Zawgyi

ဖိလစ္ပိုင္ႏိုင္ငံမွာ ကေလးငယ္အမ်ားစုဟာ ေငြေၾကးႏြမ္းပါးတဲ့ဘဝကိုပိုင္ဆိုင္ထားရပါတယ္။ေငြေၾကးခ်ိဳ႕တဲ့မႈေၾကာင့္

မိဘေတြကလည္း ကေလးေတြေက်ာင္းသြားတဲ့အခါ အရသာရွိတဲ့ထမင္းဟင္းေတြလည္းမထည့္ေပးႏိုင္ပါဘူး။

ကေလးေတြကလည္း သူတို႔ရဲ႕ဆာေလာင္မႈကိုနည္းလမ္းအမ်ိဳးမ်ိဳးရွာေဖြၿပီးသာ ျဖည့္တင္းရပါတယ္။သိပ္မၾကာခင္ရက္ပိုင္းက

အြန္လိုင္းမီဒီယာမွာပ်ံ႕လာတဲ့ကေလးတစ္ေယာက္ရဲ႕သတင္းဆိုလည္း ၾကားရတာစိတ္မေကာင္းမိသလို ခ်ီးလည္းခ်ီးက်ဴးမိပါတယ္။

အြန္လိုင္းမီဒီယာတစ္ခုျဖစ္တဲ့ တြစ္စ္တာမွာ Bryan ဆိုတဲ့ တြစ္စ္တာသုံးစြဲသူအမ်ိဳးသားက သူကားေစာင့္ေနစဥ္

ေတြ႕ခဲ့ရတဲ့ကေလးမေလးတစ္ေယာက္ရဲ႕အေၾကာင္းကိုျပန္လည္မွ်ေဝထားပါတယ္။ဒီကေလးမေလးရဲ႕တမူထူးျခားတဲ့

စိတ္ကူးေၾကာင့္ သူက တစ္ျခားသူေတြကိုပါ ျပန္ၿပီးေျပာျပခ်င္စိတ္ေပါက္ခဲ့ရတာလို႔ေျပာျပထားပါတယ္။

ထိုကေလးမေလးက သူမကိုယ္တိုင္ေရးဆြဲထားတဲ့ပုံေလးေတြကို တစ္ျခားသူေတြကိုေရာင္းေနတာျဖစ္ပါတယ္။

တစ္ျခားသူေတြဆီကေနအလကားသက္သက္ေတာင္းတာမ်ိဳးမဟုတ္ပဲ သူမတတ္ႏိုင္သေလာက္ႀကိဳးစားဆြဲထားတဲ့ပုံေလးေတြကို

ေရာင္းခ်ေနတာပါ။အဲ့ဒီကေနဝင္ေငြရတဲ့အခါမွ အရသာရွိတဲ့အစားအစာေတြစားလို႔ရမွာမို႔လို႔ပါတဲ့။

Bryan က ထိုကေလးမဆီက ပုံေတြကိုေတာင္းၾကည့္ခဲ့ပါတယ္။စာ႐ြက္ေပၚမွာ ပုံမ်ားစြာဆြဲထားၿပီး အဲ့ဒီပုံေလးေတြကိုျပန္ေရာင္းတာက

သူမေလးလုပ္ႏိုင္တဲ့အေကာင္းဆုံးအရာတစ္ခုပါ။ဒီပုံေလးေတြက ေငြေၾကးေပးဝယ္ေလာက္စရာမဟုတ္ဘူးလို႔တစ္ျခားသူေတြက

ထင္ျမင္ၾကေပမဲ့ ဒီပုံေလးေတြေရာင္းရမွ ထိုကေလးမေလးရဲ႕တစ္ဝမ္းတစ္ခါးေျဖရွင္းႏိုင္မွာဆိုတာမ်ိဳးေတာ့ ေတြးမိၾကမွာမဟုတ္ပါဘူး။

ကိုယ့္အတြက္အသုံးမလိုေပမဲ့တစ္ျခားသူေတြအတြက္ေတာ့ ကိုယ့္ရဲ႕အကူအညီေသးေသးေလးက အမ်ားႀကီး

အေထာက္အကူျဖစ္ပါတယ္။Bryan ဟာလည္း ထိုကေလးမေလးဆီကပုံေတြဝယ္ယူခဲ့ပါတယ္။အဲ့ဒီေနာက္တြစ္စ္တာမွာ

ျပန္လည္မွ်ေဝေပးခဲ့တာျဖစ္ပါတယ္။ထိုကေလးမေလးက ပုံတစ္ပုံအတြက္ေငြေၾကးအနည္းငယ္နဲ႔ေရာင္းခ်ခဲ့တာျဖစ္လို႔ Bryan

ေပးတဲ့ေငြနဲ႔ဘယ္လိုအရသာရွိတဲ့အစားအစာေတြစားႏိုင္မလဲဆိုၿပီးေကာမန႔္ဝင္ေရးတဲ့သူေတြလည္းေရးပါတယ္။

အဲ့ဒီအတြက္ Bryan က တကယ္ေတာ့ ထိုကေလးမေလးကို သူ႔လက္ထဲပါတဲ့ေငြရဲ႕တစ္ဝက္ကိုေပးခဲ့တာလို႔ျပန္ၿပီးေျပာျပခဲ့ပါတယ္။

ငယ္႐ြယ္ေပမဲ့ တစ္ျခားသူရဲ႕ေငြကိုအလကားမယူခ်င္တဲ့စိတ္က ခ်ီးက်ဴးစရာပါပဲ။ဒီလိုကိုယ္တိုင္ႀကိဳးႀကိဳးစားစားနဲ႔ဝင္ေငြ

တစ္ဖက္တစ္လမ္းကရွာေနတဲ့ကေလးေတြအတြက္ ကူညီေပးႏိုင္မယ့္ Bryan လိုလူမ်ိဳးေတြ အမ်ားႀကီးရွိလာပါေစလို႔ေမွ်ာ္လင့္ပါတယ္။

Unicode

ဖိလစ်ပိုင်နိုင်ငံမှာ ကလေးငယ်အများစုဟာ ငွေကြေးနွမ်းပါးတဲ့ဘဝကိုပိုင်ဆိုင်ထားရပါတယ်။ငွေကြေးချို့တဲ့မှုကြောင့်

မိဘတွေကလည်း ကလေးတွေကျောင်းသွားတဲ့အခါ အရသာရှိတဲ့ထမင်းဟင်းတွေလည်းမထည့်ပေးနိုင်ပါဘူး။

ကလေးတွေကလည်း သူတို့ရဲ့ဆာလောင်မှုကိုနည်းလမ်းအမျိုးမျိုးရှာဖွေပြီးသာ ဖြည့်တင်းရပါတယ်။သိပ်မကြာခင်ရက်ပိုင်းက

အွန်လိုင်းမီဒီယာမှာပျံ့လာတဲ့ကလေးတစ်ယောက်ရဲ့သတင်းဆိုလည်း ကြားရတာစိတ်မကောင်းမိသလို ချီးလည်းချီးကျူးမိပါတယ်။

အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ တွစ်စ်တာမှာ Bryan ဆိုတဲ့ တွစ်စ်တာသုံးစွဲသူအမျိုးသားက သူကားစောင့်နေစဉ်

တွေ့ခဲ့ရတဲ့ကလေးမလေးတစ်ယောက်ရဲ့အကြောင်းကိုပြန်လည်မျှဝေထားပါတယ်။ဒီကလေးမလေးရဲ့တမူထူးခြားတဲ့

စိတ်ကူးကြောင့် သူက တစ်ခြားသူတွေကိုပါ ပြန်ပြီးပြောပြချင်စိတ်ပေါက်ခဲ့ရတာလို့ပြောပြထားပါတယ်။

ထိုကလေးမလေးက သူမကိုယ်တိုင်ရေးဆွဲထားတဲ့ပုံလေးတွေကို တစ်ခြားသူတွေကိုရောင်းနေတာဖြစ်ပါတယ်။

တစ်ခြားသူတွေဆီကနေအလကားသက်သက်တောင်းတာမျိုးမဟုတ်ပဲ သူမတတ်နိုင်သလောက်ကြိုးစားဆွဲထားတဲ့ပုံလေးတွေကို

ရောင်းချနေတာပါ။အဲ့ဒီကနေဝင်ငွေရတဲ့အခါမှ အရသာရှိတဲ့အစားအစာတွေစားလို့ရမှာမို့လို့ပါတဲ့။

Bryan က ထိုကလေးမဆီက ပုံတွေကိုတောင်းကြည့်ခဲ့ပါတယ်။စာရွက်ပေါ်မှာ ပုံများစွာဆွဲထားပြီး အဲ့ဒီပုံလေးတွေကိုပြန်ရောင်းတာက

သူမလေးလုပ်နိုင်တဲ့အကောင်းဆုံးအရာတစ်ခုပါ။ဒီပုံလေးတွေက ငွေကြေးပေးဝယ်လောက်စရာမဟုတ်ဘူးလို့တစ်ခြားသူတွေက

ထင်မြင်ကြပေမဲ့ ဒီပုံလေးတွေရောင်းရမှ ထိုကလေးမလေးရဲ့တစ်ဝမ်းတစ်ခါးဖြေရှင်းနိုင်မှာဆိုတာမျိုးတော့ တွေးမိကြမှာမဟုတ်ပါဘူး။

ကိုယ့်အတွက်အသုံးမလိုပေမဲ့တစ်ခြားသူတွေအတွက်တော့ ကိုယ့်ရဲ့အကူအညီသေးသေးလေးက အများကြီး

အထောက်အကူဖြစ်ပါတယ်။Bryan ဟာလည်း ထိုကလေးမလေးဆီကပုံတွေဝယ်ယူခဲ့ပါတယ်။အဲ့ဒီနောက်တွစ်စ်တာမှာ

ပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ်။ထိုကလေးမလေးက ပုံတစ်ပုံအတွက်ငွေကြေးအနည်းငယ်နဲ့ရောင်းချခဲ့တာဖြစ်လို့ Bryan

ပေးတဲ့ငွေနဲ့ဘယ်လိုအရသာရှိတဲ့အစားအစာတွေစားနိုင်မလဲဆိုပြီးကောမန့်ဝင်ရေးတဲ့သူတွေလည်းရေးပါတယ်။

အဲ့ဒီအတွက် Bryan က တကယ်တော့ ထိုကလေးမလေးကို သူ့လက်ထဲပါတဲ့ငွေရဲ့တစ်ဝက်ကိုပေးခဲ့တာလို့ပြန်ပြီးပြောပြခဲ့ပါတယ်။

ငယ်ရွယ်ပေမဲ့ တစ်ခြားသူရဲ့ငွေကိုအလကားမယူချင်တဲ့စိတ်က ချီးကျူးစရာပါပဲ။ဒီလိုကိုယ်တိုင်ကြိုးကြိုးစားစားနဲ့ဝင်ငွေ

တစ်ဖက်တစ်လမ်းကရှာနေတဲ့ကလေးတွေအတွက် ကူညီပေးနိုင်မယ့် Bryan လိုလူမျိုးတွေ အများကြီးရှိလာပါစေလို့မျှော်လင့်ပါတယ်။