Zawgyi

လက္က အနာက မခံႏိုင္ေအာင္ ယားလြန္းလို႔ ေဆးခန္းသြားျပရာမွ ဆရာဝန္က ေရေသာက္ၾကည့္ခိုင္းလိုက္တဲ့အခါ

အဲ့ဒီေန႔ေတာ့ ေတာ္ေတာ္ကိုအမွတ္တရ ျဖစ္ခဲ့တဲ့ေန႔ ေဆးခန္းမွာ လူနာရႈပ္တဲ့ေန႔၊ လူနာမ်ားတာ မဟုတ္ဘူး…။ လာတဲ့လူနာေတြလည္း

ၾကည့္လိုက္ဦး၊ ဆိုင္ကယ္ေမွာက္တဲ့ လူနာက ၂ ေယာက္။ တစ္ေယာက္အနာက ႀကီးေတာ့ ခ်ဳပ္ေပးရမွာ။ ေခါင္းေပၚသစ္သားေခ်ာင္းျပဳတ္က်ၿပီး

ေခါင္းေပါက္တဲ့ လက္သမားဆရာက တစ္ေယာက္၊ သူလည္းခ်ဳပ္ရမွာပဲ။ အိမ္ေအာက္မွာက ႏွလုံးေရာဂါႏွင့္ အေမႀကီးကို

ေအာက္ဆီဂ်င္ ေပးထားရတယ္။ ေခါင္းခ်ဳပ္ေနတုန္းမွာပဲ အဲ့လူနာေရာက္လာတာ ကိုယ္လည္းခ်ဳပ္ရင္းႏွင့္ပဲ ေမးရတယ္။

ဘာျဖစ္လို႔လဲ ဦးေလး ေထြေထြထူးထူးေတာ့ ဟုတ္ပါဘူး လက္ကအနာေလး လာျပတာပါ ဆရာေလး…. အနာက ဘယ္လိုကေန

ဘယ္လိုျဖစ္တာတုန္း၊ ျဖစ္တာေရာ ဘယ္ေလာက္ၾကာၿပီလဲဗ် ယားလို႔ကုတ္တာကေန စၿပီးျဖစ္သြားတာပါ ၂ ပတ္ေလာက္ေတာ့ရွိၿပီ

ဆရာေလးေရ အခုမွပိုဆိုးလာလို႔ လာျပတာပါ။ အနာကိုၾကည့္လိုက္ေတာ့ ဟုတ္ပါ့ဗ်ာ အသားနီလန္ေအာင္ကို ကုတ္ထားတာ အဆီတဝင္းဝင္းကို ျဖစ္ေနတယ္။

ေတာ္ေတာ္ယားသလားဗ်… ယားတာေတာ့မေျပာပါနဲ႔ေတာ့ ကုတ္ထားတာသာၾကည့္ပါေတာ့ ဆရာေလး အမာ႐ြတ္ေလးက

စယားၿပီး ကုတ္ရင္းကုတ္ရင္း ဒီလိုျဖစ္သြားတာပါဗ်ာ ေနာက္ေကာ ဘာျဖစ္ေသးလဲ၊ ဘာလိုခံစားရေသးလဲ လူႀကီးက ႏူံးေနတယ္ဆရာ၊

မေန႔ညကလည္း ေရေသာက္တာ နင္ေနတယ္ ဘယ္လိုမွေသာက္မရဘူး…. ဘယ္လို ေရနင္တယ္ ဟုတ္လား….?

ဟုတ္တယ္ ဆရာေလး ေရနင္တာကေတာ့ ညတစ္ေရးႏိူးလာမွ ျဖစ္ေနတာ မေန႔က ေရခဲေရေသာက္မ်ားသြားလို႔လားေနမွာ လည္ေခ်ာင္းေတြ

နာေနသလိုပဲ ဦးေလး တံေတြးၿမိဳခ်ရင္ေကာ နာလား မနာဘူး ဆရာေလး အစာစားလည္း မနာဘူး၊ မနင္ဘူး ေရေသာက္တာမွာ ပဲျဖစ္ေနတာ

ဒါနဲ႔ သူႏွင့္ပါလာတဲ့ သူ႔သမီးကို မုန္႔သြားဝယ္ခိုင္းၿပီး လူနာကို မုန္႔စားခိုင္းၾကည့္ေတာ့ ဘာမွမျဖစ္ဘူး။ ေရေသာက္ခိုင္းေတာ့မွ စေတာ့တာပဲ…

ေရခြက္ကိုယူၿပီး ပါးစပ္ကိုေတ့တဲ့ အခ်ိန္အထိ အေကာင္းပဲ၊ ေရဝင္ေတာ့မွ ဖူးဖူးဆိုၿပီး မႈတ္ထုတ္တယ္၊ ေရခြက္ကလြတ္က်သြားတယ္။

လူၾကည့္လိုက္ေတာ့ ေဝဒနာတစ္ခုခုကို ခံစားလိုက္ရသလို ျဖစ္သြားတာကို ေတြ႕ရတယ္…။

ဦးေလး ေခြးကိုက္ခံရဖူးေသးလား…? ဟုတ္ လြန္ခဲ့တဲ့၂လေလာက္ေတာ့ အကိုက္ခံရဖူးပါတယ္၊ အႀကီးႀကီးေတာ့ မဟုတ္ဘူး။

ေပါက္သြားၿပီး ေသြးစို႔႐ုံေလးပဲျဖစ္တာ ဆရာေလး အခုလက္အနာျဖစ္တဲ့ေနရာကို အဟပ္ခံရတာပါ….

ဘယ္ကေခြး အကိုက္ခံရတာလဲဗ် အိမ္ကေခြးပါဗ်ာ အျခားေခြးဝင္ကိုက္ၿပီး ေနမေကာင္းျဖစ္ေနတာ၊ သူ႔ကိုထမင္းသြားေကြၽးေနတုန္း ျဗဳန္းခနဲ

လက္ကိုဟပ္လိုက္တာပါ ဆရာေလး အဲ့ေခြးေရာ အခုရွိေသးလား?ေနေရာေကာင္းရဲ႕လား? ေသၿပီ ဆရာေလး ဘယ္လိုျဖစ္ၿပီးေသသြားတာလဲဗ်….

ကြၽန္ေတာ္သတ္လိုက္တာပါ၊ ကြၽန္ေတာ့ကို ျပန္ကိုက္လို႔ သတ္လိုက္တာပါ၊ စိတ္ဆိုးၿပီးသာ သတ္လိုက္ရတယ္၊ ရင္ထဲေတာ့မေကာင္းဘူး။

အရမ္းလိမၼာတဲ့ေခြးေလး၊ အရင္ကဆို ဘာလုပ္လုပ္ ျပန္မကိုက္တဲ့ေခြး အခုေနမေကာင္းေတာ့ စိတ္မၾကည့္လို႔ထင္ပါရဲ႕ဗ်ာ….

ေသခ်ာၿပီ ေခြး႐ူးျပန္ေရာဂါပဲ။ ယားတယ္၊ လူႏူံးတယ္၊ အသိသာဆုံးအခ်က္ကေတာ့ ေရေၾကာက္တာပဲ။ ဒါနဲ႔ လူနာသားသမီးေတြကို ေျပာရတယ္။

လူနာက ေဆးထိုးစရာ မလိုပါဘူး။ ေသာက္ေဆး၊ လိမ္းေဆးဆိုရပါတယ္ ။ဦးေလး အိမ္ျပန္ႏွင့္ ကြၽန္ေတာ္ သူတို႔ကို ေဆးေပးလိုက္မယ္၊ လိမ္းေဆးကေတာ့ ဝယ္ရမွာ…

လူနာျပန္သြားမွ သူ႔သားသမီးေတြေျပာရတယ္၊ ခင္ဗ်ားတို႔အေဖကေတာ့ ေခြး႐ူးျပန္ေရာဂါ ျဖစ္ေနဖို႔မ်ားတယ္။ ေဆး႐ုံသြားပါ… မျဖစ္ႏိူင္တာ

ဆရာေလးရယ္ ကြၽန္မတို႔အေဖက အစာေရၿမိဳက်ဥ္းတာပါ။ ဘယ္သူကေျပာတာလဲဗ် ဟိုဆရာႀကီးကေျပာလိုက္တာ သူကုေပးမယ္တဲ့

လက္ကအနာကိုသာ ဆရာေလးဆီသြားျပဆိုလို႔ လာျပတာပါ… (သူတို႔ေျပာတဲ့ ဆရာႀကီးဆိုတဲ့လူက ရမ္းကုႀကီး၊ အဲ့ငနဲ တလြဲလုပ္သမွ်ကို

႐ြာထဲက ဆရာဝန္ေတြကခံေနရတာ ထားပါေတာ့ ဒီအေၾကာင္းကို သပ္သပ္ေရးမွာ)

ေသြးထြက္၊ အသားနီလန္ေလာက္ေအာင္ ကုတ္ရတဲ့အယားမ်ိဳးက ရွားတယ္ဗ်၊ဒ ါျဖစ္ေစတဲ့အေၾကာင္းေတြထဲမွာ

ေခြး႐ူးျပန္ေရာဂါလည္းပါတယ္။ ေနာက္ၿပီး အစာေရၿမိဳက်ဥ္းရင္လည္း အစာစားရလည္း ခက္တယ္။ အခုခင္ဗ်ားဆို႔အေဖက

အစာစားေတာ့ ဘာမွမျဖစ္ဘူး၊ ေရေသာက္ေတာ့မွ ျဖစ္ေနတာ၊ ေရနင္တာဆို ေျဖးေျဖးျခင္းေသာက္ရင္ ရေကာင္းရႏိူင္ဦးမယ္၊ အခုဟာက ေရကိုေၾကာက္ေနတာ…

ေဆး႐ုံသြားျပပါဗ်ာ ဒါနဲ႔ သူတို႔ျပန္သြားၾကတယ္။ ေဆးခန္းကို သူတို႔လာတုန္းက မနက္ ၁၀နာရီ သာသာေလာက္ပဲရွိေသးတာ ေန႔လည္

၁နာရီေလာက္က်ေတာ့ လူနာကစၿပီးေဖာက္လာလို႔ ေဆး႐ုံသြားၾကပါတယ္။ ေဆး႐ုံကလည္း ဒါေခြး႐ူးျပန္တာ၊ ကုလို႔ေတာ့ မရေတာ့ဘူး၊

ဒါေပမယ့္ လူနာေစာင့္ေတြက ဝိုင္းေတာင္းဆိုမႈေၾကာင့္ ေခြး႐ူးျပန္ေရာဂါကုသေဆး တစ္လုံးေတာ့ ထိုးေပးလိုက္ပါတယ္။

ဒါနဲ႔သူတို႔ အိမ္ျပန္လာတယ္။ ညေန၅နာရီမွာ လူနာဆုံးပါတယ္….အရမ္းေၾကာက္ဖို႔ေကာင္းတဲ့ေရာဂါပါ။

အကယ္၍ ေခြးအကိုက္ခံရလွ်င္ ေခြးကို မသတ္ပါနဲ႔ ၊ေခြးကိုေစာင့္ၾကည့္ဖို႔ လိုအပ္ပါတယ္။ ေခြးကိုက္ခံရတဲ့ ဒဏရာကို

ေရမ်ားမ်ားႏွင့္ အနည္းဆုံး ၁၅ မိနစ္ခန္႔ၾကာေအာင္ေဆးပါ၊ ဆပ္ျပာသုံးစြဲႏိူင္ပါတယ္။ ေရေဆးၿပီး အရက္ျပန္ျဖင့္ သန္႔စင္ပါ၊

ၿပီးရင္ tincture of iodine ႏွင့္ထပ္မံ သန္႔စင္ပါ၊ နီးစပ္ရာေဆး႐ုံ၊ ေဆးခန္းကို အျမန္ဆုံးသြားပါ။

ေခြးကိုက္ခံရတဲ့ ဒဏ္ရာကို အဆင့္ ၃ ဆင့္ ခြဲပါတယ္။

အဆင့္ ၁ ထိေတြ႕႐ုံ၊ အေရျပားအေကာင္းေပၚကို လွ်ာျဖင့္အလ်က္ခံရျခင္း။ အဆင့္၂ အကိုက္မခံေသာ္လည္း ငုံခဲခံရျခင္း၊ ေသြးမထြက္ဘဲ

ပြန္းရာျခစ္ရာရွိျခင္း။ အဆင့္၃ အေရျပားေပါက္ၿပဲၿပီး ေသြးထြက္ေအာင္ အကိုက္ခံရ၊ အကုတ္ခံရျခင္း၊ အနာေပၚကို လွ်ာျဖင့္အလ်က္ခံရျခင္း။

အဆင့္ ၁ အတြက္ကေတာ့ ေခြးမ႐ူးေၾကာင္းေသခ်ာသိလွ်င္ ကုသရန္မလိုပါဘူး။

အဆင့္ ၂ အတြက္မွာေတာ့ ေခြး႐ူးျပန္ေရာဂါကာကြယ္ေဆး (eg verorab,ravibar) ထိုးဖို႔ လိုအပ္လာပါၿပီ။ ကာကြယ္ေဆးထိုးရာမွာ

ႏွစ္နည္းရွိပါတယ္။ ပထမနည္းကေတာ့ အကိုက္ခံရျခင္း တစ္လုံးထိုး၊ ေနာက္ ၃ ရက္ေျမာက္မွာ တစ္လုံး၊ေနာက္ ၇ ရက္ေျမာက္ေန႔မွာ

တစ္လုံး၊ ေနာက္ ၁၄ ရက္ေျမာက္ေန႔မွာ တစ္လုံး၊ ေနာက္ ၂၈ ရက္ေျမာက္ေန႔မွာ တစ္လုံး စုစုေပါင္း ၅ လုံးထိုးရပါမယ္။

ေနာက္တစ္နည္းက စစျခင္း ကာကြယ္ေဆး ၂လုံး ကို တစ္ခါတည္း ထိုးရပါမယ္။ ေနာက္ ၇ ရက္ေျမာက္ေန႔မွာ တစ္လုံး၊

ေနာက္ ၂၁ ရက္ေျမာက္ေန႔မွာ တစ္လုံး စုစုေပါင္း ေဆး ၄ လုံးထိုးရပါတယ္။ ႀကိဳက္တဲ့နည္းႏွင့္ ထိုးလို႔ရပါတယ္။ လူႀကီးဆိုရင္ လက္ေမာင္း၊

ကေလးဆိုရင္ ေပါင္အေရွ႕ဘက္ထိုးရပါမယ္။ ကာကြယ္ေဆးထိုးေနတုန္း ေခြးမ႐ူးေၾကာင္း ေသခ်ာသိရင္ ေဆးထိုးတာကို ရပ္ခ်င္ပါက ရပ္ႏိူင္ပါတယ္။

အဆင့္ ၃ အတြက္ကေတာ့ ေခြး႐ူးျပန္ေရာဂါကာကြယ္ေဆးေရာ၊ ကုသေဆး(RIG) (eg favirab,equirab) ပါ ထိုးဖို႔

လိုအပ္လာပါတယ္။ ကာကြယ္ေဆးကေတာ့ အဆင့္ ၂ အတိုင္းက လိုပါပဲ။ ကုသေဆးကေတာ့ ကိုယ္အေလးခ်ိန္ႏွင့္

တြက္ၿပီးမွ ထိုးရပါတယ္။ human RIG ဆိုရင္ 20IU/kg of body weightပါ၊ Equine RIG ဆိုရင္ 40IU/kg of body weight ပါ။

ပုံမွန္အားျဖင့္ လူႀကီးဆို ေဆးႏွစ္လုံး၊ ကေလးဆို ေဆးတစ္လုံး ကုန္ေလ့ရွိပါတယ္။ ေဆးကို ဒဏ္အတြင္းႏွင့္ ဒဏ္ရာပတ္လည္ကို ထိုးရပါတယ္။

ပိုတဲ့ေဆးေတြကို ကာကြယ္ေဆးထိုးတဲ့ ေနရာႏွင့္ ေဝးတဲ့ေနရာမွာ အသားေဆးထိုးရပါတယ္။ ကာကြယ္ေဆးထိုးတဲ့ ေနရာ ဆန္႔က်င္ဖက္မွာထိုးရမွာပါ။

ေခြးကိုက္ခံရတဲ့ ဒဏ္ရာကို မလိုအပ္ပဲ ခ်ဳပ္ေလ့မရွိပါဘူး။ ခ်ဳပ္ဖို႔လိုအပ္လာရင္လည္း RIG ေဆးအရင္ထိုးၿပီး နာရီအနည္းငယ္ၾကာမွ ခ်ဳပ္ပါတယ္။

အရင္က ကာကြယ္ေဆး အျပည့္ထိုးဖူးတဲ့သူမ်ား ေခြးျပန္အကိုက္ခံရပါက ကာကြယ္ေဆးပဲ ျပန္ထိုးဖို႔ လိုအပ္ပါေတာ့တယ္။

အကိုက္ခံရျခင္း တစ္လုံး၊ ေနာက္ ၃ ရက္ေျမာက္ေန႔မွာ တစ္လုံး စုစုေပါင္း ၂ လုံးပဲထိုးရေတာ့မွာပါ။

ေဆးေတြ အားလုံးရဲ႕ စုစုေပါင္းတန္ဖိုးက အမ်ားေသာအားျဖင့္ ၁ သိန္းနီးပါးပဲက်ပါတယ္။ ကေလးဆို ၆ ေသာင္း၊ ၇ ေသာင္းပါ။

ကြၽန္ေတာ့ ဆရာေတြေျပာသလိုပဲ ေခြး႐ူးျပန္ေရာဂါဆိုတာ ေခြးအကိုက္ခံရတာနဲ႔ ေခြး႐ူးျပန္ေရာဂါကာကြယ္ေဆးထိုးထား၊

မဟုတ္ရင္ ေခြး႐ူးျပန္ေရာဂါလကၡဏာ တစ္ခုေပၚလာတာနဲ႔ ရာႏႈန္းျပည့္ေသပါတယ္၊ ကုသလို႔မရေသးပါဘူးတဲ့

ဒါေၾကာင့္ ေခြးအကိုက္ခံရပါက ေငြ ၁သိန္း ကိုမျမင္ၾကဘဲ ကာကြယ္ေဆးထိုးၾကပါလို႔ တိုက္တြန္းပါရေစ…..

သက္ပိုင္စိုး

Unicode

လက်က အနာက မခံနိုင်အောင် ယားလွန်းလို့ ဆေးခန်းသွားပြရာမှ ဆရာဝန်က ရေသောက်ကြည့်ခိုင်းလိုက်တဲ့အခါ

အဲ့ဒီနေ့တော့ တော်တော်ကိုအမှတ်တရ ဖြစ်ခဲ့တဲ့နေ့ ဆေးခန်းမှာ လူနာရှုပ်တဲ့နေ့၊ လူနာများတာ မဟုတ်ဘူး…။ လာတဲ့လူနာတွေလည်း

ကြည့်လိုက်ဦး၊ ဆိုင်ကယ်မှောက်တဲ့ လူနာက ၂ ယောက်။ တစ်ယောက်အနာက ကြီးတော့ ချုပ်ပေးရမှာ။ ခေါင်းပေါ်သစ်သားချောင်းပြုတ်ကျပြီး

ခေါင်းပေါက်တဲ့ လက်သမားဆရာက တစ်ယောက်၊ သူလည်းချုပ်ရမှာပဲ။ အိမ်အောက်မှာက နှလုံးရောဂါနှင့် အမေကြီးကို

အောက်ဆီဂျင် ပေးထားရတယ်။ ခေါင်းချုပ်နေတုန်းမှာပဲ အဲ့လူနာရောက်လာတာ ကိုယ်လည်းချုပ်ရင်းနှင့်ပဲ မေးရတယ်။

ဘာဖြစ်လို့လဲ ဦးလေး ထွေထွေထူးထူးတော့ ဟုတ်ပါဘူး လက်ကအနာလေး လာပြတာပါ ဆရာလေး…. အနာက ဘယ်လိုကနေ

ဘယ်လိုဖြစ်တာတုန်း၊ ဖြစ်တာရော ဘယ်လောက်ကြာပြီလဲဗျ ယားလို့ကုတ်တာကနေ စပြီးဖြစ်သွားတာပါ ၂ ပတ်လောက်တော့ရှိပြီ

ဆရာလေးရေ အခုမှပိုဆိုးလာလို့ လာပြတာပါ။ အနာကိုကြည့်လိုက်တော့ ဟုတ်ပါ့ဗျာ အသားနီလန်အောင်ကို ကုတ်ထားတာ အဆီတဝင်းဝင်းကို ဖြစ်နေတယ်။

တော်တော်ယားသလားဗျ… ယားတာတော့မပြောပါနဲ့တော့ ကုတ်ထားတာသာကြည့်ပါတော့ ဆရာလေး အမာရွတ်လေးက

စယားပြီး ကုတ်ရင်းကုတ်ရင်း ဒီလိုဖြစ်သွားတာပါဗျာ နောက်ကော ဘာဖြစ်သေးလဲ၊ ဘာလိုခံစားရသေးလဲ လူကြီးက နူံးနေတယ်ဆရာ၊

မနေ့ညကလည်း ရေသောက်တာ နင်နေတယ် ဘယ်လိုမှသောက်မရဘူး…. ဘယ်လို ရေနင်တယ် ဟုတ်လား….?

ဟုတ်တယ် ဆရာလေး ရေနင်တာကတော့ ညတစ်ရေးနိူးလာမှ ဖြစ်နေတာ မနေ့က ရေခဲရေသောက်များသွားလို့လားနေမှာ လည်ချောင်းတွေ

နာနေသလိုပဲ ဦးလေး တံတွေးမြိုချရင်ကော နာလား မနာဘူး ဆရာလေး အစာစားလည်း မနာဘူး၊ မနင်ဘူး ရေသောက်တာမှာ ပဲဖြစ်နေတာ

ဒါနဲ့ သူနှင့်ပါလာတဲ့ သူ့သမီးကို မုန့်သွားဝယ်ခိုင်းပြီး လူနာကို မုန့်စားခိုင်းကြည့်တော့ ဘာမှမဖြစ်ဘူး။ ရေသောက်ခိုင်းတော့မှ စတော့တာပဲ…

ရေခွက်ကိုယူပြီး ပါးစပ်ကိုတေ့တဲ့ အချိန်အထိ အကောင်းပဲ၊ ရေဝင်တော့မှ ဖူးဖူးဆိုပြီး မှုတ်ထုတ်တယ်၊ ရေခွက်ကလွတ်ကျသွားတယ်။

လူကြည့်လိုက်တော့ ဝေဒနာတစ်ခုခုကို ခံစားလိုက်ရသလို ဖြစ်သွားတာကို တွေ့ရတယ်…။

ဦးလေး ခွေးကိုက်ခံရဖူးသေးလား…? ဟုတ် လွန်ခဲ့တဲ့၂လလောက်တော့ အကိုက်ခံရဖူးပါတယ်၊ အကြီးကြီးတော့ မဟုတ်ဘူး။

ပေါက်သွားပြီး သွေးစို့ရုံလေးပဲဖြစ်တာ ဆရာလေး အခုလက်အနာဖြစ်တဲ့နေရာကို အဟပ်ခံရတာပါ….

ဘယ်ကခွေး အကိုက်ခံရတာလဲဗျ အိမ်ကခွေးပါဗျာ အခြားခွေးဝင်ကိုက်ပြီး နေမကောင်းဖြစ်နေတာ၊ သူ့ကိုထမင်းသွားကျွေးနေတုန်း ဗြုန်းခနဲ

လက်ကိုဟပ်လိုက်တာပါ ဆရာလေး အဲ့ခွေးရော အခုရှိသေးလား?နေရောကောင်းရဲ့လား? သေပြီ ဆရာလေး ဘယ်လိုဖြစ်ပြီးသေသွားတာလဲဗျ….

ကျွန်တော်သတ်လိုက်တာပါ၊ ကျွန်တော့ကို ပြန်ကိုက်လို့ သတ်လိုက်တာပါ၊ စိတ်ဆိုးပြီးသာ သတ်လိုက်ရတယ်၊ ရင်ထဲတော့မကောင်းဘူး။

အရမ်းလိမ္မာတဲ့ခွေးလေး၊ အရင်ကဆို ဘာလုပ်လုပ် ပြန်မကိုက်တဲ့ခွေး အခုနေမကောင်းတော့ စိတ်မကြည့်လို့ထင်ပါရဲ့ဗျာ….

သေချာပြီ ခွေးရူးပြန်ရောဂါပဲ။ ယားတယ်၊ လူနူံးတယ်၊ အသိသာဆုံးအချက်ကတော့ ရေကြောက်တာပဲ။ ဒါနဲ့ လူနာသားသမီးတွေကို ပြောရတယ်။

လူနာက ဆေးထိုးစရာ မလိုပါဘူး။ သောက်ဆေး၊ လိမ်းဆေးဆိုရပါတယ် ။ဦးလေး အိမ်ပြန်နှင့် ကျွန်တော် သူတို့ကို ဆေးပေးလိုက်မယ်၊ လိမ်းဆေးကတော့ ဝယ်ရမှာ…

လူနာပြန်သွားမှ သူ့သားသမီးတွေပြောရတယ်၊ ခင်ဗျားတို့အဖေကတော့ ခွေးရူးပြန်ရောဂါ ဖြစ်နေဖို့များတယ်။ ဆေးရုံသွားပါ… မဖြစ်နိူင်တာ

ဆရာလေးရယ် ကျွန်မတို့အဖေက အစာရေမြိုကျဉ်းတာပါ။ ဘယ်သူကပြောတာလဲဗျ ဟိုဆရာကြီးကပြောလိုက်တာ သူကုပေးမယ်တဲ့

လက်ကအနာကိုသာ ဆရာလေးဆီသွားပြဆိုလို့ လာပြတာပါ… (သူတို့ပြောတဲ့ ဆရာကြီးဆိုတဲ့လူက ရမ်းကုကြီး၊ အဲ့ငနဲ တလွဲလုပ်သမျှကို

ရွာထဲက ဆရာဝန်တွေကခံနေရတာ ထားပါတော့ ဒီအကြောင်းကို သပ်သပ်ရေးမှာ)

သွေးထွက်၊ အသားနီလန်လောက်အောင် ကုတ်ရတဲ့အယားမျိုးက ရှားတယ်ဗျ၊ဒ ါဖြစ်စေတဲ့အကြောင်းတွေထဲမှာ

ခွေးရူးပြန်ရောဂါလည်းပါတယ်။ နောက်ပြီး အစာရေမြိုကျဉ်းရင်လည်း အစာစားရလည်း ခက်တယ်။ အခုခင်ဗျားဆို့အဖေက

အစာစားတော့ ဘာမှမဖြစ်ဘူး၊ ရေသောက်တော့မှ ဖြစ်နေတာ၊ ရေနင်တာဆို ဖြေးဖြေးခြင်းသောက်ရင် ရကောင်းရနိူင်ဦးမယ်၊ အခုဟာက ရေကိုကြောက်နေတာ…

ဆေးရုံသွားပြပါဗျာ ဒါနဲ့ သူတို့ပြန်သွားကြတယ်။ ဆေးခန်းကို သူတို့လာတုန်းက မနက် ၁၀နာရီ သာသာလောက်ပဲရှိသေးတာ နေ့လည်

၁နာရီလောက်ကျတော့ လူနာကစပြီးဖောက်လာလို့ ဆေးရုံသွားကြပါတယ်။ ဆေးရုံကလည်း ဒါခွေးရူးပြန်တာ၊ ကုလို့တော့ မရတော့ဘူး၊

ဒါပေမယ့် လူနာစောင့်တွေက ဝိုင်းတောင်းဆိုမှုကြောင့် ခွေးရူးပြန်ရောဂါကုသဆေး တစ်လုံးတော့ ထိုးပေးလိုက်ပါတယ်။

ဒါနဲ့သူတို့ အိမ်ပြန်လာတယ်။ ညနေ၅နာရီမှာ လူနာဆုံးပါတယ်….အရမ်းကြောက်ဖို့ကောင်းတဲ့ရောဂါပါ။

အကယ်၍ ခွေးအကိုက်ခံရလျှင် ခွေးကို မသတ်ပါနဲ့ ၊ခွေးကိုစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ခွေးကိုက်ခံရတဲ့ ဒဏရာကို

ရေများများနှင့် အနည်းဆုံး ၁၅ မိနစ်ခန့်ကြာအောင်ဆေးပါ၊ ဆပ်ပြာသုံးစွဲနိူင်ပါတယ်။ ရေဆေးပြီး အရက်ပြန်ဖြင့် သန့်စင်ပါ၊

ပြီးရင် tincture of iodine နှင့်ထပ်မံ သန့်စင်ပါ၊ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပါ။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို အဆင့် ၃ ဆင့် ခွဲပါတယ်။

အဆင့် ၁ ထိတွေ့ရုံ၊ အရေပြားအကောင်းပေါ်ကို လျှာဖြင့်အလျက်ခံရခြင်း။ အဆင့်၂ အကိုက်မခံသော်လည်း ငုံခဲခံရခြင်း၊ သွေးမထွက်ဘဲ

ပွန်းရာခြစ်ရာရှိခြင်း။ အဆင့်၃ အရေပြားပေါက်ပြဲပြီး သွေးထွက်အောင် အကိုက်ခံရ၊ အကုတ်ခံရခြင်း၊ အနာပေါ်ကို လျှာဖြင့်အလျက်ခံရခြင်း။

အဆင့် ၁ အတွက်ကတော့ ခွေးမရူးကြောင်းသေချာသိလျှင် ကုသရန်မလိုပါဘူး။

အဆင့် ၂ အတွက်မှာတော့ ခွေးရူးပြန်ရောဂါကာကွယ်ဆေး (eg verorab,ravibar) ထိုးဖို့ လိုအပ်လာပါပြီ။ ကာကွယ်ဆေးထိုးရာမှာ

နှစ်နည်းရှိပါတယ်။ ပထမနည်းကတော့ အကိုက်ခံရခြင်း တစ်လုံးထိုး၊ နောက် ၃ ရက်မြောက်မှာ တစ်လုံး၊နောက် ၇ ရက်မြောက်နေ့မှာ

တစ်လုံး၊ နောက် ၁၄ ရက်မြောက်နေ့မှာ တစ်လုံး၊ နောက် ၂၈ ရက်မြောက်နေ့မှာ တစ်လုံး စုစုပေါင်း ၅ လုံးထိုးရပါမယ်။

နောက်တစ်နည်းက စစခြင်း ကာကွယ်ဆေး ၂လုံး ကို တစ်ခါတည်း ထိုးရပါမယ်။ နောက် ၇ ရက်မြောက်နေ့မှာ တစ်လုံး၊

နောက် ၂၁ ရက်မြောက်နေ့မှာ တစ်လုံး စုစုပေါင်း ဆေး ၄ လုံးထိုးရပါတယ်။ ကြိုက်တဲ့နည်းနှင့် ထိုးလို့ရပါတယ်။ လူကြီးဆိုရင် လက်မောင်း၊

ကလေးဆိုရင် ပေါင်အရှေ့ဘက်ထိုးရပါမယ်။ ကာကွယ်ဆေးထိုးနေတုန်း ခွေးမရူးကြောင်း သေချာသိရင် ဆေးထိုးတာကို ရပ်ချင်ပါက ရပ်နိူင်ပါတယ်။

အဆင့် ၃ အတွက်ကတော့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးရော၊ ကုသဆေး(RIG) (eg favirab,equirab) ပါ ထိုးဖို့

လိုအပ်လာပါတယ်။ ကာကွယ်ဆေးကတော့ အဆင့် ၂ အတိုင်းက လိုပါပဲ။ ကုသဆေးကတော့ ကိုယ်အလေးချိန်နှင့်

တွက်ပြီးမှ ထိုးရပါတယ်။ human RIG ဆိုရင် 20IU/kg of body weightပါ၊ Equine RIG ဆိုရင် 40IU/kg of body weight ပါ။

ပုံမှန်အားဖြင့် လူကြီးဆို ဆေးနှစ်လုံး၊ ကလေးဆို ဆေးတစ်လုံး ကုန်လေ့ရှိပါတယ်။ ဆေးကို ဒဏ်အတွင်းနှင့် ဒဏ်ရာပတ်လည်ကို ထိုးရပါတယ်။

ပိုတဲ့ဆေးတွေကို ကာကွယ်ဆေးထိုးတဲ့ နေရာနှင့် ဝေးတဲ့နေရာမှာ အသားဆေးထိုးရပါတယ်။ ကာကွယ်ဆေးထိုးတဲ့ နေရာ ဆန့်ကျင်ဖက်မှာထိုးရမှာပါ။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို မလိုအပ်ပဲ ချုပ်လေ့မရှိပါဘူး။ ချုပ်ဖို့လိုအပ်လာရင်လည်း RIG ဆေးအရင်ထိုးပြီး နာရီအနည်းငယ်ကြာမှ ချုပ်ပါတယ်။

အရင်က ကာကွယ်ဆေး အပြည့်ထိုးဖူးတဲ့သူများ ခွေးပြန်အကိုက်ခံရပါက ကာကွယ်ဆေးပဲ ပြန်ထိုးဖို့ လိုအပ်ပါတော့တယ်။

အကိုက်ခံရခြင်း တစ်လုံး၊ နောက် ၃ ရက်မြောက်နေ့မှာ တစ်လုံး စုစုပေါင်း ၂ လုံးပဲထိုးရတော့မှာပါ။

ဆေးတွေ အားလုံးရဲ့ စုစုပေါင်းတန်ဖိုးက အများသောအားဖြင့် ၁ သိန်းနီးပါးပဲကျပါတယ်။ ကလေးဆို ၆ သောင်း၊ ၇ သောင်းပါ။

ကျွန်တော့ ဆရာတွေပြောသလိုပဲ ခွေးရူးပြန်ရောဂါဆိုတာ ခွေးအကိုက်ခံရတာနဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးထား၊

မဟုတ်ရင် ခွေးရူးပြန်ရောဂါလက္ခဏာ တစ်ခုပေါ်လာတာနဲ့ ရာနှုန်းပြည့်သေပါတယ်၊ ကုသလို့မရသေးပါဘူးတဲ့

ဒါကြောင့် ခွေးအကိုက်ခံရပါက ငွေ ၁သိန်း ကိုမမြင်ကြဘဲ ကာကွယ်ဆေးထိုးကြပါလို့ တိုက်တွန်းပါရစေ…..

သက်ပိုင်စိုး