာ္ေလး ေပ်ာ္႐ႊင္သြားခဲ့တာပါ ။ Attyra ရဲ႕ ရွင္းျပခ်က္ကေတာ့ လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္က

မဂၤေဆာင္သြားခဲ့တဲ့ Natrah ကို မဂၤလာလက္ဖြဲ႕အေနနဲ႔ ေပးခ်င္ခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ သူမအခက္အခဲျဖစ္ေနခဲ့စဥ္က Natrah ဟာ

သူ႔ရဲ႕လက္ေကာက္ကို ေရာင္းၿပီး သူမကိုေငြထုတ္ေခ်းေပးခဲ့လို႔ ၊ စားဝတ္ေနေရးအဆင္ေျပေအာင္ စီစဥ္ခဲ့ရၿပီး ယခုလို Natrah ကို

ဟန္းခ်ိန္းလက္ေဆာင္ျပန္ေပးခဲ့တာက သူမတို႔ သူငယ္ခ်င္းႏွစ္ဦးအၾကား သူငယ္ခ်င္းသေကၤတေလး တစ္ခုအေနနဲ႔ျဖစ္ေၾကာင္း ၊

သူမရဲ႕ ကူညီေပးခဲ့မႈကို လုံးဝမေမ့ႏိုင္ခဲ့လို႔ျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္ ။

Unicode

Attya Saari အမည်ရှိတဲ့ မလေးရှားနိုင်ငံမှာနေထိုင်တဲ့မိန်းကလေးဟာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းကို Surprise

လုပ်ခဲ့တဲ့ video လေးက ကြည့်ရှု့သူတိုင်းကို ဝမ်းသာအားကျစေခဲ့ပါတယ် ။ သူမနဲ့ 18 နှစ်ခန့် သူငယ်ချင်းဖြစ်ခဲ့တဲ့ Natrah Ramle

အမည်ရှိတဲ့ အမျိုးသမီးရဲ့ မွေးနေ့ပွဲလေးကို မြန်မာငွေ 38 သိန်းကျော် တန်ဖိုးရှိတဲ့ ဟန်ချိန်လေးကို Surprise

လုပ်ပြီး လက်ဆောင်ပေးခဲ့တဲ့ video ကို Attya က သူမရဲ့ Instagram ပေါ် ဝေမျှခဲ့ပါတယ် ။

Video ထဲမှာတော့ အဆိုပါဟန်းချိန်းကို သူမတို့က ပင်လယ်စာဗန်းရဲ့အောက်ဆုံးမှာ သိုဝှက်ထားခဲ့တာပါ ။

အစပိုင်းမှာတော့ Natrah က အဆိုပါအထုပ်လေးကို ငါးဖမ်းသမားရဲ့ ကွန်ရက်ထည်ထင်ပြီး စားပွဲရဲ့ အဝေးကိုစိတ်ဆိုးတဲ့ပုံစံမျိုးနဲ့

ပစ်ထုတ်ခဲ့တာပါ ။နောက်ပိုင်းမှ အဆိုပါအထုပ်လေးကို ဖြေပြီး ဟန်းချိန်းလေးကို မြင်လိုက်ချိန်မှာမှ သူမအတွက်

လက်ဆောင်လေးဖြစ်မှန်းသိပြီး အတော်လေး ပျော်ရွှင်သွားခဲ့တာပါ ။ Attyra ရဲ့ ရှင်းပြချက်ကတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က

မင်္ဂဆောင်သွားခဲ့တဲ့ Natrah ကို မင်္ဂလာလက်ဖွဲ့အနေနဲ့ ပေးချင်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ သူမအခက်အခဲဖြစ်နေခဲ့စဉ်က Natrah ဟာ

သူ့ရဲ့လက်ကောက်ကို ရောင်းပြီး သူမကိုငွေထုတ်ချေးပေးခဲ့လို့ ၊ စားဝတ်နေရေးအဆင်ပြေအောင် စီစဉ်ခဲ့ရပြီး ယခုလို Natrah ကို

ဟန်းချိန်းလက်ဆောင်ပြန်ပေးခဲ့တာက သူမတို့ သူငယ်ချင်းနှစ်ဦးအကြား သူငယ်ချင်းသင်္ကေတလေး တစ်ခုအနေနဲ့ဖြစ်ကြောင်း ၊

သူမရဲ့ ကူညီပေးခဲ့မှုကို လုံးဝမမေ့နိုင်ခဲ့လို့ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။