Mon. Nov 29th, 2021

Zawgyi

တိုက္တန္းနစ္သေဘၤာနဲ႔သိန္းေထာင္ခ်ီတန္ေ႐ႊနာရီရဲ႕လ်ိဳ႕ဝွက္ခ်က္

ဟိုးလြန္ခဲ့တဲ့ႏွစ္ေပါင္းတစ္ရာခန႔္ကတိမ္းေမွာက္သြားခဲ့ၿပီးအခုထိတစ္ကမာၻလုံးကလူေတြပါးစပ္ဖ်ားမွာ

အေၾကာင္းတိုက္ဆိုင္တိုင္းတသသေျပာေနၾကဆဲျဖစ္တဲ့ တိုက္တန္းနစ္သေဘၤာႀကီးကိုအားလုံးမွတ္မိၾကမွာပါ။

အခုတစ္ခါထြက္ေပၚလာတာကေတာ့ အဲဒီသေဘၤာႀကီးနဲ႔ဆက္စပ္ေနတဲ့ ေလာ့ကတ္နာရီေလးပါပဲ။

အဲဒီေလာ့ကတ္နာရီေလးကိုပိုင္ဆိုင္သူက ကတ္ပတိန္ Arthur Rostron ပဲျဖစ္ပါတယ္။

အဲဒီနာရီေလးကိုပိုင္ဆိုင္လိုက္ပုံကလည္း အသက္နဲ႔ရင္းခဲ့ရတယ္လို႔ဆိုရမွာပါ။တိုက္တန္းနစ္သေဘၤာႀကီး

တိမ္းေမွာက္ခဲ့စဥ္က Arthur Rostron ဟာ သေဘၤာႀကီးရဲ႕ တာဝန္ခံ Captain တစ္ဦးမဟုတ္ခဲ့ပါဘူး။

မထင္မရွား Captain ေလးလို႔ေျပာရမွာပါ။တိုက္တန္းနစ္သေဘၤာႀကီးတိမ္းေမွာက္သြားခဲ့ၿပီး

လူေတြ႐ုတ္႐ုတ္သည္းသည္းျဖစ္ေနစဥ္မွာ အသက္ကယ္ေလွေတြခ်ၿပီးပင္လယ္ထဲကိုအသက္လုၿပီးေျပးၾကတဲ့

သူေတြထဲမွာ Arthur Rostron လည္းတစ္ဦးအပါအဝင္ပဲေပါ့။ အသက္လုၿပီး အသက္ကယ္

ေလွထဲေရာက္ေအာင္သြား.. ဝ႐ုန္းသုန္းကားဝုန္းဒိုင္းႀကဲေနတဲ့လူေတြ၊ေရေတြ၊ပစၥည္းေတြ၊

ဇီဝန္ေႁခြမိုးသက္မုန္တိုင္းႀကီးၾကားမွာ လက္လွမ္းမီသမွ်လူေတြကို အသက္ကယ္ေလွေပၚဆြဲတင္ၿပီး

ကမ္းမျမင္လမ္းမျမင္ပင္လယ္ႀကီးထဲရက္ေပါင္းမ်ားစြာ ရမ္းသမ္းၿပီးေလွာ္ခတ္ခဲ့ရတာပါ။

ဒါေပမယ့္ ကံၾကမၼာက Rostron ကိုမ်က္ႏွာသာေပးခဲ့ပါတယ္။ မုန္တိုင္းကေနလြတ္႐ုံတင္မက

အသက္ကယ္ေလွေပၚပါလာတဲ့၊ Rostron အသက္ကယ္ေပးခဲ့တဲ့အမ်ိဳးသမီးသုံးဦးဟာ ကမာၻ႔အခ်မ္းသာဆုံး

သူေ႒းႀကီးသုံးေယာက္ရဲ႕ ဇနီးမယားေတြျဖစ္ေနၾကပါတယ္။ သူတို႔ခင္ပြန္းေတြကေတာ့ေမွာက္သြားတဲ့

တိုက္တန္းနစ္ႀကီးနဲ႔အတူေသဆုံးသြားခဲ့ပါၿပီ။ဒီေတာ့ မုဆိုးမအသစ္စက္စက္ျဖစ္သလို သူေ႒းမအသစ္စက္စက္ေလးေတြလည္

းျဖစ္သြားၾကတဲ့ အမ်ိဳးသမီးသုံးေယာက္ Madeline Astor, Marian Thayer နဲ႔ Eleanor Widener တို႔သုံးေယာက္သားက Tiffany & Co

က ေ႐ႊသားအတိၿပီးတဲ့ ေလာ့ကတ္နာရီ တစ္ခုကို အသက္သခင္ေက်းဇူးရွင္ Rostron ကို လက္ေဆာင္ေပးခဲ့ၾကပါတယ္။

Tiffany & Co က နာရီဟာ သက္တမ္းတစ္ရာေက်ာ္ခဲ့ၿပီျဖစ္ေပမယ့္ တိုက္ခြၽတ္ေဆးေၾကာလိုက္တဲ့အခါမွာ

အသစ္အတိုင္းအလုပ္လုပ္ေနဆဲျဖစ္ၿပီး နာရီရဲ႕အတြင္းထဲမွာျမႇဳပ္ထားတဲ့ေက်ာက္ကေလးကအစ

ေတာက္ပလက္ေျပာင္ေနဆဲျဖစ္ပါတယ္။ ဒီနာရီဟာ ကာလတန္ဖိုး ေပါင္ငါးေသာင္းခန႔္၊ျမန္မာေငြသိန္းတစ္ေထာင္ခန႔္

ရွိတယ္ဆိုေပမယ့္လည္း ေလလံသာဆြဲခဲ့မယ္ဆိုရင္ သိန္းေပါင္းဘီလီယံနဲ႔ခ်ီၿပီးရႏိုင္ေၾကာင္းသိရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ တိုက္တန္းနစ္အမွတ္တရနာရီေလးကို ေလလံဆြဲခဲ့ရင္ ဝင္ေရာက္ၿပိဳင္ဆိုင္ဝယ္ယူမွာလား။

အမွတ္တရဆိုတာ ျပတိုက္ေတြနဲ႔ပဲသက္ဆိုင္တယ္လို႔ထင္လား။ ေျပာခဲ့ၾကဦးေနာ္။

Unicode

တိုက်တန်းနစ်သင်္ဘောနဲ့သိန်းထောင်ချီတန်ရွှေနာရီရဲ့လျို့ဝှက်ချက်

ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာခန့်ကတိမ်းမှောက်သွားခဲ့ပြီးအခုထိတစ်ကမ္ဘာလုံးကလူတွေပါးစပ်ဖျားမှာ

အကြောင်းတိုက်ဆိုင်တိုင်းတသသပြောနေကြဆဲဖြစ်တဲ့ တိုက်တန်းနစ်သင်္ဘောကြီးကိုအားလုံးမှတ်မိကြမှာပါ။

အခုတစ်ခါထွက်ပေါ်လာတာကတော့ အဲဒီသင်္ဘောကြီးနဲ့ဆက်စပ်နေတဲ့ လော့ကတ်နာရီလေးပါပဲ။

အဲဒီလော့ကတ်နာရီလေးကိုပိုင်ဆိုင်သူက ကတ်ပတိန် Arthur Rostron ပဲဖြစ်ပါတယ်။

အဲဒီနာရီလေးကိုပိုင်ဆိုင်လိုက်ပုံကလည်း အသက်နဲ့ရင်းခဲ့ရတယ်လို့ဆိုရမှာပါ။တိုက်တန်းနစ်သင်္ဘောကြီး

တိမ်းမှောက်ခဲ့စဉ်က Arthur Rostron ဟာ သင်္ဘောကြီးရဲ့ တာဝန်ခံ Captain တစ်ဦးမဟုတ်ခဲ့ပါဘူး။

မထင်မရှား Captain လေးလို့ပြောရမှာပါ။တိုက်တန်းနစ်သင်္ဘောကြီးတိမ်းမှောက်သွားခဲ့ပြီး

လူတွေရုတ်ရုတ်သည်းသည်းဖြစ်နေစဉ်မှာ အသက်ကယ်လှေတွေချပြီးပင်လယ်ထဲကိုအသက်လုပြီးပြေးကြတဲ့

သူတွေထဲမှာ Arthur Rostron လည်းတစ်ဦးအပါအဝင်ပဲပေါ့။ အသက်လုပြီး အသက်ကယ်

လှေထဲရောက်အောင်သွား.. ဝရုန်းသုန်းကားဝုန်းဒိုင်းကြဲနေတဲ့လူတွေ၊ရေတွေ၊ပစ္စည်းတွေ၊

ဇီဝန်ခြွေမိုးသက်မုန်တိုင်းကြီးကြားမှာ လက်လှမ်းမီသမျှလူတွေကို အသက်ကယ်လှေပေါ်ဆွဲတင်ပြီး

ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီးထဲရက်ပေါင်းများစွာ ရမ်းသမ်းပြီးလှော်ခတ်ခဲ့ရတာပါ။

ဒါပေမယ့် ကံကြမ္မာက Rostron ကိုမျက်နှာသာပေးခဲ့ပါတယ်။ မုန်တိုင်းကနေလွတ်ရုံတင်မက

အသက်ကယ်လှေပေါ်ပါလာတဲ့၊ Rostron အသက်ကယ်ပေးခဲ့တဲ့အမျိုးသမီးသုံးဦးဟာ ကမ္ဘာ့အချမ်းသာဆုံး

သူဋ္ဌေးကြီးသုံးယောက်ရဲ့ ဇနီးမယားတွေဖြစ်နေကြပါတယ်။ သူတို့ခင်ပွန်းတွေကတော့မှောက်သွားတဲ့

တိုက်တန်းနစ်ကြီးနဲ့အတူသေဆုံးသွားခဲ့ပါပြီ။ဒီတော့ မုဆိုးမအသစ်စက်စက်ဖြစ်သလို သူဋ္ဌေးမအသစ်စက်စက်လေးတွေလည်

းဖြစ်သွားကြတဲ့ အမျိုးသမီးသုံးယောက် Madeline Astor, Marian Thayer နဲ့ Eleanor Widener တို့သုံးယောက်သားက Tiffany & Co

က ရွှေသားအတိပြီးတဲ့ လော့ကတ်နာရီ တစ်ခုကို အသက်သခင်ကျေးဇူးရှင် Rostron ကို လက်ဆောင်ပေးခဲ့ကြပါတယ်။

Tiffany & Co က နာရီဟာ သက်တမ်းတစ်ရာကျော်ခဲ့ပြီဖြစ်ပေမယ့် တိုက်ချွတ်ဆေးကြောလိုက်တဲ့အခါမှာ

အသစ်အတိုင်းအလုပ်လုပ်နေဆဲဖြစ်ပြီး နာရီရဲ့အတွင်းထဲမှာမြှုပ်ထားတဲ့ကျောက်ကလေးကအစ

တောက်ပလက်ပြောင်နေဆဲဖြစ်ပါတယ်။ ဒီနာရီဟာ ကာလတန်ဖိုး ပေါင်ငါးသောင်းခန့်၊မြန်မာငွေသိန်းတစ်ထောင်ခန့်

ရှိတယ်ဆိုပေမယ့်လည်း လေလံသာဆွဲခဲ့မယ်ဆိုရင် သိန်းပေါင်းဘီလီယံနဲ့ချီပြီးရနိုင်ကြောင်းသိရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော တိုက်တန်းနစ်အမှတ်တရနာရီလေးကို လေလံဆွဲခဲ့ရင် ဝင်ရောက်ပြိုင်ဆိုင်ဝယ်ယူမှာလား။

အမှတ်တရဆိုတာ ပြတိုက်တွေနဲ့ပဲသက်ဆိုင်တယ်လို့ထင်လား။ ပြောခဲ့ကြဦးနော်။