Sun. Jan 16th, 2022

Zawgyi

အလြန္ထူးဆန္းတဲ့ ေရေနသတၱဝါတစ္ေကာင္ဟာ ကမ္းေျခမွာ ေသာင္တင္ေသဆုံးေနလို႔ ေဒသခံေတြဟာ အလြန္အံ့ၾသေနၾကပါတယ္။

အမ်ားစုကေတာ့ ဒီသတၱဝါဆန္းကို အျပာေရာင္ပင္လယ္နဂါးလို႔ တင္စားေနၾကၿပီး၊ ႏွစ္(၁၀၀၀)မွာေတာင္ တစ္ႀကိမ္ေတြ႕ဖို႔

မလြယ္ဘူးလို႔ ေျပာသူေတြရွိေနပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ဒီသတၱဝါဟာ အလြန္ရွားပါးတယ္လို႔ ဆိုပါတယ္။

ဒီသတၱဝါဟာ ေတာင္အာဖရိက ကမ္း႐ိုးတန္းတစ္ခုမွာ ေတြ႕ခဲ့ရတာပါ။ နားလည္တတ္ကြၽမ္းသူေတြ တခ်ိဳ႕ေတာ့ ဒီသတၱဝါကို

အရမ္းကာေရာ ကိုင္တြယ္ဖို႔ မသင့္ေၾကာင္း ” သမုဒၵရာရဲ႕ အလွပဆုံး သားသတ္သမား”လို႔ေတာင္ ေျပာလို႔ရေၾကာင္း ဆိုပါတယ္။

အဆိုပါ သတၱဝါရဲ႕ အျမႇီးမွာ အဆိပ္ဆူးပါေၾကာင္း သိရပါတယ္။ ဒီသတၱဝါေတြ႕ရွိခဲ့ရာ ေနရာကေတာ့ ကိပ္ေတာင္းၿမိဳ႕၊ Fish Hoek

ကမ္းေျခမွာျဖစ္ၿပီး၊ အဖြားအိုတစ္ဦး မနက္ခင္း လမ္းေလွ်ာက္စဥ္မွာ ေတြ႕ခဲ့တာလို႔ သိရပါတယ္။

ေဒသခံေတြကေတာ့ Blue Dragon (အျပာေရာင္နဂါး)လို႔ ေခၚဆိုၾကပါတယ္။ အလြန္လွပတဲ့ အေရာင္အေသြးနဲ႔အတူ ျမင္တာနဲ႔ေျပးၿပီး ကိုင္ခ်င္စရာပါ။

ဒါေပမယ့္ အဆိပ္ အလြန္ျပင္းထန္ပါတယ္။ သတၱဝါရဲ႕ ဝမ္းဗိုက္ဟာ အျဖဴေရာင္ အေရျပားေပ်ာ့ေပ်ာ့ျဖစ္ၿပီး Sea Slug

မ်ိဳးျဖစ္တာေၾကာင့္ ပင္လယ္ပက္က်ိ မ်ိဳးႏြယ္ဝင္ေတြထဲမွာ ပါဝင္တယ္လို႔ သိရပါတယ္။ Glaucus atlanticus လို႔

သိပၸံအမည္ေပးထားၿပီး၊ Blue glaucus ဆိုတဲ့အမည္ကလည္း လူသိမ်ားပါတယ္။

Glaucus ေတြဟာ Portuguese man o’ war လို႔ေခၚတဲ့ အဆိပ္ျပင္ဂ်ယ္လီငါးေတြကိုလည္း စားေသာက္ႏိုင္စြမ္းရွိၿပီး၊

အလြန္ေသးငယ္တဲ့ Blue Bottle Jelly ကဲ့သို႔ေသာ ဂ်ယ္လီငါးေတြကိုလည္း စားေသာက္ရတာကို ႏွစ္ၿခိဳက္ၾကပါသတဲ့။

သူတို႔ခႏၶာကိုယ္မွာ အလြန္ေသးငယ္တဲ့ အပ္ခ်ိတ္ပုံစံ ဆူးဆဲလ္ေလးေတြ ရွိၿပီး အျခားသတၱဝါေတြကို-

ေတာက္တဲ့လို တြယ္ကပ္ကာ တေျမ့ေျမ့ စားသုံးပါတယ္။ ဒါေၾကာင့္လည္း ေတာ္ေတာ္မ်ားမ်ားက ဒီသတၱဝါေလးေတြကို

သမုဒၵရာရဲ႕ အလွဆုံး သားသတ္သမားလို႔ တင္စားၾကတာပါ။ လူေတြကို ဒီသတၱဝါက ရန္ျပဳတိုက္ခိုက္မယ္ဆိုပါက ေအာ့အန္ျခင္း၊

နာက်င္ကိုက္ခဲျခင္း၊ မူးေဝေမာပန္းျခင္း၊ အေရျပားေရာင္အန္းနာက်င္ျခင္းေတြ ျဖစ္ေစႏိုင္ေၾကာင္း သိရပါတယ္။

Unicode

အလွန်ထူးဆန်းတဲ့ ရေနေသတ္တဝါတစ်ကောင်ဟာ ကမ်းခြေမှာ သောင်တင်သေဆုံးနေလို့ ဒေသခံတွေဟာ အလွန်အံ့သြနေကြပါတယ်။

အများစုကတော့ ဒီသတ္တဝါဆန်းကို အပြာရောင်ပင်လယ်နဂါးလို့ တင်စားနေကြပြီး၊ နှစ်(၁၀၀၀)မှာတောင် တစ်ကြိမ်တွေ့ဖို့

မလွယ်ဘူးလို့ ပြောသူတွေရှိနေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီသတ္တဝါဟာ အလွန်ရှားပါးတယ်လို့ ဆိုပါတယ်။

ဒီသတ္တဝါဟာ တောင်အာဖရိက ကမ်းရိုးတန်းတစ်ခုမှာ တွေ့ခဲ့ရတာပါ။ နားလည်တတ်ကျွမ်းသူတွေ တချို့တော့ ဒီသတ္တဝါကို

အရမ်းကာရော ကိုင်တွယ်ဖို့ မသင့်ကြောင်း ” သမုဒ္ဒရာရဲ့ အလှပဆုံး သားသတ်သမား”လို့တောင် ပြောလို့ရကြောင်း ဆိုပါတယ်။

အဆိုပါ သတ္တဝါရဲ့ အမြှီးမှာ အဆိပ်ဆူးပါကြောင်း သိရပါတယ်။ ဒီသတ္တဝါတွေ့ရှိခဲ့ရာ နေရာကတော့ ကိပ်တောင်းမြို့၊ Fish Hoek

ကမ်းခြေမှာဖြစ်ပြီး၊ အဖွားအိုတစ်ဦး မနက်ခင်း လမ်းလျှောက်စဉ်မှာ တွေ့ခဲ့တာလို့ သိရပါတယ်။

ဒေသခံတွေကတော့ Blue Dragon (အပြာရောင်နဂါး)လို့ ခေါ်ဆိုကြပါတယ်။ အလွန်လှပတဲ့ အရောင်အသွေးနဲ့အတူ မြင်တာနဲ့ပြေးပြီး ကိုင်ချင်စရာပါ။

ဒါပေမယ့် အဆိပ် အလွန်ပြင်းထန်ပါတယ်။ သတ္တဝါရဲ့ ဝမ်းဗိုက်ဟာ အဖြူရောင် အရေပြားပျော့ပျော့ဖြစ်ပြီး Sea Slug

မျိုးဖြစ်တာကြောင့် ပင်လယ်ပက်ကျိ မျိုးနွယ်ဝင်တွေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ Glaucus atlanticus လို့

သိပ္ပံအမည်ပေးထားပြီး၊ Blue glaucus ဆိုတဲ့အမည်ကလည်း လူသိများပါတယ်။

Glaucus တွေဟာ Portuguese man o’ war လို့ခေါ်တဲ့ အဆိပ်ပြင်ဂျယ်လီငါးတွေကိုလည်း စားသောက်နိုင်စွမ်းရှိပြီး၊

အလွန်သေးငယ်တဲ့ Blue Bottle Jelly ကဲ့သို့သော ဂျယ်လီငါးတွေကိုလည်း စားသောက်ရတာကို နှစ်ခြိုက်ကြပါသတဲ့။

သူတို့ခန္ဓာကိုယ်မှာ အလွန်သေးငယ်တဲ့ အပ်ချိတ်ပုံစံ ဆူးဆဲလ်လေးတွေ ရှိပြီး အခြားသတ္တဝါတွေကို-

တောက်တဲ့လို တွယ်ကပ်ကာ တမြေ့မြေ့ စားသုံးပါတယ်။ ဒါကြောင့်လည်း တော်တော်များများက ဒီသတ္တဝါလေးတွေကို

သမုဒ္ဒရာရဲ့ အလှဆုံး သားသတ်သမားလို့ တင်စားကြတာပါ။ လူတွေကို ဒီသတ္တဝါက ရန်ပြုတိုက်ခိုက်မယ်ဆိုပါက အော့အန်ခြင်း၊

နာကျင်ကိုက်ခဲခြင်း၊ မူးဝေမောပန်းခြင်း၊ အရေပြားရောင်အန်းနာကျင်ခြင်းတွေ ဖြစ်စေနိုင်ကြောင်း သိရပါတယ်။