စာမေးပွဲ ကျတဲ့ ကျောင်းသား တွေ အဆင်ပြေစေနိုင်မယ့် အမှတ် ချေးငှား တဲ့ ဘဏ်

Zawgyi

စာေမးပြဲက်တဲ့ေက်ာင္းသားေတြ အဆင္ေျပေစႏိုင္မယ့္ အမွတ္ေခ်းငွားတဲ့ဘဏ္ ( ဗဟုသုတ )

စာေမးပြဲလို႔ ေျပာလိုက္တာနဲ႔ ေက်ာင္းသားအမ်ားစုရဲ႕ အေၾကာက္ရဆုံး အိမ္မက္ဆိုးတစ္ခုဆိုတာ အားလုံးလက္ခံၾကမွာပါ။

စာေမးပြဲေအာင္ဖို႔ ႀကိဳးစားရင္းနဲ႔ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ၿပီး စာေမးပြဲက်သြားတဲ့အခါမွာ စိတ္ဓါတ္က်ဆင္းသြားတာမ်ိဳးေတြကလည္း

အၿမဲတမ္းျဖစ္တတ္ပါတယ္။ ဒီလိုမ်ိဳးမျဖစ္ရေအာင္ အမွတ္ေခ်းတဲ့ဘဏ္ ထြက္ေပၚလို႔လာခဲ့ပါၿပီ။

ဒီစနစ္ကို က်င့္သုံးေနတာကေတာ့ တ႐ုတ္ႏိုင္ငံ Nanjing ေဒသက ေက်ာင္းတစ္ေက်ာင္းမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၆ခုႏွစ္ ႏိုဝင္ဘာလေလာက္က စတင္က်င့္သုံးခဲ့တဲ့ ဒီစနစ္မွာ ေက်ာင္းသားအေနနဲ႔

လပတ္စာေပးပြဲျဖစ္ျဖစ္ လဝက္စာေမးပြဲျဖစ္ျဖစ္ တစ္ဘာသာေလာက္ က်ရႈံးသြားမယ္ဆို ေအာင္မွတ္အထိရေအာင္

အမွတ္ကိုေခ်းငွားႏိုင္ခြင့္ ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ ေက်ာင္းသားေတြအတြက္ ေတာ္ေတာ္ေလးကို

ေရသာခိုႏိုင္မယ့္စနစ္လို႔ သင္ထင္သြားၿပီလား။ ဒါဆိုသင့္အထင္က လုံးဝမွားသြားပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့

စာေမးပြဲေအာင္ဖို႔ အမွတ္ေခ်းယူထားတယ္ဆိုရင္ ေခ်းယူထားတဲ့အမွတ္အတိုင္း ေနာက္လာမယ့္စာေမးပြဲေတြမွာ

ျပန္လည္ဆပ္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အမွတ္ေခ်းၿပီးသား ေက်ာင္းသားတိုင္းဟာ ေနာက္စာေမးပြဲေတြမွာ

မျဖစ္မေနႀကိဳးစားရေတာ့မွာ ျဖစ္ပါတယ္။ စိတ္ကူးေလးက အရမ္းေကာင္းတယ္လို႔ဆိုရမွာပါ။ ဒီစနစ္ဟာ တစ္ႀကိမ္တစ္ခါ

က်ရႈံးသြားခဲ့တဲ့ ေက်ာင္းသားေတြကို ေနာက္ထပ္အခြင့္အေရးတစ္ခု ထပ္ေပးခဲ့တာျဖစ္ၿပီး ဒီအခြင့္အေရးမွာ

မျဖစ္မေနႀကိဳးစားရေတာ့မယ့္ဆိုတဲ့ တြန္းအားေလးပါေနတာေၾကာင့္ စာေမးပြဲရလဒ္ကို ပိုထိေရာက္ေစႏိုင္ပါတယ္။

တခ်ိဳ႕ေက်ာင္းသားမ်ားကလည္း ႏွစ္ဝက္စာေမးပြဲမွာ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ခဲ့လို႔ အမွတ္ေခ်းရမယ္ဆိုရင္

ေနာက္ႏွစ္ဝက္မွာ စာကိုႏွစ္ဆေလာက္ရမွာဆိုးတာေၾကာင့္ ႏွစ္စကတည္းက စာလုပ္ခ်င္စိတ္ဝင္ေအာင္ ႐ိုက္သြင္းၿပီးသားလည္း ျဖစ္ေစပါတယ္ခင္ဗ်ာ။

Unicode

စာမေးပွဲကျတဲ့ကျောင်းသားတွေ အဆင်ပြေစေနိုင်မယ့် အမှတ်ချေးငှားတဲ့ဘဏ် ( ဗဟုသုတ )

စာမေးပွဲလို့ ပြောလိုက်တာနဲ့ ကျောင်းသားအများစုရဲ့ အကြောက်ရဆုံး အိမ်မက်ဆိုးတစ်ခုဆိုတာ အားလုံးလက်ခံကြမှာပါ။

စာမေးပွဲအောင်ဖို့ ကြိုးစားရင်းနဲ့ ခြေချော်လက်ချော်ဖြစ်ပြီး စာမေးပွဲကျသွားတဲ့အခါမှာ စိတ်ဓါတ်ကျဆင်းသွားတာမျိုးတွေကလည်း

အမြဲတမ်းဖြစ်တတ်ပါတယ်။ ဒီလိုမျိုးမဖြစ်ရအောင် အမှတ်ချေးတဲ့ဘဏ် ထွက်ပေါ်လို့လာခဲ့ပါပြီ။

ဒီစနစ်ကို ကျင့်သုံးနေတာကတော့ တရုတ်နိုင်ငံ Nanjing ဒေသက ကျောင်းတစ်ကျောင်းမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် နိုဝင်ဘာလလောက်က စတင်ကျင့်သုံးခဲ့တဲ့ ဒီစနစ်မှာ ကျောင်းသားအနေနဲ့

လပတ်စာပေးပွဲဖြစ်ဖြစ် လဝက်စာမေးပွဲဖြစ်ဖြစ် တစ်ဘာသာလောက် ကျရှုံးသွားမယ်ဆို အောင်မှတ်အထိရအောင်

အမှတ်ကိုချေးငှားနိုင်ခွင့် ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် တော်တော်လေးကို

ရေသာခိုနိုင်မယ့်စနစ်လို့ သင်ထင်သွားပြီလား။ ဒါဆိုသင့်အထင်က လုံးဝမှားသွားပါပြီ။ ဘာကြောင့်လဲဆိုတော့

စာမေးပွဲအောင်ဖို့ အမှတ်ချေးယူထားတယ်ဆိုရင် ချေးယူထားတဲ့အမှတ်အတိုင်း နောက်လာမယ့်စာမေးပွဲတွေမှာ

ပြန်လည်ဆပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အမှတ်ချေးပြီးသား ကျောင်းသားတိုင်းဟာ နောက်စာမေးပွဲတွေမှာ

မဖြစ်မနေကြိုးစားရတော့မှာ ဖြစ်ပါတယ်။ စိတ်ကူးလေးက အရမ်းကောင်းတယ်လို့ဆိုရမှာပါ။ ဒီစနစ်ဟာ တစ်ကြိမ်တစ်ခါ

ကျရှုံးသွားခဲ့တဲ့ ကျောင်းသားတွေကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးခဲ့တာဖြစ်ပြီး ဒီအခွင့်အရေးမှာ

မဖြစ်မနေကြိုးစားရတော့မယ့်ဆိုတဲ့ တွန်းအားလေးပါနေတာကြောင့် စာမေးပွဲရလဒ်ကို ပိုထိရောက်စေနိုင်ပါတယ်။

တချို့ကျောင်းသားများကလည်း နှစ်ဝက်စာမေးပွဲမှာ ခြေချော်လက်ချော်ဖြစ်ခဲ့လို့ အမှတ်ချေးရမယ်ဆိုရင်

နောက်နှစ်ဝက်မှာ စာကိုနှစ်ဆလောက်ရမှာဆိုးတာကြောင့် နှစ်စကတည်းက စာလုပ်ချင်စိတ်ဝင်အောင် ရိုက်သွင်းပြီးသားလည်း ဖြစ်စေပါတယ်ခင်ဗျာ။