Zawgyi

မိန္းကေလးေတြက မေမွ်ာ္လင့္ဘဲ ခင္ပြန္းေတြဆီေန လက္ေဆာင္ရရင္ အေပ်ာ္ႀကီးေပ်ာ္ေနတတ္ၾကသူေတြပါ ။

အထူးသျဖင့္ လက္ဝတ္ရတနာလက္ေဆာင္ေတြဆိုရင္ေပါ့ ။ ဒါေၾကာင့္ စိန္ေတြဆိုရင္ မိန္းကေလးေတြရဲ႕

အေကာင္းဆုံးသူငယ္ခ်င္းလို႔ သတ္မွတ္ရေလာက္တဲ့အထိပါပဲ ။ ဒီတစ္ေခါက္မွာလည္း မိန္းကေလးတစ္ဦးက

သူမရဲ႕ ခင္ပြန္းျဖစ္သူဆီကေန ရရွိခဲ့တဲ့ ေ႐ႊေခ်ာင္းေလးေတြကို facebook စာမ်က္ႏွာေပၚမွာ ေဝမွ်ခဲ့ပါတယ္ ။

သူမေရးသားထားခဲ့တာကေတာ့ မနက္ေစာေစာစီးစီး အနီေရာင္ဗူးေလးေတြထဲမွာ ေ႐ႊေခ်ာင္းေလးေတြကို ေတြ႕လိုက္ရေတာ့

သူမအေတာ့္ကို အံ့ၾသခဲ့ရတာပါ ။ သို႔ေပမဲ့လည္း မိန္းမအေၾကာင္း ေကာင္းေကာင္းသိေနခဲ့တဲ့ စေနာက္သန္လြန္းတဲ့ခင္ပြန္းက

ေ႐ႊေခ်ာင္းေလးေတြ ထည့္ေပးထားတာမဟုတ္ဘဲ ၊ ေ႐ႊေရာင္စကၠဴေတြနဲ႔ ထုပ္ပိုးထားတဲ့ ၾကက္သားမႈန႔္အခဲေလးေတြကို

လက္ေဆာင္အေနနဲ႔ ေပးခဲ့တာပါ ။ အဆိုပါအျဖစ္အပ်က္ကို သူမက Facebook စာမ်က္ႏွာေပၚမွာ ေဝမွ်ခဲ့ၿပီးေနာက္ ၊

သူမတို႔ လင္မယားရဲ႕ ခ်စ္ဖို႔ေကာင္းလြန္းတဲ့အျပဳအမႈကို အားက်ၿပီး ျပန္လည္ေဝမွ်သူ အမ်ားအျပားရွိခဲ့ပါတယ္ ။

Jasmine (KB Chimmy)

Unicode

မိန်းကလေးတွေက မမျှော်လင့်ဘဲ ခင်ပွန်းတွေဆီနေ လက်ဆောင်ရရင် အပျော်ကြီးပျော်နေတတ်ကြသူတွေပါ ။

အထူးသဖြင့် လက်ဝတ်ရတနာလက်ဆောင်တွေဆိုရင်ပေါ့ ။ ဒါကြောင့် စိန်တွေဆိုရင် မိန်းကလေးတွေရဲ့

အကောင်းဆုံးသူငယ်ချင်းလို့ သတ်မှတ်ရလောက်တဲ့အထိပါပဲ ။ ဒီတစ်ခေါက်မှာလည်း မိန်းကလေးတစ်ဦးက

သူမရဲ့ ခင်ပွန်းဖြစ်သူဆီကနေ ရရှိခဲ့တဲ့ ရွှေချောင်းလေးတွေကို facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါတယ် ။

သူမရေးသားထားခဲ့တာကတော့ မနက်စောစောစီးစီး အနီရောင်ဗူးလေးတွေထဲမှာ ရွှေချောင်းလေးတွေကို တွေ့လိုက်ရတော့

သူမအတော့်ကို အံ့သြခဲ့ရတာပါ ။ သို့ပေမဲ့လည်း မိန်းမအကြောင်း ကောင်းကောင်းသိနေခဲ့တဲ့ စနောက်သန်လွန်းတဲ့ခင်ပွန်းက

ရွှေချောင်းလေးတွေ ထည့်ပေးထားတာမဟုတ်ဘဲ ၊ ရွှေရောင်စက္ကူတွေနဲ့ ထုပ်ပိုးထားတဲ့ ကြက်သားမှုန့်အခဲလေးတွေကို

လက်ဆောင်အနေနဲ့ ပေးခဲ့တာပါ ။ အဆိုပါအဖြစ်အပျက်ကို သူမက Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပြီးနောက် ၊

သူမတို့ လင်မယားရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့အပြုအမှုကို အားကျပြီး ပြန်လည်ဝေမျှသူ အများအပြားရှိခဲ့ပါတယ် ။

Jasmine (KB Chimmy)