Sat. Jan 22nd, 2022

Zawgyi

“လူတိုင္းအတြက္ အေတြး တစ္ခုရေစတဲ့ ဖရဲသီး သည္ အဖိုးအိုရဲ႕ ေဈးေရာင္းနည္း”

အဖိုးအိုတစ္ေယာက္ က ဖရဲသီးေတြ ေရာင္းတယ္။ သူ႔ရဲ႕ ေဈးႏႈန္းက အံ့ဩဖို႔ေတာ့ ေကာင္းတယ္။ ပုံထဲမွာ ျမင္ရတဲ့အတိုင္းပဲ ။

ဖရဲသီး တစ္လုံးကို ၃ ေဒၚလာ၊ ၃ လုံး ယူမယ္ဆိုရင္ ၁၀ ေဒၚလာ ..တဲ့။ လူငယ္တစ္ေယာက္ က အ႐ြယ္ေကာင္း ဖရဲသီးတစ္လုံး ကို

ေ႐ြးဝယ္လိုက္တယ္။ အဘိုးအိုကို လွမ္းေျပာတယ္။ အဖိုး၊ ဒီမွာ ၃ ေဒၚလာ ေနာ္။ တစ္လုံးယူလိုက္ၿပီ။ သိပ္မၾကာခင္မွာပဲ

လူငယ္ကေလးက ေနာက္တစ္လုံးထပ္ဝယ္တယ္။ ၃ ေဒၚလာ ေပးတယ္။ ေနာက္ တစ္ေခါက္လည္း ေနာက္ထပ္ တစ္လုံး ထပ္ဝယ္ျပန္တယ္။

၃ ေဒၚလာ ေပး ခဲ့ျပန္တယ္။ ၿပီးေတာ့ လူငယ္ကေလးက ခပ္လွမ္းလွမ္း ကေနၿပီး အဖိုးအိုကို စပ္ၿဖဲၿဖဲနဲ႔ လွမ္းေျပာတယ္။

” အဖိုး၊ ကြၽန္ေတာ္ ဖရဲသီး ၃ သုံးလုံး ဝယ္တာ၊ ၉ ေဒၚလာပဲ ေပးရတယ္။ အဖိုးက အတြက္ အခ်က္လည္း မတတ္၊

စီးပြားေရးလည္း မလုပ္တတ္ေသးပါဘူး ဗ်ာ ..” ၿပဳံးၿဖီးၿဖီးႀကီး လုပ္ၿပီး ေကာင္ေလး ထြက္ခြာသြားတယ္။

ေကာင္ေလးစကား ၾကားေတာ့ အဖိုးအိုက ၿပဳံးတယ္။ သက္ျပင္းေငြ႕ေငြ႕ခ်ၿပီး တကိုယ္ တည္း တီးတိုးေျပာတယ္။ ” အင္း၊ ငါ့ဆီမွာ

ေဈးလာဝယ္တဲ့ လူတိုင္း ကေတာ့ မင္းလိုပဲ ေျပာသြားၾကတာပဲ ..။ စီးပြားေရး ဘယ္လို လုပ္ရမ လဲဆိုၿပီး ငါ့ကို သင္ေပးဖို႔ မင္းလိုပဲ ႀကိဳးစားၾကတာပါပဲ ေကာင္ေလး ေရ “

Unicode

“လူတိုင်းအတွက် အတွေး တစ်ခုရစေတဲ့ ဖရဲသီး သည် အဖိုးအိုရဲ့ ဈေးရောင်းနည်း”

အဖိုးအိုတစ်ယောက် က ဖရဲသီးတွေ ရောင်းတယ်။ သူ့ရဲ့ ဈေးနှုန်းက အံ့ဩဖို့တော့ ကောင်းတယ်။ ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ ။

ဖရဲသီး တစ်လုံးကို ၃ ဒေါ်လာ၊ ၃ လုံး ယူမယ်ဆိုရင် ၁၀ ဒေါ်လာ ..တဲ့။ လူငယ်တစ်ယောက် က အရွယ်ကောင်း ဖရဲသီးတစ်လုံး ကို

ရွေးဝယ်လိုက်တယ်။ အဘိုးအိုကို လှမ်းပြောတယ်။ အဖိုး၊ ဒီမှာ ၃ ဒေါ်လာ နော်။ တစ်လုံးယူလိုက်ပြီ။ သိပ်မကြာခင်မှာပဲ

လူငယ်ကလေးက နောက်တစ်လုံးထပ်ဝယ်တယ်။ ၃ ဒေါ်လာ ပေးတယ်။ နောက် တစ်ခေါက်လည်း နောက်ထပ် တစ်လုံး ထပ်ဝယ်ပြန်တယ်။

၃ ဒေါ်လာ ပေး ခဲ့ပြန်တယ်။ ပြီးတော့ လူငယ်ကလေးက ခပ်လှမ်းလှမ်း ကနေပြီး အဖိုးအိုကို စပ်ဖြဲဖြဲနဲ့ လှမ်းပြောတယ်။

” အဖိုး၊ ကျွန်တော် ဖရဲသီး ၃ သုံးလုံး ဝယ်တာ၊ ၉ ဒေါ်လာပဲ ပေးရတယ်။ အဖိုးက အတွက် အချက်လည်း မတတ်၊

စီးပွားရေးလည်း မလုပ်တတ်သေးပါဘူး ဗျာ ..” ပြုံးဖြီးဖြီးကြီး လုပ်ပြီး ကောင်လေး ထွက်ခွာသွားတယ်။

ကောင်လေးစကား ကြားတော့ အဖိုးအိုက ပြုံးတယ်။ သက်ပြင်းငွေ့ငွေ့ချပြီး တကိုယ် တည်း တီးတိုးပြောတယ်။ ” အင်း၊ ငါ့ဆီမှာ

ဈေးလာဝယ်တဲ့ လူတိုင်း ကတော့ မင်းလိုပဲ ပြောသွားကြတာပဲ ..။ စီးပွားရေး ဘယ်လို လုပ်ရမ လဲဆိုပြီး ငါ့ကို သင်ပေးဖို့ မင်းလိုပဲ ကြိုးစားကြတာပါပဲ ကောင်လေး ရေ “